Pages

Saturday, October 31, 2015

Miss Bangkok - Memoirs of a Thai Prostitute

We went to the book store at Phuket airport on 11st Oct'2015 while waiting for the flight to Singapore since we still had Thai Baht left. I couldn't take my eyes off this book after I saw a lot of women who are working at bars by flirting with Farang ( Thai called European or other foreigner ) to buy them drinks where they can get commission per drinks in Bangla walking street last night. Who on earth wanna work as a prostitute to please someone by leaving their dignity on the floor of make-up room before going to the bar counter. I feel so sad for them, I know they can choose other jobs for living but you were left with no choice when it comes to your precious child, their one day salary equals one month salary of factory staff if they are lucky. I find it encouraged by reading struggling stories which are based on true because I'm kinda easily depressed type.
This story is about Bua who was born from unfaithful dad and gambling mum which lead to broken family, met two guys who bit the shit out of her life, have children who cried themselves to sleep at night from hunger which turned her to prostitute from bartender to feed her children. Most of the time Money is as important as water. I really respect her decision that 'As reckless as I have been about my own life, I have never been reckless with my children's lives'. It hurt her to see her children running to her husband when they hurt but she feels relieve that they are not hungry anymore since she cannot spend a lot of time with them because she is the only one working for her family. Leaving school is the biggest regret in her life. You may not know now how Education is very important in our life but you will realize once you get older or you see how your friends are working in higher position with easy life.
Please read it if you are interested in my above review about this book. I guarantee you that it's worth of your time. PS: You have to buy from online though because I found no link to download. When the book can give me something special, I always save it in my iPad even I own hard copy.

Saturday, July 19, 2014

အောင် (၁)

ဒီတံတားပေါ်ကို ရောက်လာပြန်ပြီ။ ရောက်တိုင်းလဲ တစ်စုံတစ်ယောက်ကို သတိရတဲ့စိတ်က ထပ်ကြပ်မကွာ လိုက်လာပြန်တယ်။ နားမလည်နိုင်သေးတဲ့ ကိုယ်ပါကိုပြန်မေးမိတယ် သူ့ကိုအောက်မေ့မိတဲ့ ခံစားချက်ကို မကြိုက်ဘဲနဲ့ ဒီနေရာကို ဘာကြောင့် မကြာမကြာ ခြေချမိပါလိမ့်။ ခါတိုင်းထက်စာရင် ဒီရက်လိုမျိုး မွေးနေ့မှာ ချစ်တဲ့သူကို အနားမှာ ရှိစေချင်ကြတာ လူတိုင်းထင်ပါရဲ့

ဒီနေ့အိပ်ရာထတော့ ကံ့ကော်ပန်းတွေနဲ့များ နင်ရောက်လာမလားလို့ အိပ်မက်တွေနဲ့အတူ နိုးထလာသေးတယ်။ မဖြစ်နိုင်မှန်းသိပါရဲ့ ဒါပေမဲ့ မျှော်လင့်ချက်ဆိုတဲ့ စကားလုံးကို ငှားသုံးလိုက်တယ်လို့ပဲ သတ်မှတ်လိုက်ပါနော်။ အရင်လိုနင်မရှိတော့ တောင်ပေါ်က ဘုန်းကြီးကျောင်းကို ဆွမ်းပို့ဖို့ ငါတစ်ယောက်တည်းသွားရတာပေါ့။ မြို့ပြင်မှာရှိတဲ့ တောင်ပေါ်ရောက်ဖို့ သင်္ချိုင်းကုန်းကို ဖြတ်ရတော့ အမေက တစ်ယောက်တည်းဖြစ်ပါ့မလားတဲ့။ မဖြစ်စရာ အကြောင်းဘာရှိလို့လဲ ငယ်ငယ်ကတည်းက သွားနေကြ နေရာ ဘယ်သူကများ အနှောက်အယှက် ပေးဖူးလို့လဲ။ ငါ့တွက်တော့ အေးချမ်းဆုံး နေရာက ဒီမြို့လေးပဲ။ တောင်ပေါ်ကနေမြင်ရတဲ့ ရူခင်းတွေ ဘယ်လောက်လှလဲဆိုတာ လူတိုင်းသိတယ် ပြီးတော့ နင်ပြောသလို မေယူမြစ်ဘေးနားလေးမှာ ရှိတဲ့ ငါ့တို့မြို့လေးက တစ်ဖ၀ါးမှမခွါ သစ္စာရှိတဲ့ ချစ်သူတစ်ယောက်လိုမျိုး ကြည့်ရတာ အရမ်းကြည်နူးဖို့ ကောင်းတယ်။ ရုတ်တရက်များ “မိနွယ်” လို့ ခေါ်သံ လိုလိုနဲ့ ဒီနာမည်ကို ကလေးဘ၀တည်းက ခေါ်လာခဲ့တာ တစ်ယောက်သော အောင်ကို ပိုလွမ်းအောင် ကျီစားတတ်တဲ့ တောင်တွေရဲ့ ပဲ့တင်ထပ်သံကို ဒီတစ်ခါ မကြိုက်ဘူးဟ

ငါ့မွေးနေ့ကို ရောက်လာဖို့တွက် ဒီနေ့ တစ်ရက်လေးတောင် အချိန်မပေးနိုင်ရအောင် နင်လက်ရှိတွဲနေတဲ့ တစ်ယောက်ကိုများ ချစ်သွားပြီလာ အောင်။ ငါ့အပေါ်မှာရှိတဲ့ နင့်သံယောဇဉ်က အဖြူလား အရောင်တွေနဲ့လားဆိုတာကို သဲသဲကွဲကွဲ သိခဲ့တာကြာပါပြီ။ ဒုတိယနှစ်က ငါ မိုးမိလို့ဖျားတော့ ဆေးခန်းကနေ အိမ်ကို ဆိုက်ကယ်နဲ့ အပြန် လေအရမ်းတိုးတော့ ချမ်းတာရယ် နင် ငါ့အနားမှာရှိရင် ဘာကို ကျေနပ်မှန်းမသိ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်နဲ့ နင့်ခါးကို ဖက်လိုက်တော့ နင်သိတယ်ထင်ပါရဲ့ အဆောင်ကိုရောက်တော့ “ မိနွယ် မောင်နှမ သံယောဇဉ်နဲ့ ပူလောင်တဲ့ သမီးရည်းစား သံယောဇဉ်ကို နားလည်ရဲ့လား ငါကတော့ အကြောင်းမပါလို့ ကွဲသွားရင်တောင် ၁၅၀၀ကြိုးက ပြန်ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ ၅၂၈က ရေစီးကြောင်းလိုပဲ ဖြတ်မပြတ်ဘူးဟ” ဆိုပြီး နင်လှည့်ထွက်သွားတယ်။ အောင် နင့်စကားက ငါ့မာနကို စော်ကားတယ်ဆိုတာ သိရဲ့နဲ့များ တမင်ပြောသွားတာလား။ လူတိုင်း အားငယ်တတ်တဲ့ နေမကောင်းဖြစ်တဲ့ အချိန်မှာမှ တမင်ရွေးပြောရတယ်လို့ နင်တော်တော်ရက်စက်တယ်။ ဒါပေမဲ့ နင့်ကျောကုန်းကို မှီခွင့်ရခဲ့တဲ့ ခဏတာအချိန်လေးကိုတော့ ရပ်ထားလိုက်ချင်တယ် အောင်။ နင့်အပေါ် အရောင်ပြောင်းမိတဲ့ ငါ့မျက်လုံးတွေတွက် တောင်းပန်ပါတယ်။ ဘာဖြစ်လို့များ ငါ့အချစ်က အနီးဆုံးကလူတစ်ယောက် အတွက်ဖြစ်နေရတာလဲ 

Sunday, May 18, 2014

သူ့ထံသို့ စာ တစ်စောင်



 
 
ဒီလိုမျိုး အိပ်မပျော်တဲ့ညတွေဆိုရင် နင့်အိမ်ရှေ့က စံပါယ်ပန်းရုံနားအရောက်ပြန်ပြီ နင့်ပခုံးပေါ်မှာ ခဏတာ မှေးခွင့်ရချင်တယ်

ခုချိန်ဆိုရင် ရွာမှာ လသာနေလောက်တယ်။ ဒီမှာ တိမ်တွေဖုံးထားတဲ့လကို ကြည့်ခွင့်ရဖို့နည်းနည်းခက်တယ်ဟ၊ ထိန်ထိန်လင်းနေတဲ့ မြို့ပြဆိုတော့ သူတို့တွေ လရဲ့အေးချမ်းတဲ့အလင်းရောင်ကို မေ့နေကြတယ်ထင်ပါရဲ့

'အဲလက်(စ်) ရဲ့ နှလုံးသားဖြောင့်ချက်' သီချင်းကို အမြဲတမ်းဆိုတတ်တဲ့ နင်ဂီတာသံကို ငါကြားယောင်မိသေးတယ်၊ နင့်အိမ်ဘေးနားက ဦးလေးရော နင်နဲ့အပြိုင် မယ်ဒလင်ဆော်တုန်းပဲလား

ရုံးပိတ်ရက်တွေမှာ အိမ်ထဲမှာပဲ တစ်နေကုန် နေတတ်တဲ့ ငါ့ကို philippine-colleague က " You have no life " တဲ့။ အိမ်ပိုင်ရှင်က ပြောတော့ " You are not active" တဲ့။ သီချင်းရေ စာအုပ်ရေ ရုပ်ရှင်ရယ် ကလွဲလို့ ငါ့ Favourite နင်မရှိတော့ စနေ တနင်္ဂနွေ အားလပ်ချိန်များကား အဓိပါယ်သိပ်မရှိလှဘူး။
 
မန်နေဂျာလဲ ငါ့ကိုတော်တော်မျှော်လင့်ထားတယ်တဲ့၊ အလုပ်အသစ်တွေ တခုပြီးတခု ခိုင်းနေတာ စိတ်ပင်ပန်းလွန်းလို့ ဘယ်နေ့ အလုပ်ထွက်ဖြစ်မယ်မသိ၊ ရွာမှာပဲ ကျောင်းဆရာမ လုပ်ပါဆိုတဲ့ နင့်စကားကို နားထောင်ခဲ့ရင်ကောင်းမှာပဲလို့ ခဏခဏနောင်တရမိတယ်၊ အနည်းဆုံးတော့ နွေရာသီသုံးလ နားလို့ရသေးတယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့ နင်ပြောသလို ဘာပဲဖြစ်လာဖြစ်လာ ငါဆိုတဲ့မိန်းမက အဆင်ပြေအောင် နေတတ်ပါတယ်

အရင်လို ညစာ ထမင်းစားပြီးတိုင်း ကန်ဘောင်ပေါ်ကို သွားဖြစ်သေးလား၊ နင်ပြောတော့ နွားတွေရေ၀င်သောက်လို့ ကန်ဘောင်ကို ခြံစည်းရိုးခတ်ထားတယ်ဆို၊ ဒီလိုဆိုရင် ကန်ဘောင်ပေါ်မှာ ထိုင်တဲ့အရသာ မလွတ်မလပ်နဲ့ ဘယ်ကောင်းတော့မလဲ၊ ဒါပေမဲ့ နင်သတ္တိရှိတယ်ဆိုရင် ငါထိုင်နေကျ ရွာဘေးက ဆွေးနေပြီဖြစ်တဲ့ တံတားလေးပေါ်ကနေပြီး မေယူမြစ်နဲ့ မေယူတောင်ရဲ့ နေ၀င်ချိန်ကို နင်ကြည့်ခွင့်ရတာပေါ့

ဒီလ ပိုက်ဆံတော်တော်ပြတ်နေတယ်၊ ဖုန်းမဆက်လို့ နင်စိတ်မဆိုးနဲ့နော်၊ ပြန်လာချင်တဲ့စိတ်ကို မနည်းထိန်းနေရတယ် ဒါပေမဲ့ မိုးရေချိုးဖို့ နင်တို့အိမ်နောက်က လေတိုက်ရင်ကြွေတဲ့ သရက်သီးမှည့်တွေကောက်ဖို့ နောက်နှစ်လောက် ငါလာနိုင်အောင်ကြိုးစားပါမယ်ဟ
 
 
 

Saturday, April 26, 2014

ပျက်ပြယ်ခဲ့သော ကျွန်မရဲ့ အိပ်မက်များ

စစ်တွေမြို့က အင်္ဂလိပ်စာ သင်တန်းမှာ သူနဲ့ ကျွန်မ စတွေ့ခဲ့တယ်။ 2006 July လထဲက မိုးဖွဲဖွဲလေးရွာတဲ့ နေ့လေးတစ်ရက်မှာ ဆွယ်တာ အကျီအနီလေး ဂျင်းဘောင်းဘီ အပြာဖျော့လေးဝတ်ထားတဲ့ သူဟာ တော်တော်ကြီးကို ကြည့်လို့ကာင်းနေခဲ့တယ်။ အရပ်သိပ်မရှည်တဲ့ အသားညိုညိုလေးနဲ့သူက ကျောင်းရှေ့မှာ ဆိုင်ကယ်အရပ် ကျွန်မက ကျောင်းကိုအ၀င် မျက်ဝန်းချင်းဆုံခဲ့ကြတာပေါ့။ စကားသိပ်မပြောဘဲ ခေါင်းပဲညိတ်တတ်လို့ အသားညိုတဲ့ကျွန်မကို Senior ဖြစ်တဲ့ သူက ပုပ်သင်ညိုလို့ Romantic ဆန်ဆန်နာမည်ပေးခဲ့လေရဲ့။ အိမ်နဲ့ကျောင်း သိပ်မဝေးပေမဲ့ လမ်းမီးတိုင်မရှိတဲ့ ကျွန်မတည်းနေတဲ့ အိမ်ရဲ့ လမ်းကြားလေးထဲ စိတ်မချလို့တဲ့ ၈နာရီခွဲ သင်တန်းပြီးတိုင်း ဆိုင်ကယ်ကို ကျောင်းမှာထားခဲ့ပြီး အချိန်မှန်မှန် လိုက်ပို့ပေးဖို့ ခွင့်ပန်ခဲ့တယ်။ သူ့ကိုမြင်ကတည်းက လျှပ်စီးလျက်သလို စီးဝင်ခဲ့တဲ့ အကြည့်တွေကို မက်မောခဲ့တဲ့ ကျွန်မဟာ သူ့အဆိုကို လွယ်လွယ်ကူကူ လက်ခံခဲ့တယ်။

ဒီလိုနဲ့ ကျွန်မတို့ ဇတ်လမ်းကို အစပြုခဲ့ပါတယ်။ တက္ကသိုလ်ပိတ်တိုင်း မြို့မှာနေပြီး ပြန်လာတတ်တဲ့ ကျွန်မကို သင်္ဘောဆိပ်ကနေပြီး သူအမြဲတမ်းစောင့်ကြိုနေခဲ့တယ်။ သင်တန်းမရှိတဲ့ နေ့တွေဆိုရင် သူ့ဆိုင်ကယ်နောက်မှာ ခါးလေးဖက်ပြီး စစ်တွေမြို့ကိုပါတ်ကြတဲ့ အချိန်တွေဆိုတာ ကျွန်မရဲ့ အကြိုက်ဆုံးညနေခင်းတွေပေါ့။ ဒါပေမဲ့ ကိစ္စတစ်ခုလုပ်ပြီဆိုရင် လွယ်လွယ်ကူကူနဲ့ မပြီးစီးတတ်တဲ့ ကျွန်မအဖို့ ချစ်ဇတ်လမ်းတွင်လဲ သိပ်အဆင်မပြေခဲ့ပါ။ စိတ်ကြိုက်ပန်းချီးဆွဲခဲ့သော သူ့သားဘ၀တွင်ကား ဘာဂုဏ်ဒြပ်မှမရှိတဲ့ ကျွန်မလိုမိန်းမမျိုးကို ထည့်ရေးခြယ်ရင်တောင် ဘာအရောင်မှာ ထွက်လာမှာ မဟုတ်ဆိုပြီး ဆင်းရဲတာတစ်ခုတည်းကို အကြောင်းပြ သူ့အမေက ခါးခါးသီးသီးဆန့်ကျင်ခဲ့တယ်။

စစ်တွေတက္ကသိုလ်က သင်္ချာမေဂျာမှာ Qualified ဆက်တတ်ဖို့ မိန်းကလေး သုံးယောက်သာ အရွေးခံရတယ်။ အဲဒီ့ထဲမှာ ကျွန်မပါတယ်ဆိုတော့ ပျော်လွန်းလို့ အဲဒီ့နေ့က ထမင်းတောင် စားမ၀င်ဘူး။ တစ်သက်လုံး မျက်နှာငယ်ခဲ့ရတဲ့ ကျွန်မ အမေတွက်လဲ ပျော်တယ်။ ပြီးတော့ ကျူ တာဖြစ်ရင် အမေ သဘောတူလောက်ပါတယ်လို့ ပြောခဲ့တဲ့ ဂုဏ်မက်တဲ့ သူ့အမေတွက်ပါ ကျွန်မပျော်ခဲ့တယ်။ ဒါပေမဲ့ ဘ၀မှာ ဘာဆိုဘာမှ မြဲတယ်ဆိုတာမရှိပါဘူး။ ကျူ တာဖြစ်ဖို့တွက် ပိုက်ဆံပေးပြီးကပ်နေရတဲ့ ခေတ်ကာလမှာ ကျွန်မဆက်တတ်ရင် ပေးရမဲ့ ကျောင်းစရိတ်ကိုတောင် ခါးကျိုးနေပြီဖြစ်တဲ့ အမေ မထောက်ပံနိုင်တော့ပါ။ အိမ်က ပြသာနာကို ဖြေရှင်းဖို့၊ အမေ အပေါင်ဆိုင်ကို လတိုင်းလတိုင်း အတိုးပေးဖို့ မျက်နှာမသာမယာနဲ့ မသွားရဖို့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်မှ ရတော့မယ်လို့ သုံးရက်လောက် မအိပ်နိုင်ဘဲ စဉ်းစားပြီး ကျူ တာဖြစ်ချင်တဲ့ ကျွန်မရဲ့ရည်မှန်းချက်ကို ရိုက်ချိုးပြီး ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်။ တစ်သက်လုံးတွက် ရည်းစူးခဲ့တဲ့ သူ့ကိုလဲ ကြာကြာ ဆွဲမထားချင်ဘူး ပြီးတော့ သူ့အမေတွက် သားမိုက်လဲ မဖြစ်စေချင်တော့ ကျောခိုင်းဖို့တွက် ကျွန်မပျိုးထားတဲ့ သံယောဇဉ်တွေကို ဥပက္ခာပြုခဲ့တယ်။

အဆောင်မှာနေဖို့ နေနေသာသာ စားစရိတ်တောင် လစဉ်မပေးနိုင်တော့ ဆွေးမျိုးအိမ်မှာနေပြီး နိုင်ငံခြားသွားဖို့တွက် တခုတည်းသာကျန်တဲ့ အစ်မ နားကပ်ကိုရောင်းပြီး ရန်ကုန်ရွှေမြို့တော်ကြီးကို 2008 October ထဲက ရက်တစ်ရက်မှာ ခြေလှမ်းစခဲ့တယ်။ တစ်ရက်ကို ကားနှစ်ဆင့် သုံးဆင့်စီးမှရောက်တဲ့ မဟာမြိုင်(စမ်းချောင်း)မှာ ၇နာရီ သင်တန်း အမှီရောက်ဖို့ မြောက်ဥက္ကလာကနေ ၅နာရီခွဲလောက်ထခဲ့ရတယ်။ ကားခ တရက်ကို အနည်းဆုံး ၅၀၀ ကုန်တော့ တရက်လုံး တက်ရတဲ့ သင်တန်းမှာ ကျွန်မရဲ့နေ့လည်စာက ဗိုက်တင်းဖို့ အဓိက ဆိုပြီး ဧရာ(၇) လမ်းထိပ်က ဘိန်းမုန့်၁၀၀ဖို့ နဲ့ပဲ နှစ်ပါးသွားခဲ့ရတယ်။ ကျောင်းပြီးတော့ သင်္ချာ, ဘွဲ့ရပြီးဆက်တတ်တာက စာရင်းကိုင်ဆိုတော့ LCCI Level 1,2 ကို Credit အဆင့်နဲပဲ အောင်ခဲ့တယ်။ Level 3 တတ်တော့ Guide မယူဘဲ ၅ဘာသာစလုံး ယူခဲ့တဲ့ ကျွန်မကို Guide ယူထားတဲ့ အတန်းဖော်တချို့က “နိုင်မှလဲ လုပ်ပါဟ” ဆိုပြီး လှောင်ရယ်ခဲ့ကြတယ်။ နေ့လည်စာကို ဆိုင်မှာ သွားစားဖို့ သူငယ်ချင်းတချိ့က ကျွန်မကိုခေါ်တိုင်း အမြဲတမ်းငြင်းခဲ့တော့ တချို့က ကပ်စေးနဲတဲ့ တစ်ချို့က ဒါပဲ စားနေတယ်တဲ့။ ဟုတ် ကျွန်မဘိန်းမုန့်လဲမကြိုက်ပါ ကပ်စေးလဲ မကုပ်ချင်ပါ သို့ရာတွင်ကား ကျွန်မတွင် ရွေးချယ်ခွင့်မရှိဘူးဆိုတာ သူတို့တွေကို သိစေချင်ပါတယ်။

တရက်လုံး သင်တန်းတတ် ကားတိုးပြီး အိမ်ပြန်ရောက်တော့ ည ၈နာရီကျော်နေပြီ။ ရေမိုးချိုး ထမင်းစားပြီးတော့ ၉နာရီကျော်ကတည်းက အိပ်တာ မနက်စောစော ၂ချက်ထိုးထပြီး စာကြည့်ခဲ့တယ်။ အဲဒီအချိန်ဆို ဘာအသံမှမရှိတော့ စိတ်လွင့်စရာအကြောင်းလဲမရှိဘူး ကိုယ့်ကိုနှောက်ယှက်မဲ့သူလဲ မရှိတော့ စာကျက်ရတာကောင်းတယ်။ ကြိုးစားခဲ့တဲ့ ရလဒ်က ကျွန်မကို အသိအမှတ်ပြုခဲ့ပါတယ်။ သူများတွေတွက်တော့ LCCI Level 3 ဟာ ဘာမှမဟုတ်ပေမဲ့ အဒေါ့်ဆွဲကြိုးပေါင်ပြီး စာမေးပွဲကြေး Dollar သွင်းခဲ့ရတဲ့ ကျွန်မအဖို့ကား မိသားစုစားဝတ်နေရေးထက်တောင် အရေးကြီးနေခဲ့တယ်။ စာမေးပွဲကို ဂုဏ်ထူး သုံးဘာသာ, Credit တစ်ဘာသာ, ရိုးရိုးတစ်ဘာသာနဲ့ အောင်တော့ ပျော်လွန်းလို့ ထပြီးတော့တောင် ခုန်ခဲ့တယ်။ ကျွန်မ စာမေးပွဲအောင်ဖို့တွက် တစ်မိသားစုလုံး ဒုက္ခခံခဲ့ရတယ်။ ကျောင်းပြီးလို့ အိမ်ပြန်တော့ အဲဒီတုန်းက ရခိုင်ကို မှန်လုံးကားတွေမရှိသေးဘူး ဖုန်တွေနဲ့ မဲမဲတူးတူး ကားပေါ်က ဆင်းလာတဲ့ ကျွန်မကိုမြင်တော့ ပိန်သွားလို့ဆိုပြီး ကားဂိတ်မှာအစ်မ ငိုခဲ့တာ ခုထက်ထိမမေ့ဘူး။ အစ်မက အမေထက် ကျွန်မကိုနားလည်မှုပေးခဲ့တယ် ပြီးတော့ ယောက်ကျားမရှိတဲ့ အိမ်မှာ အဖေလိုမျိုး မိသားစုတွက် အမြဲတမ်း သူရှေ့ကနေ အနစ်နာခံခဲ့တယ်။

သမီး နိုင်ငံခြားကိုသွားမှ ရတော့မယ်ဆိုပြီး အမေပြောတဲ့ အချိန်မှာတော့ အိမ်မှာလုံးဝ အဆင်မပြေတော့ပါ။ အိမ်ပြန်တုန်းက ညအိပ်ရင်ကြားခဲ့ရတဲ့ အမေ့ဆီက သက်ပြင်းသံတွေ နားထဲကမထွက်တော့ ငါလုပ်မှရမယ်ဆိုပြီး အားပြန်တင်း ယောင်ဝါးဝါးနဲ့ လျှောက်ရပြန်တယ်။ အဆင်မပြေလို့ မြန်မာနိုင်ငံကို ပြန်လာရင် အကြွေးတွေနဲ့ တစ်မိသားစုလုံး ဒုက္ခရောက်ပြီ၊ အလုပ်ရသွားရင် အိမ်မှာ အဆင်ပြေမယ်ဆိုပြီ ကျွန်မ ကံကို စမ်းခဲ့ပါတယ်။ အဲဒီတုန်းက အမေအဆင်ပြေဖို့ပဲစိတ်မှာရှိတော့ ကျွန်မကို ကူညီပေးမဲ့သူတွေရှိခဲ့တယ်။ နိုင်ငံခြားသွားဖို့ ပိုက်ဆံထုတ်ပေးဖို့နေနေသာသာ ရန်ကုန်မှာ ကျောင်းတတ်တုန်းက စားစရိတ်အကြွေးတောင် အမေ မပေးနိုင်သေး။ ဆွေးမျိုးတစ်ယောက်က ပိုက်ဆံ၂၅သိန်း အတိုးနဲ့ထုတ်ချေးတယ်။ ပြီးတော့ တခါမှ မမြင်ဖူးတဲ့ Cousin-uncle က စင်္ကာပူလာဖို့ အစစ အ၇ာရာ အကူညီပေးခဲ့တယ်။ Check-In မ၀င်သေးခင် ရခိုင်ကနေ အဒေါ်ဖုန်းဆက်တယ် “ဘာမှမကြောက်နဲ့ သမီးသွားတာက အမေ အဆင်မပြေလို့ ကူညီဖို့သွားတာ အစစအရာရာ အဆင်ပြေလိမ့်မေတဲ “ သူပြောတဲ့ စကားကိုတစ်သက်လုံးမှတ်ထားတယ် မိဘသိတဲ့ သားသမီး တစ်သက်လုံးမဆင်းရဲဘူးတဲ့ ဟုတ်ပါတယ် မှန်ခဲ့တယ်။ ဒီကိုရောက်တော့ မအိပ်နိုင်ဘူး အင်တာဗျူးတွေလဲ အဆင်မပြေတာများတယ် ငါအိမ်ပြန်ရရင် အတိုးနဲ့ အကြွေးတွေတွက် ဘယ်လို့လုပ်ရမလဲဆိုပြီး စိတ်ဓါတ်ကျလွန်းလို့ ပေါင် 110 ကနေ 91ပေါင်ထိကို ကျသွားတယ်။ 6 Jan’11 ဒီကိုရောက်တာ တစ်လကျော်ပြီး အလုပ်က အဆင်မပြေသေးတော့ Visa ထပ်တိုးရတယ်။ 6 March’11 ပြန်ရခါနီး 23Feb မှာ Passက Approved ဖြစ်သွားတယ်။ အဲဒါတောင် သက်ပြင်းက မချနိုင်သေး အင်္ဂလိပ်စကားလဲမပြောတတ်ဘဲ ဘယ်လိုလုပ် ပြောမလဲဆိုပြီး ၁နှစ်ကျော်လောက် နောက်မှာ ရှိနေတဲ့ ကျွန်မမိသားစုတွက် မျက်ရည်ကျ အောက်ကျခံပြီး အသက်ရှင်ဖို့ကြိုးစားခဲ့ရပါတယ်။

ရည်းစားဦးမို့ သူလဲ မပြတ်နိုင်ဘူးထင်ပါရဲ့ 2009 တုန်းက ဖြတ်ပစ်ခဲ့တာ သူ့အမေကို မလွန်ဆန်နိုင်လို့ ကျွန်မထံမှ ဖြေရှင်းချက် တခုမှ မမေးခဲ့တဲ့ သူကား ကျွန်မဘ၀သို့ 2013 မှာတစ်ကျော့ပြန် ၀င်လာခဲ့တယ်။ ရပ်ထားတဲ့ သင်္ဘောပေါ်ကနေ ကျွန်မဆီက Final Decision ကိုတောင်းဖို့ စင်္ကာပူကို ဆင်းလာခဲ့တယ်။ အမေနဲ့ တဦးတည်းသောသားရဲ့ Relationship ကို ဖြတ်ဖို့နေနေသာသာ အဖုထစ်လေးတောင် မလုပ်ချင်တဲ့ကျွန်မလဲ အခွင့်အရေးရှိပါက နောင်တချိန်မှာ အမေ ဖြစ်ပါဦးမည်။ ယောက္ခမဆိုတာ တခါတုန်းက ချွေးမဆိုတာ သူ့အမေကိုယ်စား ကျွန်မပဲ ကိုယ်ချင်းစာလိုက်ပါမေ။ ရည်စားတွေထည်လဲ တွဲခဲ့တဲ့သူကိုလဲ သစ္စာမရှိဘူးလို့ အပြစ်တင်ခွင့်မရှိသလို အမြဲတမ်း Negative ပဲပြလာခဲ့တဲ့ သူ့အမေကို တစ်ဘ၀လုံး ဟန်ဆောင်ပြီးဆက်ဆံဖို့၊ သူမအလိုကိုလိုက်ဖို့ ကျွန်မမှာ အင်အားများမရှိတော့ပါ။ ပုပ်သင်ညိုလဲ ခေါင်းခါတတ်တယ်ဆိုတာ သူသိအောင် ကျွန်မသက်သေပြခဲ့ပါတယ်။ သူ့အမေပြောခဲ့သလို ကျွန်မဘာအရောင်မှ မရှိပေမဲ့ ကျွန်မကား အဖြူရောင်ကလေးပါ အဲဒီအဖြူရောင်ကိုကား သူမ ဘယ်လို သုံးရမလဲဆိုတာ မသိခဲ့တာနဲ့တင် ကျွန်မနှင့် သူ့သားကို စည်းခြားထားခဲ့လေတယ်။

ဘ၀ဆိုသောတိုတိုလေးမှာ ပျော်စရာထက် ၀မ်းနည်းစရာကား များပြားလွန်းတယ်။ မပျော်ရွင်ရရင်နေပါစေ အမေချစ်သော သားတစ်ယောက်တွက်တော့ စိတ်သောကထဲမှာ ကျွန်မ မနေနိုင်ပါ။ အိပ်မက်ထဲတွင်ကား ပျော်စရာအလွန်ကောင်း၏ သို့ရာတွင် အိပ်မက်ဆိုသည်မှာ အိပ်နေတုန်းမှာသာ မက်ခွင့်ရတာ နိုးထလာပါက ပျက်ပြယ်ကုန်တယ်ဆိုတာ ကျွန်မ သတိရပါသေးသည်.....

Monday, April 7, 2014

2014 စင်္ကာပူ သင်္ကြန်

မသိမသာနဲ့ သိသိသာသာ သူ့ကို ဝေးကွာနေတဲ့ ၃နှစ်စာတွက် အားရပါးရ ငေးကြည့်ခဲ့ပါတယ်။ အသားနည်းနည်ဖြူလာပြီး ကိုယ်ပြည့်လာတာကလွဲလို့ သူ အရင်အတိုင်းပါပဲ။ ဆေးလိပ်ကို လက်ကမချတတ်တော့ သူ့နှုတ်ခမ်းပါးပါးလေးတွေဟာလဲ အရင်ကထက်ပိုပြီး ညိုမဲနေတယ်။ ရခိုင်အသင်းစင်္ကာပူက ထုတ်တဲ့အကျီ  အဖြူ မှာအနီလေးနဲ့ ဂျင်းပန်မဲနက်ရောင် ၀တ်ထားတဲ့ သူ့ကိုယ်ပေါ်မှာ တခုခုလိုအပ်နေခဲ့တယ်။ ဟုတ်တယ် သူအမြဲပတ်ထားတတ်တဲ့ လက်ပတ်နာရီအနက်လေး မရှိတော့ပါ။ မှတ်မှတ်ရရ အသက် ၂၀ပြည့်တဲ့ သူ့အတွက် ပထမဆုံးလစာရတဲ့နေ့တုန်းက ကျွန်မကိုယ်တိုင် ၀ယ်ပြီး ပတ်ပေးခဲ့တဲ့ နာရီလေးမရှိတော့ပါ။ သူ့ရည်စားသိလို့များ လွင့်ပစ်ခိုင်းလိုက်တာလား သူအဲဒီ့နာရီကို တော်တော်သဘောကျခဲ့တာ ကျွန်မကိုယ်တွေ့ပဲမို့ ဒီအကြောင်းပြချက်ကလွဲလို့ တခြားမှတ်ချက် ပေးစရာ မရှိပေ။

သူ အစစအရာရာ ပြောင်းလဲသွားပါပြီ။ ဆံပင်တိုညှပ်တာ လုံးဝမကြိုက်တဲ့ သူဟာ ဆံပင်တိုတိုလေးနဲ့ ပြီးတော့ Shoes လုံးဝမစီးတတ်တဲ့ သူဟာ Converse အနီရောင်လေးစီးထားပါတယ်။ လူတစ်ယောက်ကို မျက်ဝန်းချင်းဆုံတဲ့ စက္ကန့်လေးအတွင်း ချစ်နိုင်ပေမဲ မေ့ပျောက်ဖို့တွက်ကား မရေတွက်နိုင်တဲ့ အချိန်ကာလနှင့်အတူ ရှင်သန်ဆဲဖြစ်သော နှလုံးသားပါ သေဆုံးပေးရတတ်တယ်။ ကျွန်မ သူ့ကို ပေးခဲ့သော အချစ်ကား မိဘအသိုင်းအ၀ိုင်းနဲ့ ယှဉ်လျှင် ဘာမှမဟုတ်ဟု သူကောက်ချက်ချခဲ့၏။ အမှန်လဲ ကျွန်မ ဆုံးဖြတ်ခဲ့သော အရာတိုင်းကို နှလုံးသား၏ တောင်းဆိုမှုကို ၁၀% လောက်သာ ထည့်သွင်း စဉ်းစားပေးတတ်တယ်။ ထို့ကြောင်လဲ ကျွန်မဘ၀ လှပနေပေမဲ့ ကျွန်မရင်ဘက်တခုလုံးကား ယနေ့တိုင် စုတ်ပြတ်နေဆဲ။ ပညာတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ဖို့ မိသားစုက သေမလောက် ရုန်းကန်ပေးပြီး သူတို့တွေ ဒုက္ခရောက်နေချိန်မှ ရှောင်ထွက်ခဲ့လျှင် ကျွန်မသည် အလွန်တရာမှ မိုက်မဲပေလိမ့်မည်။ ဘ၀တခုလုံး ပုံပြီး ကျွန်မ ချစ်ခဲ့တယ်ဆိုတာတော့ သူသတိရဖို့ မေ့နေခဲ့တယ်ထင်ပါရဲ့။

သင်္ကြန်ဆိုလျှင် ဝေးဝေးက ရှောင်တတ်တဲ့ ကျွန်မဟာ သူစင်္ကာပူရောက်တဲ့ဆိုတဲ့ သတင်းကြားကတည်းက April လကို မြန်မြန်ရောက်ပါစေလို့ ဆုတောင်းရတာ အမော။ ဒါပေမဲ့ တွေ့ပြန်တော့လဲ ရင်နာပြီး မျက်ရည်ကျတာကလွဲလို့ ကျွန်မကို လောကကြီးက ဘာမှ ပိုမပေးခဲ့ပေ။ ဟုတ်ပ ဘယ်သူ့ကိုများ ကျွန်မ အပြစ်တင်ရမတုန်း။ အဆုံးသတ်ကို ရေးပေးခဲ့တဲ့ စာရေးဆရာမက မိမိကိုယ်တိုင်ဆိုတော့ ပိုင်ဆိုင်ထားတဲ့ မာနတွေရေ တာဝန်တွေရယ်နဲ့ ဆက်ရုန်းပေအုန်းပေါ့။ 

ရေလေးတခွက်များ လာပက်မလားလို့ အဲဒီအချိန်တုန်းက တောင့်တခဲ့ပါ၏ သို့ရာတွင် သူ့များလုံးများကား ကျွန်မဆီသို့ တခေါက်မှ မကျရောက်လာ။ ရေစိုနေတဲ့ ကိုယ်နဲ့ တစ်နာရီလောက် ချောင်ထဲမှာ ငုတ်တုတ်ထိုင်နေတဲ့ ကျွန်မကို ၀မ်းနည်းမူများသာ လွှမ်းခြုံပေးခဲ့တယ်။ 

သင်္ကြန်ပွဲ ရောက်ခဲ့တယ်ဆိုတာလဲ သူ့ဆီက မျှော်လင့်ချက် တစုံတရာ လုံးဝမပါ မြင်ရရုံလေးဆိုတဲ့ အသိနဲ့ သွားခဲ့တာဆိုတော့ ကျွန်မ မရှုံးပါဘူး....

Tuesday, October 29, 2013

ဒိုင်ယာရီထဲက လူတစ်ယောက်အကြောင်း

မသေရေစာ ရခဲ့တဲ့ သူ့ကြင်နာမှုကို တွယ်တာခဲ့တော့ ယောင်ယောင်မှားမှားနဲ့ လမ်းမှားရောက်လာခဲ့ပေမဲ့ မလွတ်တမ်း ဖမ်းဆွဲချင်ထားဖူးခဲ့တဲ့ လူတစ်ယောက်ကို အမှတ်မထင် လေဆိပ်မှာတွေ့တော့ လမ်းနှုတ်ဆက်ဖို့တွက် ကျွန်မပါးစပ်တွေ ဖွင့်မရလောက်အောင် အင်အားမဲ့နေခဲ့တယ်…….. ပါးစပ်တစ်ခုတည်းဆွံအံနေတာမဟုတ် ကျွန်မနှလုံးသားလဲ ထုံကျင်နေခဲ့တယ်။ ခံစားချက် တစ်စုံတစ်ရာကျန်ရှိနေသေးတယ်ဆိုတာ စမ်းသပ်စရာမလိုဘဲ တထိတ်ထိတ်ခုန်နေတဲ့ ရင်ခုန်သံက သက်သေပြခဲ့တယ်။ အစွမ်းရှိတဲ့ သူကား ကျွန်မကမ္ဘာကိုကြီးစိုးမိုးထားခဲ့တာ အခုချိန်ထိပါပဲလား …. သူ့ရှေ့ရောက်ရင် ဖြစ်နေကျအတိုင်း အယောင်ယောင်အမှားမှား အရင်လို့မဖြစ်ဖို့တွက် ကျွန်မခြေလှမ်းတွေက သူနဲ့ အဝေး Check-In Counter ဆီကိုပဲ သူ့ဆီက ကိုယ့်နာမည်ခေါ်သံကြားမလား နားစွင့်ရင်း ဦးတည်ခဲ့တော့တယ်…..

ပိန်ပိန်မဲမဲလေး အပျိုရွယ်မ၀င်သေးပေမဲ့ သူ့ကို စတွေ့ပြီးနောက်ပိုင်း မိန်းမနဲ့တူအောင် လုံချည်ဝတ်ဖို့ ၈တန်းနှစ်ကတည်းက ကြိုးစားဖူးခဲ့တယ် ကျွန်မဟာ 23နှစ်ဆိုတဲ့ အရွယ်ရောက်လာတော့ သူ့မျက်လုံးထဲ အရင်အတိုင်း ငါပဲလားလို့ ကိုယ့်ပါကို မဆီမဆိုင် ပြန်သုံးသပ်မိရဲ့။ အမြဲသတိတရရှိခဲ့တဲ့ လူတစ်ယောက်ကို မရည်ရွယ်ဘဲ တွေ့ပြန်တော့ အရင်လို လမ်းခွဲတိုင်း သူ့ကျောကုန်းကို မကြည့်ရရင် မနေနိုင်ဘဲ လှည့်ကြည့်မိတော့ ရယ်မောမောနဲ့ ကောင်မလေးတစ်ယောက်ခါးကိုဖက်ထားတဲ့ သူ့လက်တွေကိုမြင်တော့ ပျော်ရွင်ခြင်းထက် ဒီတစ်ခါလဲ ငါရှုံးပြန်ပြီဆိုတဲ့ အသိနဲ့ ၀မ်းနည်းရပြန်တယ်။

လေယဉ်ပေါ်ရောက်မှ ဟင်းခနဲ သက်ပြင်းချပြီး စာမျက်နှာတိုင်း သူမပါရင် မပြီးတဲ့ ဒိုင်ယာရီကို ဖွင့်မိပြန်ပြီ။ အခြေအနေတစ်ခု တည်ငြိမ်ဖို့ ရုန်းကန်ရတဲ့ နိုင်ငံခြားမှာ ပင်ပန်ခြင်းဆိုတာက အဖော်ပါ။ ညဉ်းပြတာကို စိတ်ရှည်ရှည်နဲ့နားထောင်ပေးတဲ့ ဒီဒိုင်ယာရီဆိုတာလဲ ရင်ထဲ ကျိတ်ခံစားခွင့်မပေးတော့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးတဲ့ ကျွန်မ အချိန်မှန်သုံးစွဲတဲ့ အားဆေးကြီးပေါ့လေ။

အချိန်ကား ဘယ်သူ့မှ ဂရုမစိုက်ဘဲ သူ့ပါသူ ရပ်တည်နေပေမဲ့ ဒါဏ်ရာတစ်ခုကုစားဖို့အတွက် အတိုင်းအတာဆိုတဲ့ အချိန်တစ်ခုအောက်မှာကား ကျွန်မအလူးအလဲ နာကျင်စွာနဲ့ မကုန်နိုင်တဲ့ အချိန်တွေကို မုန်းတီးဖူးခဲ့တယ်။ လက်ရှိဘ၀ဆိုတာ ရုပ်ရှင်ထဲက လုပ်ဇတ်မဟုတ်တော့ လက်တွေ့မှာလဲ အချစ်နဲ့ဘ၀ကား သီးသန့်စီပင်။ နှလုံးသားနဲ့ ရွေးချယ်ခွင့်ပေးခဲ့တယ် အသက်ရွယ်တစ်ခုကိုတောင် ကျွန်မကျော်လွန်းနိုင်ခဲ့ပြီဆိုတော့ အရာရာကို ဦးနှောက်နဲ့ဆုံးဖြတ်ရမဲ့ ဒီအချိန်ရောက်မှတော့ ကလေးမဆန်တော့ပါဘူးလေ……………….

Sunday, October 27, 2013

ကျွန်မဖတ်ဖို့

ခြေထောက်မရှိတဲ့ လူတွေကိုမြင်မှ
ကိုယ်လက်အင်္ဂါပြည့်စုံနေတဲ့
ကိုယ့် ခန္ဒာကို သတိထားမိပြီး
ကျေးဇူးတင်ရကောင်းမှန်းသိလာတယ်

အနားမှာ ဘယ်သူမှမရှိ အထီးကျန်လာမှ
ငါဒီထက်ပိုပြီး လူတွေကို
အကြင်နာတရားနဲ့ ဆက်ဆံခဲ့ရင်ကောင်းမှာပဲလို့
နောင်တရလာတယ်

ဂုဏ်သိက္ခာကိုရောင်းပြီး အလုပ်လုပ်နေရသူတွေကို တွေ့မှ
ကိုယ့်အလုပ်ကို တန်ဖိုးရှိမှန်း ဂုဏ်ယူတတ်လာတယ်

စကားမပြောနိုင်တဲ့ လူတွေနဲ့ဆုံဖူးမှ
အတင်းပြောတတ်တဲ့ ကိုယ့်ပါးစပ်က သူတို့လောက်တောင်
အသုံးမ၀င်ပါလားလို့ သံဝေဂရလာတယ်

သေမလောက်နာကြင်ခြင်းကို အောင့်အီးပြီး
ကင်ဆာရောဂါကို တိုက်ခိုက်နေတဲ့ ကလေးတွေကို မြင်တော့
ပင်ပန်းလွန်းလို့ အသက်ရှင်နေတာကို ညဉ်းတွားမိတဲ့
ကိုယ့်ကိုကိုယ် ရှက်လာတယ်