Pages

Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts

Saturday, July 19, 2014

အောင် (၁)

ဒီတံတားပေါ်ကို ရောက်လာပြန်ပြီ။ ရောက်တိုင်းလဲ တစ်စုံတစ်ယောက်ကို သတိရတဲ့စိတ်က ထပ်ကြပ်မကွာ လိုက်လာပြန်တယ်။ နားမလည်နိုင်သေးတဲ့ ကိုယ်ပါကိုပြန်မေးမိတယ် သူ့ကိုအောက်မေ့မိတဲ့ ခံစားချက်ကို မကြိုက်ဘဲနဲ့ ဒီနေရာကို ဘာကြောင့် မကြာမကြာ ခြေချမိပါလိမ့်။ ခါတိုင်းထက်စာရင် ဒီရက်လိုမျိုး မွေးနေ့မှာ ချစ်တဲ့သူကို အနားမှာ ရှိစေချင်ကြတာ လူတိုင်းထင်ပါရဲ့

ဒီနေ့အိပ်ရာထတော့ ကံ့ကော်ပန်းတွေနဲ့များ နင်ရောက်လာမလားလို့ အိပ်မက်တွေနဲ့အတူ နိုးထလာသေးတယ်။ မဖြစ်နိုင်မှန်းသိပါရဲ့ ဒါပေမဲ့ မျှော်လင့်ချက်ဆိုတဲ့ စကားလုံးကို ငှားသုံးလိုက်တယ်လို့ပဲ သတ်မှတ်လိုက်ပါနော်။ အရင်လိုနင်မရှိတော့ တောင်ပေါ်က ဘုန်းကြီးကျောင်းကို ဆွမ်းပို့ဖို့ ငါတစ်ယောက်တည်းသွားရတာပေါ့။ မြို့ပြင်မှာရှိတဲ့ တောင်ပေါ်ရောက်ဖို့ သင်္ချိုင်းကုန်းကို ဖြတ်ရတော့ အမေက တစ်ယောက်တည်းဖြစ်ပါ့မလားတဲ့။ မဖြစ်စရာ အကြောင်းဘာရှိလို့လဲ ငယ်ငယ်ကတည်းက သွားနေကြ နေရာ ဘယ်သူကများ အနှောက်အယှက် ပေးဖူးလို့လဲ။ ငါ့တွက်တော့ အေးချမ်းဆုံး နေရာက ဒီမြို့လေးပဲ။ တောင်ပေါ်ကနေမြင်ရတဲ့ ရူခင်းတွေ ဘယ်လောက်လှလဲဆိုတာ လူတိုင်းသိတယ် ပြီးတော့ နင်ပြောသလို မေယူမြစ်ဘေးနားလေးမှာ ရှိတဲ့ ငါ့တို့မြို့လေးက တစ်ဖ၀ါးမှမခွါ သစ္စာရှိတဲ့ ချစ်သူတစ်ယောက်လိုမျိုး ကြည့်ရတာ အရမ်းကြည်နူးဖို့ ကောင်းတယ်။ ရုတ်တရက်များ “မိနွယ်” လို့ ခေါ်သံ လိုလိုနဲ့ ဒီနာမည်ကို ကလေးဘ၀တည်းက ခေါ်လာခဲ့တာ တစ်ယောက်သော အောင်ကို ပိုလွမ်းအောင် ကျီစားတတ်တဲ့ တောင်တွေရဲ့ ပဲ့တင်ထပ်သံကို ဒီတစ်ခါ မကြိုက်ဘူးဟ

ငါ့မွေးနေ့ကို ရောက်လာဖို့တွက် ဒီနေ့ တစ်ရက်လေးတောင် အချိန်မပေးနိုင်ရအောင် နင်လက်ရှိတွဲနေတဲ့ တစ်ယောက်ကိုများ ချစ်သွားပြီလာ အောင်။ ငါ့အပေါ်မှာရှိတဲ့ နင့်သံယောဇဉ်က အဖြူလား အရောင်တွေနဲ့လားဆိုတာကို သဲသဲကွဲကွဲ သိခဲ့တာကြာပါပြီ။ ဒုတိယနှစ်က ငါ မိုးမိလို့ဖျားတော့ ဆေးခန်းကနေ အိမ်ကို ဆိုက်ကယ်နဲ့ အပြန် လေအရမ်းတိုးတော့ ချမ်းတာရယ် နင် ငါ့အနားမှာရှိရင် ဘာကို ကျေနပ်မှန်းမသိ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်နဲ့ နင့်ခါးကို ဖက်လိုက်တော့ နင်သိတယ်ထင်ပါရဲ့ အဆောင်ကိုရောက်တော့ “ မိနွယ် မောင်နှမ သံယောဇဉ်နဲ့ ပူလောင်တဲ့ သမီးရည်းစား သံယောဇဉ်ကို နားလည်ရဲ့လား ငါကတော့ အကြောင်းမပါလို့ ကွဲသွားရင်တောင် ၁၅၀၀ကြိုးက ပြန်ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ ၅၂၈က ရေစီးကြောင်းလိုပဲ ဖြတ်မပြတ်ဘူးဟ” ဆိုပြီး နင်လှည့်ထွက်သွားတယ်။ အောင် နင့်စကားက ငါ့မာနကို စော်ကားတယ်ဆိုတာ သိရဲ့နဲ့များ တမင်ပြောသွားတာလား။ လူတိုင်း အားငယ်တတ်တဲ့ နေမကောင်းဖြစ်တဲ့ အချိန်မှာမှ တမင်ရွေးပြောရတယ်လို့ နင်တော်တော်ရက်စက်တယ်။ ဒါပေမဲ့ နင့်ကျောကုန်းကို မှီခွင့်ရခဲ့တဲ့ ခဏတာအချိန်လေးကိုတော့ ရပ်ထားလိုက်ချင်တယ် အောင်။ နင့်အပေါ် အရောင်ပြောင်းမိတဲ့ ငါ့မျက်လုံးတွေတွက် တောင်းပန်ပါတယ်။ ဘာဖြစ်လို့များ ငါ့အချစ်က အနီးဆုံးကလူတစ်ယောက် အတွက်ဖြစ်နေရတာလဲ