Pages

Showing posts with label စိတ်ဓါတ်ခွန်အား. Show all posts
Showing posts with label စိတ်ဓါတ်ခွန်အား. Show all posts

Wednesday, September 19, 2012

ငါ ဆိုတာလဲရှိတယ်

သဘာဝအန္တရယ်ကြောင့် အိမ်ဆုံးရှုံးသွားရတဲ့ လူတွေရှိသလို, လောင်းကစားလုပ်လို့ အိမ်ခြေမဲ့သွားတဲ့ လူတချို့လဲရှိတယ်။ 
တချို့က မိဘ ဆုံးသွားလို့ မိဘမဲ့ ဖြစ်သွားရသလို့, မိဘတွေရဲ့ စွန့်ပစ်ခြင်းခံခဲ့ရလို့ မိဘမဲ့ ဖြစ်နေတဲ့ အပြစ်ကင်းတဲ့ ချစ်စဖွယ်ကလေးငယ်တွေလဲရှိတယ်။ 
မတော်တဆမှုကြောင့် ခြေလက်မစုံတဲ့ လူတွေ ရှိသလို, မွေးကတည်းက ခြေလက် မပါဘဲ စွမ်းတဲ့ လူတွေလဲရှိတယ်။ 

အသက်အရွယ်ကြီးလာလို့ တောင်းစားနေတဲ့ လူတွေရှိသလို, တချို့က ကိုယ့်ကို အားမကိုးဘဲ သူတပါး လုပ်အားကို အရှက်မရှိဘဲ တောင်းရမ်းပြီး အသက်ရှင်နေတဲ့ လူတွေလဲရှိတယ်။ 
သားသမီး ရှိရဲ့နဲ့ ဂရုမစိုက်လို့ ပင်ပင်ပန်းပန်း အသက်မွေးနေတဲ့ မိဘတွေရှိသလို, သားသမီးဆုံးသွားလို့ မသယ်နိုင်တဲ့ ခန္ဓာကို အားတင်းပြီး အလုပ်လုပ် နေရတဲ့ သနားဖို့ကောင်းတဲ့ မိဘတွေလဲရှိတယ်။ ဟိုတယ်မှာမှ မစားရရင် လုံးဝထမင်းမစားတဲ့ သူတွေရှိသလို, တခြားတနေရာမှာ ထမင်းငတ်နေတဲ့ လူတွေလဲ တောင်ပုံရာပုံပဲ။ 

ဆင်းရဲလို့ စာမသင်နိုင်တဲ့ လူတွေရှိသလို, ချမ်းသာရဲ့သားနဲ့ ပညာကို တန်ဖိုးထားရကောင်းမှန်းမသိလို့ စာမတတ်တဲ့ လူတွေလဲ အများကြီိးပဲ။ 
ဘ၀ကို တစ်မျိုးတစ်ဖုံ အကောင်းဖက်ကို ပြောင်းပေးစေတဲ့, ကိုယ့်ကမ္ဘာကို အလင်းရောင်ပေးတဲ့ စာအုပ်တွေကို မ၀ယ်နိုင်လို့ မုန့်ဖိုးရတဲ့ ပိုက်ဆံကိုစုပြီး စာကြည့်တိုက်က စာအုပ်ငှားဖတ်တဲ့ သူတွေရှိသလို, အင်တာနက်ကနေ စာအုပ်အလကားဖတ်ဖို့ အခွင့်အရေးရှိရဲ့သားနဲ့ အဓိပ္ပါယ်မရှိတဲ့ဟာတွေနဲ့ အချိန်ဖြုန်းနေကြတဲ့ လူတွေလဲရှိတယ်။ 

IPad ကိုင်ပြီး ဘာဂါစားတဲ့ ဘ၀ကို ပိုင်ဆိုင်တဲ့ ကလေးတွေရှိသလို, ထောင့်တွေကပွန်းနေတဲ့ ကျောက်သင်ပုန်း တစ်ချပ်နဲ့ ထမင်းကြမ်းစားနေရတဲ့ ကလေးတွေလဲ အများကြီးရှိတယ်။ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ဘဲ သေသွားတဲ့ သူတွေရှိသလို, ရောဂါကို ငွေနဲ့ဝယ်နေတဲ့ သူတွေလဲ လက်ချိုးရေလို့ မရနိုင်လောက်အောင်ကိုရှိတယ်။ 
ဒီလမ်းကသွားရင် လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ်ဆိုပြီး တစိုက်မတ်မတ် သွားတဲ့သူတွေရှိသလို, အောင်မြင်မှုကို ဒီလိုလုပ်ရင်ဖြစ်တယ်ဆိုတာ သိရဲ့နဲ့ ၀ီရိယနည်းတဲ့ ငပျင်း ငါဆိုတာလဲရှိတယ်........

Wednesday, August 1, 2012

ဟောင်ကောင်သူဌေးကြီး လီကာရှင်း၏ မှတ်သားဖွယ် စကားကြီးများ

Quotes from Li Ka Shing (1) ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊ facebook ပေါ်မှာshare နေကြတာ တွေ့ဖန်များတော့ မြန်မာလိုပြန်ရေးချင်စိတ်ပေါက်ပြီး ပြန်ရေးထားတာတွေပါ။ ပြောသာပြောရတယ်၊ တကယ့် လီကာရှင်းစစ်စစ်ကြီးက facebook ပေါ်မှာ ဇိမ်ပြေနပြေ ထိုင်ရေးတာလား ဆိုတာ သံသယဖြစ်မိပါတယ်၊ သူ့ကိုချစ်တဲ့သူ တစ်ယောက်ယောက်က ရေးတင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ၊ ဘာပဲဖြစ်ဖြစ်၊ သဘောကျမိတဲ့ စကားစုလေးတွေကို ရွေးတင်လိုက်ပါတယ်။

၂၀-၈၀ နိယာမ 
လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ 
ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း 
လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု 
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

 နောင်တ
နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ
အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ 
စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

 ရွေးချယ်မှု
နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း
သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး
ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက
လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု
မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား
အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

Ps: လက်တွေ့ကျင့်ကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်...

Forward Email ကနိန်ပနာ သဘောကျလို့ ကူးယူထားစွာပါ။



Saturday, May 19, 2012

မှတ်စု

ဆရာတော် ဦးဇောတိက ရီးထားရေ "ကိုယ်နွမ်းကေလေ့ စိတ်မပင်ပန်းပါ၊ သူ့ကိုပြင်ချင်ကေ ကိုယ့်ကိုကိုယ်အရင်ပြင်" စာအုပ်က ကြိုက်လို့ကူးထားရေ မှတ်စုချေတိပါ။  


#  သတိရှိရေလူ၊ ဥာဏ်ရှိရေလူစွာ 
    စူးတစ်ချောင်းရာ အစူးခံရေ၊ 
    နှစ်ချောင်း အစူးမခံ။ 
    ခန္ဓာကိုယ်နာကေလေ့သော့ စိတ်ကိုအနာမခံကေ့။ 

#  လူတိုင်းမှာ အမှန်မလုပ်မဖြစ်ရေ အလုပ် 
    တစ်ခုရာရှိရေ၊ ကိုယ့်အကြောင်းကိုသိဖို့စွာ၊ 
    စိတ်ကိုသိပြီး နိန်လားကေ အဆင်ပြေရေ 
    မသိကေ့ရာခက်စွာ။ 

#  စိတ်ဆိုစွာ ၀မ်းသာစရာထက် 
    ပူစရာကို ပိုပနာ စိုင်းစားတတ်တေ။ 
    အဆင်ပြေရေကိစ္စထက် 
    အဆင်မပြေရေကိစ္စကို ပိုပနာ စိုင်းစားတတ်တေ။ 
    ယင်းနဲ့လို့ အတွေးထဲမှာ နိန်ရေလူစွာ 
    စိတ်ဆင်းရဲနိန်ရေ လူဖြစ်တေ။ 

#  လောကကြီးကို ကောင်းအောင်လုပ်ဖို့ဆိုကေ 
    လူတိကို ကောင်းအောင်လုပ်ရဖို့၊
    လူတိကိုကောင်းအောင်လုပ်ဖို့ဆိုကေ တစ်ခုရာ လုပ်လို့ရရေ၊
    ကိုယ့်ကိုယ်ကို ပိုကောင်းအောင် အရင်လုပ်ရဖို့။ 
    ကိုယ်ကိုယ်တိုင်က ပိုကောင်းအောင် အမြဲတမ်းကြိုးစားနိန်မှ 
    သူများကိုပိုကောင်းအောင်လုပ်ဖို့ စိတ်ကူးသင့်ရေ။

Sunday, May 13, 2012

အသက် ၁၀၀ ကျော် နိန်ဖို့တွက် (၂)

ရီးရေလူ နာမည်မပါဘဲ သုတဆောင်းပါး မှာ ဖော်ပြလားရေ ဆောင်ပါးချေပါ။ ကြိုက်လို့ မိတ္တူဆွဲထားရေ စာရွက်က ပြန်ပနာ Blog မှာ ကော်ပီရီးထားခြင်းဖြစ်ပါရေ။  


၁။ ကိုယ်ချစ်တေလူကို အနည်းဆုံး တရက်မှာတခါ "ချစ်တေ" လို့ဖွင့်ပြောပါ။ ( အမုန်းတရားတိ ပြည့်နိန်ရေ ဆင်ခြင်ကင်းမဲ့ရေ ကမ္ဘာကြီးမှာ ချစ်ခြင်းမိတ္တာရေ စိတ်ဖိစီးမှုကို သက်သာစီပါရေ။ ) 
၂။ တပတ် အနည်းဆုံး (၃) ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်း (လမ်းလျှောက်၊ ရေကူး) လုပ်ပီးပါ။ 
၃။ တပတ်မှာ နိန့်တ၀က်လောက် ကိုယ်စိတ်ချမ်းသာစွာကို လုပ်လိုက်ပါ။ 
၎။ ဘ၀ကိုပျော်ရွင်စရာ စွန့်စားခန်းတခုပိုင် သဘောထားခံစားပါ။ 
၅။ အဆိုးဆုံးကို ရင်ဆိုင်ဖို့ မကြောက်ပါကေ့။ ( အဆိုးဆုံးကို သိရှိလက်ခံလိုက်စွာနဲ့ ကြောက်ရွံ့ တုန်လှုပ်တေစိတ်တိ သင့်လောက် ပျောက်လခစွာကို အဂယင့် တွီ့ရပါရေ။ 

၆။ ဘ၀ကို အလဟသ မဖြုန်းတီးဘဲ ကိုယ်လုပ်ချင်စွာတိတွက် အချိန်ပီးပါ။ 
ရ။ တယ်လီဖုန်းတိက ကိုယ့်ဘ၀ကို လွှမ်းမိုးခြယ်လှယ်နိန်စွာကို ခွင့်မပြုပါကေ့။ 
၈။ ကိုယ့်စိတ်ကြိုက် ရီးချင်စွာရီးနိုင်ဖို့ နိန့်စိုင်မှတ်တမ်းစာအုပ်ထားပါ။ 
၉။ စိတ်ထိခိုက် ၀မ်းနည်း ဒေါသဖြစ်နိန်ရေခါ ကိုယ်လက်လှုပ်ရှားမှု တခုခုပြုလုပ်ခြင်းဖြင့် စိတ်ဖြေဖျောက်ပါ။ 
၁၀။ ကြိုက်ရေ ရုပ်ရှင်ကြည့်နိန်လို့၊ ချစ်သူ၊ မိတ်ဆွေတိနဲ့ ညစာထွက်စားနိန်လို့ တခါတလီ အိပ်ရာဝင်နောက်ကျလို့ တခုလဲမဖြစ်ပါ။ 

၁၁။ အိမ်မှာ အလင်းရောင်အားကောင်းရေ မီးလုံးမီးချောင်း ရှိရပါဖို့။ 
၁၂။ ကော်ဖီ၊ လက်ဖက်ရည်ပြင်းပြင်းလျှော့သောက်ပါ။ 
၁၃။ ကိုယ်နှစ်သက်တေပိုင် ၀တ်စားဆင်ယင်ပါ။ 
၁၄။ ညစာဖက်တိုင်း နားထင်ကို လက်ထိပ်ချေနဲ့ နှိပ်ပီးပါ။ 
၁၅။ ငြီးငွေ့မှု ခံစားရကေ ရီနွီးနဲ့ ရီချိုးပါ။ 

၁၆။ TV အစီစိုင်ကို ရွီးကြည့်ပါ။ အချိန်အကြာကြီးမကြည့်ပါကေ့။ 
၁ရ။ ကိုယ့်စွမ်းအားကို လျှော့မတွက်ပါကေ့။ 
၁၈။ အများသုံး ရီချိုးခန်း၊ အိမ်သာ တိကို တတ်နိုင်သမျှရှောင်ပါ။ 
၁၉။ ခန္ဓာကိုယ်က အချက်ပြစွာကို နားထောင်ပါ။ (ဆရာဝန်ကိုဂျေးယာ အားကိုးမနိန်ပါကေ့) 
၂၀။ လီကောင်းလီသန့် အများကြီး ရှူပီးပါ။




အသက် ၁၀၀ ကျော် နိန်ဖို့တွက် (၁)

ရီးရေလူ နာမည်မပါဘဲ သုတဆောင်းပါး မှာ ဖော်ပြလားရေ ဆောင်ပါးချေပါ။ ကြိုက်လို့ မိတ္တူဆွဲထားရေ စာရွက်က ပြန်ပနာ Blog မှာ ကော်ပီရီးထားခြင်းဖြစ်ပါရေ။ 

 ၁။ စစောချေ အိပ်ရာကထပါ။ 
၂။ အစားအသောက် မလွန်ကဲပါစီကေ။ ခန္ဓာကိုယ်ကို ၀န်ပိစီပါရေ။ 
၃။ စိတ်မရွှင်မလန်းဖြစ်နိန်ကေ အပန်းဖြေခရီးတိုတခု စိတ်ကူးနဲ့ပင်ဖြစ်ဖြစ်လားလိုက်ပါ။ 
၎။ အရက်သောက်ကေ အနိန်တော်ရာ သောက်ပါ။ 
၅။ ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲတမ်းပြောင်းလဲနိန်စွာကို လက်ခံပါ။ အလိုက်သင့်လဲ နိန်ပါ။ 

၆။ ပင်စင်ယူဖို့ယာဆိုကေ ကိုယ်ဝါသနာပါပနာ ထက်သန်ရေ အလုပ်တခုရှိနိန်ရပါဖို့။ 
၇။ ကိုယ့်ကံကြမ္မာကို ကိုယ်ထိန်းချုပ်နိုင်လီ ပိုပနာကျန်းမာလာလီပါ။ 
၈။ ဆေးဝါးကို နည်းနိုင်သမျှ အနည်းချေရာ သောက်ပါ။
၉။ ရောဂါဖြစ်ဖို့၊ သီဖို့ကို စိုးရိမ်သောက ဖြစ်မနိန်ပါကေ။ 
၁၀။ အစားအသောက်ကို တိုးပနာစားလိုက်၊ လျှော့ပနာစားလိုက် မလုပ်ပါကေ့။ 

၁၁။ ဆေးလိပ်၊ ဆေးတံ မသောက်ပါကေ့။ 
၁၂။ နှစ်သက်သဘောကျရေ ၀ါသနာတခု ရှိနိန်ကေ စိတ်တက်ကြွရှင်သန်နိန်ပါရေ။ 
၁၃။ သကြား၊ အချိုများရေ အစားသောက်ကိုရှောင်ပါ။ 
၁၄။ အဆီအဆိမ့်များရေ အစားသောက်ကိုရှောင်ပါ။ 
၁၅။ ထုတ်ပိုးပြုပြင်ထားရေ အဆင်သင့် အစားတိကိုရှောင်ပါ။ 

၁၆။ သစ်သီး၊ ဟင်းသီးဟင်းရွက် အစိမ်းများများစားပီးပါ။ 
၁၇။ ရီ၊ အရည်တိ အများကြီးသောက်ပီးပါ။ 
၁၈။ တရက်ကို ငပျောသီး တလုံးစားဖြစ်အောင်စားပါ။ ( ငပျောသီးက ပန်းသီးထက် ခန္ဓာကိုယ်တွက် ပိုကောင်းပါရေ) 
၁၉။ တတ်နိုင်သမျှ အသားစားစွာ လျှော့ပါ။ 
၂၀။ ကိုယ့်ရင်ထဲက ခံစားရရေ ဝေဒနာတိကို အရင်းနှီးဆုံးလူတိကို ရင်ဖွင့်ပါ။ 






ပျော်ရွှင်စီဖို့

ရီးရေလူ နာမည်မပါဘဲ သုတဆောင်းပါး မှာ ဖော်ပြလားရေ ဆောင်ပါးချေပါ။ ကြိုက်လို့ မိတ္တူဆွဲထားရေ စာရွက်က ပြန်ပနာ Blog မှာ ကော်ပီရီးထားခြင်းဖြစ်ပါရေ။ 
  

 ၁။ လက်ရှိ အချိန်အခါကို ခံစားနိန်ထိုင်ပါ။ 
၂။ အားရပရ ရယ်ပလိုက်ပါ။ 
၃။ မအိပ်ခင် စာကောင်းပီကောင်းချေတိ ဖတ်ပြီးမှ အိပ်ရာဝင်ပါ။ 
၎။ တေးခြင်းနားထောင်ပါ။ 
၅။ ကိုယ် စိတ် နှစ်ခုစလုံး အလျင်စလို ဆောက်တည်ရာမရ မဖြစ်စီပါကေ့။ 

၆။ မလိုအပ်စွာတိကို မလုပ်၊ မပြော၊ လက်မခံဘဲ ငြင်းတတ်ဖို့ကြိုးစားပါ။ 
၇။ စိတ်ညစ်စရာ ပြသာနာတိကို ဖြေရှင်းဖို့ စားရင်းဇယားချေနဲ့ အသေချာလုပ်လိုက်ပါ။ 
၈။ တချိန်မှာ တစ်မျိုးရာ အာရုံစိုက်ပါ။
၉။ လေကောင်းလေသန့်ရူပါ။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။ 
၁၀။ ကိုယ်ချစ်တေ ခွီးချေနဲ့ပင်ဖြစ်ဖြစ် လမ်းလျှောက်ဖို့လားပါ။ ( တိရစ္ဆာန်တိကို ကြင်နာပီးပါ) 

၁၁။ တခုသတင်းကိုလဲ နားမစွင့်ရေ နိန့်ရှိနိုင်ပါစီ။ 
၁၂။ ကြည်ကြည်လင်လင်နဲ့ သန့်သန့်ပြန့်ပြန့် နိန်ပါ။ 
၁၃။ အလုပ်အကြောင်းကို မိန့်ထားရေ အချိန်ခါလဲ ရှိသင့်ပါရေ။ 
၁၄။ တတိတ်ဆဆိတ်နဲ့ အီးချမ်းရေ နိန်ရာတိကို လားလည်ပါ။ 
၁၅။ လူမှုရေး၊ ပရဟိတ အလုပ်တိမှာ ပါဝင်ကူညီပါ။ တတ်နိုင်သမျှ လုပ်အားပီးပါ။ 

၁၆။ တစ်ယောက်တည်း နိန်တတ်ပါစီ။ 
၁၇။ စိတ်ပါလက်ပါ လမ်းလျှောက်လှုပ်ရှားမှုချေတိ ပြုလုပ်ပီးပါ။ 
၁၈။ ရင်းနှီးချစ်ခင်ရေ ဆက်ဆံမှုစွာ ရောင်ပြန်ဟပ်တတ်တေဆိုစွာကို နားလည်ပါ။ 
၁၉။ ဘာသာတရား ကိုင်းရှိုင်းပါ။ 
၂၀။ အကောင်းမြင်ရေ မိတ္တာစိတ် လူတိုင်း၊ သတ္တာဝါတိုင်းအပေါ် ထားတတ်ပါစီ။ 




Monday, April 9, 2012

Homeless to Harvard

အိမ်မဲ့ လမ်းဘေးဘဝမှ ဟားရ်ဗားဒ် (Harvard) တက္ကသိုလ်သို့ …



 

 
အလွန်အမင်း ပင်ပန်းဆင်းရဲကြရှာသော မိဘများမှ အထီးကျန် အညတရဆန်လွန်းလှသော ဘ၀တစ်ခုအား စတင်ရန် (Liz Murray) လိဇ်မာရီ ဟု ခေါ်သော ကလေးမငယ်အား အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘရော်းစ်(Bronx) မြို့တွင် ၁၉၈၀ ခု၌ မွေဖွားခဲ့သည်။

သူမ၏ မိဘများမှာ ဆေး၊ ဘိန်း၊ စွဲသူများဖြစ်ပြီး မိသားစုအတွက် ထောက်ပံ့မည့် အစား ရသမျှ မရှိစလောက်သော ဝင်ငွေများကို သူတို့တချက်ချေသာ စိတ်ဖြေရာအဖြစ်သာ အသုံးပြုလေ့ရှိကြသည်၊ သမီးတို့အတွက်ဖို့ကိုကား သူရို့အတွေးတွင် အရက်သောက်၊ ဘိန်းချူဖို့လောက် အရေးထားလေ့မရှိကြချေ။

လိဇ် (Liz) နဲ့ သူမ၏ အစ်မလီစာ (Lisa) တို့ နှစ်ဦးမှာ နီစရာ နေရာမဟိ၊ စားစရာ အစာမဟိ၊ ရုံစရာအ၀တ်ကောင်းမဟိ၊ မွတ်တစ်လှည့် ငတ်တစ်လှည့်ဖြင့် အသက်ကို ပင်ပန်းဆင်းရဲကြီးစွာ ဆက်နေရရှာသည်။
အဝတ်အစား ဝတ်ရန်မရှိသဖြင့်  တစ်ထည်တည်းရှိသော အဝတ်တစ်စုံကို နေ့တိုင်း ညစ်ပတ်၊နံစော်နေသည်အထိ ဝတ်ဆင်နေရသည်။
စတိုးလ်ဆိုင်များမှ လွင့်ပစ်သော အစားအစာများကို ကောက်စားရင်း တစ်နေ့ တာဘဝကိုပင် မျှော်လင့် ချက်ကင်းမဲ့စွာ ဆက်နေရသည်။

မည်သို့ပင် ခက်ခဲစေကာမူ လိဇ် (Liz) အမလီစာ (Lisa ) တစ်ယောက် ကျောင်းကိုအဆက်မပြတ် တက်နေခဲ့ သည်။ သို့ သော် စိတ်ပျက်စရာကောင်းသော သူတို့ မသားစု၏ အငှားခန်းခပေးရန်ငွေမလုံလောက်ခြင်း ၊ မိဘနှစ်ပါး၏ သားသမီးအပေါ် ပြုစုစောင့်ရှောက်မှု ဝတ္တရား ခေါင်းပါးခြင်း၊ သွန်သင်လမ်းပြမှု လုံးဝမရှိခြင်းတို့ ကြောင့်  လိဇ် ကျောင်းတက်ချင်စိတ်ကုန်ခန်းလာတော့သည်။

မိဘအုပ်ထိန်းမှုအောက်တွင် မှီခိုကျောင်းတက်ရမည့်  အရွယ် (၉) နှစ် သမီးလေး လိဇ် တစ်ယောက် ရပ်ကွပ် စတိုး ဆိုင်များတွင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ကာ ဆိုင်နောက်ဘေး အမိုက်သိမ်း သန့် ရှင်းရေး စသော ရရာအလုပ်ကို လုပ်နေခဲ့ရရှာသည်။

- Sandwich (ဆန်းဝိခ်ျ ) အသားညှပ်ပေါင်မုန့်တစ်ခုမျှသာ ဝယ်ရန်လုံလောက်သော တစ်နေ့ စာလုပ်ခကိုပင် မိခင်ဖြစ် သူက လုယက်ကာ ဆေးဝယ် သုံးစွဲပစ်သည်။ မိခင်ဖြစ်သူက သားသမီးများကို စောင့်ရှောက်ရမည့် အစား သူမ၏ သမီး လိဇ်ကသာ မိခင်အား ကလေး တစ်ယောက်ပမာ စောင့်ရှောက်ခဲ့ရှာသည်။

တစ်လ,သုံးရက်ခန့်သာ ကျောင်းတက်ဖြစ်သော လိဇ်မှာ အတန်းထဲတွင် အခြားကျောင်းသား၊ကျောင်းသူများ၏ လှောင် ပြောင်ကဲ့ရဲ့ခြင်းကိုလည်း နေ့တိုင်းလိုလိုခံခဲ့ရသည်။ သူမ၏ ညစ်ပတ်သော အဝတ်အစားနဲ့  ဖရိုဖရဲသော ဆံပင်များ ကြောင့်  သူငယ်ချင်းဟူ၍လည်းမရှိပါ။ သူငယ်ချင်း အသိုင်းအဝိုင်းမှ စွန့်ပစ်ခြင်းကို ခံရသူလည်းဖြစ်သည်။

လိဇ် အမေတွင် အေအိုင်ဒီအက်စ် (AIDS) နဲ့ တီဘီရောဂါရှိကြောင်း သူမအမေကိုယ်တိုင်ပြောပြ၍ လိဇ်အသက် ဆယ်နှစ် အရွယ်တွင်သိခဲ့ ရသည်။ သို့သော် မိခင်ဖြစ်သူသည် သူမကျောင်းမတက်ခဲ့သောကြောင့်  ဤကဲ့သို့  ဘဝရောက်ခဲ့ရကြောင်း လိဇ်အား နေ့တိုင်းပြောကာ ကျောင်းပြန်တက်ရန် တိုက်တွန်းခဲ့သည်။

AIDS ရောဂါဖြင့်  လိဇ်အသက် ဆယ်ငါးနှစ်အရွယ်တွင် လိဇ်၏မိခင် ဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူသည်လည်း အိမ်ခန်းငှားခ မပေးနိုင်သောကြောင့်  အိမ်မဲ့ အိုးမဲ့ ခိုကိုးရာမဲ့သူတို့ခိုလုံရာ ဒုက္ခသည်ဇရပ်သို့  ပြောင်းရွေးခြင်း ခံခဲ့ရသည်။

- ထိုအချိန်မှစ၍ လိဇ်သည် အတောင်မစုံသော ငှက်ငယ်လေးပမာ လေလွင့်ရာစုံဆန်မျှောပါရင်း နားခိုရာမဲ့  လမ်းဘေးဘဝသို့ ရောက်ခဲ့ရကာ ခွက်လက်စွဲကာ တောင်းစားရတော့သည်။

အပျိုပေါက်စ အရွယ်ဖြစ်သော်လည်း သူတစ်ပါးများနဲ့မတူ သူမဘဝသည် ခြားနားလွန်းလှသည်။ Subway ၊ ရထား ၊ အဆောက်အအုံဟောင်း စသောနေရာများတွင် ကြုံရာနေရ၊ အိပ်ရလေသည်။ သူမအတွက် မနက်ဖြန် ဘယ်နေရာ တွင် အိပ်ရမည်ဆိုသည်မှာ သေချာသောအဖြေ လုံးဝမရှိချေ။

သို့သော် သူမအတွက် လမ်းဘေးရောက် သူတောင်းစားဘဝမှ လွတ်မြောက်ရန် ထွက်ပေါက်လမ်းစတစ်လမ်း ဤ ကမ္ဘာတွင် ရှိရမည်ဟု သူမခိုင်မာစွာ ယုံကြည်ထားသည်။ ထိုယုံကြည်ချက်မှာ ကျောင်းပြန်တက်ရန်ဖြစ်သည် ။
မည်သို့ပင် လိဇ်၏ဘဝ ခက်ခဲကြမ်းတမ်းစေကာမူ ရောက်ရာ၊နေရာတိုင်းတွင် သူမနဲ့အတူ စွယ်စုံကျမ်းများကို သယ် ဆောင်သွားကာ အချိန်ရှိတိုင်းဖက်သည်။

လိဇ်၏မိခင်တွင် ဆိုးဝါးစက်စုပ် ရွံရှာဖွယ်ကောင်းသော ရောဂါများ ခံစားရသည်မှာ ကျောင်းမတက် အသိပညာကင်းမဲ့မှု များကြောင့် ထိုကဲ့သို့သော ရောဂါများဖြင့်  ခံစား၊သေဆုံး ရခြင်းဖြစ်သည်ဟူသော မေ့မရသည့်  ကြောက်လန့် ဖွယ် ဖြစ်ရပ်တစ်ခုသည် လိဇ်အတွက် အကောင်းဆုံး သင်ခန်းစာ သက်သေတစ်ခုပင်ဖြစ်သည်။

ထို့ နောက် ကျောင်းပြန်တက်ရန် ဆုံးဖြတ်ချက်ချကာ ကျောင်းတစ်ကျောင်းတွင် နာမည်စရင်းသွင်းခဲ့သည်။
သူမ၏ နေရပ်လိပ်စာနဲ့  ဖုန်းနံပါတ်ပေးစရာမရှိသောကြောင့်  သူငယ်ချင်း တစ်ယောက်ထံမှ လိပ်စာအတုကို တောင်း ကာ သူမ၏လိပ်စာဖြစ်ကြောင်း ကျောင်းတွင် လိမ်ပေးခဲ့သည်။

- လိဇ်သည် တစ်ခြားကျောင်းသား/ကျောင်းသူများထက် အသက်ကြီးမှ အထက်တန်းကျောင်းတက်ရသည်။
အစာကို ကျောင်းတွင်စား၍ ကျောင်းမတက်သော နေ့ များတွင် တစ်ရက် တစ်နပ်သာ အစာစားသည်။ ကျောင်းတက်ရင်း တစ်အိမ်ဝင် တစ်အိမ်ထွက် ပုဂံဆေး ၊ ကြမ်းသုတ် ၊ သတင်းစာ ၊ဂျာနယ်များကို ရောင်းရင်း နားနေရာ လမ်းဘေး သစ်ပင်များအောက်တွင် စာကျက်ရသည်။

လိဇ်သည် အိပ်ချိန်ပင် လုံးဝမရှိဟု ပြောရလောက်အောင် ရှိသမျှအချိန်များကို ကျောင်းစာကျက်မှတ်ခြင်းဖြင့်  အချိန်ကုန်စေသည်။ ထိုသို့  အိပ်ရေးပျက် အပင်ပန်းခံ ကြိုးစားခြင်းသည် လမ်းဘေးတွင် လက်ဖြန့်  တောင်းစားခြင်းနှင့်  နိုင်းယှဉ်လျှင် မိုးနဲ့ မြေကဲ့ သို့ ပင် ကွာဟသောကြောင့်  ဆင်းရဲ ဒုက္ခ ပင်ပန်း ခြင်းကို တစ်ခါမျှ မငြည်းညူ ခဲ့ သူလည်း ဖြစ်သည်။

လိဇ်သည် ၄ နှစ် သင်ရသော အထက်တန်းကျောင်းကို ၂ နှစ်အတွင်းပြီးစေသည်သာမက ဘာသာရပ် တိုင်းတွင် အမှတ် ၉၅ ရာ ခိုင်နှုန်း ဖြင့်  အောင်မြင်ခဲ့သည်။

အမှတ်အကောင်းဆုံး အတော်ဆုံး ကျောင်းသား၊ကျောင်းသူ ဆယ်ယောက် ( Liz) (လိဇ် အပါဝင်) တို့ အား ကျောင်းအုပ်ဆရာကြီးက ပညာတော်သင်ဆုအနေဖြင့်  Harvard University ဟားဗက်တက္ကသိုလ် ( America)အမေရိကန် (သို့) ကမ္ဘာတစ်ဝှန်းတွင် နာမည်အကြီးဆုံး တက္ကသိုလ်တွင် အခမဲ့ ခရီးလည်ပတ်စေသည်။

- ထိုတက္ကသိုလ်တွင် ပညာသင်ကြားနေသူအများစုမှာ ချမ်းသာသော မိဘအသိုင်းအဝိုင်းမှ သားသမီး များ ဖြစ်ကြသည်ကို လိဇ်မြင်သောအခါတွင် သူမ၏ ဘဝနှင့်  ဆီနဲ့ရေကဲ့သို့  ကွာခြားနေသည်ကို သိရသဖြင့်  မိမိကိုယ် ကိုယ် စိတ်အားသိမ်ငယ်နေခဲ့ ရှာသည်။

သို့ သော် လိဇ်အား ထိုတက္ကသိုလ်တွင် ရှောက်ကြည့် ရန် ကျောင်းအုပ်ဆရာကြီးက တိုက်တွန်းခဲ့သည်။ အထက်တန်းကျောင်းကို အမှတ်ကောင်းစွာဖြင့် အောင်ခဲ့ သော်ငြားလည်း ကောလိပ် ဆက်တက်ရန် ပိုက်ဆံမရှိသော သူမ၏ဘဝအတွက် အထောက်အပ့ံဆိုသည်မှာ အကယ်စင်စစ်ပင် လိုအပ်နေသော အချိန် ဖြစ်သည်အားလျှော်စွာ မမျှော်လင့် ပဲ့  သတင်းစာကြော်ငြာတစ်ခုကို သူမဖတ်မိသည်။

ထိုသတင်းစာမှာ နယူးယောက်မြို့အတွင်းမှ အခက်အခဲရှိသူများ မိဘဝင်ငွေနည်းသော သား၊သမီးများအတွက် ထောက်ပံ့ ကြေးငွေ (scholarship) ရှောက်နိုင်ကြောင်း New York Time မဂ္ဂဇင်းမှ သတင်းကြော်ငြာစာ ဖြစ် လေသည်။

လိဇ်သည် အထက်တန်းကျောင်း တက်ခဲ့ သောအချိန်တွင် သူမသည် အိမ်ယာမဲ့  လမ်းဘေးက တစ်ကောင် ကြွက်ဘဝ မှ တစ်ယောက်ဖြစ်ကြောင်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှ သိခွင့်မရှိအောင် ဖုံးကွယ်ခဲ့ သော်လည်း သူမ၏ နောင် ရှေးရေး ဘဝအတွက် သူမ ဖွင့်ပြောရန် အချိန်ရောက်နေလေပြီ။

- လိဇ် မည်ကဲ့သို့  လမ်းဘေး ပလက်ဖောင်းကို ခေါင်းအုံး အဖြစ်အသုံးပြုတစ်လှည့်  တွေ့သမျှ အရိပ်ကို မိမိ အိမ်အသွင်ပမာ သက်မှတ်ကာ တစ်နေ့စာအတွက် မည်ကဲ့သို့ ခက်ခဲ ကြမ်းတမ်းစွာ ရှာခဲ့ ရပုံများမှာ စိတ်ကူးယှဉ် ဆန် လှသည်ဟု ပြောရလောက်အောင် သနားဖွယ်ကောင်းသော သူမ၏ အကြောင်းကို မျက်ရည်စက်များနဲ့ အတူရေးကာ တင်ထားသော သူမ၏ လျှောက်က်လွှာအား New York Time မဂ္ဂဇင်းမှ လှိုက်လှိုက် လှဲလှဲပင် ကြိုဆို လက်ခံ အတည်ပြုခဲ့ လေသည်။

New York Time မဂ္ဂဇင်းမှ လိဇ်အား ကျောင်းလခ တစ်နှစ်လျှင် ဒေါ်လာငွေ တစ်သောင်းနှစ်ထောင်ဖြင့် ကူညီမည် ဟု ဂတိပေးသည် သာမက လိဇ်အား ဂုဏ်ပြုသည့် အနေဖြင့်  New York Time ၏ ညီလာခံပွဲတော်ကြီးတွင် လိဇ်အား ကျေးဇူးတင်စကားပြောရန်နဲ့  သူမ၏ ဘဝအကြောင်း တစ်စိတ်တစ်ဒေသပြောပြရန် တောင်းဆို ခဲ့ သည်။

- ညီလာခံပွဲတော်ကြီးအပြီးတွင် လူအုပ်ကြီး၏ လက်ခုပ်သံများနဲ့အတူ နတ်သမီး အလား ရုတ်တရက် ဆိုသကဲ့ သို့  လိဇ်အတွက် အဝတ်အစား ဝယ်ပေးမည့် သူ၊ အိမ်ခန်းငှားပေးမည့် သူ ၊ ကျန်းမာရေးအတွက် ကုန်ကျစရိတ်အာမခံပေးမည့် သူ၊ စားနတ်ရိတ်ခါဝယ်ပေးမည့် သူ၊ စာအုပ်စာတန်းဝယ်ပေးမည့်သူ၊ ကားဝယ်ပေးမည့်သူ အစရှိသည်ဖြင့်  လိုလေသေးမရှိအောင် အလှုရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။

ထိုအချိန်မှစ၍ လိဇ်၏ဘဝ ပျော်ရွင်ကြည်နှုး ခြင်းများနဲ့ အတူ လူ့ လောကအလယ်တွင် လူတစ်ယောက်နဲ့ တူသော အခွင့် အရေးများပိုင်ဆိုင်ထားပြီး တက္ကသိုလ်ကျောင်းသူမ ဘဝအဖြစ် ဟားရ်ဗက်ဒ်(Harvard University) တွင် စတင်တက်ခဲ့ လေသည်။

2009 ခုနှစ်တွင် psychology ဖြင့်  ဟားရ်ဗက်ဒ်တက္ကသိုလ်မှ ဘွဲ့ ရခဲ့ ပြီး မဟာဘွဲ့ယူရန် ဆက်တက်နေသည်။ psychology ဖြင့်  ဒေါက်တာဘွဲ့အထိ ရယူရန် ရည်ရွယ်ချက်ရှိသူလည်းဖြစ်သည်။

- ဂုဏ်ပြုဆု မြောက်များစွာကို လက်ခံရရှိ ၍ လူသိရှင်ကြား ကျော်ကြားသူသာမက ယခအချိန်တွင် လိဇ်သည် အမေရိ ကန်နိုင်ငံအပြင် အခြားသောနိုင်ငံများတွင် ကျင်းပသော ညီလာခံများ၌ သွားရောက်လည်ပတ် မိန်းခွန်းပြောရန် ငွေကြေးဖြင့် ငှားခေါ်ကြသည်။

လိဇ်သည် တစ်ချိန်ချိန်တွင် အမေရိကန်နိုင်ငံ သမ္မတအဖြစ် ပါဝင်ယှဉ်ပြိုင် မဲဆွယ်ရန် ရည်ရွယ်ချက် ရှိသူလည်းဖြစ်သည်။

Liz Murray (right) at the 2001 Irish America Awards with Bill Clinton and sister Lisa Murray


စာတွေ့လက်တွေ့ လေ့လာလိုသူများအနေဖြင့် အောက်ပါ သူမဘ၀အကြောင်းကိုရေးထားသော စာအုပ်နှင့် ရိုက်ကူးထားသော ဇာတ်ကားတို့ကို အင်တာနက်တွင်သွားရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

http://www.guardian.co.uk/books/2011/jan/30/breaking-night-liz-murray-review
http://www.youtube.com/watch?v=EtybvFW0ncY
http://www.youtube.com/watch?v=8wo3Qr86jzY&feature=related
“Breaking Night” by Liz-Murray စာအုပ်ကို အကျဉ်းချုပ်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ကိုယ်တော် ပညာ (ရှိဟောင်းမြီ)

အင်တာနက်ထက်က ကူးယူထားခြင်းဖြစ်ပါရေ။