Pages

Showing posts with label အကျွန့်တွက်. Show all posts
Showing posts with label အကျွန့်တွက်. Show all posts

Wednesday, May 16, 2012

လူ့ စိတ်


လူတိက မလိုတမျိုး လိုတမျိုး 
လိုချင်ရေ အချိန်မှာ ရွှေ 
မလိုအပ်တေ အခါမှာ ချီးဖြစ်လားတတ်တေ သူရို့ထားပခကေပင်ဖြစ်ဖြစ် 
မလိုအပ်လို့ ၀ဲပခရေပင်ဖြစ်ဖြစ်
ဒေနိယာမချေကို သဘောပေါက်ထားကေ လဲကျရေနိန်ရာက ပြန်ထနိုင်ရဖို့...
တခြားလူတိကြောင့် ကိုယ့်စိတ်ကို ဇာအရောင်လဲ အဆိုးမခံကေ့ 
ဇာသူက ကိုယ့်စိတ်ရဲ့ အရှင်သခင်လေ 
တပါးလူတိကို ကိုယ့်စိတ်ထဲ ၀င်ရောက်မခံဘဲ 
လုပ်စရာရှိစွာကို တစိုက်စိုက်မတ်မတ်
ဘေးစကား နားပိတ်ပနာ လုပ်ရဖို့.... 




 
လူစွာ မျောက်ကနိန်ဆင်းသက်လာစွာဖြစ်လို့ 
တနားတမျိုးဖြစ်နိန်စွာ ငါ့ရို့စိတ်တိကို 
အပြစ်မတင်ကတ်ပါကေ့ 
စုံနဲ့မ, ဖိုနဲ့မ,ပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်း 
ရှင်သန်ခြင်းနဲ့ သီဆုံးခြင်း, တွီ့ဆုံခြင်းနဲ့ ခွဲခြားခြင်းရှိရေပိုင်
ဒေစိတ်ဓါတ်တိကလဲ ကျတခါ တက် တလှည့်ပ
လောကမှာ ဇာအရာကလဲမတည်မြဲလို့ 
တခုကိုလဲ တာရှည်ခံစားမနိန်ကေ့ 
စိတ်ဓါတ်ကျနိန်ရေ အချိန်မှာ 
ဒေပိုင် ထိုင်နိန်ဖို့တူတူ 
တေးခြင်းဆိုပနာ မရပ်တန်းပြီးပလိုက်ပါ...( ကျန်းမာပြီးကေ လှတောင်လှလာဖို့သိ့... :P )




စိတ်တိမွန်းကျပ်ပနာ အသက်ရူရခက်နိန်ကေ 
ကိုယ့်အိမ်အထက်ဆုံး အထပ်ပင်ဖြစ်ဖြစ် 
အနီးနားမှာ တောင်ရှိကေပင်ဖြစ်ဖြစ် ထိုင်ပနာ 
အားရပရ လီကို တ၀ရူပလိုက်
ယေပြီးကေ " အော် အရာအားလုံးက ငါ့အောက်မှာ ခယနိန်ကတ်ယင့်ထော " လို့တခေါက်ချေ ပြောကေ့လိုက်
ဖြစ်နိန်ရေ ကိစ္စမှန်သမျှ အငယ့်ချေ ဖြစ်လားလိမ့်မေ...


မြို့ပြအဆောင်အယောင် 
လူသူ ကားသံ 
ဆလိပ် မီးခိုး ဓါတ်ဆီနံ 
လုံးဝမရှိရေ ကျေးလက် လယ်တော ဥယျာဉ်ချေတိကို 
တစ်ပါတ် တစ်ခါမဖြစ်နိုင်ကေတောင် 
တစ်လ တစ်ခါလောက် လားပီးခြင်းဖြင့် 
အသက်ရင်ဖို့စိတ်ကုန်နိန်ရေ ဘ၀မျိုးက ကင်းလွတ်ကတ်ပါမေ.....

Saturday, April 28, 2012

အကျွန့်တွက် (၂)

ကိုယ့်သိက္ခာဆယ်ဖို့တွက် လုပ်ထားရေ အပြစ်ကို တခြားလူပုံချလို့ လိပ်ပြာလုံဖို့လား။ 

မာနနဲ့ အတ္တ မခွဲခြားတတ်လို့ နောင်တ ဇာနှစ်ခါရပြီးကတ်ယာလေ။ 

မလားအပ်တေ နိန်ရာကိုလား အရယ်မရ အဖတ်မရနဲ့ မပြောအပ်တေ စကားတိကိုပြော ပြန်လာခါမှ ယူကျုးမရ ကိုယ်စွာကိုယ် အသုံးမကျဆိုပနာ အပြစ်တင်, အော် ငါ ငါ... 

 အေချင့်က အကျင့်ဆိုး ဒေချင့်က အကျင့်ကောင်း, ငါဒေနိန့်ကပင်စလို့ ပြုပြင်ဖို့ဆိုပနာ စာရွက်နဲ့ အိပ်ရာခေါင်းရင်းမှာလဲ ကပ်ထားယင့်, ကိုယ်တိုင်ချမှတ်ထားရေ စည်းကမ်း မလိုက်နာလို့ self-respect တိလဲ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်ပါလတ်တေ။ 

 အမှန်တော့ခါ စစ်မှန်ရေ အီးချမ်းမှုက ကိုယ့်စိတ်ထဲမှာရာ ရှိစွာကို ကြိုးစားရာယင်း သိပါလတ်တေ။ 

 လောဘ ဒေါသ မောဟတိနဲ့ ကိုယ့်စွာကိုယ် ဝေခွဲမရဘဲ လောကကြီးကိုလဲ တခါတလီ မျက်စောင်းထိုးမိ့သိယင့်။ 

 အခွင့်ရေးတိ ပွတ်သီးပွတ်ကာ ကိုယ့်နားက လားခစွာကို ဇာနှစ်ခုလောက် လျစ်လျုရူ ပလိုက်ယာလေ။ 

ကိုယ့်ကြောင့် သူများ အကျပ်အတည်း (ငွေကြေး, စိတ် ) မဖြစ်လားစီပါကေ့။ 

လူနိန်မှု အဆင့်တန်း နိမ့်ကျလားပါတ်စီ စိတ်ဓါတ် အဆင့်တန်း မြင့်လာဖို့က ပိုပနာ အရေးကြီးပါရေ။ 

တနားကေ တမျိုးဖြစ်နိန်ရေ ကိုယ့်စိတ်ကို ကိုယ်တောင်နားမလည်, တခြားလူတစ်ယောက်နဲ့ အမြင်မတူ သဘောထားချေတိနဲ့ ကြုံရရေအချိန်ခါ အတတ်နိုင်ဆုံး နားလည်ပီးဖို့ လိုအပ်ပါရေ။

ကိုယ့်စွာကိုယ် သတိပီးရေ အနိန်နဲ့ရီးထားခြင်းဖြစ်ပါရေ။

Friday, April 6, 2012

အမြင်ချေ နှစ်ခု

ဒေကုရွီးထားရေ အကြောင်းအရာက တရားခွေတိက ကြိုက်လို့ ကိုယ်နားလည်ရေပိုင် ပြန်ပနာဖောက်သည်ချစွာ ဖြစ်ပါရေ။

၁။ ထမင်းစားဖို့ တစ်ခုကမရှိ။ ဟင်းရာရှိယင့်။
၂။ ထမင်းစားဖို့ ဟင်းရှိရေ။

ထမင်း ဇာနဲ့စားဖို့လဲလို့ မိန်းရေခါ ဖြေကတ်တေ အဖြေက တူတူရာ။ ယကလေ့သော အမြင်ချေတစ်ခုက လူနှစ်ယောက်ရဲ့ စိတ်နိန်စိတ်ထားကို မိန်းစရာမလိုဘဲ ဖော်ပြပီးလားပါရေ။ ပထမလူက အဆိုးဘက်ကို အမြဲစိုင်းစားတတ်တေ လူဖြစ်ပြီးကေ, ဒုတိယလူက ဇာပင်ဖြစ်ဖြစ် အကောင်းဘက်ကို တွေးတတ်တေ သဘောရှိပါရေ။

မိုးလင်းအိပ်ရာထရေလောက်ကပင် အပျင်းစိတ် သို့မဟုတ် စိတ်ရှပ်ပနာထပါလတ်ကေ ယင်းနိန့်တရက်လုံး အဆင်မပြေဆိုစော်ကို ဗေဒင်မိန်းစရာမလိုဘဲ သေချာပြောနိုင်ပါရေ။ မဟုတ်ဘဲနဲ့ မျက်လုံးနှစ်လုံးပွင့်စော်နဲ့ ဒေနိန့် အနည်းဆုံး လူတစ်ယောက်လောက်ကိုဖြစ်ဖြစ် ကူညီနိုင်အောင် ငါ့လုပ်ဖို့။ ငါ့ကြောင့် တစ်ယောက်လည်း စိတ်အနှောက်အယှက် မဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရေ လူက  နိန့်ရက်တိုင်းမှာ စိတ်ချမ်းသာပါရေ။ Aircon ဖွင့်ထားရေ အခန်းနားချေက ဖြတ်လားကေတာင် အအီးဓါတ်ချေကို ကိုယ်က ခံစားရရေပိုင် သူ့အနားကလူတိလေ့သော စိတ်ချမ်းသာကတ်ဖို့။ ချပုံနားကို ယင်ကောင်တိရာလာရေ, အမြဲတမ်းညည်းညူနိန်ရေလူနားမှာလဲ လူကောင်းတိက တာရှည်မနိန်နိုင်ပါ။

ဒေချင့်ကိုလုပ်လို့ အကောင်းဖြစ်လာဖို့စော်မဟုတ်ဆိုရေ စိတ်နဲ့လုပ်လိုက်တေ အလုပ်တစ်ခုစွာ သူထင်ထားရေ အတိုင်းတာတစ်ခုထက် ပိုပနာဆိုးရေ အဖြေတစ်ခုကို အဆုံးမှာရလာပါဖို့။ စရေလောက်ကပင် အဆိုးနဲ့စလို့မရပါ။ အကောင်းမြင်တတ်တေ လူတစ်ယောက်အဖို့ ဇာလောက်ပင် ဆိုးရွားရေ အခြေအနေတိကို ရင်ဆိုင်ရပါတ်စီ တတ်နိုင်သမျှ အကောင်းဆုံးဖြေရှင်းလို့ရဖို့ နည်းလမ်းချေတိကို စိုင်းစားပနာ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ကတ်ပါရေ။

ဘ၀မှာ အကောင်းကို ခံစားရရေပိုင် အဆိုးကိုလဲ မြည်းကေ့ရပါရေ။ ယင်းအချိန်မှာ ကိုယ်က အကောင်းဆုံးလုပ်ခယင့်သားနဲ့ အရှုံးကိုထိတွေ့ရကေ အတွေ့ကြုံကောင်းချေတစ်ခုကို မ၀ယ်ဘဲနဲ့ သင်ခန်းစာရလိုက်တေလို့ သဘောထားကတ်ပါမေ။ ဇာအရာကလဲ မမြဲဆိုစော်ကို အလှပဆုံးပြုံးတတ်အောင် သင်ပီးနိန်ရေ လာကကြီးက အကျွန်ရို့ကို ပြောပြနိန်စွာပါ။



ဆရာခံချင်ရေစိတ် တစိချေလဲ မပါဘဲနဲ့ ရွီးမိခြင်းရာဖြစ်ပါရေ.....

Wednesday, December 21, 2011

အကျွန့်တွက်


- ကမ္ဘာကြီးကို မပြောင်းလဲခင် ကိုယ့်စွာကို အရင်ပြောင်းလဲကတ်မေ။
- မိဘမဲ့ကလေးဂေဟာ မတည်ထောင်နိုင်ခင် ကိုယ့်ရှီ့မှာ ငတ်ပြတ်နိန်ရေ အချေတစ်ယောက်ကို ထမင်းတစ်ထပ်ကျွေးပနာ နွီးထွီင်္းရေမျက်လုံးတိနဲ့ ကြည့်ကတ်မေ။
- တိုက်နဲ့ကားနဲ့ မိဘကိုမထားနိုင်ခင် ဖုန်းပုံမှန်ဆက်ပီးပါ။
- သားသမီးပါးမှာထားရေ မိဘတိရဲ့ ကောင်းစီချင်ရေ စိတ်က တစ်ခါတစ်လီ လောဘတိပါလားရေခါ အပြစ်တင်မိစွာကို မိဘနိန်ရာကနိန်ပနာ တစ်ခေါက် ၀င်ခံစားကြည့်ပါ။
- မခံမရပ်နိုင်နာကြင်နိန်ရေ အချိန်ခါ ငါပျော်ဖူးခရေ နောက်လဲပျော်ရဖို့သိဆိုစော်ကို တစ်ချက်ချေ မမိန့်ကတ်ပါကေ။
- ကိုယ်စားချင်စွာနဲ့ မစားရတိုင်း စိတ်မညီးညူဘဲ ထမင်းငတ်လို့ သီနိန်ကတ်တေ လူဦးရေ ဒေကမ္ဘာမှာ တစ်စထက်တစ်စ တိုးပါလတ်စွာကိ သံဝေဂရပါ။


- လောကမှာ ကိုယ့်ကိုယ် တစ်ယောက်ကလဲ မနိုပ်စက်နိုင် ကိုယ့်စိတ်က ကိုယ့်ကိုဖျက်စီးနိန်ရေ အဓိကတရာခံပါ။
- ကိုယ့်စွာကို မသာထာကေနိန်လီ တစ်ခြားလူကို ပီးကမ်းဖို့ လက်မတွန့်ပါကေ့။
- မျှော်လင့်ချက်တိ ပျောက်ဆုံးနိန်ရေခါ တစ်ခုကိုလဲ မစိုင်းစားဘဲ တရေးအိပ်ပလိုက်ပါ။
- အနားမှာတစ်ယောက်လဲမရှိလို့ ၀မ်းနည်းနိန်ရေခါ အော်ငါ တစ်ယောက်တည်း ရပ်တည်နိုင်ယာမလားယေလို့ ထအော်ပလိုက်ပါ။
- မျက်လုံးမမှိတ်ခင် မေတ္တာပို့ပနာ စိတ်ကောင်းစေတနာကောင်းရှိပါစီ မိုးလင်းခါ အကွန့်ရို့တိ မျက်လုံးဖွင့်နိုင်ဖို့လို့ တစ်ယောက်လဲ အာမခံမပီးနိုင်ပါ။
- ဒေနိန့် အနည်းဆုံး လူတစ်ယောက်ကို ငါအကူညီပီးနိုင်အောင်ကြိုးစားဖို့လို့ အိပ်ရာကမထခင် ကြုံးဝါးပါ။
- လူပါးက တစ်ခုခုရဖို့ မျှော်လင့်မိရေ စိတ်ဝင်လာတိုင်း ငါတောင်လိုချင်သိ့ကေ ယင်းလူတိက ပိုပနာလိုချင်စိတ်ရှိဖို့ဆိုစွာကို မှတ်ထားပါ။
- မလှမ်းနိုင်ရေ တနိန့် ငါဇာပိုင်ထခရေဆိုစွာကို ပြန်ပနာ အတွက့်ပေါ်လိုက်ပါ။