Pages

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, July 31, 2013

အဆုံးမရှိတဲ့ သောက

မျှော်လင့်သလို ဘာမှဖြစ်မလာ
ပြန်ညှိတော့လဲ ရလာတာက မျက်ရည်
ဖွင့်ပြောဖို့ ကြည့်ပြန်တော့လဲ
လူတိုင်း ကိုယ့်အပူနဲ့ ကိုယ်


အိပ်ကုတင်တခု
အ၀တ်ဗီရိုတခြမ်းကို မျှသုံးနေရတဲ့
ကြမ်းပြင်ပေါ် လူးလိမ့်အုန်းပေါ့လေ

မသွားလို့ မရတဲ့ အလုပ်ဆိုတော့
မို့နေတဲ့ မျက်လုံး ရေခဲရိုက်
ပြီးတော့
ဟန်ဆောင်ပြုံး တပွင့်ပါ
နင်ပန်ဆင်လေအုန်း

အစဆုံး ရှာမတွေ့တဲ့
ကြက်ဥကို ရိုက်မခွဲရဲတော့
ထမ်းထားတဲ့ တာဝန်ကျေဖို့
ပခုံးနှစ်ဖက် တောင့်ခံထားအုန်းလေ

Monday, July 15, 2013

ရေမြေခြားက ချစ်သူဆီသို့

အရာခပ်သိမ်းက
မရေရာ မသေချာတော့
အနေဝေးတဲ့ ငါတို့အနာဂါတ်ကို
တခါတခါ တွေးကြောက်မိတယ်

သစ္စာတရားကို လက်ကိုင်ထားပေမဲ့
ကံတရားက လှည့်စားလွန်းတော့
စိတ်မချရဲဘူး မောင်ရေ

နေ့စဉ်ပျံသန်းနေတဲ့
လေယဉ်ပျံကို မော့ကြည့်မိရင်း
" သတိမှ ရပါရဲ့လား " လို့
စာချွန်လွှာ ပါးလိုက်ပါရစေ

မရေးတတ်တော့ မောင့်ကိုလွမ်းလို့
ချရေးမိတဲ့ စာသားတွေက
ကဗျာတစ်ပုဒ် ဖြစ်မလာပေမဲ့
ခံစားချက်တွေပါ

တွေ့ဆုံခွင့်ကို မျှော်လင့်လျှက်
အထီးကျန်တဲ့ အချိန်တွေကို လက်ပစ်ကူးပြီး
တစ်ယောက်တည်း ၀မ်းနည်းနေရသူပါ

ဒီလိုအချိန်ဆို ဘာတွေလုပ်နေမလဲ
လွမ်းတယ်
မျက်ဝန်းရှင်ရယ်......
 

Thursday, July 4, 2013

Sleepless nights

ကြယ် လ မမြင်ရတဲ့ မြို့ပြညမို.
အခန်းကိုမီးကိုမှိတ်
မျက်နှာကြက်မှာ
လိုက်ရှာမိတာက သူ့ပုံရိပ်
သူပြောခဲ့သလို ဒါတွေက အလွမ်းတုတွေပေါ့


အနားမှလဲ သူမရှိ
Long Distance Relationship ပြောဖို့ အခွင့်ကမသာ
ဘယ်နေရာမှာ ဘာတွေလုပ်နေလဲလို့
စုံစမ်းဖို့ကျတော့ မာနက လက်မခံ

တခါတလေ မိန်းမဖြစ်ရတာ ခက်တယ်ဟ

အိပ်မပျော်တဲ့ညမှာ
စာအုပ်နဲ့ ရုပ်ရှင်က
သတိရတဲ့စိတ်ကို ကုစားဖို့မလွယ်


အရင်လိုပါပဲ
အရာရာဟာ အရင်လိုပါပဲ
မိုးကိုမရှောင် ကိုယ်အိမ်ရှေ့
လာတီးခဲ့တဲ့ သူ့ဂီတာသံကိုလဲ
ဒီလိုညမျိုးမှာ သတိရမိတာ
16နှစ်မ အတိုင်းပါပဲလား


Monday, July 1, 2013

Monday

အိပ်ရာက မထချင်တော့
MC ယူပစ်မယ်လို့
တကဲကဲဖြစ်နေတာက
ဒီနေ့ရဲ. မနက်ခင်းပါ

အိမ်ကိုပြန်ရောက်ရင်
အိပ်ရာပေါ် လေးဘက်ထောက် တက်ရတာလဲ
ဒီနေ့ရဲ. ညနေပါပဲ

ငါမရှိမှ ငါဘယ်လောက် အလုပ်များတယ်ဆိုတာ
နားလည်ကြမှာလို့ ကိုယ့်ပါကို ဘ၀င်တွေမြင့်
အလုပ်ထွက်ပြီး အိမ်ကို အပြီးပြန်မယ်လို့
ဆုံးဖြတ်တာလဲ Monday နေ့တိုင်း

လုပ်စရာတွေများတော့
"I hate Monday" လို့
သူ့ဟာသူ နေပေမဲ့ လူတိုင်းဆီမှာ
အငြိုငြင်ခံရတဲ့ နေ့လေး

အမှန်ဆို
ခုနှစ်ရက်မှာမှ တခါကျရောက်လာတဲ့
နေ့ဖြစ်လို့ ပျော်ပျော်ရွှင်ရွှင်နဲ့
Monday ကိုကြိုဆိုသင့်တယ်လေ

Sunday, June 23, 2013

လိုက်ဆဲပါ

ပြောသမျှ အပြုံးနှင့်လက်ခံ
စောဒက မတတ်ပြန်တော့
သူတို့တွက် လှောင်ရယ်စရာ သားကောင်ဟာ ငါပဲလေ.

ငွေကြေး ခင်တွယ်တတ်တဲ့ မျက်နှာစိမ်းတွေကြား
ရှောင်နိုင်ခွင့် မရှိမှတော့ ဂျိုကာလိုမျက်နှာမျိုးနဲ့
ရွက်လွင့်ဆဲပေါ့ အမေရေ.

လိုက်လေ ပြေးလေနဲ့
ဘယ်တော့မှ မရောက်တော့
အိမ်ဆိုတာလဲ အလည်ပြန်တဲ့
နေရာတစ်ခုလောက်ပဲ ဖြစ်လာတာ
အဆန်းမဟုတ်ပါဘူးလေ.

Saturday, June 1, 2013

သို့..... သူ

ခုနှစ်တွေကြီးလာမှတော့
ကျော်ဖြတ်ခဲ့တဲ့ ညပေါင်းလဲမနည်းတော့ပါဘူး
နေ့စဉ်ရေးဖြစ်တဲ့ ဒိုင်ယာရီမှာတော့
ခံစားချက်တွေ ပေါက်ကွဲမိလို့
စာရွက်တွေသာ အိုဟောင်းကုန်တာ

ပန်းခင်းလမ်းကို တောင့်တခဲ့တာမဟုတ်
လှိုင်းထန်ရင် လှေပေါ်ကလိမ့်မကျဖို့
အားကိုးတကြီးဆွဲကိုင်ထားတဲ့
လက်မောင်းတစ်စုံကိုသာ အလိုရှိခဲ့တာ

နင်လဲ နင့်လမ်းနင်လျှောက် ငါလဲငါ့ဘ၀ငါခင်း
ရိုးမြေကျပေါင်းဖို့ ကတိလဲမပေးမှတော့
မျှော်တော်ယောင် မလုပ်တော့ပါဘူး

Tuesday, May 28, 2013

Follower

ခေါ်ပြန်တော့လဲ သူမကြား
အားကိုးတကြီး ကြည့်ပြန်တော့လဲ သူမရှိ
သူနဲ့ကိုယ့်ကြား ခရီးက မိုင်ပေါင်းများစွာ

အရင်လို စာမလာ သတင်းမကြားဆိုတဲ့ ခောတ်မဟုတ်တော့
ဖတ်ချင်မှဖွင့်တဲ့ သူ့ Inbox ထဲမှာ
ကိုယ့် Email ဘယ်နှစ်စောင်များထပ်နေပြီလဲ
ငါမျှော်နေမိတာက နင့်ရဲ. Reply

မကြာမကြာ ပြောင်းတတ်တဲ့ နင့်ရဲ. Status
Offline နဲ့ စောင့်နေမိတာ
အချိန်တွေအားနေလို့မဟုတ်

နင့် Page ကို ခဏခဏ ကြည့်တတ်လွန်းလို့
ပျက်ချင်ချင်ဖြစ်နေတာက ငါ့ရဲ. Mouse
ဟိုသွားဒီသွား ရိုက်ထားတဲ့ ဓါတ်ပုံတွေ
Facebook မှာတွေ့တော့
အော် နင်ပျော်နေရှာသားပဲ
ဒါတောင် ငါ့ရဲ. Friend Request ကို လက်မခံသေးလို့
နင့်ရဲ. Public Post တွေပဲ ခိုးကြည့်ရတာပါ

တကယ်တော့ 

ငါက နင့်ရဲ Follower အဖြစ်နဲ့ 
ရှင်သန်နေမိတာ.....

Thursday, March 14, 2013

အိမ်ပြန်ခွင့်

စိုက်ထားခဲ့တဲ့ မကျည်းပင်တစ်ချို့
အသီးတွေ သီးပြီး ဝေေ၀ဆာဆာဖြစ်နေပြီးတဲ့
မကျည်းရွက်ခူးဖို့ ငါအိမ်ပြန်ရအုန်းမယ်

ညနေခင်းတချို့
သီးချင်းနားထောင်ရင်း ဖြတ်သန်းခဲ့ဖူးတဲ
သစ်သားတံတားလေး
အခုဆို အင်္ဂတေနဲ့ ပြန်လုပ်ထားပြီးပြီတဲ့
သစ်သားနဲ့ အင်္ဂတေ အရသာ
ဘာကွာလဲသိဖို့ ငါအိမ်ပြန်ရအုန်းမေလေဟာ

အချစ်ဆုံးအဘွား မြေချတာကို မမှီလိုက်ပေမဲ့
နှစ်ပါတ်လည်ရောက်တိုင်း အုတ်ဂူလေးကို
သန့်ရှင်းရေးလုပ်ပြီး အဘွားကြိုက်တဲ့ ခရေပန်းလေးနဲ့
ကန်တော့ဖို့ ငါအိမ်ပြန်မှဖြစ်မယ်

ငါ့ကိုသတိရလို့ တခါတလေ
ရူးချင်သလိုပဲ ဆိုတဲ့
အမေ့ကိုတွေ့ဖို့ အိမ်ပြန်ခွင့်ပေးပါဟာ

အဒေါ်ချက်တဲ့
ကြက်ဥပြုတ်ကျော်ချက်နဲ့  ချဉ်ပေါင်ဟင်းရည်သောက်ဖို့
ငါအိမ်ပြန်ရမယ်

ညဦးရောက်တိုင်း ကလေးတွေ ကစားနေကြ
ရွာထိပ် ကန်ဘောင်နံဘေးက ကုက္ကိုလ်ပင်အောက်ကို
ဒိုင်လူကြီးလုပ်ဖို့ ငါအိမ်ပြန်ပါရစေ

ရေကူခပ်ပေးနေကျ သားသမီးမရှိတဲ့ အဘိုးနဲ့အဘွား
အခု အဘိုးတောင် ဆုံးသွားပြီတဲ့
ခါးနာနေတဲ့ အဘွားကို ကူညီပေးဖို့
ငါအိမ်ပြန်ရမယ်လေ

အမြဲရန်ဖြစ်နေကျ ငါ့အစ်မလဲ
တစ်ယောက်တည်း ပျင်းတယ်တဲ့
တကယ်တော့ သူငါ့ကို လွမ်းနေတာ
ဘာပဲဖြစ်ဖြစ် ရန်ဖြစ်ဖို့ ငါအိမ်ကို အပြီးပြန်ပါရစေဟာ

" အိမ် "
လိုက်လေ ဝေးလေ ပါလား
တခါတလေ လောကဓံက
ငါ့ကို ဒီလိုခံစားစေတယ်............




Friday, February 15, 2013

ရက်စွဲ

ဘာမှမဖြစ်သလို နေတတ်သူတွေတွက်
အပမ်းမကြီးပေမဲ့
မနေတတ်သူတွေ အဖို့ကတော့
ကောင်းကင်ငိုရင် တိမ်တွေလဲ
မခံနိုင်ဘဲ စွေသလိုပေါ့

နှစ်တွေလဲကြာ
ပြက္ခဒိန်တွေလဲ နွမ်းကြေပြီ
နေ့စဉ်ရေး မှတ်တမ်းလေးလဲ
ရုပ်မလှတော့ဘူး

ငိုယိုပြီးတမ်းတဖို့
မျက်ရည်တွေ မလုံလောက်တော့တာ
ရင့်ကျက်မှုလား နာကြင်မှုကြောင့်လားဆိုတာ
သိသာလွန်းပါတယ်ဟာ

မြတ်နိုးရခြင်းနဲ့ မဆိုင်ပါဘူး
အတိတ်ကိုသာ တန်ဖိုးထားတက်ရင်
လွမ်းဆွေးဖို့ ကောင်းလွန်းတယ်...

ရက်စွဲတစ်ခုရဲ့   Anniversary ရောက်တိုင်း
တစ်ကိုယ်တော် နွဲတာ
ပွဲပေါင်းလဲ မနည်းတော့ပါဘူးလေ....

Thursday, November 15, 2012

ည

တခမ်းတနား မရှိပါဘူး
မှိတ်တုတ်မှိတ်တုတ်
ကြယ်တစ်ပွင့်လောက်များ တွေ့မလား
အခန်းကိုမီးပိတ်
လျှပ်စီးမီးတွေ ရောင်ပြန်ဟပ်နေတဲ့
ကောင်းကင်မှာ ရှာမိပါရဲ့

တစ်ချိန်တုန်းကပေါ့
ဖယောင်းတိုင်မီး ၀ိုးတ၀ါးနဲ့
ဘာရုပ်သံမှ မရှိတဲ့ အိပ်ခန်းထဲ
အတွေးတွေ နယ်ချဲ့ဖို့
ဟိုးအဝေးကနေ ပျံလွင့်လာတဲ့ မယ်ဒလင်နဲ့
ဆွေးဆွေးမြေ့မြေ့ သီချင်းသံက
ပံ့ပို့နေတဲ့အလား

တိတ်ဆိတ်လွန်းတဲ့ ညဉ့်နက်ထဲ
အထီးကျန်တဲ့ ပတ်ဝန်းကျင်ကို
စံပါယ်ပန်း ရနံ့လေးက
ခဏခဏ လာကျီစယ်နေသလိုပဲ

ည
ချိုမြိန်မှုကို တောင့်တ
ခါးသီးလွန်းတဲ့ အိပ်မက်ရှည်ကိုမက်ရင်း
လန့်နိုးမိတာ ညပေါင်းများစွာပါပဲလေ..........

 

Sunday, November 11, 2012

ကိန်းသာ (ခေါ်) ရသေ့တောင်မြို့




ဒီမြို့လေးမှာပဲ ငါ့ကိုမွေးခဲ့တာ
အဝေးကကြည့်ရင်
စိမ်းညို့နေတဲ့ တောင်တန်းပေါ်မှာ
စေတီဖြူဖြူလေးတွေနဲ့
မေယူမြစ်ရဲ့ ဘေးမှာရှိနေတာ

 
ငါကြီးပြင်းခဲ့တဲ့ နေရာ
တောင်တန်းတွေရဲ့ အလယ်မှာ တည်ရှိနေတာ
အေးချမ်းတဲ့မြို့လေး
နာမည်ကြီးတဲ့ အရာတွေမရှိပေမဲ့
ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့
ကိန်းသာဆိုတဲ့ ရသေ့တောင်မြို့လေးပေါ့
 
အရင်ကလူတွေ သိပ်မသိပါဘူး
ဒါပေမဲ့ ဘင်္ဂလီကုလားတွေကြောင့်
အရင်လို ကျိုက်ထီးရိုးနားက ရသေ့တောင်လို့
ရှင်းပြစရာမလိုပဲ
ရခိုင်က ရသေ့တောင်ဆိုရင်
မြန်မာတစ်နိုင်ငံလုံးသိပ
ဘေးအန္ဒာရယ် ကင်းပါစေ
ငါ့မြို့လေးရယ်

Tuesday, November 6, 2012

မလွမ်းပါဘူး




ဒီလို မိုးဖွဲဖွဲကျတိုင်းလဲ မလွမ်းပါဘူး
ကော်ဖီသောက်တိုင်းလဲ မလွမ်းပါဘူး
ကဗျာတွေရေးတိုင်းလဲ မလွမ်းပါဘူး
မြူနှင်းဝေတဲ့ ဆောင်းမနက်ခင်းတွေတိုင်းလဲ မလွမ်းပါဘူး
ကံ့ကော်တွေဝေတိုင်းလဲ မလွမ်းပါဘူး
ဟိုနားဒီနားသွားတိုင်းလဲ မလွမ်းပါဘူး
ကမ်းခြေရောက်တိုင်းလဲ မလွမ်းပါဘူး
အဖော်မဲ့တိုင်းလဲ မလွမ်းပါဘူး
ဝမ်းနည်းတဲ့ အချိန်တိုင်းလဲ မလွမ်းပါဘူး
အောင်မြင်တဲ့ အခါတိုင်းလဲ မလွမ်းပါဘူး
ကျရှုံးလို့ပြိုကွဲတိုင်းလဲ မလွမ်းပါဘူး
အားငယ်မိတဲ့ နေ့ရက်တိုင်းလဲ မလွမ်းပါဘူး
အပြာရောင်တိမ်တွေနဲ့ လှပါနေတဲ့ ရက်တွေတိုင်းလဲ မလွမ်းပါဘူး
သီချင်းတွေ အော်ဆိုင်တိုင်းလဲ မလွမ်းပါဘူး
နေမကောင်းဖြစ်တိုင်းလဲ မလွမ်းပါဘူး
မျက်ရည်ကျတိုင်းလဲ မလွမ်းပါဘူး
သတိရမိတိုင်းလဲ နင့်ကို မလွမ်းပါဘူးဟာ .......

Sunday, October 28, 2012

ကောင်းကင်

ကောင်းကင် တစ်ခုတည်းပါပဲ
စိတ်ခံစားချက်လဲ တူတူပါပဲ
ရှိနေတဲ့ နေရာချင်းသာကွာတာ

ကောင်းကင်ကလဲ အပြာရောင်ပါပဲ
မိုးတိမ်ကလဲ ရာသီဥတုအလျောက်
ပြောင်းလဲနေပေမဲ့ ဒီမိုးတိမ်ပါပဲ
ငါ့အသက်သာ ကြီးလာခဲ့တာပါ

ဘေးစုတ်နေတဲ့ လွယ်အိတ်နဲ့
အဖြူ အစိမ်း ၀တ်စုံကနေ
ကာလာစုံ အ၀တ်အစားနဲ့
တန်ဖိုးကြီးတဲ့ အိတ်တွေ ငါ့ပခုံးပေါ်ကနေ
တနေ့တမျိုး ပြောင်းနေခဲ့ပေမဲ့
ဒီအရာဝတ္ထုတွေကို
ငါတန်ဖိုးထားရကောင်းမှန်း မသိ

ငါ့ရဲ့ ကလေးဘဝ
မိသားစုနဲ့တူတူရှိခဲ့တဲ့ အချိန်တွေ
သူငယ်ချင်းတွေနဲ့ ဖြတ်ကျော်ခဲ့ရတဲ့ ပျော်ရွင်မှု
ဒီ Memory တွေကို ခဏတာ ပြန်ရဖို့ 
ကောင်းကင်ပေါ်ကို အမြဲတမ်း ငေးကြည့်မိတဲ့
အကျင့်တစ်ခု စွဲကပ်လာခဲ့တယ်........

Wednesday, October 3, 2012

အိပ်မက်ထဲမှာ

ရင်ထဲကမပါတဲ့ စကားကို
ဟန်ဆောင်ပြီးတော့
မပြောပါနဲ့

အသက်မပါတဲ့ အကြည့်တွေနဲ့
ကြည့်ခံရမဲ့တူတူ
နင့်ရှေ့က ထွက်သွားပါ့မယ်

မိန်းမ မရှားဘူးဆိုတဲ့
နင့်တွက်
နှလုံးသား အစစ်ရှားလိမ့်မယ်
နင်သတိထားပါ

" သံယောဇဉ် " ကိုနားလည်သူတွက်
ဖြတ်ဖို့ မလွယ်ကူလှဘူး
ဒါပေမဲ့ နင်ထွက်သွားချင်မှတော့
ငါ အတ္တကြီးမနေတော့ပါ

နေညိုရင်
အမှောင်တွေကို ဖြတ်ကျော်
သတိရခြင်းတွေကို ပျိုး
မင်းမရှိတဲ့ နေ့ရက်တွေပါပဲ

အရင်အတိုင်း
ပြန်လည်ကာ
အတူရှိမဲ့ တနေ့
အိပ်မက်ထဲမှာ မျှော်နေပါ့မယ်

Tuesday, September 25, 2012

အမေ့တွက်

နိုးထလာတဲ့ မနက်တိုင်း 
မျက်လုံး လုံးဝမဖွင့်ချင်တော့တဲ့ 
စိတ်ကိုဆန့်ကျင်ပြီး 
သမုဒ္ဒရာ ၀မ်းတထွာတွက် ငါနိုးထရအုန်းမယ်.....

မပြီးဆုံးတဲ့ အိမ်မက်ရှည်တွေတွက်
မှောင်မှိတ်နေတဲ့ ငါ့ကမ္ဘာကို 
အံတုရအုန်းမယ်...... 

မရေရာတဲ့ အနာဂါတ်ကို 
ကိုယ့်ကို အဖော်ပြုဖို့
ရောက်လာကြတဲ့ သားသမီးတွေတွက်
ဝိုးတ၀ါးနဲ့ လျှောက်ရပါအုန်းမယ်....

သစ်ရွက်ကလေးပါ

မင်းထွက်သွားတုန်းက 
ရွာထိပ်ညောင်ပင်အောက်မှာ 
မျက်ရည်တွေနဲ့ တစ်စုံတစ်ယောက်ကိုသာ 
မင်းတွေ့ခဲ့မယ်ဆိုရင် 
မင်းခြေလှမ်းတွေ ရပ်တန့်ခဲ့မလား ... 

အချိန်မှီရောက်မလာခဲ့ဘူးဆိုတဲ့ နောက်ကွယ်မှာ
သေခြင်းတရားတခုရှိတာ သိသွားခဲ့ရင် 
ငါ့ကိုအပြစ်တင်ပြီး လမ်းခွဲခဲ့တာ 
မင်းနောင်တများ ရနေမှလား ... 

အချစ်တစ်ခုတည်းတွက် ကိုယ်ရဲ့မာနကို 
မစွန့်လွှတ်နိုင်ခဲ့တဲ့ မင်းကို 
အတ္တကြီးတယ်လို့ တခါမှ ငါမပြောခဲ့ဖူးပါ ... 

Popular ဖြစ်ချင်တဲ့ မင်းနဲ့
သာမာန်ဘ၀ကို မြတ်နိုးတဲ့ ငါ 
လမ်းကြောင်းမတူခဲ့တာ အဆန်းမှမဟုတ်တာ... 

သတိတရများရှိခဲ့ရင် သင်္ကြန်ရောက်တိုင်း
ပေးနေကျ ကံ့ကော်ပန်းတစ်ပွင့်လောက် 
လက်ဆောင်ပေးစမ်းပါကွယ်... 

မင်းရဲ့ ဒိုင်ယာရီထဲက 
စာမျက်နှာသစ်တွေမှာ ငါ့ရဲ့နာမ်စား 
နာမည်တခုလောက် 
ရှာတွေ့နိုင်မယ် မထင်တော့ပါ... 

တန်ဖိုးဆိုတာ 
ထားတဲ့သူပေါ်မှာ မှုတည်ပြီး 
ရှိတယ်,မရှိဘူး ဆိုပြီး 
ကွာခြားသွားတာပါ... 

အမှန်တကယ်များ 
ချစ်တတ် မြတ်နိုးတတ်ခဲ့ရင် 
နင်ဘယ်အဆုံးရှုံးခံခဲ့ပါ့မလဲ...

မြေပေါ်မှာ ကြွေနေတဲ့ 
သစ်ရွက်ကလေးတွေ 
သူတို့တွေ ပြန်စိမ်းလှန်းနိုင်အုန်းမယ်လို့ 
မင်းထင်ခဲ့သလား ...

Friday, August 24, 2012

သူ

သူ့အကြောင်း စိုင်းစားမိတိုင်း 
တုန်ခါလွန်းရေ ရင်ခုန်သံက 
မနှစ်မြိုရေ သူ့အကြည့် တစ်ချက်မှာ 
ရပ်တန်းလားစီရေ... 

ဆေးလိပ်အနံကို 
ခခါးသသီးမုန်းမိရေငါ 
သူသောက်တေ စတိုင်မျိုးကိုတော့ 
သဘောကျမိယင့် ... 

လူကို မတူမတန်ရေပိုင်
စောင်းကီစောင်းကန်း သူ့အကြည့်တချို့ 
ကဗျာတစ်ခွက်ထက် 
ကဗျာဆန်နလီရေ... 

တစ်ခါတစ်ခါ ရုင်ရှင်ကြည့်ယင်း
မင်းသားနဲ့ မင်းသမီးနိန်ရာ 
သူနဲ့ ကိုယ်ဖြစ်  အရှက်မရှိ 
စိတ်ကူးယှဉ် ပလိုက်သိယင့် ... 

သူ့အထင်နဲ့ ၀က်ဝံရုပ်ကို 
တတင်းကျကျပ်ဖက် 
အိပ်မက်ထဲလဲ 
အားဓမ္မထည့် မက်ပလိုက်ယင့် .... 

သူ 
နိန်ရာတကာ သူ့ အရိပ်တိနဲ့ 
ငါ့ကမ္ဘာကို လွှမ်းမိုးထားနိန်ရေ...

Thursday, August 23, 2012

"ကာလာစုံ အချစ်"

နီပူ မိုးရွာ မရှောင် 
လာကဓံကို ရင်ဆိုင်ပနာ 
တစ်ယောက်ကို တစ်ယောက် ကူညီဖေးမ၇င်း
လလေးစစား နဲ့ မြတ်နိုးကတ်တုန်း ... 
 
သူ့အမှား ကိုယ့်အမှား 
ကိုယ်ချင်းစာပနာ သည်းခံရင်း 
အသက်အရွယ် ကြီးလာစွာနန့် အမျှ 
အချစ်တိလဲ ပိုကြီးပါလတ်တေ... 

ဆံပင် အသားအေ၇တိ 
အရောင်နွမ်းလာကေတောင် 
နားလည်မှုနဲ့တည်ဆောက်ထားရေ 
ငါရို့ နှစ်ယောက် အချစ်က 
ကာလာတိ ပိုစုံပါလတ်တေ...

Saturday, June 30, 2012

မဗေဒါ

ရီကန်ထဲမှာပွင့်ရေ ကြာ 
မိုးမရွာဘဲ အက်ကွဲနိန်ရေ
မြေသားထက်မှာ အမြစ်ချေ 
တစ်ခုလောက်များ ရှိနလီလာ 

ချောင်းထဲက ဗေဒါတစ်ပင် 
အားမလျှော့ဘဲ 
ထိုတစ ဒေတစ အမှိုက်တိကြားထဲမှာ
မြုပ်လိုက် ပေါ်လိုက်နဲ့ 
လိုရာခရီးကို လားနလီလာ 

ရင်ခွင်မဲ့ အချေတစ်ယောက် 
မျက်ရည်မသုတ်ဘဲ 
ဆာလောင်နိန်ရေ ဒေလောကမှာ 
မျက်စိသူငယ် နားသူငယ်နဲ့ 
ဂျောင်ချောင်မှာ ငိုနလီလာ 

သက်မဲ့ဗေဒါပင်တောင် အရှုံးမပီး 
သက်ရှိဖြစ်တေ အဘုချေက 
ယင်းထောင့်ချေမှာ ဇာတွက်ငိုနိန်လေ 
လူလုပ်ကေ အားလုံးဖြစ်တေ ဒေကမ္ဘာမှာ 
တစ်ခုလဲ မစိုင်းစားဘဲ 
အခန်းပြင်ကို 
တစ်ခေါက်ချေ ထွက်ကြည့်လိုက် 

အဘုချေ မြင်လာ 
အားရပရ ရယ်နိန်ရေ 
ဟိုအိမ်အောက်က သူတောင်းစား 
တရွီ့ရွီ့နဲ့ လမ်းလျှောက်နိန်ရေ
ခြေထောက်နှစ်ချောင်းလုံး မရှိရေလူတစ်ယောက် 

အဘုချေ ကြားလာ 
မျက်ကန်းတစ်ယောက် တီးနိန်စွာ 
သာယာအီးချမ်းရေ တယောသံချေ 

လူဆိုစွာ 
ကိုယ်လုပ်ခရေ ကုသိုလ်ကံကြောင့် 
ဇာပိုင်ပုံစံ ဘ၀ကိုပင်ရရ 
အရှုံးမပီး မပျင်းဘဲ 
မဗေဒါပိုင် 
တာဝန်ကို ကျီပွန်ဖို့လိုရေ.....

Thursday, March 22, 2012

ကို

မတီးတတ်ဘဲနဲ့ တီးပြခရေ
စည်းချက်မညီ ဂီတာသံစိုင်ချေတိ
ငါ့နားထဲမှာ န၀င်ချိုနိန်တုန်း


နိန့်နဲ့ည မှားနိန်ကေလေ့
ကွန်ပျုတာဆိုရေ မှန်တချက်ကြောင့်
အကိုနဲ့ အကျွန့်ကြား
အိပ်မပျော်ရေ ညဉ့်တိမှာတောင်
နနွီထထွီး ရှိဖူးရေ

တစ်ခါလဲမခွဲဗျာလ်ဆိုရေ စိတ်နဲ့
အချိန်တိအကုန်မြန်ပါစီ ဆုတောင်း
ကို့ကို တတိတ်ချေအောက်မိန့်ဖူးခရေ

မိဘဆိုရေ ဒေမြင့်မိုရ်တောင်ကိုဖြိုဖို့
ကိုလဲ မစွမ်းရေပိုင်

မထိုးရေသိန်းထီကို ပေါက်ပါစီကြောင့်
ညတိုင်းမက်တေ အကျွန့်အိပ်မက်တိလဲ 
တစတစနဲ့ ၀ိုးတိုးဝါးတားဖြစ်ပါလတ်ဗျာလ်