Pages

Showing posts with label ထင်မြင်ချက်. Show all posts
Showing posts with label ထင်မြင်ချက်. Show all posts

Thursday, September 27, 2012

ပုပ်စော်နံ့သော သူများ


ချမ်းသာတဲ့သူက ဘယ်လောက် ရရ ၀တယ် လောက်ငှတယ်လို့ မရှိဘူး။ 
ဘယ်နေ့ သေမယ်မှန်းမသိဘဲနဲ့ စားစရာ မရှိတဲ့ လူတွေဆီကနေ အမြတ်ထုတ် စားနေကြတာ ဘာနဲ့တူလဲဆိုတာ ဒီပုံကိုကြည့်ရင် သိနိုင်ပါတယ်။ 

တချို့ဆိုရင် ရှိသေးတယ် ကြီးတဲ့သူဆီကလဲ လက်ဝါးဖြန့် ငယ်တဲ့သူဆီကလဲ အရှက်မရှိ ခါးပိုက်နှိုက်သလို လုပ်နေကြတာ ကိုယ့်ရဲ့ရနံ့ သေရင် ရုပ်က ထွက်တဲ့ အပုပ်နံ့လိုပဲ ကိုယ့်ရဲ့ နာမည်နောက်မှာ ပုပ်စော်နံ့ပြီး ကျန်ရှိခဲ့မှာပါ....

Saturday, November 19, 2011

ခံစားချက်အတိုင်း ပုံဖေါ်နိုင်ပါရေ

စကားလုံးတစ်လုံးတည်းမှာ မတူညီရေအဓိပါယ်တိ အများကြီးနက်....


(၁၇.၁၁.၂၀၁၁ ကြာသပတေးနိန့်) မိုးထကပင် ကြားရရေသတင်းတစ်ခု တစ်ရက်လုံး ရင်ထဲမှာ ဆို့နလီရေ။ စင်ကာပူရောက် မြန်မာအပျိုမချေတစ်ယောက် တိုက်ထက်ကခုန်ချလို့ သီကြောင်းကြံလားရေလတ်။ ကြက်သီးတိ ဖြဖြန်းထလားရေ။ သီရေအကြောင်းကလဲ သူ့ရည်းစားထားပခလို့လတ်။ ညဉ့်ခါလဲအိပ်မပျော်လီ။ သူ့ချစ်တေ လူတစ်ယောက်ကြောင့် ဘ၀ကိုစွန့်ပနာ သတ်သီလားရေ။ သူ့ကိုချစ်တေလူတိ သူ့ကြောင့် ဇာလောက်ပူဆွေးနလီဖို့ဆိုစော်ကို သူကတော့ သိဖို့မဟုတ်ဗျာလ်။

အမိကမွီးပြီးကေ ဇာမဟုတ်တေ တစိမ်းယောက်ကျားတစ်ယောက်တွက် သတ်သီလားလို့ အပြစ်တင်ခံရရေ ယင်းမမကိုလဲ သနားရေ ဒေါ်သဖြစ်တေ ယူကျုံးမရဖြစ်မိရေ။ ဒေလူတိတွက် ယင်းယောက်ကျားက ဇာတစ်ခု မဟုတ်ကေ့လေ့ သူ့ဘ၀တစ်ခုလုံးကို တန်ဖိုးမထားဘဲ စွန့်ရလောက်အောင်ထိ သူ့တွက်အရေးကြီးလို့မနားယေ။ မိဘတိဇာပိုင်ခံစားရဖို့လဲ လုံးဝမစိုင်းစားခဘဲ အတွေးမှားတစ်ခုက နောက်ဘ၀အဖန်ငါးရာကိုစိန်ခေါ်ပနာ သူ့ဘ၀တစ်ခုလုံးနဲ့ လောင်းပလိုက်တေ။ ( အဖန်ငါးရာမှာ နောက်ဆုံးဘ၀ဖြစ်ပါစီလို့ ဆုတောင်းပီးပါရေ... )။ သူနာပြုဘွဲ့ သူများကိုကယ်ဖို့သင်ထားရေ အတတ်ပညာက အဆုံးမှာ သူ့ကိုမကယ်နိုင်ခ။

သမီးရည်းစားနှစ်ယောက် လမ်းခွဲလိုက် ပြတ်လိုက် ဒေချင့်က ငရုတ်ဆုံနဲ့ ကျမွီ့ပိုင် ခွဲထားလို့မရရေ အရာတိရာမနား။ ယင်းနဲ့လို့ သူချစ်တေ ယင်းယောက်ကျားမှာလဲ အပြစ်မရှိလို့ အကျွန်ထင်ရေ။ လူတစ်ရာမှာ 99% ကအချစ်ဦးနဲ့ ရကတ်စွာကမဟုတ်။ ဒေကုခေတ်မှာဆိုကေ ပိုတောင်ဆိုးသိရေ နှလုံးသားထက် ဦးနှောက်ကို ပိုစိုင်းစားပါလတ်ကတ်တေ။ အချစ်မပါရေ အိမ်ထောင်ရေး မတည်မြဲဆိုစော် မှန်ချင်လဲမှန်နိုင်ရေ။ ယကေ့လေ အိမ်ထောင်တည်မြဲဖို့တွက် နားလည်မှုအဓိကလို့ထင်ရေ။ အိမ်ထောင်ရေးတစ်ခုတည်းမဟုတ် အရာအားလုံးစော် နားလည်မှုရှိကေ အဆင်ပြေနိုင်ရေ။

အချစ်ဆိုစော် စွန့်လွတ်ခြင်း ပိုင်ဆိုင်ခြင်း ၀မ်းနည်းခြင်း ပူဆွေးခြင်း လောင်ကျွမ်းခြင်း ပျော်ရွင်ခြင်း အနစ်နာခံခြင်း နားလည်မှု အင်း ရွီးဖို့ဆိုကေ အများကြီးရသိရေ။ စာလုံးရာတစ်လုံးတည်း သတ်သတ်မှတ်မှတ် အဓိပါယ်ဖွင့်ဆိုလို့မရရေ အထဲမှာ ဒေလူတိရူးသွပ်ကတ်တေ အချစ်ကလဲ အပါအ၀င်ရာမနားယေ။ အချစ်ဆိုစော် (-)ကွက်လပ်ပါ လို့ပြောရေ အစ်ကိုတစ်ယောက်စကားကို ကကောင်းသဘောကျမိရေ။ ဟုတ်တေ ကိုယ်ဇာပိုင်ခံစားနိန်ရလဲ ခံစားနိန်ရရေ အပေါ်မှာ ယင်းကွက်လပ်ချေကို ဖြည့်ပနာ လူတိ ပြောတတ်ကတ်တေ။ ကြေကွဲနိန်ရေ အချိန်မှာ အချစ်ကကြေကွဲခြင်း။ ပျော်ရွင်နိန်ရေ အချိန်မှာ အချစ်ကပျော်ရွင်ခြင်း။ ယင်းနဲ့လို့ မိုနာလီဇာအပြုံးကို အဓိပါယ်အတိအကျ သတ်မှတ်လို့မရရေပိုင် ဒေအချစ်ကို တစ်ယောက်လဲ တိကျရေစကားလုံးနဲ့ စာမဖွဲ့နိုင်ပါ။

ယင်းနဲ့လို့ ကြိုက်တေပိုင် ပုံဖေါ်ပါ ခံစားရရေပိုင် ကွက်လပ်ဖြည့်ကတ်ပါ.... :P

Tuesday, October 25, 2011

ပပွင့်လလင်း နိန်ကတ်မေ

လူပါးမှာ အထင်ကြီးခံရဖို့တွက် ဇာဖြစ်လို့ ကိုယ့်စွာကိုယ် ဟန်ဆောင်လို့နိန်ရဖို့လဲ။
အားလုံးသူမှာ ကိုယ့်တန်ဖိုးနဲ့ကိုယ် ရှိပြီးသားရာမနား။ ဇာတွက်နဲ့ ဟန်ဆောင်နိန်စရာလိုလေ။


ဟိုတလိုင်းက ကိုယ်ရှီ့မှာ သူငယ်ချင်းတစ်ယောက် Qualified မပါဘဲနဲ့ ပါရေလို့ဝါစွာကို ကြားလိုက်ရရေခါ ကကောင်းလန့်လခရေ။ မရင်းနှီးရေ လူဆိုကေ ဒေချင့်မကောင်းလို့ ထောက်ပြ၀ံလီဖို့ မဟုတ်။ ဒေကုက အချေကပင် အတူတူကြီးကတ်တေ သူငယ်ချင်းဖြစ်လို့ ပြောပြမိရေ။ ဆရာခံစွာတော့ မဟုတ် ကိုယ်ခံယူထားရေ လူ့တန်ဖိုးနဲ့ သူခံယူထားရေ လူ့တန်ဖိုးဆိုစွာ အလိမ်အညာအောက်မှာ ပြောင်းလဲလားလီရဖို့ဗျာလ်ဖြစ်လို့။

နင်ဇာတွက် ဒေပိုင်ဝါရေလေလို့ သူ့ကိုမိန်းမိရေ။ "ကြီးလာကေ ကျုတာလုပ်ဖို့လို့ ငါအရင်ခေါက်ပြောလို့ရှိရေ" လို့သူပြန်ဖြေပါရေ။ ယပိုင်ဆိုကေ ကိုယ့်လိပ်ပြာ ကိုယ်သန့်သိလားလို့ ( ဒေစကားချေမှာ လိပ်ပြာဆိုရေ ဝေါဟာရကို သုံးရလောက်အောင် မလိုအပ်ပါ။ ယကေ့လေ့သော လိမ်ရေဆိုစော် ကြီးကြီး ငယ်ငယ် အပြစ်တစ်ခုလို့ အကျွန်ထင်ပါရေ။ လူတစ်ဖက်သား စိတ်ချမ်းသာဖို့ တခြားလူတိကို မထိခိုက်စီရေ White lies ကို မဆိုလိုပါ) ။ ဇာဖြစ်လေ မဟုတ်ကေ သူငါ့ကို အထင်သေးလီဖို့ဗျာလ်လတ်။

ယပိုင်ဆိုကေ အလိမ်ခံရရေလူစော် အမှန်ကိုသိရေ တနိန့် တစ်သက်လုံးတွက် အထင်သေးလားနိုင်ပါရေ။ ကိုယ်ရာအမှန်ကို လုပ်နိန်ရေဆိုကေ ဇာချင့်ကို ဂရုစိုက်စရာလိုသိလေ။ စားပွဲထိုး အိမ်ဖော် သန့်ရှင်းရေးသမား ဒေလူတိကို အဆင့်အတန်းမရှိလို့ ထင်ရေလူစော် သူကိုယ်တိုင်က အဆင့်အတန်းမရှိလို့ ပြောစော်။ သူ့စိတ်မှာရာ ပညာဥာဏ်တိ ကိန်းအောင်းနိန်ကေ လူအချင်းချင်း ပညာတတ်လူတန်းစား အလယ်အလတ် လူတန်းစား အောက်ခြေလူတန်းစား ဆိုပနာ ပြောစရာအကြောင်းမရှိ။

လူတိုင်းတော့ အပြစ်မကင်းနိုင်စွာ အမှန်ပါဗျာလ်။ အတတ်နိုင်ဆုံး အသိစိတ်နဲ့ထိန်းရဖို့။ အကျွန်ရို့ အသိညဏ်ရှိလို့ တိရစ္ဆာန်မဖြစ်ဘဲ လူဖြစ်လာစော်မနား။ ဆိုကရေးတီး တောင်မှ ကမ္ဘာက ပညာရှိလို့ သတ်မှတ်ရလောက်အောင် လူများထက်ပိုပနာ သူ့မှာရှိရေ ကာမဂုဏ်စိတ် မကောင်းရေစိတ် ကလိမ်ကကျစ်ကျချင်ရေ စိတ်ဓါတ်တိကို အံတုနိုင်ခရေ။ လေးစားဖို့ကောင်းလိုက်တေပင်။ အကျွန့်အမြင်ကတော့ ကိုယ့်စိတ်ကို သိနိန်ဖို့လိုရေလို့ ထင်ပါရေ။
ယင်းခါမှ စိတ်ပုတ်နိန်ရေ လောဘတတ်နိန်ရေ ဒေါသကြီးနိန်ရေလို့
ကိုယ်ဖြစ်သမျှကိုယ်သိပနာ ပြုပြင်လားလို့ရပါရေ။ ဖွဲမီးလောင်နိန်စွာကို လီတိုက်ကေတော့ တတုတ်သီကတ်ပါဖို့။

"အနီး" "အ၀ီး" ဆိုစော် "အကြီးသန်" က "အငယ်ချေ" ကို ဖြစ်လားစီရေ။ ယကေလေ့သော့ "၀ီး" လားကေတောင် "ကြီး" ရာက "မငယ်"လားရေ ကိုယ့်သမိုင်းက အကျွန်ရို့တိနှလုံး အခုန်ရပ်လားကေတောင်မှ ရှိနလဖို့စော်မနား။ ဖြဖြူစစင်နဲ့ ရွီးကတ်ပါမေ။ လူ့ဘ၀တစ်ချက်ချေမှာ ကိုယ်မရယ်ချင်ကေ ဇာဖြစ်လို့ ရယ်ပြနိန်ဖို့လဲ။ ငိုချင်ကေ့လေ့ အောက်ခံနိန်စရာမလို ငိုချပလိုက်ဖို့နန်းရာ။ ပပွင့်လလင်းနဲ့ ဒေပင်လယ်ကို အားနဲ့ခွန်နဲ့ ဟာသနှောပနာ ဖြတ်ကျော်ကတ်ပါမေ။

စာထဲမှာ ဒေါသသံတိပါခကေ့လေ့ ခွင့်လွှတ်ပီးကတ်ပါ။ သူငယ်ချင်းကို ပြောချင်ရေ ဇောနဲ့ စေတနာဒေါသသံတိပါရာ.......

Tuesday, May 17, 2011

" စာနာစိတ်ချေ တစ်ခုလောက် ငါ.ရို.ရင်ထဲမှာ မွီးဖွါးကတ်မယ် "

ငါရို.တိစွာ လူသားတစ်ယောက်အဖြစ် မွီးဖွါးလာရေ။ လူသားတစ်ယောက် ဂုဏ်နဲ.အညီ လူသားဆန်ဆန် ပြုမှုရဖို။ နှလုံးလှဖို. အဓိက လိုအပ်တေလို. ထင်ရေ။ နှလုံးလှဖို.တွက် မေတ္တာနဲ. စာနာစိတ်ပြည်.၀ကတ်ရဖို.။ ကမ္ဘာမှာ စာနာစိတ်ရှိစွာ လူတစ်မျိုးရာရှိရေ။ စာနာစိတ်မရှိစွာက တိရစ္ဆာန်ရာ၇ှိရေ။



နားထောင်ဖူးရေ ပုံပြင်ချေတစ်ပုဒ်-
၅တန်းစာသင်ရေ ဆရာမတစ်ယောက်က သူ.တပည်.တိကို စာစီစာကုံးတစ်ပုဒ်ရွီးခိုင်းလိုက်တေ။
ခေါင်းစဉ်နာမည်က " မိမိဘ၀ရဲ.ပန်းတိုင်"။ နောက်တစ်ရက်မိုးလင်းရေခါ အတန်းထဲမှာ အားလုံးသူ ဆရာမပါးကို စာအုပ်လားအပ်ရရေ။ ထူးထူးခြားခြား တစ်ပုဒ်ဖတ်လိုက်ရရေ။
ဆရာမက ကောင်းကောင်းစိတ်ပူလားရေ ယင်းစာပုဒ်ချေကို ရွီးရေ အချေတွက်။

ဇာဖြစ်လို.လဲဆိုကေ တခြားလူတိပန်းတိုင် ဘ၀ရည်းမှန်းချက်က ဆရာဝန် အင်ဂျင်နီယာ သူနာပြု ဒုရဲအုပ် စစ်ဗိုလ် ဖြစ်ချင်နိန်ရေ အချိန်မှာယင်းစာရွီးချေ အချေက ခြေထောက်မသန်ရေ ဒုခတိဘ၀နဲ. အနိုင်မခံ အရှုံးမပီး ဘ၀ကိုရဲရဲဝံ၀ံ ရင်ဆိုင်လားချင်ရေ။ ဆရာမစိတ်လဲ ပူလားပြီးကေ ကကောင်းစိတ်ဆိုးလားရေ။

ဘ၀ကို ဒေကုမှစရေ အချေတစ်ယောက်မှာ ဒေအသက်အရွယ်ကပင်ကျရှုံးရေ မကောင်းရေစိတ်ဓါတ်တိ
ရှိနိန်ရေ ဆိုပနာ။ ဆရာမလဲ အရာအချေတိ မကြားစီချင်လို. ယင်းအချေကို ကျောင်းလွတ်တေခါ တစ်ယောက်တည်းခေါပနာ မိန်းရေ။ ဇာအတွက် ဒေပိုင်ရည်မှန်းချက်မျိုးထားလဲဆိုပနာ။
စလို.မေးခွန်းမိန်းရေ အချိန်ခါစိတ်ဆိုးမှန်ဆိုးနဲ. မိန်းရေ ဆရာမစွာ အချေဖြေလို. ပြီးစွာမှာ
 မျက်ရည်တိနဲ. ၀မ်းနည်းပက်လက်နဲ. အဆုံးသတ်လားရေ။



အချေဇာဖြေလဲဆိုကေ-
" ဆရာမ သားညီချေဆိုစော် မွီးလာရေအချိန်ကပင် ခြီထောက်တစ်ဖက်မသန်မာပါ။

သူဆိုစော် ကကောင်းသနားဖို.ကောင်းပါရေ။ ကျောင်းတတ်ကေ အရာအချေတိနဲ.တန်းတူး လမ်းမလျှေက်နိုင် ကျောင်းအားလပ်ချိန်မှာ ဘောလုံးတပျင်းဝါသနာပါရေ ကျတော်.ညီချေက မကစပ်နိုင်။
ယကေ.လေ. ၀ါသနာကိုဖျောက်လို.မရလို. ခြီထောက်ထော.နင်း ထော.နင်းနဲ. ပြီးပနာ ဘောလုံးကိုလိုက်ဖမ်းရေ။ကျတော ရင်ထဲမကောင်းပါ ရင်ထဲမှာ အလုံးကြီး အလုံးကြီး ဆို.နိန်ရေ။

 သူ.ဘ၀စွာ တခြားလူတိနဲ.မတူဘဲ တမှုးထူးခြားနိန်ရေ။ ထူးခြားရေ တစ်မှုကလဲ မကောင်းရေ ဒုက္ခိတဆိုရေ ဂုဏ်ပုဒ်ချေ ဖြစ်နိန်ရေ။ ဖြစ်နိုင်ကေ ကျတော်သူ.ဘ၀ကို လိုချင်ပါရေ။ အဟင်. သူ.ဘ၀ကို မရနိုင်ကေတောင် သူ.  ပိုင် ကျတော်.ခြီထောက်ကို တပိုင်းဖြတ်ပြီးကေ သူနဲ.တန်းတူဘ၀ကို အမြင်ချင်းတူစွာ ဖြစ်သန်းချင်ရေ။ " လို.သူဖြေပါရေ။

ဆရာမငိုသင်.လား မငိုသင်.လား။ အသက်အရွယ် အငယ်အရွယ်နဲ. ဒေပိုင်စိတ်ဓါတ်ရှိနိန်စွာ။
မဟုတ် မဟုတ် အဓိက စာနာစိတ်ရှိစွာ။ ဇာသူတစ်ယောက် ဒေပိုင်ဒုက္ခိတဘ၀ ရှုထောင်.ချေက စဉ်းစားဖူးလေ။ဆရာမလဲ ငါစော်ကကောင်းကြီး အသိညဏ် စာနာစိတ် မရှိစွာမလား ဆိုပနာ ၀မ်းနည်းပြီးကေ ငိုမိေ၇လတ်။
အချေတစ်ယောက်တောင် စာနာစိတ်ကြီးမားနိန်ကေ ငါရို.လဲ အချိန်ကာလတစ်ခု အတိုင်းအတာတစ်ခုထိဖြစ်သန်းလာရေလူတိက ပိုပြီးကေ နားလည်သင်.ရေ။ စာနာစိတ်ရှိသင်.ရေ။



လောကမှာ ငါ.ရို.ကိုလိုအပ်နိန်ရေ လူတိအများကြီးရှိရေ။ ကိုယ်.ထက်နိမ်.ကျရေလူတိ ဆာလောင်နိန်ရေလူတိ ပူဆွေးနိန်ရေလူတိ ထမင်းတစ်နပ်တွက် ဒေကုထက်ထိ ပူပန်နိန်ရေ လူတိအများကြီးရှိရေ။ငါရို.စားဖို.တစ်နပ်ချေကို ငတ်မွတ်နိန်ရေ လူတစ်ယောက်ကို ကျွေးလိုက် လှုလိုက်ပါ။
ငါရို.လဲမသီလားရေပိုင် သူ၇ို.တွက်ဝမ်းဝလားရေ။ အမြဲတမ်းမလှု နိုင်ကေတောင် တစ်ထပ် တစ်နပ်လောက်လှုနိုင်ရေ အချိန်မှာ ကိုယ်.တတ်နိုင်သလောက်လှုဖို.ကြိုးစားကတ်မေ။

စာနာစိတ်ချေ တစ်ခုလောက် ငါ.ရို.ရင်ထဲမှာ မွီးဖွါးကတ်ပါမယ်---------

Friday, May 13, 2011

မေတ္တာထားတတ်ကတ်ပါစီ

ဒေါသကြီးရေလူဆိုစော် သူတစ်ပါး ဒုခေ၇ာက်ကေ ပျော်ရေလူ။ ဒေါသနည်းေ၇လူဆိုစော် သူတစ်ပါး ဒုခေ၇ာက်နိန်ကေ ၀င်ပြီးဖြေရှုင်းပီးသူ။ မေတ္တာပို.ရေဆိုစော် အမှန်ကတော. ကိုယ်ရနိန်စွာ။
အရင်ဆုံး ဒေါသဖြစ်နိန်ရေ ကိုယ်.စိတ်စွာ အီးချမ်းလားရေ မေတ္တာထားလိုက်စွာနဲ.။
လူတိုင်းကို မေတ္တာထားရေလူနဲ. မေတ္တမထားရေလူ မျက်နာအရောင်တောင်မတူ။
ထားရေလူမျက်နှာက ကြည်လင်နိန်ပြီးကေ မြင်သူတိုင်း အီးချမ်းစီရေ။ မထားရေလူမျက်နှာပိုင် ပူလောင်လို.မနိန်။

၇ီညှိ ရီကန်က ၇ီကိုသောက်ချင်ကေ ယင်းရီညှိတိကို အရင်ဖယ်ပလိုက်မှ ရီအီးအီးချေကို သောက်ခွင်.ရဖို.။
ဒေါသတိကိုနဲ.လူကိုလဲ ယင်းဒေါသတိကို ဖယ်ရှားဖို. တတ်နိုင်သမျှနည်းလမ်းတိနဲ. ဖယ်ရှားပီးရဖို.။
ကမ္ဘာလောကကို အကောင်းဘက်က ကြည်.ကေ အားလုံးကောင်းရေ။ မကောင်းရေဘက်က ကြည်.ကေ ကိုယ်.စွာကိုတောင်အကောင်းမမြင်။ ကောင်းကွက်ကိုေ၇ွးချယ်ပနာ မေတ္တာထားတတ်နိုင်အောင်ကြိုးစားကတ်၇ဖို.။

ရယူသူရာ အချိန်တိုင်းဖြစ်နိန်ကေ နောက်ဘ၀ဆိုစော် ၀ီးလားဗျာလ်။
ပီးဆပ်သူဖြစ်ဖို.လဲ တဖြည်းဖြည်းနဲ. ပြုပြင်လားရဖို.။
ပညာရှိကဲ.ရဲ.ရေ မကောင်းစွာက အငယ်.ချေပင်ဖြစ်လီပတ်စီ မလုပ်ကတ်ကေ.။
မေတ္တာဆိုစော် ပညာရှိကိုရာ ပို.ဖို.စော်မဟုတ်။ ကိုယ်ချစ်တဲ.လူကိုရာ ပို.ဖို.စော်မဟုတ်။
သိရေလူကိုရာပို.ဖို.စော်မဟုတ်။ မသိ မမြင်ဖူး လူမိုက် သုံးဆယ်တစ်ဘုံးက သတ္တာဝါတိုင်းကို ပို.ဖို.တွက် ဖြစ်လာေ၇ စကားလုံးချေတစ်ခုရာ။ စကားလုံးချေဖြစ်ကေ.လေ. မမြင်ရရေ အီးချမ်းမှုတိ ကြင်နာမှုတိ နွီးထွီးမှုတိ အများကြီး မေတ္တာထဲမှာပါနိန်ရေ။

မိမိရင်ထဲက ဒေါသကိုကွယ်ဝှက်ခြင်းက မေတ္တာဖြစ်တယ်။ ဒေါသကင်းရေလူက ရီညှိထဲက ရီအီးကိုသောက်ဖို.ကြိုးစားရေလူဖြစ်တေ။

မေတ္တာထားတတ်ကတ်ပါစီ။

Thursday, April 21, 2011

အေနိန်.က ငါရို..အတွက်အရေးကြီးဆုံး


ကိုယ်တိုင်က မိမိကိုယ်ကို အထင်မကြီးကေ ဇာသူကလာအထင်ကြီးဖို.လဲ။
အထင်ကြီးနိုင်အောင် ကိုယ်.အပြုအမှု စိတ်ဓါတ်ကိုလဲ ပြုပြင်နိုင်ရဖို.။ မဟုတ်ကေ အလကားဗျာလ်။
ထမင်းစားနိန်ပြီးကေ သီရာလားလိမ်.မယ်။ လူဖြစ်ရကျိုးနပ်ဖို.မဟုတ်။


လူတိုင်း အချိန်ကိုဖြုးတီးနိန်ကတ်တေ။ ငါအပါအ၀င်။
လူတစ်ယောက်အကျင်.ကိုသိချင်ကေ သူ.အားလပ်ချိန်မှာ ယင်းသဇာတိလုပ်နိန်လဲ ဆိုစွာကို ကြည်.လိုက်ကေရရေ။ ယင်းအားလပ်ချိန်က ယင်းလူရဲ. သမိုင်းကိုပြလားစွာ။ ကောင်းရေ သမိုင်းကိုရွီးဖို.လား။ မကောင်းရေ သမိုင်းကိုရွီးကတ်ဖို.လား။  ဒေလောကမှာ လူတိုင်းကအတူတူမှာ။ တစ်ယောက်လဲ ရွှေထမင်း ငွေထမင်းမစား။


ကြည်.လိုက်ပါ ကမ္ဘာကျော်တဲ.သူထဲမှာ ဆင်း၇ဲရေ သူတိက ပိုများနိန်ရေ။
အဓိကတော. သူရို.တိ ဘ၀နာပြီး သီမတတ် ကြီုးစားခဲ.ကတ်လို.။
စိတ်ဓါတ်ခံယူပုံချင်းရာ ကွဲလားစွာ အောင်မြင်ရေလူ ရှုံနိမ်.ရေလူ ဆိုပြီးကွဲလားစွာ။
တစ်ခုလိုချင်ကေ တစ်ခုကိုစွန်.လွတ်ရကျိုး ထုံးစံကို လူတိုင်းသိရေအတိုင်း ကိုယ်ဖြစ်ချင်စွာကို ဖြစ်ဖို. အပျင်းဓါတ်ခံကို တွဲခေါ်လားလို.မရပါ။


လူတစ်ယောက်စွာ ကိုယ်လျှောက်ခရေ တံတားကိုကိုယ်ပြန်လျှောက်လို.ရအောင် မချိုးပခသင်.။
ယပိုင်ဆိုကေ ဇာပိုင်ပြန်လျှောက်ကတ်ဖို.လဲ။ လူတိုင်းကို ကိုယ်ချင်းစာတရားနဲ. ဆက်ဆံပါ ယပိုင်ဆိုကေ ကမ္ဘာလောကကြီးက နိန်ပျော်ပါေ၇။ သူ.နေရာမှာ ငါဆိုကေ ဆိုေ၇ စိတ်ချေသာထည်.ပီးလိုက်ပါ အားလုံးအဆင်ပြေလားလိမ်.မယ်။ ဇာလုပ်လုပ် ပြီးစလွယ်မလုပ်ကတ်ပါကေ.။

အလုပ်လုပ်ကေ.လဲ ယင်းအတိုင်းရာ။ သူများလက်အောက်မှာနိန်၇ရေ။ ဒေချင်.ငါ.အလုပ်မဟုတ် ဆိုပြီးကေ မလုပ်ကတ်ပါကေ.။ ငါရာ သူဌေးဆိုကေ စိတ်ကိုထားပါ ယပိုင်ဆိုကေ လူတိုင်း အကောင်းဆုံး လုပ်ကတ်ဖို.စွာရာမနား။

ဇာသူက ဇာဖြစ်ဖို.ဆိုပြီး ဟိုဘ၀ကပင် ပါလာစွာမဟုတ်။ အေနိန်. အပေါမှာမှုတည်နိန်ေ၇။
ယင်းသူအေနိန်. ဇာလုပ်နိန်လေ အချိန်ကိုဖြုန်းနိန်လား။ တန်ဖိုးရှိရှိ အသုံးချနိန်လား ယင်းချင်.ပြောလားစွာရာ ယင်းသူ.ဘ၀ကို။

လူတိက တစ်ခါတစ်ခါ အေနိန်. ဆိုစွာကိုမိန်.ထားကတ်တယ်။ ငါကိုယ်တိုင်ကလဲ ဒေချင်.ထဲပါနေစွာကို။
ငါဆုံးဖြတ်ချက်ချလိုကဗျာလ် ဇာနိန်.ကပင်စပြီး စလုပ်ဖို.ဗျာလ် ငါ.ရည်မှန်းထားရေ ခရီးကိုရောက်ဖို. ဆိုပြီးကေ။
ဒေနိန်.ကပင်စလုပ်ကေ ခြေလှမ်းတလှမ်း ပိုမြန်ေ၇ပိုင် ပိုပြီးကေ နီးကတ်လာပါရေ ပန်းတိုင်းနားကိုေ၇ာက်ဖို.။

ယပိုင်ဆိုကေ အေနိန်. အေနိန်.ကို တစ်ခေါက်ချေ မမိန်.ကတ်ပါကေ.။



အေနိန်.အေအချိန်ဆိုစွာက ငါရို.တိအတွက် တပျင်းအရေးကြီးပါရေ။

Wednesday, March 30, 2011

ရှုံးနိမ်.ခြင်းတရားဆယ်ပါး

အောင်မြင်ရေလူက အောင်မြင်ပြီးကေ မအောင်မြင်ရေလူတိက ဇာကြောင်.မအောင်မြင်ရစွာလေ။ နန်းစံအမြင်ကတော. ကိုယ်.စိတ်ဓါတ်ကို ကိုယ်မနိုင်သိလို. မအောင်မြင်စွာလို.ပြောချင်ပါရေ။ အောင်မြင်မှုတကာ အောင်မြင်မှုထဲမှာလဲ  မိမိကိုယ်ကိုအောင်မြင်မှုက အကောင်းဆုံးအောင်မြင်မှုပါဗျာလ်။  




ဒေရှုံးနိမ်.ခြင်းတရားဆယ်ပါးကိုရာ လူတိစွန်.နိုင်ကေ မုချအောင်မြင်ပါဗျာလ်-

- တိကျပြတ်သားရေ ရည်မှန်းချက်မရှိခြင်း။
- အဆိုးမြင်ခြင်း အပြုသဘော မဆောင်ခြင်း။
- အတတ်ပညာမဲ.ခြင်း အတတ်ပည်မဆည်းပူးခြင်း။
- ဆုံးဖြတ်ချက် မချတတ်ခြင်း မချနိုင်ခြင်း။
- လူမှုဆက်ဆံရေး ညံဖျင်းခြင်း။
- ပြင်းပြထက်သန်ရေ စိတ်ဓါတ်မရှိခြင်း။
- အယုံလွန်ခြင်း အားနာခြင်း။
- ကြောက်ရွံခြင်း ရိုးရာအစွဲအလမ်းရှိခြင်း။
- ရစွာတက် ပိုသုံးစွဲခြင်း။
- အမြန်သူဌေး ဖြစ်ချင်ခြင်း။

ဒေဆောင်ပုဒ်ချေကို ရန်ကုန်မှာကျောင်းတတ်တေခါ အဘိုးအိမ်က ထမင်းစားရေနေရာနဲ.မျက်နှာချင်းဆိုင်မှာကပ်ထားရေ။
အဘိုးကလဲ အိမ်ကလူတိဆိုစွာ ထမင်းစားဖို.တစ်ရက်မှာနှစ်ခေါက်ဖြစ်ဖြစ်ရောက်တေ ဖတ်ကတ်ပါစီဆိုပြီးကေ ကပ်ပီးထားရေ။ ထမင်းစားဖို.လာကေ တစ်ခေါက်ဖြစ်ဖြစ်ဖတ်မိရေ။ သတိပီးနိန်စွာနဲ.တူတူဗျာလ်။


" တိကျပြတ်သားရေ ရည်မှန်းချက်မရှိခြင်း "

ဒေစာသားချေဆိုစွာ အရေးကြီးဆုံးလို.ထင်ရေ နန်းစံအမြင်ကတော.။
လူတစ်ယောက်ဆိုစွာ ရည်မှန်းချက်ရှိလို.ရာ အသက်ရှင်နိန်စွာ မဟုတ်ကေ အသက်မရှင်နိုင်ပါ။ ယင်းနဲ.လို. ရည်မှန်းချက် ရှိရှိနဲ. ဘ၀ကိုဖြတ်သန်းကတ်မေ။ ကိုယ်.ရည်မှန်းချက်ကလဲ ဖြစ်နိုင်ဖို.လိုသိမ်.ရေ။ မတိကျ မရေရာ ၀ိုးတ၀ါးဖြစ်နိန်ကေ လားဗျာလ်။ ကိုယ်ကလဲ ဒေလမ်းကိုလုံးဝ လျှောက်ဖို.လို.ဆုံးဖြတ်လိုက်ကေ ရောက်အောင်လျှောက်ရဖို.။
လမ်းမှာ ဆူးငြောင်.ခလုပ် တိတွီ.နိုင်ရေ။
လမ်းကောင်းကိုရောက်ဖို.တွက် ဆူးတိရှိရေ လမ်းကို လျှောက်ရစွာက ဖြစ်နိန်ကျရာမလား။ ဇာသူတစ်ယောက်က မွီးလာရေကပင် လမ်းကောင်းကိုလျှောက်ရလေ။ ခလုပ်ကန်းသင်းကတော. တနိန်မဟုတ် တနိန်တော.ကြုံကတ်ရဖို.စွာဗျာလ်။ ယင်းဟင်.ကိုရာ စိတ်ဓါတ်ကျနိန်ကေ.တော. သီအောင်ထိ ဆူးတော.လမ်းမှာ ထိုင်နိန်လီဖိ။


" အဆိုးမြင်ခြင်း အပြုသဘော မဆောင်ခြင်း "

လောကကြီးက အကောင်းဘက်ကကြည်.ကေ နိန်လို.ကောင်းပါရေ။ ဟုတ်တေ နေရာတကာ အဆိုးဘက်ကဂျေယာ ကြည်.နိန်ကေ. နိန်ပျော်ဖို.သိမ်.လားယေ။ နန်းစံ ပထမဆုံး အင်တာဗျုးရရေခါ ပျော်လိုက်တေဆိုစွာမပြောကေ။ ယကေ.လေ ယင်းအင်တာဗျုးဆိုစွာ မအောင်။ အင်တာဗျုးကပြန်လာရေခါ စိတ်ဓါတ်တိဆိုစွာ ရစရာမရှိအောင်ကျလားယေ။
ကိုယ်.စွာကို မနည်းပြန်အားတင်းပနာ အော်ငါဒေထက်ကောင်းရေ အလုပ်ရဖို.ဖြစ်လို. ဒေအလုပ်ကိုမရစွာလို. အကောင်းဘက်ကို စိတ်ကိုပြောင်းပလိုက်ရရေ။ ဒေကုလဲ အလုပ်ကောင်းကောင်းရနိန်ရေ။ ကိုယ်.ကိုနွီးထွီမှုပီးရေ လူတိနဲ.တွီ.ရရေ။ ယင်းအလုပ်ကိုရာ ရခကေ. ဒေပိုင်လူကောင်းတိနဲ.တွီ.ချင်မှတွီ.ရဖို.။


" အတတ်ပညာမဲ.ခြင်း အတတ်ပညာမဆည်းပူးခြင်း "

အတတ်ပညာ တစ်ခုလဲမတတ်ကေ. ဒေလူ.လောကထဲကို လုံး၀၀င်လို.မရပါ။ ဆယ်တန်းအောင်ဘွဲ.ရမှ လူတောတိုးဖို.လို.ပြောစွာမဟုတ်ပါ။ နန်းစံလုပ်ခရေ ပထမအလုပ်က သူဌေး စာတတ်တေလို.ပြောလို.မရ။ ယကေ.လေ. အတတ်ပညာတတ်လို. နိုင်ငံခြားက ဘွဲ.ယူထားရေလူတိကို လက်ညိုးထိုးပြီး ခိုင်းနိုင်ရေ။ အတတ်ပညာတစ်ခုခုတော. တတ်ထားသင်.ပါရေ။ ယင်းခါမှ ကိုယ်.ဘ၀ကိုယ်ရပ်တည်နိုင်ရေပိုင် ကိုယ်.အသိုင်းအ၀ိုင်းကို ကိုယ်ထောက်ပံနိုင်ရေ လူတစ်ယောက်ဖြစ်လာပါဖို.။


" ဆုံးဖြတ်ချက် မချတတ်ခြင်း မချနိုင်ခြင်း  "

ဆုံးဖြတ်ချက် ချတတ်ဖို.လဲလိုသိမ်.ရေ။ မဟုတ်ကေ တနားချေမှာ ဘ၀ဆိုစွာချောက်ကမ်းပါးကို ကျလားနိုင်ရေပိုင် မိုးထိအောင် ထောင်တတ်လားနိုင်ရေ။ ဆုံးဖြတ်ချက်ကောင်းကောင်း ချနိုင်ဖို.တွက် အတွေ.ကြုံကောင်းကောင်းရှိဖို.လိုသိမ်.ရေ။ ရင်.ကျက်ဖို.လဲလိုသိမ်.ရေ။ နန်းစံအချေခါတော. (မဆုံးဖြတ်တတ်တေအချိန်)လူကြီးတိ ဆုံးဖြတ်ချက်အောက်မှာနိန်ခရေ။ အရွယ်ရောက်လာရေခါတေ ကိုယ်.စွာကို အတတ်နိုင်ဆုံး ဆုံးဖြတ်လာရေ။ လူကြီးတိကိုဂျေယာ မိန်းနိန်ကေ သူရို.မရှိရေ အချိန်အတွင်းမှာ ဇာသူလာဆုံးဖြတ်ပီးဖို.လဲ။ ကိုယ်.အားကို ကိုယ်ကိုးစွာ အကောင်းဆုံးရာ ဇာပင်ဖြစ်ဖြစ်။


" လူမှုဆက်ဆံရေး  ညံဖျင်းခြင်း "

နန်းစံရို.ဆိုစွာ အသိုင်းအ၀ိုင်းနဲ. နိန်ရေတွက်နဲ. လှုမှုဆက်ဆံရေးကလဲ ကောင်းဖို.လိုပါရေ။
လူတိထုံးစံကတော. ကိုယ်ပြောဖို.စွာကိုရာသိရေ နောက်တစ်ယောက်ပြောဖို.စွာကိုမသိ နားမထောင်။
ယင်းနဲ.လို. ကိုယ်နိန်ရေ ပတ်ဝန်းကျင်မှာ စကားပြောကောင်းရေ လူတိကို တစ်ခေါက်ချေ ကြည်.လိုက်ပါ။
ယင်းသူရို.ဇာလို. စကားပြောကောင်းနိန်ရလေ။ အဓိက အချက်ကတော. နားထောင်မှုစွမ်းရည်ကောင်းလို. စကားပြောကောင်းနိန်ကတ်စွာ။ ယင်းနဲ.လို. တစ်ဖတ်သားက ဇာပြောချင်လေ ဇာလုပ်စီချင်လေ ငါ.ကိုဆိုစွာကို နားထောင်ပီးရဖို.။ ကိုယ်လိုချင်စွာကိုရာ သိလို.မရပါ။ အပီးအယူ ဆိုရေစကားအတိုင်း အယူရာများနိန်ကေ ဘဇောင်ပိုင် ဆက်ဆံရေး ရေရှည်မြဲဖို.သိမ်.လဲ။


" ပြင်းပြထက်သန်ရေ  စိတ်မရှိခြင်း "

လူတစ်ယောက်ဆိုစွာ ကံညဏ်မရှိခကေတောင် ၀ီရိယရာ ရှိခကေ အရာအားလုံးဖြစ်ပါရေ။ ကံညဏ်ရှိပြီးကေ ၀ီရိယမရှိကေ တစ်သက်လုံးမအောင်မြင်ပါ။ နန်းစံရို.က ကံညဏ်မရှိရေပိုင် ၀ီရိယကလဲ နည်းလို. ဒေပိုင်အခြေအနေက မတိုးတတ်နိုင်သိစွာ။
ကိုယ်ကလုံးဝလုပ်ဖို.လို. ဆုံးဖြတ်ထားပြီးရေ ကိစ္စတစ်ခုကို တစ်ရက် နှစ်ရက် လုပ်တေ လုံးဝအသည်းအသန်။ နည်းနည်းချေကြာလာစွာနဲ. ၀ီ၇ိယအားနည်းပါလတ်ဗျာလ်။ ပျင်းလာစွာပါမလားယေ။ ယင်းနဲ.လို.ဒေပြင်းပြရေစိတ်ကို မွီးမြုရပါဖို.။ ကိုယ်နဲ.စိတ် ဆိုရေ စကားနှစ်လုံး အတူဒွန်တွဲနိန်ရေပိုင် အောင်မြင်မှုနဲ.ပြင်းပြရေစိတ်ကလဲဒွန်တွဲနိန်ရေလို. နန်းစံထင်ပါရေ။


" အယုံလွန်ခြင်း အားနာခြင်း "
" မေးခွန်းမထုတ်ဘဲ လက်ခံယုံကြည်တတ်ခြင်း "  

လို.နန်းစံနောက်တစ်ခု ထပ်ဖြည်.ချင်ပါသိမ်.ရေ။ မာယာများရေ သံသရာမှာ အရာရာကို မျက်လုံးမှိတ်ယုံကြည်နိန်လို.မရပါ။ ကိုယ်ခံလားရဖို.။ နန်းစံတစ်ခါခံဖူးရေ တန်းဖိုးမကြီးကေ.လေ စိတ်မကောင်းဖြစ်ဖူးရေ။ မယ်မယ်ပါးက မုန်.ဖို.ပို.ပီးရေ ဖေ.ချာနဲ. MP4 တစ်ခုဝယ်ထားရေ တေးခြင်းနားထောင်စွာကို လုံးဝ အသည်းအသန်ကြိုက်လို.။ ကျောင်းတတ်တေခါ ရန်ကုန်က သူငယ်ချင်းမမတစ်ယောက် (ကိုယ်.ထက်ကြီးလို.)စာမလိုက်နိုင်လို. ဆရာမက နန်းစံကို အကူအညီတောင်းရေ။ သူမအားလို. နန်းစံကို သင်ပီးလိုက်ဆိုလို.။ နန်းစံသင်ပီးရေ သူ.ကိုလဲအားနာရေ ဇာလို.ဆိုကေ သူနိန်ရေအိမ်နဲ. နန်းစံနိန်ရေ အိမ်နဲ. ၁နာရီခွဲ လောက်ကားနဲ.လားမှရောက်တေ။ သူကလဲ နန်းစံအားရေ အချိန်တိုင်းလာလို. စာမိန်းရေ။

နန်းစံ ကောင်းကောင်းပင်ပန်းနိန်ကေတောင် သူ.ကိုငှဲ.ပြီးကေ အော်သူတောင် လာနိုင်သိရေ ငါက ဇာလို. အကူအညီမပီးနိုင်ရဖို.လဲ ဆိုပြီးကေ သင်ပီးရေ။ နောက်ဆုံးတစ်ရက် ယင်းနိန်ခါမှ ယင်းမမကို စာတွက်ခိုင်းပြီးကေ ကိုယ်ကတေးခြင်းနားထောင်နိန်ရေ ယင်းမမဆိုစွာ မျက်လုံးတိကတစ်မျိး အရင်ပိုင်မဟုတ်။ သိကတ်ဖို.စွာပါရာ လူတစ်ယောက်ဆိုစွာ မကောင်းစွာလုပ်ထားကေ ဇာလောက်ပင် မလုပ်လို.လိမ်ပြောပြော သူ.မျက်လုံးက မလိမ်နိုင်ပါ။
နန်းစံအချေကပင် တစ်ခုရှိရေ မကောင်းစွာတိဆိုကေ ကြိုမြင်တတ်စွာ။ ယင်းနဲ.လို.မယ်မယ်က အမြဲသတိပီးရေ ဇာပင်ထင်ထင် မပြောကေ.လို.။

ယင်းမမ အိမ်က ထွက်လားရေခါ သိရေ နန်းစံ MP4 ကိုယူလားစွာကို။ ယင်းမမကို မိန်းဖို.စွာကိုလဲ အားနာရေပိုင် လူတစ်ယောက်ကို ရက်ရက်စက်စက် ယင်းလောက်ထိ မပြောဝံ ဇာလောက်ပင်မှန်မှန်။ အိမ်ပြန်ရောက်လို. စာသင်ရေခုံကို လုံးဝလားမကြည်.။ အရီးမက နန်းစံ နင်.ခုံမှာ စာအုပ်တိ ဗရမ်းဗရာဖြစ်နိန်ရေ။ သန်.ရှင်းရေးလုပ်လတ်။ နန်းစံးလုံးဝမလုပ် တစ်ပတ်တိမှာ လားလုပ်ခီရေ။ ဇာလို.ဆိုကေ နန်းစံထင်ရေ အတိုင်း သူရာ ယူလားကေ စိတ်မကောင်းဖြစ်ပြီးကေ ယင်းမမကို ကောင်းကောင်း အထင်သေးလီဖို.စွာကို။ ယင်းမမဆိုစွာ ယင်း MP4 လောက်ကိုဝယ်နိုင်ရေ။ သူ.ယောက်ကျားက အရာရှိ။ ဖေချာ.သုံးနိုင်ရေ ဇာလို.ယူလားရေဆိုစွာကို လုံးဝမယုံနိုင်။ ယင်းမမစိတ်မှာ MP4 ကြောင်.တစ်.သက်လုံး စိတ်က သန်.ရှင်းနိုင်ဖို.သိလား။ အရိပ်မည်းပိုင် မလိုက်နိုင်ယာလား။ ယင်းဇာမဟုတ်တေ ပစ္စည်းချေ တစ်ခုကြောင်.။ သူပီးထားရေ ဖုန်းနံပါတ်ကိုတောင်မှ အသစ်ပြောင်းလားယာ ဆိုပြီးကေ ဖုန်းစာအုပ်က သူ.အရင်ရွီးထားနံပါတ်ကို ဖျက်ပြီးကေ အသစ်ရွီးပီးခရေ။ ယင်းနံပါတ်ဆိုစွာ အမှား။
ယင်းနဲ.လို. တစ်ခါတစ်ခါဆိုကေ ကိုယ်.စိတ်နဲ.တန်းတူးဆက်ဆံလို.မရရေ ဒေမမရို.ပိုင်လူမျိုးတိရှိရေ။


" ကြောက်ရွံခြင်း  ရိုးရာအစွဲအလမ်းရှိခြင်း "

မမြင်ရသိရေ အနာဂါတ်ကို ကြိုပြီးကြောက်ရွံနိန်ကေ ဇာပိုင်ရှေ.ကိုခြေလှမ်း လှမ်းနိုင်ဖို.သိလဲ။ ကြောက်ဖို.မလို. ဇာပြသာနာပင်လာလာ အချိန်တန်ကေ ပြီးလားဖို.စွာရာ။ ယင်းတစ်ချက်ချေကို တောင်.ခံနိုင်မှ လူဆိုစွာ ရင်.ကျက်လာရေပိုင် အတွီ.အကြုံကောင်းကောင်းရလာစွာမလား။ ရိုးရာဆိုစွာ လူမျိုးတိုင်းမှာရှိကေ.လေ တန်ဆေးလွန်ဘေးဆိုရေပိုင် အတော်သင်.ဆိုကေ အကောင်းဆုံးယာ။ အလွန်တရာ ကြီးဆိုကေလဲ ဘေးဥဘဒ်ဖြစ်လားနိုင်ရေ။

 
" ရစွာထက် ပိုသုံးစွဲခြင်း "

ကိုယ်ရစွာထက် ပိုသုံးမိကေ အကြွီသံသရာလည်လားနိုင်ရေ။  အကြွီတကာ အကြွီထဲမှာ ဒေအကြွီလဲကြောက်ဖို.ကောင်းပါရေ။ ယင်းနဲ.လို. ကိုယ်ဇာလောက်ရလေ ဖေချာ. ။  အ၀င်နဲ. အထွက်က မကိုက်ကေ ဇာဖေချာနဲ.ရပ်တည်နိုင်ဖို.သိလဲ။  တန်ဖိုးနည်းကေလေ. ကိုယ်.အတွက်အသုံးမလိုကေ မ၀ယ်စွာ အကောင်းဆုံးပါ။  အပ်ပေါက်ရာချေ တစ်ခုကြောင်. သဘောင်္တစ်စီးလုံးမြုပ်လားရေပိုင် တဖေချေ . တဖေချေ.နဲ. အိမ်ထောင်တစ်ခုလုံး ပျက်စီးလားနိုင်ပါရေ။  ဇာပင်သုံးသုံး စာရင်းနဲ.လုပ်ထားစွာအကောင်းဆုံးပါဗျာလ်။



" အမြန်သူဌေး ဖြစ်ချင်ခြင်း "

ဒေကုရေတွင်းတူး ဒေကုရီသောက်ဆိုလို.မရပါ။ သူ.အချိန်တန်ကေ သူဖြစ်လာဖို.စွာရာ။ အပင်စိုက်ကေတောင် အနည်းဆုံးတစ်နှစ်စောင်.မှ အသီးစားရစွာမနား။ ကိုယ်က ပုံမှန်လုပ်လားဖို.လိုရေ လုပ်စရာရှိစွာတိကို မလျှော.ရေ ဇွဲလုံလနဲ.
ပန်းတိုင်ကို ရောက်အောင်လျှောက်ရဖို.။ ဆိုင်ကလုံးပင်လာလာ ဂီရိပင်လာလာ ကိုယ်.ရည်မှန်းထားရေပန်းတိုင်ကို အရောက်လှမ်းကတ်ပါမေ။


ဒေဆယ်ချက်ကိုရာ လိုက်နာနိုင်ကေ နပိုလီယံထက်တောင် အောင်မြင်ကျော်ကြားနိုင်ပါသိရေ။ နပိုလီယံဆိုစွာလဲ နန်းစံရို.ပိုင်လူပါဗျာလ်။

Monday, March 28, 2011

ဆရာပြောရေ အောင်မြင်မှု

"ကိုယ်က ၀မ်းဝနိန်ရေ အချိန်မှာ ကိုယ်.ထက်ကံအကြောင်းမလှလို.ဆင်းရဲနိန်ရေလူတိ စားစရာသောက်စရာ မရှိဖြစ်နိန်ကေ ယင်းဟင်.ဆိုစွာ အောင်မြင်မှုစစ်ဖို.သိလား "


အောင်မြင်မှုဆိုစွာ ဇာကိုခေါ်ပါလေ။
နန်းစံ အမြင်ကတော. ကိုယ်လိုချင်ကေ အတိုင်းအတာ ရည်မှန်းချက် တစ်ခုပြီးပြည်.စုံစွာ ဖြစ်မြောက်လားခကေ အောင်မြင်မှုလို.ထင်ပါရေ။ အမှန်တော.ယင်းဟင်.က အောင်မြင်မှု အစစ်မဟုတ်ပါ။

"ကိုယ်ရထားေ၇ အသီးအပွင်.( အောင်မြင်မှု) ကို နန်းစံရို.လောက် ကံမကောင်း အကြောင်းမလှလို.ဒေနိန် ဒေအချိန်ခါ စားစရာမရှိလောက်အောင် ဆင်းရဲနိန်ကတ်တေ လူတိနဲ.ဝေမျှခံစားပြီးမှ အောင်မြင်မှုအစစ် လို.ခေါ်ေ၇လို." ရခိုင်ဆရာတစ်ယောက်ပြောဖူးပါေ၇။ 

ကကောင်းမှန်ပါရေ။ မဟုတ်ပါလား ကိုယ်တစ်ယောက်တည်း ပျော်နိန်ေ၇အချိန်ခါ တခြားသူတိက စားစရာမရှိ ဖြစ်နိန်ကေ အောင်မြင်မှုလို.ကားခေါ်ပါဖို.သိလား။ ဝေမျှပေးခံရေ၇လူတိကိုလဲ အပြစ်ပြောလို.မရပါ။ သူရို.ကမလုပ် ငါ.ရို. ချွေးနဲ.သွီးနဲ.လုပ်ထားရေ ဒေပိုင် အကျိုးကျေးဇူးတိကို တစ်ခုလဲမလုပ်ပဲနိန်ရေလူတိနဲ. မျှဝေစားရဖို.လားလို.မပြောကတ်ပါကေ.။


သူရို.ကကောင်းကောင်း မကောင်းကောင်း အဓိက ကိုယ်ကောင်းဖို.ကကောင်းအရေးကြီးပါေ၇။ သူ.ရို.ခေါင်းထဲမှာလဲဝင်လားပါရေ " အော်သူ.ရို.လုပ်ထားေ၇ ကောင်းကျိုးတိကို ငါ.ရို.ကိုပေးရေမလားယေ " ဆိုပြီးကေ နောင်တချိန်ကျကေ သူ.ရို.လဲ ထပ်တူလုပ်ပီးနိုင်ပါလိမ်.မယ်။
ဥပမာ ၁၀၀ ထဲက ၁ယောက်လောက် ပြန်လုပ်ပီးနိုင်ကေပင် ကကောင်းအကျိုးရှိနိန်ပါဗျာလ်။
သူ.ကို မကြည်.ပါကေ အရင်ဆုံးကိုယ်လုပ်နိုင်မှ သူရို.က ကိုယ်.ကို စံပြအဖြစ်ထားလာပါဖို.။

ကိုယ်.အလှည်.နဲ.ကိုယ်ဆိုရေပိုင် ကိုယ်က ပီးကမ်းနိုင်ရေ အချိန်မှာ ပီးကမ်းစွာကောင်းပါရေ။ မပီးနိုင်ရေ အချိန်ရောက်မှ ငါ.မှာရှိကေ လှုရေဆိုစွာ မဟုတ်စွာ ကိစ္စပါ။ မျော်လင်.ချက်မပါဘဲ လှုဒါန်းစွာလောက် လောကမှာ မြင်.မြတ်စွာမရှိပါ။

အောင်မြင်မှုစစ်ဖို.တွက် တတ်နိုင်သမျှ လှုဒါန်းနိုင်ကတ်ပါစီ။
အောင်မြင်မှုစစ်ဖို.တွက် တပါးကိုလူကို ပီးကမ်းကတ်ပါမေ။





အလုပ်တန်ဖိုး


အလုပ်မှန်လို့ရှိခကေ ဒေသုံးချက်နန့် ပြည့်စုံရပါဖို့ -
 
၁။ လစာ ကောင်းလား။
၂။ အတွိအကြုံ ကောင်းကောင်း ရလား။
၃။ ပျော်ရွင်မှု ပီးလား။



ဒေသုံးချက်လုံး မပီးနိုင်ကေ ယင်းအလုပ်ထဲက ဝဝီးကရာ ပြီးကတ်ပါဖိလို့ ဆရာပြောဖူးပါရေ။
မှန်ပါရေလေ။ ယင်းသုံးချက်ထဲက အားလုံးမဟုတ်ကေတောင် တစ်ချက်လောက်တော့ ပီးကေ ရသိမ့်ပါရေ။ မပီးနိုင်ကေတော့ခါ ယင်းအလုပ်ထဲက ထွက်သင့်ပါရေ။


တစ်ခုကိုလဲ သံယောဇဉ် မတွယ်နိန်ကတ်ပါကေ့။ တစ်ချို့ ရှိပါရေ "ငါရို့က ဒေအလုပ်မှာ လုပ်နိန်စွာကြာယာ။ နိန်သားကျနိန်ယာ။ တခြားအလုပ် ပြောင်းကေ အစကနိန် ပြန်သင်ခီရဖို့သိမ့်။ ဒေအလုပ်မှာရာ လုပ်နိန်စွာကောင်းရေ" ဆိုပြီးကေ ကိုယ့်အတွက် တက်လမ်းပိတ်နိန်စွာကိုတောင်မှ နိန်နိုင်ကတ်တေ ။ ယင်းဟင့်ကိုတော့ လုံးဝ အားမပီးပါ။ ထွက်သင့်ကေထွက်ရပါဖို့။ အလုပ်အသစ်တစ်ခု ပြောင်းတိုင်း အစကနိန် ကိုယ်မသိရေ အပိုင်းကနိန် လုပ်ကတ်ရစွာပါရာ။ယင်းခါမှ အတွိအကြုံ အသစ်ကို ရစွာပါမလား။


ပြီးကေ တစ်ချို့က ရှိသိမ့်ရေ "အသက်ကြီးလားယာ။ ငါရို့အတွက်ကား မထူးယာ။ ဒေမှာပဲ ကောင်းရေ။" ဆိုပြီးကေ လက်ရှိအလုပ်ကိုရာ အသီအလဲ ဆုပ်ကိုင်ထားကတ်တေ။ ကိုယ့်အတွက် အမှန်တကယ် ကောင်းနိန်ကေတော့ခါ ကောင်းပါရေ။ မကောင်းဘဲနန့်တော့ခါ မဆုပ်ကိုင်စီချင်ပါ။ အသက်ကြီးစွာနန့် တစ်ခုလဲမဆိုင်။ အတွိအကြုံ ကောင်းကောင်းရှိရေ လူတိကို ဆိုကေ အားလုံးအလုပ်က ကြိုဆိုပြီးသားပါရာ။ ကိုယ်ရာ မကြောက်မဝံ့ ရဲစွမ်းသတ္တိ အပြည့်နန့် လျှောက်လှမ်းကတ်ရပါဖို့။


ပြီးကေ အလုပ်လုပ်စွာမှာရှိသိမ့်ရေ။ "ငါက ဒေအလုပ်နန့်မတန်။ မဆိုင်စွာတိကို ခိုင်းနိန်ရေ။" ဆိုပြီး မလုပ်ဘဲနန့် မနိန်ကတ်ပါကေ့။ လူဆိုစွာက အားလုံးကို သိထားကေ ကောင်းပါရေမလား။ နောက်တစ်ချိန်ချိန်ကျကေ ယင်းဟင့်တိစွာ ကောင်းအသုံးဝင်လာပါရေ။ ဥပမာ အိမ်ထောင်ရှင်မ တစ်ယောက်စွာ ဇာလောက်ပင်ဖေချာရှိလို့ အိမ်ဖော်ငှားငှား၊ အိမ်မှုကိစ္စကိုတော့ တတ်ထားရပါဖို့။ ဇာလို့ဆိုကေ ကိုယ်က သိနိန်မှ တခြားလူကို ဆရာခံလို့ရပါဖို့လေ။ ကိုယ်မသိဘဲနန့် လားခိုင်းနိန်ကေ အလကားပါဗျာလ် ကိုယ့်ကိုတောင် အထင်သေးနိုင်ပါရေ။

နန်းစံ ပထမ လုပ်ခရေ အလုပ်မှာလဲ ကိုယ်ရထားရေ ပညာနန့် တစ်ခုလဲမဆိုင်စွာတိကို ခိုင်းရေ။ နန်းစံကတော့ လုပ်ခရေ။ ဇာလို့ဆိုကေ ကိုယ်ကမသိရေအတွက်နန့် သူရို့ ခိုင်းစွာတိကို လုပ်ပီးကေ ကိုယ်က ပညာရပါရေ မလားယေ။ ဒေကုဆိုကေ ကောင်းအသုံးဝင်ပါရေ။ အလုပ်မှာ တစ်ခုခုဆိုကေ ကိုယ့် အယင် လုပ်ခရေ အတွိအကြုံနန့် တစ်ယောက်ကိုလဲ အောက်ကျနောက်ကျ ခံပြီးကေ တောင်ပန်းနိန်စရာ မလို။ ကိုယ်စွာနန့် ကိုယ်လုပ်နိုင်ရေ။ ယင်းနန့်လို့ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။


"ဒေအလုပ် ကကောင်း အောက်ကျရေ။" ဆိုပြီးကေ မလုပ်ဘဲနန့် မနိန်ကတ်ပါကေ့။ အလုပ်တိုင်းမှာ သူ့တန်းဖိုးနန့် သူ ရှိပါရေ။


သန့်ရှင်းရေး လုပ်တေ လူကိုလဲ "ဒေလူက ပညာမတတ်။" လို့ဆိုပြီးကေ လားလို့ အထင်မသေးနိုင်ပါ။ သူကလဲ သန့်ရှင်းရေး လုပ်စွာမှာ နန်းစံရို့ထက် ဆယ်ဆလောက် ပိုတော်သိမ့်ရေ။ တစ်ခုကိုလဲ အထင်သေးရေ မျက်လုံးနန့် ကြည့်လို့ မရပါမလား။ ယင်းနန့်လို့ အလုပ်ဟုသမျှလုပ်ပါ။ သမာအာဇီဝ အလုပ်ဆိုကေ တစ်ခုကိုလဲ ရှက်စရာ မလိုပါ။

အားလုံး အလုပ်မှာ သူ့တန်ဖိုးနန့် သူပါရာ။

သူငယ်ချင်း မိတ်ဆွေ

သူငယ်ချင်း အပေါင်းအသင်းမရှိဘဲ လောကမှာ တစ်ယောက်တည်းရပ်တည်လို.ရဖို.မထင်။ အပေါင်းအသင်းကြောင်.လဲ ဂုဏ်တတ်တေပိုင် အပေါင်းအသင်းကြောင်.လဲ ဂုဏ်ပျက်တတ်ပါရေ။




နန်းစံ အမြင်ကတော. သူငယ်ချင်းမိတ်ဆွေဆိုစွာ-
အခက်ခဲတွီေ၇ အချိန်မှာ ခေါင်းမရှောင်ဘဲ အကူအညီပီးရေလူ။
ဇာပြသနာပင်ဖြစ်ဖြစ် ရင်ဖွင်.ပြောပြနိုင်ပြီးကေ အပြန်အလှန်နားထောင်ပီးရေလူ။
ပျော်စရာတိကို တူတူခံစားနိုင်ရေလူ။
တစ်ယောက်အပေါ် တစ်ယောက်သစ္စာ၇ှိရေလူ။
နောက်ကုန်းကို ဓါးနဲ.မထိုးရေလူ လို.ထင်ပါရေ။

ငါးခုံးမတစ်ကောင်ကြောင်. တစ်လှေလုံးပုပ်တေဆိုရေပိုင် ကိုယ်ကဇာလောက်ပင် အကောင်းလုပ်လုပ် ကိုယ်ကရာ မကောင်းစွာလုပ်တေ သူငယ်ချင်းကို လားပေါင်းမိကေ ကိုယ်ပါဘ၀တူဖြစ်လားနိုင်ပါရေ။

ဒေါင်းယောင်ဆောင်ရေ ကျီးပိုင် သူငယ်ချင်းယောင်ဆောင်ပြီးကေ လာပေါင်းရေ မြေခွေးပိုင်လူတိ အများကြီးရှိပါရေ။ ဖေ.ချာ တစ်ခုတည်းကို ကြည်.ပြီးကေ သာပေါင်းညာစားတိ သူငယ်ချင်းအတုတိ ဒေလောကမှာ အများကြီးရှိရေ။ ကောင်းရေသူငယ်ချင်းမှေ၇ွးပေါင်းရဖို.လို.ပြောစွာမဟုတ်ပါ။
ကိုယ်ပေါင်းရေ သူငယ်ချင်းဆိုစွာ လမ်းမှားနိန်ကေ ကိုယ်က လမ်းပြန်တည်.ပီးဖို. ကြီုးစားရဖို.။
လမ်းတည်.ပီးလို.ရာလုံးဝမရဆိုကေ ကိုယ်က အသာတကြည်နဲ.ရှောင်နိုင်ဖို.အရေးကြီးပါရေ။
မဟုတ်ကေ ကျုပ်(ရွံ) ကိုလားပုတ်ကေ ကိုယ်.ကိုကျုပ်ရာ လာမှန်ရေပိုင် ဖြူစင်နိန်ရေ ကိုယ်.စာ၇ိတ္တကို ထိခိုက်နိုင်ပါရေ။

ယပိုင်ကျကေ ရှောင်တတ်ဖို.လိုပါရေ။ ကိုယ်က ဇာလောက်ပင် မလုပ် မလားလို.မှတ်ထား မှတ်ထား။
သူငယ်ချင်းကို တစ်ခါ နှစ်ခါ ငြင်းလို.၇ကေ.လေ. သုံးခါမြောက်ကျကေ အားနာပြီးကေ တစ်ခါချေ ဖြစ်ဖြစ်လိုက်မိ လုပ်မိရေ။ လူတစ်ယောက်၏ အလေ.အကျင်.ဆိုစွာ ယင်းတစ်ခါချေကြောင်.စလာစွာ။ မကောင်းရေ တစ်ခါချေဆိုကေ ယင်းတစ်ခါချေကလဲ ကြောက်ဖို.ကောင်းရေ။ တစ်ခါချေ တစ်ခါချေ နဲ.ဘ၀ပျက်လားရေ လူတိအများကြီးပါ။

ကောင်းစွာလုပ်ကေ ကောင်းေ၇ပိုင် မကောင်းစွာလုပ်မိကေ. ယင်းအရိပ်မည်းဆိုစွာ တစ်ဘ၀လုံး ကိုယ်.နောက်ကိုလိုက်လို.နိန်ရေ။ ရွက်ဟောင်းကြွီကေ ရွက်သစ်ဝေ ကေလေ. ကိုယ်လုပ်ခရေ အမှားတစ်ခုကို ကြွီလားအောင်လုပ်လို.မရပါ။ ခဲမှန်ဖူးရေ စာကောင်ချေပိုင် အမြဲတမ်းလှန်.နိန်ရေ။ အပေါင်းအသင်.ကြောင်.တော.ဒေပိုင်အ၇ိပ်မည်းကြီး မဖြစ်စီချင်။ ယင်းနဲ.လို. သတိနဲ.ပေါင်းနိုင်ကတ်ပါစီ ကိုယ်.လိပ်ပြာကိုယ်လုံဖို.အတွက် အမှားမလုပ်မိအောင်။


အပေါင်းသင်းကြောင်. ဘ၀ပျက်လားေ၇ပိုင် အပေါင်းအသင်းကြောင်. တိုးတတ်လားနိုင်ရေ အတွက် သူငယ်ချင်းကောင်း မိတ်ဆွေစစ်ရနိုင်ကတ်ပါစီ။