Pages

Showing posts with label ဘ၀အတွေအကြုံ. Show all posts
Showing posts with label ဘ၀အတွေအကြုံ. Show all posts

Friday, December 23, 2011

နောက်ဆုံးထွက်သက်

နောက်ဆုံးထွက်သက်ကို အကောင်းဆုံးရူထုတ်နိုင်ဖို့ ငါခံနိုင်ရည်ရှိသိ့လာ။ နောက်ဆုံးထွက်သက်က အရေးကြီးဆုံးလို့ တရားတိမှာ ငါနာဖူးရေ။ ဒေနာကြင်မှုတိက ငါ့စိတ်ကိုငါ ထိမ်းနိုင်ဖို့ နောက်ဘ၀ကူးကောင်းဖို့ ခံနိုင်ရည်ရှိဖို့သိလား။


မြို့နယ်ဆရာဝန်က မကျန်းမာရေ ငါ့ကို စစ်တွေဆေးရုံကြီးမှာ ပြခိုင်းလို့ ဒေကုတလော အိမ်ကလူတိ လှုပ်လှုပ်ရှားရှားဖြစ်နိန်ကတ်တေ။ တစ်ရက်နှစ်ရက်ကေ ပျောက်လားဖို့ဆိုလို့လဲမရ ဒေ၀မ်းစကေ့ချေအောင့်စွာ တစ်ခုလဲမဖြစ်ဆိုလို့မရ စစ်တွေကိုလားဖို့ဂျေယာ တိုက်တွန်းနိန်ကတ်တေ။ မအားရေ သူရို့တိကိုလဲ ဒုက္ခမပီးချင်။ သမီးချေက ကျောင်းကခွင့်ယူပနာ နက်ဖြန်ခါလားရဖို့ဖြစ်လို့ ပစ္စည်းတိကို အသေအချာထည့်ပီးနိန်ရေ။ သူပါလိုက်ချင်နိန်ေ၇ အဖသည်ကို ဆီးခန်းပြပြီးပြန်လာဖို့စွာဖြစ်လို့ မလိုက်ကေ့လို့ပြောပနာ အိမ်မှာလူကြီးမရှိလို့ နိန်ခိုင်းခရေ။ မြီးအကြီးနဲ့ဆိုင်ရောင်းနိန်ရေ သမီးအလတ်ကလဲ အိမ်မှာလူမရှိလို့ မလိုက်နိုင်။ စစ်တွေမှာ Day တတ်နိန်ရေသူ့သမီးချေပါးကို ဖုန်းဆက်ပနာ အဘောင်ရှင်နားမှာနိန်လီလို့ ဖုန်းဆက်နိန်ရေ အသံကိုလဲကြားလိုက်တေ။

စစ်တွေမှာ ဆီးခန်းပြပြီးစွာနဲ့ ဆေးရုံတတ်ခိုင်းလို့ ဆေးရုံတတ်ရရေ။ စစ်တွေမှာရှိနိန်ရေ သမီးကတော့နိန့်တိုင်းထမင်းလာပို့ရေ။ ရွာမှာရှိနိန်ရေ သမီးအကြီးဆုံးကလဲ လာပနာအမိပါးမှာ ပြုစုနိန်ရေ။ သမီးတိဂျေးယာ မွီးထားမိရေငါ အရေးအကြောင်းကျကေ အနားကိုရောက်ပါလတ်ကတ်တေ။ မြီးအငယ်စွာကလဲ ကျောင်းအားတိုင်းလာကြည့်ရေ။ မြီးထဲမှာ သူ့ကိုတော့အချစ်ဆုံး အချေကပင် စီးပွါးရေး အဆင်မပြေလို့ ဖေချာ့ရှာနိန်ရရေ မုဆိုးမအမိထက် အဘောင်ရှင်နဲ့ရာ ကြီးပြင်းပါလတ်လို့ အဘောင်ရှင်ကို အမိထက်ပိုချစ်တေ။ တစ်သက်နဲ့တစ်ကိုယ် ဆေးရုံမတတ်ဖူးရေ ငါတစ်ယောက် ဆေးရုံမှာ ၁၂ရက်တောင်ရှိလားယာ။ တစ်ခါရာတတ်ဖူးရေ ဆေး၇ုံ နောက်ဆုံးတတ်ခြင်းဖြစ်တေလို့ ငါ့ကိုယ်ငါလဲ ယင်းခါမသိခ။ ဇာနိန့်ဆင်းရဖို့လဲလို့ မိန်းခီတိုင်း "အမိမှာ ဆရာဝန်က လုံးဝကျန်းမာစီချင်လို့နိန်ခိုင်းစွာ အိမ်မှာဆိုကေ ထိုလုပ်ဒေလုပ်နားခိုင်းလို့မရလို့ ဒေမှာနားခိုင်းစွာဆိုပနာ"တိကျရေ အဖြေကိုလဲမပီး။

ထွက်သင့်ရေ နိန်ရာကမထွက်ဘဲ ပါးစပ်ကရာ အပေါ့ပါ အလီးပါလားရေ မွီးခါစအချေတစ်ယောက်ကိုလဲ ၀မ်းခွဲရသိရေ။ သားဦးဖြစ်လို့ တပျင်းစိုးရိမ်နိန်ကတ်တေ ပေါက်တောက လင်မယားနှစ်ယောက်နဲ့လဲ ရင်းနှီးနိန်ကတ်ယာ။ GTC ကားမှောက်လို့ ဆေးရုံတင်ထားရေ ဆရာမတစ်ယောက်ကို လာကြည့်ကတ်တေကျောင်းသားတိနဲ့ ပြည့်နက်နိန်ရေ။ အော်မစည်ကားသင့်ရေနိန်ရာမှာ စည်ကားရေအထဲမှာ ဆေးရုံလဲအပါအ၀င်မနားယေ။ နာလို့ငိုရေလူ သီလို့ငိုရေလူ ပျော်လို့ငိုရေလူ အမျိုးမျိုးဖြစ်နိန်စွာကို ရုပ်ရှင်ကား တစ်ကားပိုင် ဆေးရုံက အခကြေးငွေတစ်ပြားလဲမယူဘဲနဲ့ ပြသနိန်ရေ။ စက္ကန့်နဲ့အမျှ ဒေလာကကြီးထဲကို ၀င်လာရေလူရှိရေပိုင် ထွက်လားခရေ လူတိလဲရှိရေ။ သံဝေဂတရား ဒေနိန်ရာကိုရောက်မ အားရပရ ကြည့်ရ မြင်ရ ခံစားရရေ။

မိုးထက ၀မ်းခွဲရဖို့လို့ ဆရာဝန်ကြီးပြောခရေ စကားတစ်ခွန်း ကြောင့်တစ်ချက်ချက်မှိုင်လားရေ သမီးချေမျက်နှာ ငါမမြင်အောင်မျက်ရည်ဝိုင်းတတ်တေ သမီးကြီးမျက်နှာ ဒေနိန့်မှနားလည်ရေ။ ၀မ်းအောင့်စွာလို့ပဲ အထင်နဲ့ အအီးဆဆေးဖြစ်နိန်စွာ လန့်လားခရေ။ အူမှာအနာတွီ့လို့ ၀မ်းခွဲပနာ ထုတ်ပလိုက်ဖို့ ကြောက်စရာမလို ကောင်းလားဖို့စွာလတ်။ ကောင်းလားဖို့စွာနဲ့ သူ့၇ို့တိမျက်နှာ ဇာဖြစ်လို့မကောင်းကတ်စွာလဲမသိ။ စကားတစ်ခွန်းမိန်းလိုက်တိုင်း စိတ်မကောင်းကတ်တေ သမီးတိမျက်နှာကိုမြင်ရစွာ ငါလဲစိတ်မချမ်းသာ။ နောက်ထပ်မမိန်းဖို့ ဆုံးဖြတ်ပလိုက်တေ။ ၀မ်းခွဲပြီးလို့ ၁၅ရက်မြောက်နိန့် ဆရာဝန်က တစ်ဖြည်းဖြည်းနဲ့ အနာက ကောင်းလားလိမ့်မယ်ဆိုပနာ ဇာမှာနားချင်လေ ဆေးရုံမှာနားချင်လာ အိမ်မှာနားချင်လာလတ်။ နိန်မကောင်းပင်ဖြစ်ဖြစ် နိန်ကောင်းရေပင်ဖြစ်ဖြစ် လူတိုင်း ကိုယ့်အိမ်ကိုယ့်ယာမှာရာ နိန်ချင်ကတ်စွာရာမနား။ အမိနက်ဖြန်ခါပြန်ကတ်ဖို့လို့ပြောရေ သမီးအသံ မျှော်လင့်ချက်မဲ့နိန်ရေပိုင်ကာ။

ဆီမီးစတာတစ်ခုပြီးတိုင်း ပြန်မလာဘဲ စစ်တွေမှာအင်္ဂလိပ်စာတတ်တေမြီးချေ ဒေတစ်ခေါက် အိမ်မှာနားချင်ရေ ဆိုပနာအရင်ပြန်လာလတ်တေ။ ခွင့်စေ့လားကေတောင် ကျောင်းမတတ်ဘဲ အမိနားမှာရာ တစ်ချိန်လုံး ပြုစုနိန်ရေသမီးငယ် တရားခွေတိ တစ်ခွေပြီးတစ်ခွေ ဖွင့်ပနာ အမိနားလည်အောင်ရှင်းပြနိန်ရေ စီးပွါးရေးရာအရေးကြီးေ၇လို့ပြောရေသမီးလတ် ရွာကမိသားစုကို ပစ်ပနာလိုက်လာရေသမီးကြီးရို့တိက မခံမရပ်နိုင်အောင်ထိုးအောင့်လာရေ ဒေ၀ဒနာကိုပျောက်ကင်းစီရေ။ အမိမသိအောင် ဟန်ဆောင်နိန်ကတ်တေသူ့ရို့တိသောက ငါမသိဘဲနဲ့ နိန်ဖို့လား။ ငါနင်ရို့ကိုမွီးပီးလိုက်တေလူ။ နင့်ရို့ထက် ထမင်းအရင်စားရေလူ။ နင်ရို့ပိုင် စာတတ်ပီတတ် မဟုတ်ကေ့လေ့ ခံစားနိန်ရရေ ငါ့ရောဂါ ညဉ့်ခါတိုင်ကေ တရားမှတ်လို့မရလောက်အောင် ဆိုးရွားရေ ဒေနာကြင်မှု ဇာအတိုင်းအတာကို ရောက်နိန်လေဆိုစွာကို ငါမသိဘဲနဲ့ နိန်ဖို့လား။ ငရဲဘုံအလားခံစားနိန်ရရေ ရင်ဘတ်က ဝေဒနာကိုမျက်ကွယ်ပြုပနာ အီးချမ်းရေ သုခဘုံဖြစ်အောင် နင်ရို့တိဖန်ဆင်းနိန်ကတ်တေ။ ငါ့ရောဂါ ဇာအဆင့်လဲ ဇာရောဂါလဲဆိုစော်ကို နင်ရို့တိမပြောကေ့လေ့ ငါသိရေ။ " အူမကြီးကင်ဆာ နောက်သုံးလရာနိန်ရဖို့ "ငါအိပ်နိန်ရေ ထင်ပြီးကေ အိမ်အောက်မှာအဖကို တတိုးချေပြောနိန်စွာကို နားထောင်ဖို့မလို့ဘဲ အလိုလိုကြားခမိရေ၊ ငါမကြောက်ပါဘူး အသက် ၇၃နှစ်ထိနိန်ပြီးယာဝေါ။ သောကတိကိုဖုံးပြီးကေ နိန့်မအား ညမအား ပြုစုနိန်ကတ်တေ နင့်ရို့တိကိုအားနာမိရေ။ ငါ့သားသမီး ဆွေးမျိုးအသိုင်းအ၀ိုင်းတိ နာကြင်အောင်လုပ်မိနိန်ယာမလားကု။

အချိန်တိတစ်ရက်ထက် တစ်ရက်ကုန်ပါလတ်တေ။ ထမင်းစားလို့မ၀င်လို့ ပိုက်နဲ့သွင်းရရေ။ ဆေးမှုသမက်က မနာအောင်လို့ ထိုးပီးရေဆီး မတိုးနိုင်ယာ။ အသီးကြိုက်တေငါ့ကို မြီးချေက အသီးဖျော်၇ည်ဆိုပနာ အမြဲတမ်းလာခွံရေ သူ့မျက်လုံးချေမှာလဲ မျက်ရည်တိဝိုင်းနိန်ကတ်တေ။ အစာစားဖို့ကြောက်ရွံလာရေ အစာမျိုချတိုင်းနာကြင်ရေဒဏ်က ဒေအစာအာဟာရ ဇာကိုလားပနာ အားဖြစ်ဖို့သိလဲ။ မသီခင်ကပင် အပုပ်ကောင်ဖြစ်နိန်ရေ ငါ့ကိုယ်လဲ ဟိုဘ၀က ဇာမကောင်းမှုလုပ်ခလေမသိ။ အစာလဲမစား ရီလဲမသောက် မျက်လုံးတောင်မဖွင့်ချင် ဖြစ်ချင်စွာဖြစ် မျောပလိုက်ချင်ယာလို့ ခံစားနိန်ရရေ ဝေဒနာကို မထိမ်းနိုင်ဘဲ ဆောက်တည်ရာမရာပြောမိရေ။ ဗြုန်းခနဲ့ငိုချလိုက်တေ သမီးချေ ဇာခါကပင်ထိမ်းထားလဲမသိ အနားကထွက်ပြီးလခရေ။ အော်ဘ၀ ဘ၀ လူ့ဝစော် မျက်၇ည်နဲ့စပြီး မျက်၇ည်နဲ့ဆုံးရေဆိုစော် ငါကိုယ်တွီ့ရာမနား။

Wednesday- ဒေနိန့်မြီးချေက သူ့အဘောင်ရှင်အနားမှာ အိပ်ဖို့လို့ မထွီးမတိကို ပူဆာနိန်ရေ။လူကြီးတိရှိလို့ ဒေမြီးချေကို တစ်ခါလဲ စောင့်အိပ်ဖို့မခိုင်း။ စကားပြောဖို့ ပါးစပ်တောင်မဟနိုင်ကေ့လေ့ အသိစိတ်တော့ရှိသိရေ။ ရုပ်ရာရှိပနာ နာမ်မရှိေ၇ ငါ့အကောင်ဘေးမှာ နင် အဘောင်ရှင်သီဖို့စွာကို သိလို့ ဒေနိန်စောင့်အိပ်စွာလို့ မြီးချေကို ပြောလို့ရှိလီကတ်ဖို့လား။ အဘောင်ရှင်အနားမှာ ဒေနိန်တစ်ရက်စောင့်အိပ်ဖူးလိုက်တေ ငါကံကောင်းရေမနားယေလို့ မြီးချေထင်လို့ရှိဖို့လား။ ဘုရားတ၇ားအကြောင်းကိုရာပြောဆိုလို့ မြီးချေက သူ့မထွီးမနဲ့ တတ်သမျှမှတ်သမျှကို ပြောနိန်ရေ။ သူရို့ပြောရေ တရားအကြောင်း နားထဲ ၀င်လိုက် မ၀င်လိုက်နဲ့ လေဟာနယ်ထဲ မျောနိန်ရေ။ နောက်ဆုံးထွက်သက်ကို အကောင်းဆုံးရူထုတ်နိုင်ဖို့ ငါခံနိုင်ရည်ရှိသိ့လာ။ နောက်ဆုံးထွက်သက်က အရေးကြီးဆုံးလို့ တရားတိမှာ ငါနာဖူးရေ။ ဒေနာကြင်မှုတိက ငါ့စိတ်ကိုငါ ထိမ်းနိုင်ဖို့ နောက်ဘ၀ကူးကောင်းဖို့ ခံနိုင်ရည်ရှိဖို့သိလား။

Friday, November 4, 2011

လူ

ဇာကို "လူ" လို့ခေါ်လေ။ ဒေအသက်အရွယ် ရောက်နိန်ဗျာလ် "လူ" ဆိုရေ အဓိပါယ်ကို မသိသိ့။ လှန်ကြည့်ဖို့ အဘိဒန်လဲ ၀ယ်လို့မရ။ ဒေပင်လယ်ကို လက်ပစ်ကူးလီမှ ကကောင်းသိလားဖို့ထင်ရေ။ ရီကူးသင်ဖို့ ဆရာကောင်းကောင်းတစ်ယောက် ရှိရဖို့သိ။ မဟုတ်ဘဲနဲ့ ရီကူးဝတ်စုံ ၀ယ်ပနာ တစ်ခုကိုလဲ မကြည့်ဘဲနဲ့ မျှောနီရဖို့လား။
ဘ၀အကြောင်း စိုင်းစားကြည့်လိုက်ကေ အပျိုဖြန်းချေတိပိုင် ရင်ခုန်နှုန်းတိ မြန်လာရေ။ ပျစ်စုပန်မှာ ထိုင်နိန်ပနာ မမြင်ရသိရေ အနာဂါတ်တွက်လဲ စိတ်ပူရေ။ ပြီးလခရေ အတိတ်တွက်လဲ နောင်တတိကို ပိုင်ဆိုင်ထားသိယင့်။ ကိုယ့်စွာကိုယ်လဲ "မသိယာ မသိယာ" လို့ရာ ဇာနှစ်ခေါက် သက်ပြင်းချမိလေမသိ။

"ဘ၀အကြောင်း ကောင်းမစိုင်းစားကေ့, ဒေဇာတ်ခုံမှာ ကျရေနိန်ရာက တာဝန်မထမ်းဆောင်ကေ လိုချင်စွာကို ရအောင်ယူဖို့ အားထုတ်ရကတ်ဖို့"လို့ အရီးမတစ်ယောက် ဆုံးမခရေ။ လူတစ်ယောက်ဘ၀နဲ့ တစ်ယောက်ဘ၀မတူစွာကို အပြစ်ပြောလို့မရ။ ကုသိုလ်ကံလဲ တစိတ်တပိုင်းပါရေပိုင် ၀ီရိယလဲရာခိုင်နှုန်း အပြည့်နီးပါးလိုအပ်တေ။ ကြားဖူးရေ ဆောင်ပုဒ်ချေတစ်ခုကို လားအတွက်ပေါ်ခီယင့် ဆင်ပတုံးကိုစမ်းမိရေလူက ဒေချင့်ကမြွီပိုင်လို့ပြောဖို့။နောက်ကုန်းကိုစမ်းမိရေလူက ချောနိန်ရေလို့ပြောဖို့။ ဆင်တစ်ကောင်ကို မျက်မမြင်ရေ လူတိစမ်းပနာ ဝေဖန်ရေပိုင် ဘ၀ဆိုစွာလဲ ယပိုင်ယာ။ ကိုယ်ကိုင်မိရေအတိုင်း ခံစားရကတ်ဖို့စွာရာမနား။

ဒေနိန့် နိန်မကောင်းလို့ ခွင့်ယူလိုက်တေ ဆီးခန်းကိုမလားချင်ဘဲနဲ့ လားခီရရေ။ ဆီးခန်းနားက Food Court ကိုရောက်တေခါ ဆိုင်မှာလုပ်နိန်ရေ တရုတ်မနဲ့တူရေ မမတစ်ယောက် အကျွန်နဲ့ ဘေးကပါလာရေအဖော်ကို စိုက်ပနာကြည့်နိန်ရေ။ စိတ်ကလဲ ဒေမမကို မြင်ဖူးရေပိုင်တွီ့ရေ။ ဇာနားမှာ တွီ့ခလဲ စိုင်းစားရေ စိုင်းစားလို့မရ။ ဒေကုတလော အသက်အရွယ် ကြီးလာလို့ထင်ရေ ဦးနှောက် ဗြုန်းခနဲဆိုကေ လုံးဝစိုင်းစားလို့မရယာ။ ဆီးခန်းက ပြန်လာရေခါ အိမ်မှာချက်ထားစွာ တစ်ခုလဲမရှိလို့ ယင်းဆိုင်တန်းထဲက တစ်ဆိုင်မှာ ၀င်စားဖြစ်တေ။ ထမင်းမှာပြီးရေခါ အအီးသောက်ဖို့ ယင်းမမက အနားကိုလာပနာ ဇာသောက်ဖို့လဲ ဆိုပနာလာမိန်းရေ။ အအီးပီးပြီးရေခါ အနားက မခွါလီယာ။ ထမင်းစားနိန်စွာကို ထိုင်ပနာကြည့်နိန်ရေ။ထူးဆန်းရေ တစ်မျိုးလို့ အနားက ထွက်မလားလီမြင်ယင့် Customers တိတွက် ဒေချင့်က မကောင်းလို့ ဘေးကအဖော်ကို ပြောမိရေ။

ယေခါ ယင်းမမက ဗမာစကားနဲ့ မဟုတ်တစ်မျိုးမထင်ကေ့ ကိုယ့်မြန်မာလူမျိုးဖြစ်လို့ ကြည့်နိန်စွာလတ်။ ယင်းခါမှ ကောင်းကောင်းအားနာလားရေ။ အော်ဒေမမစွာ ဘုန်းကြီးကျောင်းမှာ မှတ်မှတ်ရရသိလိုက်တေတစ်ယောက်ရာမနားယေလို့ သတိရလာရေ။ ဒေအတိုင်းနိန်ကေတောင် ခါးကပေါ်ရေ နောက်ကုန်းဗလာကျင်းအင်ကျီ ပေါင်တစ်ပိုင်းလောက်ရာရှိရေ စကပ်နဲ့ လုံးဝမအပ်စပ်တေ အ၀တ်အစားကို ၀တ်ထားလို့ ဘုန်းကြီးကျောင်းမှာရှိသမျှ လူတိုင်း သူ့ကို သတိထားမိလားကတ်တေ။ နိုင်ငံခြားမှာနိန်ပြီးကေ အမြင်ကျဉ်းနိန်စွာတောင် မဟုတ်။ နေရာ ဒေသအလိုက် ၀တ်တတ်ဖို့လဲ လိုအပ်တေ။ အော် ဒေချင့်လဲ ပေါ်ပြူလာဖြစ်အောင်လုပ်တေ တနည်းရာမနားယေလို့ ယင်းခါတောင် အတွေးတစ်ချက် ၀င်လိုက်သိ့ရေ။
အစ်မရို့ ဇာလုပ်စွာလဲ စာရင်းကိုင် အင်ဂျင်နီယာတိလားလတ်။ သူမိန်းရေ မိန်းခွန်း စိတ်မကောင်းဖြစ်မိရေ။ အကျွန်ရို့ထက် ကြီးဖို့ပုံပေါက်တေ ယကေ့လေ့ လေးစားမှုနဲ့ထင်ရေ မမလို့ခေါ်ရေ။ ညိုးငယ်နိန်ရေ သူ့မျက်လုံးက ဒေလူတိရင်ကိုထိလားရေ။ အင်း သေချာစွာတစ်ခုက အလုပ်ဟူသမျှ ဂုဏ်ရှိရေဆိုစွာကို သူမိန့်ထားရေထင်ရေ။

ဒေကို လာရေ လူတိအများကြီးနဲ့ သူဆက်ဆံရရေ။ အချေ အကြီး ၀ါကျီး ၀ါကျီးမ ကအစ နှာဘူးတိနဲ့လဲ ဆက်ဆံရရေလို့ ကံမကောင်းလတ်။ လူတိနဲ့ ဆက်ဆံနည်း သူအတွီ့အကြုံက ပီးနိန်စွာကို သူကအရိပ်မကျ။ သူပြောရေ အဆင်မြင့်မြင့်နဲ့ အေးကွန်ရှိရေ ရုံးခန်းမှာ လုပ်ရစော်မှန်ရေ။ Pressure ဆိုစွာကို သူမတွီ့ဖူးသိလို့ထင်ရေ။ ဇာပင်ပြောပြော အလုပ်တိုင်းမှာ Pressure ရှိစွာရာ။ ကိုယ်လစာ ဇာလောက်ယူထားလေ ယူထားရေ အလျှောက် ပီးဆပ်ရကတ်စော်မနား။ တစ်ချို့ အလုပ်တိဆိုကေ လစာနဲ့ မတန်မရာ ခိုင်းပနာ တစ်ချို့အလုပ်တိက သက်သာရေ။ အားလုံးသူက ၀မ်းရေးဖှုံလှုံဖို့တွက် ဆင်ကိုယ်ကို စမ်းမိစမ်းရာ စမ်းနိန်ကတ်တေ။ စိတ်မညစ်ကေ့ ကိုယ့်ထက်ဆိုးရေ လူတိ လောကမှာ အများကြီးလို့ ဖြစ်နိုင်ကေ အလုပ်ပြောင်းဖို့ ကြိုးစားလို့ နှုတ်ဆက်ခရေ။ ယင်းမမလဲ ကျားယို ကျားယို(အားတင်းထား အားတင်းထား)လို့ ပြောပနာ အနားကထွက်လခရေ။ အင်း သူပြောစွာလဲမှန်ရေ။ အနာဂါတ်အတွက် အကျွန်လဲ ကျားယိုရဖို့သိမနားယေ။

မီးပွိုင့်နီ နိန်စွာကို မစောင့်နိုင်လို့ SHIT လို့တစ်ယောက်တည်း ပြောနိန်ရေ လူတစ်ယောက်ကိုလဲ တွီ့ခရေ။ ဓါတ်လှေကားက အထွက်ကို မစောင့်နိုင်ဘဲ ၀င်လားခရေ ၀ါဂျီးတစ်ယောက်ကို စည်းကမ်းမရှိလို့ ပြောနိန်ရေ လူတစ်ယောက်ကိုလဲ တွီ့ခရေ။ Mall ထဲမှာ အရှီ့ကကိုယ် Queue နိန်ယင့်သားနဲ့ ကိုယ်ရှီ့က ဖြတ်လုခရေ လူတစ်ယောက်ကိုလဲ တွီ့ခရေ။ အော်လူတိလူတိ ဒေလောက်နိန်လာကတ်ယာ သီဖို့လဲ စက်ကန့်နဲ့ အမျှနီးကတ်လာရေ ယင်းချင့်တောင် မစောင့်နိုင်ကတ်။
မဟုတ်ဘဲနဲ့ မိန့်ကွန်ဆောင်နိန်ကတ်စွာရှိဖို့။ ယင်းအထဲမှာ အကျွန်လဲ ရှီ့ဆုံးက ပါလီဖို့။ လူအမျိုးမျိုး စိတ်အထွေထွေ။ ဇာချင့်ကို လူလို့ သတ်မှတ်ရဖို့လဲ မသိယာ။ အားလုံးသူက နှလုံးတုနဲ့ အသက်ရှင်နိန်ကတ်တေ စက်ရုပ်တိပိုင်ဗျာလ်.....




Monday, March 28, 2011

ကြားဖူးနားဝ စိတ်အဆို.အမိန်.တစ်ခု

လူတစ်ယောက်စွာ ကျန်ရှိနေရေဘ၀တစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်ဖြတ်သန်းလို.မရပါ။ သက်ရှိမဟုတ်ကေသက်မဲ.တစ်ခုမဟုတ်တစ်ခုတော.လိုအပ်ပါရေ။


 
အားလုံးသူ ကြံတွီ နိန်ကတ်စွာပါမလား။ အိမ်ထောင်လုံးဝပြုရဖို.လို.ပြောစွာ မဟုတ်ပါ။ စဉ်းစားကြည်.ပါလေ အထီးကျန်ခြင်းဆိုစွာက လူတစ်ယောက်ရဲ.စိတ်ကို ကကောင်း ထိခိုက်လားနိုင်ပါေ၇ အဆုံး ရူးတောင်ရူးလားနိုင်ပါရေ။ ယင်းနဲ.လို.ကိုယ်က သက်ရှိအဖေါ်ကို မလိုလားချင်လို. ဆုံးဖြတ်ပြီးစွာနဲ. ငါက ဇာကိုစိတ်ဝင်စားလေ ဆိုစွာအရေးကြိးပါရေ။ သေချာစဉ်စားပါ ဒေချင်.လုပ်လိုက်လို. ငါအဂင်. စိတ်ချမ်းသာလာ။ ငါ.ကိုကော စိတ်ပျော်ရွင်မှုကိုအမှန်ပီးနိုင်လာ။


ဇာလို.လဲဆိုကေ တချို.ရှိပါရေ။ အမှန်တကယ် စိတ်ဝင်စားရေလို.ထင်ပြီးကေ အချိုန်ကြာလာစွာနဲ.အမျှ ငြီးငြွေ.လာပါေ၇။ ကိုယ်နဲ.မသီမချင်းပါလားဖို.အဖေါ်ကို ရင်ထဲကပင်နှစ်နှစ်ကာကာ မြတ်နိုးရပါဖို.။ အပင်စိုက်ဖို.စိတ်ဝင်စားလား။ စာဖတ်ဖို.စိတ်ဝင်စားလာ။ စာရွီးဖို.စိတ်ဝင်စားလာ ကြည်.ရပါဖို.မနားယေ။ နန်းစံကတော.အားပီးပါရေ။ ကိုယ်လုပ်လိုက်လို.တခြားသူမထိုခိုက်ကေ ပြီးပါယာလေ။
မဟုတ်ကေ သေချာရေ ဘ၀ကို စတင်ငြီးငြွေ.လာပါလိမ်.မေ။ အမျိုးမျိုး စဉ်းစားလာကတ်ပါဗျာလ်။ (ကိုယ်တိုင်ခံစားဖူးလို.ပြောစွာပါ၇ာ) ဒေဘ၀မှာနိန်လို.ဇာထူးဖို.လဲ ဇာအဓိပါယ်ရှိလေ ဇာလို. အသက်ရှင်နိန်ရလေ။


တစ်ခါဆိုကေ စိတ်ရှုပ်ဖို.ကောင်းရေ ပြသာနာတစ်ခု ကြုံ၇ေ၇အချိန် လူဆိုစွာ နလန်းတောင်မထူ နိုင်ပါ။ သူငယ်ချင်းတစ်ယောက်နဲ. စကားပြောဖြစ်ပါရေ။ ဒေပိုင်ဘ၀မှာနိန်လို.ဇာထူးဖို.လဲ ဒေပိုင်အသုံးမကျရေ လူတစ်ယောက်ဖြစ်ရာစွာ ဇာကောင်းလို.လဲ။ သီစွာတောင်းကောင်းဖို.လို. ပြောဖူးပါေ၇။
ယင်းအချိန်မှာ သူပြောလိုက်တေ စကားတခွန်းစွာ ရင်ကိုကကောင်းထိလားပါေ၇ မှန်လဲမှန်နိန်စွာပါကို
"နင်ကောင်းစာဖတ် အားနည်ရေ"  ဟုတ်ပါရေ။ ကောင်းလဲရှက်မိရေ။
 

ဒေလောကမှာ လူလုပ်ကေ မဖြစ်စွာဇာရှိလို.ပါလဲ။ အားတင်းကတ်ပါမယ်။ ငါရို.ထက် မသွန်းစွမ်းရေ လူတိကတောင် သူတို.နိန်ထိုင်ရေ ပတ်ဝန်းကျင်ကို ကောင်းကျိုးပေးနိုင်သိကေ.နန်းစံ ရို.ပိုင် ခြီ လက် သန်မာရေလူတိက မလုပ်နိုင်ဆိုကေ ကောင်းရှက်ဖို.ကောင်းရေ ဖြစ်ရပ်ပါရာမလားယေ။


စာဖတ်အားနည်းလို.စိတ်ဓါတ်က အားနည်းနီစွာ ပါမလားယေ။ 
စိတ်ဓါတ်ရင်.ကျက်ဖို.အတွက် စိတ်စွမ်းအားပီးေ၇ စာကောင်းပေကောင်းတိရွီးပြီးကေ ဖတ်ကတ်ပါ။ (ယပိုင်ကြုံဖူးကတ်ပါလား)  ယပိုင်ဖြစ်လာေ၇ဆိုစွာနဲ. နန်းစံ အရင်ဆုံးလုပ်စွာကတော. စာအုပ်တိဖတ်ပီးပါရေ။ ကိုယ်.စိတ်ကိုယ် အားပီးနိုင်ေ၇ စာမျိုးပါ။ တစ်ချို. အနှစ်မပါရေ စာအုပ်တိရှိပါရေ။ ယင်းဟင်ကိုတော. စာဖတ်သက်တမ်း ကြာလာစွာနဲအမျှ ပြောစ၇ာမလို သိလာစွာပါရာ။ ယင်းနဲ.လို.စာဖတ်စီချင်ပါေ၇ ဇာစာပင်ဖြစ်ဖြစ်ဖတ်ပီးပါ။


အချေတိရှိကေ သူ.ရို.ကာတွန်းဖြစ်ဖြစ် ဇာဖြစ်ဖြစ် ကျောင်းစာမဟုတ်တေတွက် ဖတ်လို.မဆူကတ်ပါကေ.။ သူရို.စိတ်ထဲမှာ စာဖတ်ချင်ေ၇ စိတ်ဓါတ်ကိုကပင် ချီုးကျူးဖို.ကောင်းနိန်ပါဗျာလ်။ နောက်ခါသိလားပါလိမ်.မယ် ဇာပိုင် စာပီမျိုးကကောင်းေ၇ မကောင်းဆိုစွာကို။


နန်းစံဆိုက အချေကပင် စာဖတ်ဝါသနာ ကကောင်းပါရေ။ 
 ကာတွန်းစဖတ်ပါရေ။ ခုနှစ်တန်းနှစ်ရောက်တေခါ ၀ထုစာအုပ်ဖတ်လာပါေ၇ (သိုင်းစာအုပ်ပါ )။ ဖတ်လို.ပြီးကေ ဘေးမှာ၇ှိရေ သူငယ်ချင်းကို ဒေချင်.ကေ၇ှာင်လင်သိုင်းဆိုပြီးကေ အကွက်ပြပါဗျာလ်မလားယေ(ဟဲဟဲ)။ ဇာလောက်စွဲလီလာပါဖို.လဲဆိုကေ စာသင်နိန်ေ၇ အချိန်မှာတောင် ခုံအောက်မှာ စာအုပ်ကိုထည်.ပြီးကေ ခုံကြားထဲကနိန် စာတကြောင်းရာမြင်၇စွာကို လိုက်ဖတ်တေ။ ဆရာမမြင်ကေတော. သိပါေ၇မလား ဒေတပည်.စာကိုအသေချာသင်နိန်ေ၇ ( ကန်တော.ပါယင်.ဆ၇ာမကို  လိမ်ခစွာတိကို)။


ဆယ်တန်းနှစ်ဆို ကကောင်းဆိုးလာပါရေ။ မေမေက ဆရာမအိမ်မှာထားေ၇ ပြောမ၇ဆိုမ၇လို.။ အိမ်မှာဆိုကေ စာဖတ်အောင်ဆိုပြီးကေ သမီးချေ စာဖတ်လို.ပြောကေ.။ ချော.လို.ပြောမနိန်ကေ.လို.ဖတ်ချင်ေ၇အချိန်မှာဖတ်မှ စာရေ၇လို.ပြန်ပြောေ၇။ နာမည်တပ်ခေါပြီးကေ စာဖတ်လို.ပြောကေ.လေ ဇာလို.ဟောက်နေလေမေမေမှာ Feel လာကေဖတ်မေ။


(ဟေဟေ အကြောင်းပြချက်မျိုးစုံနဲ.ပါလေ)။ ကိုယ်ဆိုးခစွာတိကို စဉ်းစားလိုက်ကေ မေမေကိုလဲ ကောင်းသနားပါေ၇။ သူ.ခမျာ မိဘဆိုေ၇ နှစ်ယောက်လုံးတာဝန်ကို မိ ဆိုေ၇ မိခင်တစ်ယောက်တည်းနဲ. ဒေပိုင်လူတန်းစိ.နိန်နှိင် အောင် သမီးနှစ်ယောက်လုံးကို ရုန်းကန်ကျွေးမွေးခ၇စွာတိကို စဉ်းစားလိုက်ကေ ကြောက်ပါလတ်ပါေ၇။ ငါ.ရာမေမေနေရာမှာဆိုကေ ဒေပိုင်ရပ်တည်ပေးနှိင်ဖို.လားမသေချာပါ ။


မေမေကိုကောင်းကျေးဇူးတင်ပါေ၇ (တစ်ခါလဲ မပြောဖူးေ၇ စကားပါ နန်းစံ ၇င်ထဲမှာအမြဲ၇ှိပါရေ။ မပြောဖြစ်ပါ ပြောချင်ကေ.လေ ပြောဖို.မ၀ံမရဲဖြစ်နိန်ခလို.ပါ)။ ပြန်လာဖို.စွာကိုကိုယ်.အလှည်.မှာ ငါနဲ.တူေ၇ သားသမီးတိ၇ာ၇ကေ.တော.လားဗျာလ်လို. (ဟေဟေ)။ ယကေ.မေမေက ပြောမရဆိုမရလို. လက်လွတ်လိုက်ပါဗျာလ်မလားယေ။ ဆရာမအိမ်ကိုပို.ပလစ်ပါေ၇။ ဆ၇ာမဆိုက လိမ်လို.မရပါလေ။
မ၇ပါ ၀ါသနာကို ဖျာကာလို.မ၇ဆိုေ၇ စကားအတိုင်း စာကတော.ခို.းဖတ်တုန်းပါ။


မေမေနဲ.တွီ.တိုင်း အပြောခံတုန်းပါ ။ Happy New Year ရို.နိန်.ကြီးနိန်မြတ်တိ  ရောက်ကေတောင် သူငယ်ချင်းတိ အိမ်ပြန်ကေတောင် မပြန်ပါ။ မေမေကတော.ငါ.သမီးချေ ကောင်းစာကြိင်္ုးစားရေဆိုပြီးကေ ဖေချာတိလာပီးပါေ၇။ အမှန်ကတော. ၀ထုစာအုပ် နဲ.နပန်းလုံးနိန်စွာပါ။
ညိန်.ခါတိုင်ကေလေ. မအိပ်ပါ။ ဆရာမက မအိပ်သိလားမိန်းကေ စာဖတ်လို.မပြီးသိလို.ပါ။ 

(လိမ်စွာလိမ်စွာတိ) ဆ၇ာမလာကြည်.ကေ စာအုပ်ကြီးတစ်အုပ်ကို ဖတ်နိန်ေ၇စတိုင်နဲ. အမှန်တော. စာအုပ်နောက်မှာ ၀ထုစာအုပ်ပါပါေ၇။ ကောင်းညိန်.နက်လာကေ ဆရာမကမီးမြင်ကေ မအိပ်သိလားလို.မိန်းဖို.စွာကြောက်လို. စာအုပ်ကို ငါးမီနစ်တခေါက် စာရွက်တိကိုလှန်ပေးရေ အသံကြားအောင်လို.။ ( ပညာတိ) အတုမယူကတ်ပါကေ.။ ကကောင်းဆိုးခပါေ၇။



ညီချေ ညီမချေတိကိုလဲ စာဖတ်စီချင်ပါရေ။ စာဖတ်စွာကတော.ကိုယ်.မမြင်ဖူး မကြုံဖူးရေ ဘ၀တိကိုတွေ.ရပါရေ။ ပြိးကေ စာဖတ်စွာ ကအကောင်းဆုံးသူငယ်ချင်းပါ ။ စာအုပ်ထဲကရရေ အသိပညာတိကလဲ ကောင်းအကျိုးရှိပါရေ။ 



စာအုပ်တစ်အုပ်ကြောင်.လူတစ်ယောက်လုံးရဲ. ဘ၀တစ်ခုလုံးကို ပြောင်းလဲလားနိုင်စီပါရေ။

စိတ်ထားဖြူ နိုင်ကတ်ပါစီ

လူတစ်ယောက်လို.ဖြစ်လာေ၇ကပင်စိတ်ဓါတ်ဆိုစွာကကောင်းအရေးကြီးပါေ၇။ ရုပ်အကျည်းတန်းကေတောင်စိတ်ဓါတ်အကျည်းမတန်ကတ်ပါကေ.။



အားလုံးသိကတ်တေအတိုင်း ရုပ်အလှထက် စိတ်အလှက ပိုအေ၇းကြီးပါေ၇။
လူတစ်ယောက်ဆိုစွာ အရုပ်ကတပျင်းလှနီပြီးကေ စိတ်ဓါတ်က အောက်တန်းကျလွန်းကေ ယင်းလူဆိုစွာလှနိုင်ပါဖို.သိလား။ တခုပိုင်လည်းမလှနိုင်ပါဗျာလ်။
ရုပ်မလှကေ.လေ စိတ်ထားကဖြူစင်နီကေ ယင်းလူကိုကြည်.လိုက်ခါကပင် ကောင်းစိတ်ချမ်းသာပါေ၇။


မျက်နှာမြင်ချစ်ခင်ပါစေ ဆိုေ၇ဆုဆိုစွာ လုံးဝပြည်.ပြီးသားပါဗျာလ်ယေ။ ယင်းနဲ.လို.ရုပ်အကျည်းတန်းလို. စိတ်မညစ်ကတ်ပါကေ. စိတ်ဓါတ်အကျည်းမတန်းစွာကိုရာ ဂုဏ်ယူကတ်ပါမေ။ စိတ်ဓါတ်အကျည်းမတန်းအောင်.ကြိုးစားကတ်၇ပါဖို.။ ဟုတ်ပါေ၇လေ လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုေ၇စကားရှိပါေ၇မလား။ လူတိုင်း စိတ်ထားမဖြုစင်နိုင်ပါ (နန်းစံအပါအ၀င်)။ တချိ.ရှိပါေ၇ မွီးလာခါကပင် ဖြူစင်ေ၇ စိတ်ထားချေတိနဲ.ပါ။ လူတိုင်းယပိုင်ဆိုကေ ကောင်းပါဖို.မလားယေ။



နန်းစံဆိုကေ ကောင်းစိတ်ပျက်တေ ကိုယ်.စိတ်ဓါတ်ကို။ ဟုတ်ပါေ၇ စိတ်ဓါတ်ကလေ မကောင်းပါ အမှန်ပြောစွာ။ ဥပမာ ကိုယ်.ထက် သူငယ်ချင်းတစ်ယောက်က စာတော်နိန်ေ၇ပင်ဖြစ်ဖြစ် တစ်ခုခုသာနိန်ကေပင်ဖြစ်ဖြစ်  အော်သူ.နေရာမှာ ငါ.ဆိုကေ  ဘဇောင်ပိုင်ကောင်းဖို.လဲချင်. (အားကျေ၇ စိတ်မနာလိုေ၇စိတ် တစ်ခုခုတော. ဖြစ်လားပါေ၇)။ ကိုယ်ကား ကြိုးစားလားပြီးကေ မကြိုးစားပါ။ အချေခါဆိုကေ အမြဲတမ်းပြောပါေ၇။ စာကြိုးစားဖို.တော.စိတ်မ၀င်းစား အေးမကြိုးစားလို.မရဆိုကေ ကြိုးတစ်ပင်ဝယ်လို.စားပါဖို.လို.။(ယလောက်ထိလိမ်မာ ခပါေ၇)။


ရှိပါသိမ်.ေ၇ တစ်ယောက်ယောက်က နန်းစံပါးမှာရှိေ၇တစ်ခုကို တောင်းနိန်ကေ မပီးချင်ပါလေ ကြည်ကြည်ဖြူဖြူနဲ. စိတ်ပုတ်စွာတိပါလေ။ ဒေကုဆိုကေ မကောင်းေ၇ စိတ်ဓါတ်တိက လုံးဝမဟုတ်လားကေတောင် တဖြည်းဖြည်းနဲ. နည်းပါးလားအောင် လုပ်နိန်ပါေ၇။

မှန်ပါေ၇ ပုထုဇဉ်ပါမလား မာန်မာန ဒေါသ မောဟ တိနဲ.ဘဇောင်ပိုင်ကင်းနိုင်ပါဖိုလဲ.။ ကိုယ်တိုင်ကလဲ စိတ်ပုတ်နိန်ယာဆိုကေ အတတ်နိုင်ဆုံး အသိစိတ်နဲ.ထိန်းပါေ၇ "နန်းစံ စိတ်ပုတ်နိန်ယာ သတိထား သတိထား ဆိုပြီးကေ"။ပြီးကေပြောလိုက်ပါသိ.ေ၇ကိုယ်စွာကိုယ်."အော်ငါသီလားကေဒေချင်တိစွာထားခ၇ဖို.စွာရာမနားကိုယ်ဗလာနဲ.မြေထဲမှာကိုယ်အမြူပ်ခံရဖို.စွာမှာဒေချင်.တိကို မပီးနိုင်ဆိုကေ ငါတော.သေချာေ၇ အပါယ်လေးဘုံထဲက ပြန်မတတ်နိုင်ယာ ဇာဖြစ်လို.မပီးနိုင်၇ဖို.လဲ ပီးလိုက်ပီးလိုက် လို."။ ယကေ.လေ ကိုယ်ကောင်းကြိုက်စွာတိကိုဆိုကေ မ၇ပါယေ အပါယ်ကိုပင်လား၇လား၇ (ဟေဟေ) လုံးဝမပီးလိုက်စွာတိ ရှိခပါေ၇။


သူငယ်ချင်းတိကိုပြောပြလို.သူရို.ကလဲပြောေ၇ နင်တစ်ယောက်တည်းမဟုတ် ငါ.ရို.လည်းတခါတလီ ဆိုကေ ယင်းပိုင်ဖြစ်တေ။ ယင်းနဲ.လို.ယင်းစိတ်ဓါတ်တိကိုပျောက်ကင်းအောင်ကြိုးစားနိန်ပါေ၇။ကကောင်းချီးကျူးပါေ၇ ကိုယ်ကျိုးမကြည်.ဘဲနဲ. တခြားသူတိတွက် လုပ်ပီးနိန်ေ၇လူတိ စေတနာ.၀န်ထမ်းလုပ်နိန်ေ၇လူတိကို လေးစားပါေ၇ဆက်ပြီးကေလဲလုပ်ပီးနိုင်ကတ်ပါစီ။
နန်းစံလဲ တတ်နိုင်သမျှ ဒေပိုင်စိတ်ဓါတ်တိ ပျောက်ကင်းအောင် ကြိုးစားနိန်ပါရေ။


ဒေ၀ဒတ်ဆိုစွာဘုရားရှင်လက်ထပ်မှာရာရှိခစွာမဟုတ်ပါ။
နန်းစံ ရို. စိတ်ထဲမှာဝင်စီးနေေ၇ ဒေပိုင် တကိုယ်ကောင်းဆန်ေ၇စိတ် စိတ်ပုတ်စိတ်ယုတ်တိ ငါဆိုေ၇မာနစိတ် အပျင်းစိတ် လုပ်လို.ရသားနဲ.မလုပ်ချင်ေ၇စိတ် ဆင်ခြေအမျိုးမျိးပီးေ၇စိတ် အေ၇းကြီးဆုံးကတော. ကိုယ်.စိတ်ကိုယ်လိမ်နိန်ကတ်စွာတိက ဘုရားရှင်လက်ထပ်က ဒေ၀ဒတ် ထက် ကကောင်းကြောက်ဖို.ကောင်းပါသိ.ေ၇။
ယင်းနဲလို. စိတ်ထဲက ဒေ၀ဒတ်ကို တွန်းထုတ်နိုင်ကတ်ပါစီ။




Saturday, February 26, 2011

ကိုယ်.တန်ဖိုးကို ကိုယ်သိပါ

လူတိုင်း လူတိုင်းမှာ သူကိုယ်တိုင်မသိရေ တန်းဖိုးတိရှိပါရေ။ ကိုယ်တန်ဖိုးကို ယုံကြည်ပြီး ယုံကြည်မှု ရှိရှိနဲ.ခရီးဆက်ကတ်ပါမေ။
ကိုယ်စိတ်ကို ကိုယ်တိုင်မယုံကြည်ကေ ဇာသူလာယုံပါဖို.လဲ.။
ကိုယ်.ဘ၀ကို ကိုယ်အလေး မထားကေ ဇာသူအလေး ထားလာဖို.လဲ။
ကိုယ်.စာရိတ္တကို ကိုယ်မပြုပြင်ကေ ဇာသူပြုပြင်လာဖို.လဲ။


I can do it.ငါလုပ်နိုင်လို.ရာယုံထားပါ။
 
ဇာအရာပင်လာလာ ကျော်ဖြတ်လားနိုင်ပါေ၇။ ကိုယ်.စိတ်ထဲမှာ စွမ်းအားတိရှိလာပါရေ။ နန်းစံအော်နိန်ကျစကားပါ။ ဇာမဟုတ်တေ လမ်းပျောက်စွာမှာတောင် ယင်းစာသားချေကိုဆိုမိရေ။ တစ်ခါတစ်လေကိုယ်.စွာကို အရူးတိပိုင်ထင်မိရေ။  ထင်ရာလုပ်လို. လမ်းမှာလူရှိလား မရှိလားမသိ စိတ်ကတောင်မဟုတ် ပါးစပ်က အသံထွက်အောင်ဆိုမိေ၇။
 


အချေခါကပင် အပြောခံရေ၇ စကားတစ်ခုရှိပါေ၇။ နန်းစံက"စေတီနဲ.တူပါရေတဲ(ကတော.ပါယင်.မနှိုင်းကောင်း နှိုင်းကောင်း)။ ဇာလို.ဆိုကေ အဖျားရူး လားလို.ပါ။ အစခါတော.လုံးဝလုပ်ဖို.ဆိုပြီးကေ ကတိပီးလိုက်သိေ၇ ကိုယ်.စွာကိုယ်လဲ။
အိပ်စွာဘေးကနံရံတိမှာ ရှုံးနိမ်.ခြင်းတရားဆယ်ပါးက အခြားစိတ်ဓါတ်တက်ကြွေ၇ ဆောင်းပါးတိက အများကြီးကပ်ထားလိုက်သိရေ။ ပြီးကေ ဟုတ်စွာလဲမဟုတ် နည်းနည်းချေကြာလာစွာနဲ. စာနဲ.နန်းစံနဲ. ပြဒါးတစ်လမ်း သံတစ်လမ်းပါဗျာလ် မလားယေ။
စာက ဘယ်ဖက်မှာကပ်ထားကေ လူကညာဖက်ကိုလှည်.လို.အိပ်တေ မြင်လတ်မေကြောက်လို.။ ယပိုင်တစ်ခေါက် မလုပ်ကတ်ပါကေ.။ လူတေလူလဲရှိဖို.မဟုတ်ထင်ရေ။ ကိုယ်စွာကိုယ် မလိမ်ကတ်ပါကေ.။ ယင်းဟင်.ကအေ၇းကြီးဆုံးပါရာ။

 

ကိုယ်.အရည်ချင်းကိုမသိကတ်စွာနဲ. ကိုယ်လုပ်စွာတစ်ခုေ၇ အမုန်တကယ်အောင်မြင်နိုင်ေ၇လို. ယုံကြည်.မှုမရှိကတ်စွာနဲ. အများကြီးပါ။
မဟုတ်ပါ လူတိုင်းမှာ စွမ်းအင်ပါပြီးသားပါရာ။ ထုတ်မသုံးတတ်လို.ပါပြီးကေ ကိုယ်ထုတ်သုံးလုပ်စွာနဲ.အံဝင်ခွင်ကျ မဖြစ်လားလို.လွဲချော်လားစွာပါရာ။ ပြန်တည်.ရပါဖို.။ တစ်ခါမကျစွာနဲ. လက်လျော.လို.မရပါ။ အကြိမ်တစ်ထောင်မက ကြိုးစားရပါဖို.။ ပြောကေရာလွယ်စွာ နန်းစံကိုယ်တိုင်တောင် နည်းနည်းချေလောက်ကြီုးစားလို. မရကေ စိတ်ပျက်လာရေ။ ယင်းနဲ.လို.ဒေပိုင် ဖြစ်နိန်စွာပါ။

 


 ရန်ကုန်မှာကျောင်းတတ်ရေခါ ဗမာစကားလုံးဝမပီလို. ဒုက္ခရောက်တေ။ ကိုယ်ပြောရေစကားကိုအပြောခံရရေ လူကနားမလည်ဘဲ ဘေးကလူကနားလည်လို. ဆရာမကိုစာမိန်းကေ ဆရာမက နားမလည်ဘဲ ဘေးကတစ်ယောက်က ပြန်ပနာပြောပီးရရေ။ တစ်ခါတစ်လေ ဆရာမပါးအပြောခံရေ၇ "သမီးလာမေးတဲ.မေးခွန်တွေဟာ တစ်ခါတလေ အဓိပါယ်ရှိပြီး တစ်ခါတစ်လေ သူငယ်တန်း ကလေးတောင်မစဉ်းစားဘဲ ဖြေနိုင်တယ်တဲ "။ ဟုတ်ပါရေ တစ်ခါတစ်လေဆိုကေ မဖြစ်နိုင်စွာတိကိုဒေချင်.ကဖြစ်လာကေဝေါဆိုပြီးကေ အပိုတိစဉ်းစားမိေ၇။ ကကောင်းစဉ်းစားပါေ၇ နန်းစံက စာမေးပွဲမှာ ဒေပိုင်မမိန်းလာဘဲနဲ.နောက်တစ်မျိုးမိန်းလာကေဝေါဆိုပြီးကေ ဘက်စုံထောင်.စုံကစဉ်းစားပါေ၇။ မသိကေမိန်းရဖို.တာဝန်ပါလေ မဟုတ်ကေ ဇာသူလာကယ်ပါဖို.လဲ စားမေးပွဲခန်းထဲမှာ။

 


ဆရာမတော. အမြဲ သတိပီးစွာပါမလားယေ "ဒီကျောင်းမှာ ရခိုင်တစ်ယောက်သင်ပေးဖူးတယ် သမီးက ဒုတိယမြောက်ရခိုင်တဲ. ဒီရခိုင်တော.ဘယ်လိုလာမယ် မသိဘူး ပထမရခိုင်တော. ဂုဏ်ထူးပါတယ် စာမေးပွဲအောင်တော."။ ကြိုးစားစီချင်လို.ပါမလားယေ။ အမှန်ပြောရဖို.ဆိုကေ ယင်းဘာသာတိစွာ ခက်တေ နန်းစံတွက် အစိမ်းသက်သက် သင်ရစွာ တက္ကသိုလ် တတ်ခါလဲမသင်ရ။ သင်တန်းမှာ အမှတ်ပီးစွာကလဲ လူကိုမပြောပါ။ သင်ပုန်းကြီးဘေးနားမှာ စာလုံးအကြီးသန်နဲ.ရွီးပီးထားရေ။ စာမေးပွဲတစ်ခေါက် စစ်ပြီးတိုင်း ဂုဏ်ထူးပါကေ အပြာေ၇ာင်ဆော.ပန်နဲ.ရီးပြီးကေ အောင်ကေအစိမ်းရောင် ရူကေအ၀ါရောင် ပါမလားယေ။ နန်းစံရို.က အမြဲတမ်း အ၀ါေ၇ာင်ကနိန် ရှေ.ကိုမတိုးနိုင်။ ရှက်ဖို.လဲကောင်းေ၇။

 


သင်တန်းမှာ စာတပျင်းတော်ရေ ကောင်မချေတစ်ယောက်ရှိပါေ၇။ သူကျကေ ဂုဏ်ထူးကအမြဲပါေ၇ ခက်တေဘာသာပါ မခက်တေဘာသာပါ ။ သူကျကေ ဇာလို.တော်လဲမသိ။ ကကောင်းအံသြ ဖို.ကောင်းပါေ၇။ ကြီုးလဲကြီုးစားရပါေ၇။ နိုင်ငံခြားစာမေးပွဲ ဆိုရေခါ အရာစွာကို မမြင်ပါဒေါလာတိရာမြင်ပါရေ။ ရူကေလားပါယာ မတတ်နိုင်ရေ ကြားထဲက သင်စွာ မှာ။ မိုးထ ထမင်း ငတ်ခေ၇ နိန်.ပေါင်းမနည်းပါ။ ပေါင်မုန်.နဲ.နှစ်ပါးသွားခရေ နိန်.တိ အများကြီးပါ။ ဆရာမကိုလားမိန်းဖူးရေ။ ဆရာမလို.သူကဇာလို.တော်လဲလို.။ နန်းစံ ရို.က ကြီုးစားစွာတောင်ဇာလို.ဒေပိုင်ဖြစ်နိန်ရလေလို.။

ကိုယ်စွာ ဇာချွတ်ယွင်းနိန်ေ၇ဆိုစွာကို ကိုယ်မသိေ၇ အချိန်မှာကိုယ်.ထက်အတွေ.အကြုံ ရှိပြီးကေ ပညာပိုရှိေ၇ ကိုယ်.အကြောင်းကို သိနိန်ေ၇ လူကိုမိန်းစွာအကောင်းဆုံးပါ။
 

ဆရာမပြောလိုက်ပါေ၇။ သူကအိမ်မှာ Guide ဘာသာစုံ ငှားထားပြီးကေ တရုတ်ဖြစ်နိန်လို.ပါလတ်။ တရုတ်တိဆိုစွာက အတွက်အချက်နဲ.စီးပွါးေ၇းမှာ တော်လို.ဒေကု သူတော်နိန်စွာပါလတ်။ ဇာပိုင်ပင်ပြောပြော သူလဲကြီုးစားလို.ပါမလားယေ။ သူ.မှာအရည်အချင်းရှိလို.ပါမလားယေ။
နန်းစံ ဇာလို.အမှတ်နည်းရေ၇ အကြောင်းနဲ.အားနည်းချက်ကိုနောက်မှသက်သေပြပါမယ်လတ်။

 

တစ်ခါအတန်းထဲမှာ စားမေးပွဲစစ်ေ၇နိန်.မှာ ဖျားလို.လားမဖြေလိုက်ရပါ။ နောက်တစ်ရက် ဆရာမက သီးသန်.လာဖြေခိုင်းပါရေ။ နောက်တစ်ပါတ် အဖြေသိရရေခါ နန်းစံ နာမယ်ဆိုစွာ ရှေ.ဆုံးကပါ အ၀ါေ၇ာင်မှာမဟုတ်ပါ အပြာရောင်မှာပါ ကိုယ်.မျက်လုံးကိုတောင်ကိုယ်မယုံနိုင် ဆရာမကိုလားမိန်းခီသိေ၇။ ဆရာမ ရွီးထားစွာနာမည် မှားနိန်ေ၇ လို.။ ဆရာမ တစ်ခုလဲမပြောပါ။နန်းစံ အဖြေလွှာကို ပြပြီးကေ ရွီးထားပါေ၇ " Well Done" အမှန်ပြောရကေ ယင်းစာလုံးကို ပထမဆုံးမြင်ဖူးစွာပါ။ ဇာလောက်တော်လိုက်လေ (ဟေဟေ)။
ဆရာမပြောလိုက်ပါေ၇ 
"သမီးရဲ.အားနည်းချက်က ဒါပဲတဲ. ကိုယ်.ကိုယ်အားမကိုးဘဲနဲ. တစ်ခြား လူကိုအားကိုးလို.တဲ." ကကောင်းမှန်ပါေ၇ ဆရာမပြောလိုက်စွာက ။ 
ကိုယ်.စွာကိုယ်မယုံစွာနဲ. ကိုယ်.ခေါင်းကထွက်လေရေ ဆုံးဖြတ်ချက်ကို တန်းဖိုးမထားဘဲ လူများစကားကိုလားယုံလို.ပါ။ စာမေးပွဲ ခန်းထဲမှာက ဆရာမ မရှိပါ ဆွေးနွေးလို.ဖြေလို.ရစွာပါကို။ စာအုပ်တိကို ယူလားလို.တော.မရပါ။ ပြီးကေ ဆရာမသင်ရေစာလဲတစ်မျိုး မိန်းစွာကလဲတစ်မျိုး ခိုးချလို.မရပါ။
 


စာသင်ခန်းထဲမှာ တစ်ခါ စာတစ်ပုဒ်အကြောင်း ဆွေးနွှေး၇ပါေ၇။ တစ်ယောက်တစ်မျိုးပါမလားယေ အကြံရစွာက။ အဆုံးမှာ အဖြေ နှုစ်မျိုးရပါရေ။ နန်းစံနဲ.စာတော်ရေကောင်မချေ ပြောေ၇ အဖြေနှုစ်မျိုးဆိုစွာ ဖြစ်နှိုင်ပါရေ။ အဆုံးမှာ တော.မဲခွဲလိုက်တေခါ အားလုံးသူက ဟိုကောင်မချေဘက်ကပါ။ ဆရာမကလဲ တစ်မဲရာလိုချင်ေ၇။ အဆုံးမှ နန်စံလဲ သူကအမြဲမှန်နိန်ေ၇ဆိုပြီးကေ

(အကြီးမားဆုံးအမှားက ကိုယ်.ခေါင်းကဆုံးဖြတ်ချက်ကို တန်ဖိုးမထား နှောင်းနှောင်းမကိုင်ထားဘဲ တစ်ခြားလူဦးနှောက်ကို အထင်လားကြီးမိစွာပါ)
 

သူ.စွာကိုပဲအတည်ယူလိုက်တေ။ အဆုံးမှာက နန်းစံပြောစွာမှန်နိန်စွာပါ။ 
ယင်းနဲ.လို. ကိုယ်စွာကိုယ် အထင်မသေးကတ်ပါကေ.။ ကိုယ်.မှာလဲ သူများထက်သာေ၇အကွက်တိ အများကြီးပါရာ။ကိုယ်.တန်းဖိုးကိုယုံကြည်ကတ်ပါ။
စားမေးပွဲပြီးရေခါ ပထမရခိုင်ထက် သာအောင် ဒုတိယရခိုင်က လုပ်နိုင်ခပါေ၇။
 


အောင်မြင်ရေ လူတိကိုကြည်.လိုက်ပါ။ သူရို.က တစ်ခြားလူတိထက်ပိုပြီးကေ အောင်မြင်နိန်ေ၇ လူလူချင်းတူစွာမှာ။ ဇာလို.ဆိုကေ သူရို.က လူဖြစ်ကေလေ. တစ်ခြားလူတိထက် ပိုပြီးကေ ကြိုးစားခလို.အောင်မြင်နိန်စွာပါ။ တစ်ယောက်လဲလွယ်လွယ်ကူကူနဲ.မရပါ။ အရေးကြီးဆုံးကတော.နည်းလမ်းကိုသိပြီးကေ ၀ီရိယစွာ ကကောင်းလိုအပ်ပါရေ။
ငါ.ရို.ကဟိုဘ၀က ကုသိုလ်ကံမကောင်းလို.ဒေဘ၀မှာ ကံမကောင်းစွာ မလားလို.လုံးဝမပြော ပါကေ.။ 




ကံ ဥာဏ် ၀ီ၇ိယ ရှိရဖို.စွာမှန်ပါေ၇။ ငါက ဟိုဘ၀က ကံမကောင်း ကြိုးစားနိန်လို.အပိုရာဆိုကေ တောလားပါဗျာလ်မှတ်ဖိ။
ကံမရှိကေလေ. ၀ီ၇ိယရှိကေရပါေ၇။ ဇွဲကိုတော.တစ်သက်လုံးမလျော.ကတ်ပါကေ.။ 

ကိုယ်.စွာကိုယ် အရင်ဆုံးလေး စားရပါဖို.။ ကိုယ်စွာကိုယ်မလေးစားကေ တစ်ယောက်ကလဲ ကိုယ်.ကိုမလေးစားပါ။
 


ပါးစပ်ကရာ ငါ.ကိုယ်ငါလေးစားေ၇လို. အော်နိန်လို.မရပါ။ ကိုယ်.အပြုအမှုတိကလဲ ကိုယ်လေးစားအောင် ပြုမှုရပါဖို.။ ယင်းနဲ.လို.ကိုယ်စွာကိုယ် အထင်မသေးကတ်ပါကေ.။ ကိုယ်.မှာလဲ သူများထက်သာေ၇ အကွက်တိ အများကြီးပါရာ။ ကိုယ်.တန်ဖိုး ကိုယ်.ဆုံးဖြတ်ချက် ကိုယ်.အပြုအမှု ကိုယ်ရုပ်ရည် ကိုယ်.အကျင်. ကိုယ်.ဘ၀ကို ကိုယ်တန်ဖိုးထားပြီးကေ တန်ဖိုးထားနိုင်အောင်လဲ ပြုမှု နိုင်ကတ်ပါစီ။


ကိုယ်.အားကိုယ် ကိုးနိုင်ကတ်ပါစီ

ထက်မြက်တေ ရခိုင်အမျိုးသား သမီး တိကကောင်းလိုအပ်ပါေ၇။ ဒေပိုင်ခေါတ်မှာ အရာရာကို မ၀ံမရဲ ဖြစ်နိန်လို.မရပါလေ။ လူတိုင်းလူတိုင်းမွေးကတည်းကတစ်ယောက်လဲယုံကြည်.မှူနဲ.မွီးလာစွာမဟုတ်ပါ။ တဖြည်းဖြည်းနဲ.ကိုယ်၇င်ဆိုင်ဖြတ်သန်းလာေ၇ အတွေ.ကြုံတိ အခက်ခဲတိ ဒုက္ခတိက သူ.ကိုရင်ကျက်လားစီပါေ၇ ယုံကြည်မှုရှိလားစီပါေ၇





တခါတလေ ကိုယ်ဖြတ်သန်းလာခေ၇ ပတ်ဝန်းကျင်တိကြောင်.လဲ လူတစ်ယောက်ကို ယုံကြည်မှုရှိေ၇ မရှိဆိုစွာကို ဆုံးဖြတ်လားပါေ၇။ 
တချို.တိကပြောကတ်တေ မိန်းမတိဆိုစွာ ခေါင်းဆောင်နေရာမှာ ထားလို.မရ။ မဆုံးဖြတ်တတ်။ အားကိုးတတ်တေ။ အားငယ်တတ်တေ။ မှန်ေ၇ မိန်းမဆိုကေ အားငယ်တတ်တေ ဆုံးဖြတ်ချက်မချတတ်လို.ထင်ကတ်တေ။
အမှန်ကမဟုတ်ပါလေ မိန်းကလေးဆိုေ၇ကပင် မိခင်စိတ်ဓါတ်ဆိုစွာ ပါလာပြီးသားပါ။
ယင်းနဲ.လို. ကိုယ်ကတစ်ခုရာ ဆုံးဖြတ်လိုက်ကေ တစ်ယောက်ယောက် ထိခိုက်ဖို.လားဖို.လားမသိ.ဆိုပြီးကေ ဗြုန်းခနဲမှာ မဆုံးဖြတ်ရဲစွာရာ။ ဒေကုခေတ်မှာ မိန်းမတိတောင်ကမ္ဘာ.အပြင်ဘက်ကိုတောင် လားနိန်ကတ်ဗျာလ် မဟုတ်ပါလား။ ခေါင်းဆောင်ကောင်း မိန်းမတိပေါ် နိန်ပါဗျာလ်မလား။ ယင်းအထဲမှာ ရခိုင်အမျိးသမီးတိ ပါနိုင်အောင် လုပ်ကတ်ပါမယ်။

 


ဥပမာ နိုင်ငံခြားသား တိဆိုကေ ၁၈ နှစ်ဆိုစွာနဲ.ကမ္ဘာပတ်ဖို.၀န်မလေးကတ်ပါ။ မြန်မာလူမျိုးတိကော ယင်းပိုင်လား မဟုတ်ပါ ။ ဒေပိုင်ဖြစ်အောင်ဇာသူတိက စိတ်ဓါတ်ကိုချိုးနှိမ်.ပလိုက်လေ (ဇာအဓိပါယ်ကို ပြောချင်လေ ဆိုစွာတခေါက်ချေ စဉ်းစားကြည်.စီချင်ပါေ၇ )။
အိမ်ကလဲ စိတ်မချ ဆိုပြီးကေ တစ်ခုလဲမလွတ် မလားရ။ တစ်ခုလုပ်ကေ သား ချေ သမီးချေရို.က ငယ်သိ.ေ၇။ မလုပ်ကေ. မလားကေ မင်းကိုယ်.ဘာကိုယ် မရပ်တည်နိုင်သိ မလုပ်တတ်သိ။ တစ်ခုလဲ မလုပ်တတ်သိ ငါ.သမီးချေကား ဒေကုထက်ထိ ထမင်းခွံနိန်ရတုန်း ဘဇောင်ပိုင် မိဘ မျက်ကွယ်ရာကို လွတ်လို.၇ဖို.လဲဆိုပြီးကေ ဂုဏ်မယူသင်.စွာတိကို ဂုဏ်ယူပြီးပြောနိန်ကတ်တေ။

 


သားသမီးတိကို ချစ်စွာကိုနားလည်ပါေ၇။ တချိန်ချိန်မှာ အ၀ီးကိုေ၇ာက်လားေ၇ခါ ဒုက္ခေ၇ာက်စွာကို သူရို.လဲသိကတ်ပါဖို.။ ငယ်ရာက ကြီးလာစွာပါမလား။
နန်းစံဆို ပိုတောင်ဆိုးသိရေ။ မလုပ်တတ် မကိုင်တတ်ဒုခေ၇ာက်တေ။  အ၀ီးကိုေ၇ာက်မှငါကောင်းလိုသိေ၇မလားဂု။
ငါသိစွာ ငါလုပ်တတ်စွာ တစ်ခုလဲမရှိမလားဂု။ ကကောင်းပြင်ယူရပါရေ စိတ်ဓါတ်တိ အကျင်.တိ အပြုအမှုတိကို။
အမိဖတိ စိတ်ဓါတ်ကို နားလည်ပါေ၇။ ယကေ.လေ တစ်သက်လုံးကော ယင်းသားသမီးတိက အမိအဖရင်ခွင်ထဲမှာ နိန်နိုင်ပါဖို.လား။ စိတ်မချ ဖြစ်မနိန်.ကတ်ပါကေ.။ သူ.၇ို.ကအ၀ီးကိုေ၇ာက်လားေ၇ခါ ကိုယ်.စွာကိုယ် ထိမ်းကျောင်းလားနိုင်စွာပါရာ။

 

စိတ်ဓါတ်ကိုတော.အားဖြည်.ပီးလိုက်ရပါဖို.။ အေး စိတ်ဓါတ်အားမဖြည်.လို.ကတော. လားပါဗျာလ် မှတ်ဖိ။ အမှောင်ကမ္ဘာကိုဒိုင်းဘီထိုးလို.ဆင်းလားစွာနဲ.တူတူပါဗျာလ်။ အုပ်ထိမ်းသူလဲမရှိ ဖြစ်ချင်တိုင်း ဖြစ်နိန်ကတ်စွာတိက အများကြီးပါရာ။ ယင်းနဲ.လို. အချေခါကပင် သားသမီးတိ ကို ဆုံးဖြတ်ခိုင်းပါ မှားမှားမှန်မှန် ဇာလို.ဆိုကေ ကိုယ်ကအားလုံးနေရာမှာ ၀င်ဆုံးဖြတ်ပီးကေ အားကိုးလားပါ၇ာ။ တစ်ခုဆိုလဲ ဘာဘာဆုံးဖြတ်  မေမေဆုံးဖြတ်နဲ. မရပါ။ အချေတိကို ဆုံးဖြတ်ခိုင်း မှားကေလေ.ခံလီ သိလီပါဖို.မလားယေ။ အော် ငါဆုံးဖြတ်လိုက်စွာ မကောင်းမလားယေ ဆိုပြီးကေ။ နောက်တစ်ခါဆိုသူရို. စဉ်းစားလားပါယာလေ။ မဆုံးဖြတ်ခင် ဒေချင်.လုပ်လိုက်လို. ငါမှားနိုင်လားဆိုပြီးကေ။ အချေကပင်လုပ်ပီးထားကတ်ရပါဖို.။

 

နန်းစံဆိုကေ ၁၅နှစ်ကပင်မိသားစုနဲ.အ၀ီးမှာ နိန်ရစွာပါ။ နှစ်ခါ ဆုံးဖြတ်ချက် ကြီးကြီးမားမား ချဖူးပါရေ။ မိသားစုလဲ အနားမှာမရှိပါ ညဉ်.အိပ်လို.တောင် မရပါ။ ဒေ.ချင်လုပ်လိုက်လို.ကောင်းဖို.လား မေမေရို.ဒုက္ခပိုရောက်လားဖို.လားဆိုပြီးကေ။ တကယ်လို.နန်းစံဆုံးဖြတ်ချက်ရာ အဆင်ပြေခကေ ထိုဘက်က ဘ၀တွက်အောင်မြင်မှုရှိရေ  အလားလာကောင်းေ၇ ကမ်းကိုရောက်ပါဖို.။ တကယ်.လို.များ အဆင်မပြေခကေ ချောက်ကမ်းပါးကို လုံးဝဆင်းလားပါဖို.။ ကကောင်းစဉ်းစားခ၇ပါေ၇။
ကံကောင်းလို.လားမသိ နန်းစံဆုံးဖြတ်ခစွာ ယင်းနှစ်ခုလုံးကတော.ဒေကု နန်းစံကို ကောင်းကျိုး ပီးနိန်ကတ်ပါဗျာလ်။ ဆုံးဖြတ်ချက် မှန်ကန်ခေ၇လို. ပြောလို.၇ပါဖို.မလားယေ။

ယပိုင်တခါတလေ စွန်.ရာစွာတိရှိပါေ၇ တစ်ခုကေလိုချင်ကေ တစ်ခုစွန်.ရစွာကတော. ထုံးစံပါဗျာလ်။
အသိတိဆိုကေ ပြောကတ်ပါေ၇။ နင်ကောင်း လုပ်ဝံစွာမလား မကြောက်လား။
နင်အဆင်မပြေကေ နင်.ကိုဒုက္ခတိက ၀လ်ကမ်း နန်းစံဆိုပြီးကေ စောင်.နိုင်စွာ မကြောက်ပါလား လတ်။ ယပိုင်ဆိုေ၇ခါ နန်းစံလဲ လူသားတိမှာရှိေ၇ ထုံးစံအတိုင်း ပြန်လို. စဉ်းစားလိုက်ပါသိေ၇။ တွန်.လားစွာပါမလားယေ။ ယင်းနဲ.လို.တခါတလေ ဒေပိုင်စိတ်ရှိေ၇ ကိုယ်.စွာကိုယ်လုံးဝအားမရ။

 


ကိုယ်ယုံကြည်ထားစွာ တစ်ခုဆိုစွာ အခြားတစ်ယောက်ကြောင်. တွန်.ဆုတ် လားစရာမလိုပါ။
 

ဇာလို.ဆိုကေ ကိုယ်က မှန်ေ၇လို.ယူဆထားစွာပါလေ ။ တစ်ယောက်စကားကိုလဲ နားထောင်စရာ မလိုပါ။
ဒေကု နန်းစံ ကိုပြောခေ၇ လူတိကိုပြန်ကြည.်လိုက်တေခါ သူရို.ဆိုစွာယင်းနေရာမှာ ရပ်နိန်တုန်းသိပါ။
ဇာလို.ဆိုကေ မလုပ်ဝံ မလားဝံ လို.အရင်နေရာမှာ ရှိနိန်ကတ်ပါေ၇ သူ.ရို.လဲမလုပ် မလားဝံ။ လုပ်တိ လုပ်.စွာကိုလဲ နည်းနည်း ချေလောက် ဆရာခံလိုက်ရမှ ၀င်ဖျက်လိုက်ရမှ (ယင်းအထဲမှာကိုယ်.ကိုယ် ကောင်းစီချင်လို. စိတ်ပူရေလူတိလဲပါနိုင်ပါေ၇) ကျေနပ်တေ လူစားမျိုးတိပါ။

 

လုပ်လို.ရာ မှားလခေကေ လားဗျာလ်ဆိုေ၇ ဆောင်ပုဒ်ကို အသေအလဲ လက်စွဲထားကတ်လို.ပါရာ။
လုပ်ရာ မလုပ်ကြည်.သိ အရှုံးစိတ်ဓါတ်ကေ၇ှ.က ကြိုေ၇ာက်နိန်ကေ သီရာလားခေ၇ အောင်မြင်ခလား မအောင်မြင်ပါ။
အဓိက စိတ်ပါဗျာလ် ငါလုပ်နိုင်ေ၇ ဆိုေ၇ စိတ်ဓါတ်စွာ ကကောင်းအေ၇းကြီးပါေ၇ ။
နပိုလီယံ ပြောခပါေ၇မလား မဖြစ်နိုင်ဆိုစွာမရှိလို. တကယ်လို.သူ.မှာရာအချိန်ရှိခကေ. " With time Impossible is nothing"

 


ယုံကြည်မှုရှိရပါဖို. ကိုယ်.စွာကိုယ်။ ဒေချင်.ကိုယ်လဲ ငါမလုပ်နိုင်  ထိုချင်.ကိုလဲ ငါမလုပ်နိုင်ဆိုကေ အမှန် မလုပ်နိုင်ပါ။ သိစီချင်ပါရေ လူတိုင်းမှာ အရည်အချင်းဆိုစွာ ရှိပါရေ။ ယင်းအရည်အချင်းတိကိုသူရို.ကထုတ်မသုံးတတ်လို.ပါရာ။ တစ်ယောက်ကိုလဲ အထင်မသေးကတ်ပါကေ. လူတိုင်းမှာ လုပ်နိုင်ေ၇ စွမ်းအားတိ ပါပြီးသားပါရာ။

 

ဝထုတောင်ရှိပါေ၇မလား။ လူတစ်ယောက်ကို သီဒဏ်ပီးလိုက်စွာမှာ သူ.ကို.သတ်တောင်မသတ်ရသိ သူ.လည်းပင်းမှာ သွီးစက်ချေတိ ဖြန်းထားလိုက်ပြီးကေ ၀ါးခြမ်းပြားချေနဲ.ရာ နာအောင်လုပ်ပလိုက်စွာနဲ. သီလားပါေ၇တဲ.။ အမှန်ဆို သီနိုင်ပါလို.လား။ မသီနိုင်ပါလေ သူ.စိတ်က အော်ငါ.ကိုသတ်ပလိုက်ယာ ဆိုေ၇ သူ.စိတ်ဓါတ်ကြောင်.သီလားစွာပါရာ။ စိတ်ဓါတ်ပါဗျာလ်။
 


နန်းစံ ပြောခပါေ၇မလား ဒေ၀ဒတ်ဆိုစွာ နေရာတကာမှာ ရှိပါေ၇လို.။ စိတ်ဒေ၀ဒတ် လူဒေ၀ဒတ် အများကြီးပါ။ ယင်းနဲ.လို.ကကောင်းကြီုးစားရကတ်ပါဖို.။ တွန်းလှန်ရပါဖို.။ ပြီးပြည်.စုံေ၇လူဆိုစွာ လောကမှာမရှိပါ။
အားလုံးသူမှာ သူ.ချို.ယွင်းချက်နဲ.သူပါရာ။ တဖြည်းဖြည်းနဲ. လေ.ကျင်.ယူကတ်ပါမယ်။ ဒေကမ္ဘာမှာ ရခိုင်ဆိုေ၇ လူမျိုးက ဇာလောက်သတ္တိ ရှိလေ ဇာလောက်တော်လဲ ဆိုစွာကို ပြနိုင်အောင် ကြီုးစားကတ်ပါမယ် အတူတူ။

 

မိသားစုတိ တခြားလူတိကိုရာ အားကိုးမနိန်ကတ်ပါကေ.။ အားကို.လို.လဲမရပါ။ ကိုယ်.ဘ၀ ကိုယ်ထိမ်းကျောင်းနိုင်ဖို. လူ.ဘ၀ ပင်လယ်ထဲမှာ မျောမနိန်ကတ်ပါကေ.။
မဟုတ်ကေ ယင်းမိသားစုတိက ကောတစ်သက်လုံး သူ.နောက်က လိုက်ပီးနိုင်ပါဖို.လား မလိုက်ပီးနိုင်ပါ။
ဇာသူ.က အရင်ဒေလောကကြီးက နိန်ထွက်လားဖို.လဲ မသိဘဲနဲ.တစ်ယောက်ကိုလဲ အားကိုးလို.မရပါ။
ကိုယ်.ဒူးတောင်  ကိုယ်.ယုံလို.မ၇ေ၇ လောကမှာဇာ.သူ.ကိုလားပြ်ီး အားကိုးရပါဖို.လဲ။ တစ်ခုလဲ ကြောက်စရာမလို.ပါ (ကိုယ်ရာမှန်နိန်ကေ) ။

 

ဒေကမ္ဘာမှာ ရှိကတ်စွာတိက လူတိပါလေ လူတိရာနိန်ကတ်စွာမှာ ဇာကိုကြောက်စ၇ာရှိပါလေ။
ထိုနေ၇ာကိုလဲ မလားဝံ ဒေနေ၇ာကိုလဲ မလားဝံ ဆိုကေ လူလုပ်နိန်စွာ ဇာအကျိုးရှိပါဖိုလဲ။
အားလုံးနေရာတော ပြောစွာမဟုတ်ပါ။ သိတော.သိကတ်ပါေ၇မလား ဇာနေရာက အန္ဒရယ်ရှိနိုင်ေ၇ ဆိုစွာကို။
 

မမြင်၇ေ၇ အ၇ာကို တွေးကြောက်နေစွာကတော. ကကောင်းတရားလွန်ပါရေ။
 

တစ်ခုကိုလဲ မလုပ်ခင် အော်ငါလုပ်လို.မှားခကေ ဆိုေ၇ မကောင်းေ၇ စိတ်တိကို ဖျောက်ပလစ်ကတ်ပါဖိ။
ယကေ.လေ.အဓိက တော.ကြိုတင်စီစဉ်ထား၇ပါဖို.။ ဇာဖြစ်လာကေဇာလုပ်ဖို. ဆိုပြိးကေ။
အမှန်တကယ်ဖြစ်လာခါမှအဘာကယ်ပါ အမင်ကူပါ လုပ်နိန်လို.မရပါ။ အကောင်းဆုံးကိုပဲ မျော်လင်.နိန်လို.မ၇ပါ။ သိကတ်ပါဖို.ရာ လူတစ်ယောက်ဆိုစွာ အကောင်းဆုံးကို မျော်လင်.ပြီးခါမှ ရလာစွာက အရှုံးဆိုကေ ကကောင်းခံစား၇ပါေ၇ ( အားလုံးတူတူပါရာ စီးပွါးရေး ကျန်းမာရေး ပညာရေး အချစ်ရေး) ။

 


လူတစ်ယောက်မှာ ဘ၀ဆုံးဗျာလ်ဆိုရေ ဖြစ်ရပ်စော်တစ်ခုလဲမရှိပါ။ ဆုံးရှုံးမှုတိရဲ. နောက်ကွယ်မှာ မမြင်ရသိရေ အောင်မြင်မှုတိ ရှိကတ်ပါရေ။ 

ကိုယ်စွာဒေချင်.ကို မ၇လိုက်လို. လားယာ။ ဒေချင်.ကဒေလောက်ကောင်းနိန်စွာငါတော.မရလိုက်ကား ဆိုပြီးကေ လုပ်မနိန်ကတ်ပါကေ.။ ကိုယ်က ဒေချင်နဲ.မထိုက်လို.မသင်.လျော်လို.မရစွာ။ ဒေချင်.ထက်ကောင်းစွာက ကိုယ်.ကိုယ်စောင်.နိန်သိရေ ဆိုစွာကိုသိစီချင်ပါရေ။ မကြီုးစားဘဲနဲ.တော.မနိန်ကတ်ပါကေ.။ ကြီုးစားရပါဖို.။

 

ဘ၀မှာ ကောင်းစွာတိအများကြီးက ကိုယ်.ကိုယ်.စောင်.နိန်သိပါေ၇။
ယင်းနဲ.လို. ကိုယ်.ဘ၀ကို အဆုံးသတ်လားအောင် တစ်ခုကလဲ မလုပ်နိုင်ပါ လုပ်ဖို.တန်လဲ မတန်ပါ။
မုန်းတိုင်းပြီး လေပြည်လာစမြဲပါ။ စကားပုံက ကကောင်းမှန်ပါေ၇။ ဘုရားတရားစကားနဲ.ပြောကေတောင် မှန်ပါေ၇။ မမြဲတရားပါလေ ဇာသူကကား ပျိုပြီးကေ မအိုပါလေ။
အားလုံးသူက ပျို အို နာ သီ နိန်ကတ်စွာမှာ တစ်ခုကလဲ ကြာရှည်တည်တံမနိန်ပါ ။
ယင်းနဲ.လို. ရင်ကွဲအောင်ပင်ခံစားခံစား သီလောက်အောင်ပင်ခံစားခံစား အားလုံးပြီးလားဖို.စွာပါရာ။ ကကောင်း မခံစားကတ်ပါကတ်ကေ.။ ဇာအရာက တည်မြဲနိန်ပါလို.လဲ  ၀မ်းနည်းခြင်းပြီးကေ ပျော်ရွင်ခြင်းကလာစမြဲပါ။ အားလုံးသူကြုံနိန်ကတ်စွာပါရာလေ ဇာလို.အကြာကြိး ခံစားနိန်ကတ်ပါဖို.လဲ။

 

လောကမှာ လုပ်စရာတိ  အများကြိးပါ ဇာလို.မဟုတ်စွာတိမှာ အချိန်တိကို ဖြုန်းနိန်ကတ်ပါဖိုလဲ.။
မစောင်.နိုင်ပါလား ဒေပိုင်တစ်ချက်ချေ ကြေကြွဲ ရစွာနန်.လောကကြိးက မတရား ငါ.ကိုမျက်နှာသာမလိုက် ယင်းပိုင်စီပြေကတ်တေ။ ယင်းလောကကြိးက ကိုယ်.ပါကိုယ်နိန်နီစွာကို သူ.ကို.ပဲဆွဲထည်.နိန်ကတ်တေ။ အပေါင်းသိတိလဲ ကြည်.ပေါင်းကတ်ပါ။ ဇာလောက်ပင် ကိုယ်.စိတ်လို.ပြောပြော တစ်ခါတလေ အပေါင်းအသင်းကြောင်.လဲ ဘ၀ပျက်လားစွာတိရှိပါရေ။ အကောင်းမြင်တတ်အောင် ကြီုးစားရပါဖို.။ စိတ်ဓါတ်တိကို ပြူပြင်ပြီးကေ ကိုယ်နိန်ေ၇ ပတ်ဝန်းကျင်ကို ကောင်းကျိုးပီးေ၇ အမျိုးသားကောင်း သမီးကောင်းဖြစ်အောင် လုပ်ယူကတ်ပါမယ်။


အားလုံးသူ ဒေပိုင်ဒုက္ခတိက ကျော်လွားနိုင်ကတ်ပါစီ။