Pages

Monday, July 4, 2011

ငါ.စိတ်

ငါပိုင်ဆိုင်ထားရေစိတ် သုံးစားလို.မရဗျာလ်ထင်ရေ။ စိတ်မကောင်းဘဲနဲ. စိတ်ထားပြည်.၀ဟန်ငါမဆောင်။ စိတ်ထားမဖြူဘဲနဲ. ဖြူဟန်ငါမဆောင်။

ရင်.ကျက်မှု တည်ကြည်မှု အပြောင်းအလဲမရှိရေ ခံစားချက် ယုံကြည်မှု ဒေချင်.တိ ဇာအချိန်မှာ ငါပိုင်ဆိုင်ရေ အရာတိဖြစ်လာဖို.လဲ။ တွီ.ရခွဲရ ဒေဘ၀မှာ ငါဝမ်းနည်းစရာလိုလား။ သံယောဇဉ်ကြီးတတ်တေ ဒေစိတ် ဇာကို တွယ်တာနိန်လေမသိ။
ပြီးလားလိမ်.မယ်။ အားလုံးပြီးလားလိမ်.မယ်။ ငိုကယ်.လေ.ပြီးလားလိမ်.မယ်။ ပျော်ကေ.လေ.ပြီးလားလိမ် မယ်။ ဒေချင်.က ဘ၀ ဒေချင်.က ငါရို.တိပိုင်ဆိုင်ရေ ဘ၀။


တစ်ခါတစ်ခါ ငါ.နာမည်ကို ငါမိန်.နိန်ရေ အဟင်.မိန်.နိန်စွာမဟုတ် မိန်.ထားစွာ။
လက်ရှိဘ၀က ရုန်းထွက်ပလိုက်ချင်ရေ။ ငါအော်ခွင်.ရှိလား။ ငါ.ကိုယ်ငါပိုင်လား။
အကျဉ်းကျနိန်ရေ ငါ.ကိုယ် ငါ.စိတ် ဇာခါ ဒေနွံထဲကရုန်းနှိုင်ဖို.လဲ။
ငါ.ကို ဇာတွက်မွီးဖွ့ါးလိုက်လေ ငါက ဇာတွက် ရှုင်သန်လာလေ။

အပြောင်းလဲများရေ ဒေလောက ဒုခပင်လယ်တိက ၀ိုင်းဝိုင်းလည်နိန်ရေ။
ဟိုဘ၀က ငါလူဖြစ်ပါစီလို. ဆုတောင်းခလား။ ငါဆုတောင်းမှားခဗျာလ်။
စိတ်ဓါတ်တိ ဟိုအောက်ဆုံးထိရောက်နိန်ရေ ငါလူဖြစ်ရစော် တန်လာ။
လွတ်လပ်တေစိတ် လုပ်ချင်စော်လုပ်ခွင်.ရရေ လူသားတစ်ယောက်အဖြစ် ငါ ငါ ဖြစ်ခွင်.ရှိသိလာ။




အိုအရှင်.... ဆုတောင်းသာပြည်.၀ဖို.ဆိုကေ ဒေတစ်ခုကို ရခွင်.ပြုပါပလင်....................

"သံယောဇဉ်လား ရူးသွပ်မှုလား"

ငါထင်ခရေ အချစ်နဲ. ငါရခရေ အချစ် မတူညီစွာ ဇာကြောင်.လဲ။ မင်းမှာ အဖြေရှိလာ။
လူတစ်ယောက်နဲ. တစ်ယောက် ဇာအတွက် ခွဲခွါဖို. တွီ.ဆုံခကတ်လေ။
မင်းပါးမှာ ငါထားခစွာ သံယောဇဉ်လား မဟုတ်ဘဲနဲ. ရူးသွပ်မှုတစ်ခုရာလား။


ငါ.အချစ်တိ ငါရွီးဖို.စာမှုတစ်ခုရာ ဖြစ်ခရလားမင်း။


ဒေစာမျက်နှာတိထက်မှာရာ ရှင်သန်ခွင်.ပီးခလာ။


လူတစ်ယောက်ပါးမှာထားမိရေ နှောင်ကြိုးချေ ဒေလောက်ထိခိုင်မြဲဖို. မထင်ထားခ။


မုသားမပါရေ စကားမလှဆိုကေ မင်းငါ.ကို မုသားချိုချိုသုံးပြီး ချဉ်းကပ်ခစွာလာ။


ကျန်လိုက်တေလူနဲ. ထားပခရေလူ ဇာသူပို နာကြင်ဖို.ထင်လေ။


တစ်ခါတစ်ခါစိတ်နာရေ လုံးဝမချစ်တတ်တေလူတစ်ယောက်ကို ချစ်မိလားရေ ငါ.ကိုယ်ငါ။


မုန်းသင်.စွာကြာပါဗျာလ်။ မင်းကို မချစ်ဟန်ဆောင်ရစော် ပင်ပန်းလိုက်တေကာ။


ငါရူးခစွာလား မဟုတ်ဘဲနဲ.ကျရှုံးခစွာလား။


မမျှော်သင်.ရေမင်းပါးမှာ ငါမက်မောစရာ ဇာတိရှိနိန်လေ။ အဖြေ အသေအချာမရှိ။


နီဝင်လားရေမင်းအချစ် မေယူတောင်တန်းကြီးနောက်ကို ပျောက်ကွယ်လားစွာလား။


မဟုတ်ဘဲနဲ. ဘင်္ဂလာပင်လယ်အော်ထဲ နစ်မြစ်လားစွာလာ။


သေချာစော်တစ်ခုက မင်းငါ.အနားက ပျောက်ကွယ်လားခရေ။


မင်းနဲ.ပက်သက်လို. ငါတောင်.တခစွာမှာ ဒေကုငါရနိန်ရေ အလွမ်းတိ အမုန်းတိမပါခ။


မင်းဖျစ်ညှစ်ပခရေ ငါ.နှလုံးသား သွီးညီ.နံ.ဒေကုထက်ထိ ရနိန်သိရေ.............

.