Pages

Showing posts with label အပိုင်းအစလေးများ. Show all posts
Showing posts with label အပိုင်းအစလေးများ. Show all posts

Friday, September 20, 2013

တွေးမိတွေးရာ

တတ်တူးထိုးခြင်းသာ
နောက်ဆုံးပေါ် ရူးသွပ်မှုဆိုလျင်
မျက်နှာပေါ်တွင် ဆေးမှင်ကြောင်ထိုးထားသော ချင်းလူမျိုးများသည်ကား
ရှေးနှစ်ပေါင်းများစွာကပင် ဖက်ရှင်ကိုတီထွင်ခဲ့ခြင်းဖြစ်လေသည်

ဆေးလိပ်သောက်ခြင်းသည်သာ
စိတ်ဖိစီးမှုရဲ့ ပြတင်းပေါက်ဆိုလျင်
စောစောစီးစီးသေခြင်းကား မှန်ကန်ခြင်းသက်သေဖြစ်လေသည်

အရက်သောက်ခြင်းသည်
ယောက်ကျားတစ်ယောက်ရဲ့ ထွက်ပေါက်ဆိုလျင်
မျက်ရည်ကျခြင်းဆိုသည်မှာကား
မိန်းမတစ်ယောက်ရဲ့ နှလုံးသားပေါက်ကွဲသံဖြစ်လေသည်

Thursday, August 29, 2013

ထိုသူကား လူဖြစ်၏

စိန်လက်စွပ်ချင်း တူရင်တောင်
သူဌေးဝတ်တဲ့ လက်စွပ်မှ
အစစ်လို့ မြင်သူ

အ၀တ်အစားချင်း တူရင်တောင်
ချမ်းသာတဲ့သူ ၀တ်ထားတာမှ
Brand အစစ်လို့ ယုံကြည်သူ

အပြုံးချင်းတူရင်တောင်
ချမ်းသာတဲ့သူ ပြုံးပြတာကိုမှ
ဂုဏ်ယူမဆုံး ဖြစ်တတ်သူ

အသားမဲတာချင်းတူရင်တောင်
မဲပြာနေတဲ့ သူဌေး အသားရေကိုမှ
ညိုချောလေးလို့ ထင်တဲ့သူ

ဆရာဝန်ချင်းတူရင်တောင်
ဈေးကြီးပေးပြီး ကုရတဲ့ဆေးခန်းမှာ
ထိုင်တဲ့သူကိုမှ
ဆရာဝန်လို့ အားကိုးမိသူ

တပည့်ချင်းတူရင်တောင်
ဒေါ်လာပေးပြီးတတ်တဲ့
နာမည်ကြီးသားသမီးများကိုမှ
တပည့်လို့ ခေါ်ဝေါတတ်သူ


အသုဘချင်းတူရင်တောင်
တစ္ဆေဘ၀ကနေ
ငါ့အသုဘကို ဘယ်သူတွေလာတယ်

စည်ကားလိုက်တာလို့ 
ငရဲဘ၀နဲ့ ကြွားမည်သူ

Saturday, August 10, 2013

နှစ်ဆယ့်တစ်ရာစု ခေတ်ပါ အမေ


မိန်းကလေးတွေ သူတို့တန်ဖိုးကို
ပေတံတိုတိုလေးနဲ့သာ တိုင်းတာလာကြတာ
ယောင်္ကျားလေးရှားတဲ့ခေတ် ရောက်လာလို့ပါ အမေရယ်

ဟိုဘေလ် ဒီဘေလ်
ဟိုအသင်း ဒီအသင်း
ဟိုအလှု ဒီအလှုနဲ့
လိုချင်တဲ့ပစ္စည်း ၀ယ်ချင်ပြန်တော့
စိတ်က မ၀ယ်နဲ့လို့ တားသော်ငြားလဲ
ခြေထောက်က ဆိုင်ရှေ့က မခွါနိုင်မှတော့
လစဉ် လိုငွေပြနေတာ အဆန်းမှမဟုတ်တာ
ဒါလဲ ငွေဈေးကျပြီး ကုန်ဈေးနှုန်းတတ်လာတဲ့
21ရာစု ခေတ်ကြောင့်ပါ အမေရယ်

ဒီခေတ်မှာ ကြက်သားဟင်းဝယ်လာတိုင်း
ဈေးခြင်းတောင်းကို အားရပါးရကိုင်
ခေါင်းကိုမော့ကာ မြောက်ကြွမြောက်ကြွ ခြေလှမ်းနဲ့
လမ်းမှာတွေ့တဲ့ လူတကာကို လိုက်နှုတ်ဆက်တဲ့ လူတွေလဲရှိတယ် အမေရယ်

ဘောင်းဘီဖင်ကျွတ်ဝတ်တဲ့ ကောင်လေးတွေရှိလာမှတော့
ကောင်မလေးတွေ တဖြည်းဖြည်း အောက်ကတို အထက်ကဟိုက်လာတာ
ဘယ်သူ့အပြစ်တင်ရမှာတုန်း
အဘွားပြောသလို ညည်းတို့မွေးတဲ့ ခေတ်ကိုက မကောင်းတာပါ အမေရယ်

Friday, November 16, 2012

နောက်ကွယ်က နေသူများ

ရေတိုက်စားဖို့တွက်
   ကမ်းပါးတွေ ပြိုပေးရတယ်
မိုးရွာဖို့တွက်
   တိမ်တွေ မည်းမှောင်ပေးရတယ်
ရေခဲတောင်ကြီးဖြစ်ဖို့တွက်
   နှင်းတွေ ငိုပေးရတယ်

စောင့်နေရဆဲ ဘူတာရုံကြီး ရှိဖို့တွက်
   ရထားတွေ ထွက်ခွါပေးရတယ်
ဆောင်းရာသီ ရောက်ဖို့တွက်
   သစ်ရွက်တွေ ကြွေပေးရတယ်
နွေရာသီကို ဖော်ကျူးဖို့
   အလွမ်းငှက်ငယ် ဥသြလေးတွေ သီကြူးပေးရတယ်

ညအမှောင်ဖြစ်ဖို့
   နေလုံးကြီးဝင်ပေးရတယ်
ကြယ်လေးတွေ တောက်ပဖို့
   လမင်းကြီး ကွယ်ပေးရတယ်
လွမ်းဆွတ်ခြင်းကို စားသုံးဖို့
   အသည်းကွဲပေးရတယ်

ဘ၀ကို နားလည်ဖို့
   သမိုင်းက နာကျင်ပေးရတယ်
လူကောင်းဖြစ်ဖို့
   လူတစ်ချို.က မိုက်ပေးရတယ်
ဇာတ်ဆောင်ဖြစ်ဖို့
   တစ်ချို့က ဇာတ်ရန်နေရာက သရုပ်ဆောင်ပေးရတယ်

မျက်ရည်ကျဖို့
   ခံစားချက်တစ်မျိုး မွေးထုတ်ပေးရတယ်
သင်္ချိုင်းကုန်းဖြစ်လာဖို့
   လူတွေ သေပေးရတယ်
နောင်တ ဖြစ်လာဖို့
   စိတ်ညစ်စရာတွေ လုပ်ပေးရတယ်

ဆရာဝန် ဖြစ်လာဖို့
   လူတွေ နာပေးရတယ်
ငါးမြှားခြင်းနဲ့ လူတွေ အပန်းဖြေဖို့
   ငါးတွေ သေပေးရတယ်
Zoo ဖြစ်လာဖို့
   တိရစ္ဆာန်တွေကို ထောင်ချပေးရတယ်

လက်ဝှဲ့ပွဲ တစ်ခုဖြစ်လာဖို့
   လူသားအချင်းချင်း ထိုးကြိတ်ပေးရတယ်
မဆုံနိုင်တဲ့ ကံကြမ္မာ ဖြစ်လာဖို့
   ငါတို့တွေ ဝေးကွာပေးရတယ်
သမုဒ္ဒရာ ဖြစ်လာဖို့
   ချောင်းတွေ အဖြာဖြာ စီးဆင်းပေးရတယ်...
 

Thursday, October 11, 2012

ရေးမိသမျှ

ဟိုနားတစ်ပွင့် ဒီနားတစ်ပွင့်နဲ့
အဲဒီ့ပန်းကုံးလေး သီထားတဲ့
ကြိုးလေးတစ်ချောင်းပဲ ကျန်တော့တယ်
ငယ်ငယ်တုန်းက ဖတ်စာအုပ်ထဲမှာ
သင်ရတဲ့ ၀တ္ထုလိုမျိုး
ထင်းစည်းကြီးတစ်ခုလုံး
ရိုက်ချိုးဖို့ မလွယ်ကူပေမဲ့
တစ်ချောင်းလေးပဲ ဖြစ်ပါစေ
မရှိတော့ရင် ပြိုကွဲဖို့ လွယ်ကူသွားပြီ
သူငယ်ချင်းတွေ, မိသားစုတွေ
ဒီလိုမျိုးပြိုကွဲသွားတာ များလာခဲ့တယ်


လူဦးရေ တိုးသထက်တိုး
ခောတ်မှီပစ္စည်းတွေ တစ်နေ့တမျိုး
မရိုးရအောင်ပေါ်လာလို့များ
လူတစ်ယောက်ရဲ့ အရေးပါမှုကို
ဂရုမစိုက်ကြတော့တာလား
သေချာတာတစ်ခုကတော့
နှလုံးသားထဲကလာတဲ့
မေတ္တာ, ဂရုဏာတွေ
အဲဒီ့စက်ကိရိယတွေက မပေးနိုင်ဘူးဆိုတာပဲ

အနားမှာ မရှိတော့မှ တန်ဖိုးထားရကောင်းမှန်းသိပြီး
သူ့ရဲ့ အရေးပါမှုကို ပြန်တောင့်တ
ကိုယ်လုပ်နေခဲ့တာတွေကို နောင်တမရကြပါနဲ့ ......

Saturday, September 29, 2012

ခံစားမိသမျှ

လောကကြီးမှာ လူတိုင်းရဲ့ အနာဂါတ်ဟာ သေမဲ့နေ့ကို ဦးတည်တာချည်းပဲ။ ဒါပေမဲ့ ဘယ်နေ့သေမယ်လို့ မသိတဲ့ သူရဲ့ဘေးနားမှာ နေရတာက ဘာမှမခံစားရပေမဲ့ သေမဲ့နေ့ကို ရက်ချိန်းသတ်မှတ်ခံထားရတဲ့ လူရဲ့အနား စောင့်ကြည့်နေရတာလောက် ရင်နာရတဲ့ အဖြစ်ဆိုးက မရှိဘူး။ 


ငါနာမည်ကြီးဖို့ တခြားလူတွေကို လိမ်တယ်။ ငါ့ကို သနားအောင် ငါကောင်းကြောင်း လူတိုင်းကို လိုက်ပြောတယ်။ ငါ့ကိုချစ်အောင် တခြားသူအကြောင်း မကောင်းတဲ့ အတင်းတွေ, တစ်ကျပ်ဖို့လုပ်ပေးခဲ့ရင် တစ်သိန်းဖို့လောက် လုပ်ပေးခဲ့ရသလို သူတို့တွေကို ပြောတယ်။ 


ဘာသာတရားဆိုတာ လူလူချင်း သက်ရှိအချင်းချင်း နူးညံ့ကြင်နာတတ်အောင်, သဘောထားမှန်ကန်အောင် လမ်းညွှမ်းပေးတာ, အဲလိုဖြစ်မလာရင် သူကိုးကွယ်နေတာ နည်းလမ်းမကျလို့လဲ ဖြစ်နိုင်သလို, ဘာသာတရားလို့ ခေါ်ဖို့ မထိုက်တန်ခြင်း လို့လဲဖြစ်နိုင်တယ်။ 


တပါးသူကို နှစ်သိမ့်ပေးတယ်ဆိုတာ အလွန်တရာမှ မွန်မြတ်တဲ့ အလုပ်ဖြစ်တယ်။ အဲလိုများ လုပ်ဖို့အခွင့်အရေးရရင် လုံးဝလက်လွှတ်မခံပါနဲ့။ ကိုယ့်ကြောင့် သူတို့တွေ ပျော်ရွှင်ကြသလို ကိုယ့်ရဲ. စိတ်နေစိတ်ထားနဲ့ တန်ဖိုးလဲ မြှင့်တတ်လာလို့ပါ။ 


အတိတ်ဘ၀က ငါဆိုတဲ့လူ လုပ်ခဲ့သမျှ စိတ်ချမ်းသာခြင်း စိတ်ညစ်ရခြင်းတွေကို ခံစားနေရတာဖြစ်တယ်။ အတိတ်ကို ကျောက်သင်ပုန်း ပေါ်မှာ ရေးခဲ့တာမဟုတ်လို့ ပြန်ဖျက်လို့မရနိုင်ခဲ့ပေမဲ့ ယခုငါက ကောင်းမှုကုသိုလ်တွေ လုပ်ပေးခြင်းနဲ့ ပြန်ချေဖျက်နိုင်ပါတယ်။ 


ဘနဲ့ဝ ရှိရုံလေးနဲ့ ဘ၀ဆိုတာမဖြစ်နိုင်တာ လူတိုင်းသိပါတယ်။ ရယ်ရသလို ငိုရခဲ့တာလဲ များခဲ့ပါပြီ။ အချိန်ကြာလာသည်နှင့်အမျှ အရာရာဟာလဲ ပြောင်းလဲနေမှာပဲ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သိပ်မခံစားဘဲ အလိုက်သင့်မျှောပါတတ်ဖို့ အရေးကြီးပါတယ်။