Pages

Showing posts with label အမင်. Show all posts
Showing posts with label အမင်. Show all posts

Saturday, May 19, 2012

တုနှိုင်းမဟိ အမင်

       " အမင် " လို့ခေါ်ကြည့်ရေလောက်ကပင် ပူလောင်နိန်ရေ စိတ်တိငြိမ်းချမ်းလားခရေ။ အသက်ထွက်လောက်အောင် နာကြင်မှုဒဏ်ကို ခံပြီးမှ မွီးဖွါးပီးလိုက်တေ အကျွန့်ရို့တိအမင်။ ထမင်းမစားချင်ကေ စားအောင်လို့ ထမင်းဆီဆမ်း၊ ရွှေလင်းပန်းနဲ့ တေးခြင်းကိုဆိုပနာ ကျွေးခရေ စိတ်ရှည်သီးခံမှုတိနဲ့ အမင်။ ဖေ့ချာဇာလောက်ပင် အဆင်မပြေပါတ်စီ သားသမီးတိကို ထမင်းနှစ်ထပ် နပ်မှန်အောင်ကျွေးခရေ ကြီးမားရေ မိတ္တာတိနဲ့ အမင်။ ရင်သွီးချေတိ ဇာလိုချင်လဲ အရိပ်ပြစရာမလိုဘဲ တပ်အပ်သိနိန်စွာက ဇာသူဟိဖို့လဲ။ သားသမီးတိ လိုအပ်နိန်ကေ မရ,ရရေပိုင် ကြံပနာ ရှာပီးတတ်တေ အကျွန့်ရို့တိ အမင်။ ခါးနာနိန်ကေတောင် မနာဟန်ဆောင်ပြီးကေ ၀မ်းရေးအတွက် ဆက်ရုန်းနိန်သိ့ရေ အမင်။ အမင့်ခံစားချက်တိကို ကိုယ်က အမင်ဖြစ်မှနားလည်စရာမလို။ နားလည်လာဗျာလ် အမင်။ 

       ကိုယ့်ရင်သွီးတိ အနားမှာမဟိကေ အသည်းနှလုံးကို ထုတ်ပလိုက်စွာထက် ပိုနာကြင်ရေဆိုရေအမင်။ အမင်မငိုပါကဲ့။ နောက်တချိန်မှာ အမင့်နားမှာ အပြီးနိန်ဖို့ ဒေဂုတချက်ချေ သည်းခံလိုက်ပါ။ တခါတလီ လောကကြီးမှာ ရပ်တည်ရစွာ ညောင်းပါလတ်တေ အမင်။ အမင့်ရင်ခွင်မှာ ဟန်မဆောင်ဘဲနဲ့ အီးအီးချမ်းချမ်းနိန်ခရေ အချိန်တိကို ကမ္ဘာလောက်အောက်မိန့်ရေ။ အိုလီ၊ လှလီ၊ ဟောင်းလီ၊ တန်ဖိုးဟိလီ ဆိုစွာ အမင့်မိတ္တာကို ပြောစွာရာမနား။ အမင်မဟိကေ မဖြစ်ဆိုစွာ ၀ီးမှသိပါလတ်တေ။ အမင့်တန်ဖိုး ၀ီးမှပိုနားလည်လာရေ။ ဇာလောက်ပင် အသက်ကြီးလာပါတ်စီ အမင့်အရိပ်ရောက်ကေ အချေတိပိုင် ခံစားရရေ။ ဆိုးဝါးကြမ်းတမ်းရေ လောကဓံတိ ထိုးနှက်ချက်ကြောင့် စိတ်ဓါတ်တိကျဆင်းခကေတောင် အားမလျှော့ဘဲနဲ့ အမင်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရေ။ 

       အမင့်ဆံပင်တိ ဖြူပါလတ်ဗျာလ်။ ဒေအသက်အရွယ် ရောက်နိန်ဗျာလ် အမင့်ကို စိတ်ချမ်းသာအောင်မထားနိုင်သိကာလို့ စိုင်းစားလိုက်တိုင်း ကိုယ့်စွာကိုယ် မုန်းမိရေ။ ၀မ်းရေးအတွက် အမင်ပူပန်နိန်ရတုန်းသိမ့်။ ညည့်အိပ်တေ အချိန်တိုင်း အမင့်သက်ပြင်းသံ တတိုးချေတိကို နိန့်တိုင်းကြားနိန်ခရေ။ " ဇာပြသာနာပင်လာလာ ကောင်းမစိုင်းစား, မပူပန်ကဲ့ အချိန်တန်ကေ သူ့အလိုလို ပြီးလားလိမ့်မယ် " လို့ အမင့်ကို နှစ်သိမ့်ခရေ စကားတခွန်း ဒေဂု ကိုယ့်စွာကိုယ် ပြန်ပနာပြောနိန်ရဗျာလ် အမင်။ ငါ့သား၊ သမီးတိကို ငါ့ထက်တောင်အောင်လုပ်ဖို့ဆိုရေ အမင့်သန္ဓိဌာန်နဲ့ စွမ်းအားကို လေးစားမိရေ။ မြင့်မိုရ်ဆိုရေ ဒေတောင်၊ ဒေတာဝန်ကို အမင့်ပခုံးတစ်ဖက်တည်းနဲ့ ကြည်ကြည်ဖြူဖြူ လိုလိုလားလား ထမ်းခရေ အမင့်ကို ဇာနဲ့ဆပ်ကေ နို့ဖို့ကျီဖို့လဲ။ အချေခါငိုတိုင်း လမင်းကြီးကို လက်ညိုးထိုးပြပြီးကေ တေးခြင်းနဲ့ ချော့ပနာ အငိုတိတ်အောင် အမင်လုပ်ခရေ။ ယင်းခါမြင်ရရေ လမင်းက အဂုမြင်နိန်ရစွာထက် ပိုကြီးပြီးကေ ပိုအီးချမ်းနိန်ခရေကာ အမင်။ မဟုတ်ဘဲနဲ့ ဒေသမီးမျက်လုံးမှာ သောကတိမ်တိရာ ဖုံးနိန်လို့လား အမင်။ 

       Immigration Counter ကို ၀င်ရေအချိန်ထိ စိတ်မချဘဲ အမင် တစ်ခုပြီး တစ်ခု မှာနိန်ခရေ။ ဆက်သွယ်ရခက်တေ မြို့ချေတစ်မြို့က ဖုန်းဆိုင်ထဲမှာထိုင်ပနာ အမင် ဇာလောက်စိတ်ပူပန်နိန်ဖို့ ဆိုစွာကို မှန်းဆမိပါယင့်။ " ဖြစ်နိုင်ကေ ငါရာနိုင်ငံခြားကို လားပနာ လုပ်ချင်စွာလုပ်ရ လုပ်ပလိုက်ချင်ရေ၊ ငါ့သမီးချေကို လွှတ်ရစွာ ရင်တိပူပနာ ရူးဖို့ပိုင်တွီ့ရေ " လို့ မျက်ရည်တိနဲ့ ပြောခရေ အမင့်စကားတခွန်း နားထဲမှာ အဂုထက်တိ ကြားယောင်မိတုန်းအမင်။ ဘ၀ဆိုစွာ ဒေပိုင်ဗျာလ် အမင်။ အားလုံးသူက ကိုယ့်ဒုက္ခနဲ့ကိုယ် ဇာသူတစ်ယောက် အီးအီးချမ်းချမ်း နိန်နိုင်ကတ်လေ။ တစ်ခုခုတော့ ပူပန်နိန်ရစွာဗျာလ်။ တခါတလီ အမင့်ပိုင် ရင့်ကျက်တေ မ,မတစ်ယောက်ဖြစ်ချင်ရေ။ အသက်ရာ၂၀ ကျော်ပါလတ်တေ မရင့်ကျက်နိုင်သိ့ပါကာ။ ကိုယ့်စွာကို ကံကောင်းသိမ့်ရေလို့ ထင်မိယင့်။ အချိန်မရွီး တန်းခါးဖွင့်ထားရေ အိမ်ချေမှာ သမီးပြန်အလာကို စောင့်မျှော်နိန်ရေ အမင်ဟိရေ။ မလိုဗျာလ်..... အရာတစ်ခုလဲ မလိုအပ်ဗျာလ်..... 

       သမီးကိုကြည့်ရေ အမင့်အပြုံးမျက်နှာ မျက်လုံးမှာ မျက်ရည်တိနဲ့ကာ။ မွီးရပ်မြီက ထွက်လာရေအချိန်မှာ မြင်ခရရေ အမင့်ပုံရိပ် နှလုံးသားမှာ စွဲထင်နလီယင့်။ အမြင်က ပျောက်လားအောင်ထိ ဆိပ်ကမ်းမှာ ရပ်ပနာကျန်ဟိခရေ ဒေမြင်ကွင်းကို မိန့်နိုင်ဖို့ ထင်လားအမင်။ ဖုန်းဆက်ရေအချိန်တိုင်း နိန်လို့ကောင်းရေ၊ အဆင်ပြေရေလို့၊ အမင်စိတ်ချမ်းသာအောင် စကားကိုအလှပချေ ဟန်ဆောင်ပနာ သမီးပြောတတ်နိန်ဗျာလ်။ အိမ်နဲ့ဝီးရေ လူတိုင်း အိမ်ကိုလွမ်းပါရေ အမင်။ ခေါင်းထက်က ပျံနိန်ရေ လေယာဉ်တစ်စင်းထက်မှာ ဇာနိန့် ကိုယ်လိုက်ရဖို့လဲဆိုစွာကို နိန့်တိုင်းစောင့်မျှော်နိန်မိရေ။ လောကကြီးကို ရင်ဆိုင်ခရေ အားကောင်းမောင်းသန် အမင့်ခွန်အားတိကို အားကျမိပါယင့်။ အမင့်တွက်ဆိုကေ ခလုတ်တိုက်စွာလောက်ရာဟိ့ရေ ပြသာနာချေတိကို ရင်ဆိုင်ရကေတောင် မျက်ရည်အရင်ဝဲလာရေ ကိုယ့်စွာကိုယ်လဲအားမရ။ 

        ဒေအကွေ့အကောက်များရေ လူ့လောကကို အကြောက်အရွံ မဟိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခရေ အမင့်သတ္တိနဲ့ခွန်အားကို လေးစားမိရေ။ " ကမ္ဘာကြီးကို အာဒံနန့် ဧ၀ ကပင်စခရေလို့ပြောပြော၊ ဗြာဟ္မာကြီးလေးရပ်ကပင် စခရေလို့ပြောပြော အကျွန်ရို့တိ ဒေပိုင်အသက်ရှင်နိန်စွာ အမင့် ကျေးဇူးကြောင့်ပါဗျာလ်၊ နားနန့်မနာ ဖ၀ါးနန့်နာ၊ ကိုယ့်မျက်စိအောက်မှာ အမင်ဆိုစွာ မ,မပျက် မကောင်းရေ မ,မဖြစ်နိန်လီပါတ်စီ အမင်က အမင်ဗျာလ် " လို့ ဆရာကြီးတစ်ယောက်ကတောင် ဖော်ပြခလီယင့် အမင်။ အမင်မှန်ကေ ဘာသာခြား လူမျိုးခြားမဟုတ် သားသည်အမိတစ်ယောက်စွာ အမင်ဗျာလ်။ အမင်မှန်ကေ တိရစ္ဆာန်ဖြစ်တေ ခွီးတောင် နွီးထွီးရေ အမင့်စိတ်ဓါတ်ဟိရေ။ ခွီးသားပေါက်ချေတိကို နို့တိုက်ချင်လို့ လမ်းဘေးမှာ ဟိုလူခလုံးကျောက်၊ ဒေလူခလုံးကျောက်နဲ့ သူ့ခမျာ အစာရာရရေ။ အသိဥာဏ်မဟိရေ ခွီးတောင် သား၊ သမီးနဲ့ ပက်သက်လာကေ ဇာဒုက္ခ ဇာနာကြင်မှု ကြုံရပါတ်စီ ရင်ဆိုင်ရေ။ ကြီးမားရေ မိတ္တာနဲ့ မိခင်စိတ်ဓါတ် ဇာလောက်လေးစားဖို့ကောင်းလေ။ ဘ၀ကို တက်တစ်ခါ ကျတစ်လှည့် စိတ်ဓါတ်နဲ့ ဖြတ်သန်းယင်း အင့်အိမ်ချေကိုလည်း လွမ်းမိယင့် အမင်။ 

       အိမ်နဲ့ဝီးရေလူတိုင်း တစ်နှစ်တစ်ခါ အိမ်ကိုပြန်စီချင်ပါရေ။ ဖေ့ချာ အဆင်မပြေလို့ ဇာလောက်ပင်ပြောပြော၊ ကိုယ့်မိသားစုနဲ့ ဒေမှာ အခြေကျနိန်ဗျာလ်လို့ပြောပြော၊ သားသမီးတိမျက်နှာကို မြင်ချင်ရေ တတူနိန်ချင်ရေ အမင် အကျွန့်ရို့ထားပခရေ အိမ်ဟောင်းချေမှာ စောင့်မျှော်နိန်ပါရေ။ သောကကိုဖုံးပနာ ပူဆွေးမှုတိကို ကြိတ်မျိုချလို့ ကိုယ့်ဆန္ဒကို ဖော်မပြတတ်ဘဲ သားသမီးစိတ်ချမ်းသာဖို့ရာ ဦးစားပီးတတ်ခရေ အကျွန့်ရို့တိ အမင်။ ဘုရားရှီးခိုးတိုင်း အမင့်ကြေးစည်သံနန့် တတူ သား၊သမီးတိတွက် ဆုတောင်း မိတ္တာပို့သံကို ကြားယောင်နိန်မိယင့် အမင်။ တစ်နှစ် တစ်ခေါက် ပြန်ကေတောင် အမင်နဲ့တွီ့ဖို့ရက်ကို လက်ချိုးရွီလို့ ရပါရေ။ အကျွန်ရို့တောင် ဒေအသက်အရွယ်ကို ရောက်နိန်ဗျာလ်ဆိုကေ ဘ၀မှာ အမင်ဇာလောက် တာရှည်နိန်နိုင်ဖို့သိမ့်လဲ။ ဒေလောကမှာ နှစ်ယောက်မရှိ၊ အစားထိုး မရနိုင်ရေ အမင် အကျွန့်ရို့တိ အိမ်ပြန်လမ်းကို မျှော်နိန်စွာကို သတိရစီချင်ပါရေ။ 

       အမင့်ကျေးဇူးကို သိရေလူ အစစ အရာရာ အဆင်ပြေပြီးကေ အိုတောင်မဆင်းရဲစွာ အမှန်ပါ။ ဇာပင်လုပ်လုပ် အမင့်အတွက်ဆိုရေ ဒေကုသိုလ်စိတ်ချေကပင် ကူညီဖို့လူတိ ပေါ်ပါလတ်စွာကို လက်တွီ့ကျင့်သုံးကေ သိလာပါလိမ့်မေ။ ရီစုန်ရာ ဟိပြီးကေ ရီဆန်မဟိရေ မိတ္တာကို အမင်ကလွဲပြီးကေ ဇာသူပီးနိုင်ပါလေ။ အလား အလာဆိုရေစကား အမင်တိအတွက်မမှန်။ အလားရာဟိပနာ အလာမဟိရေ ဂရုဏာ အကျွန့်ရို့တိကို ဇာသူပီးနိုင်ပါလေ။ မျှော်လင့်ခြင်းမဟိရေ ပီးဆပ်မှုတိနဲ့ ဒေလောက, က အမင်အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ပြီးကေ ရင်ထဲကအပူတိ ငြိမ်းအီးနိုင်ပါစီလို့ သားသမီးတိ အားလုံးကိုယ်စား ဆုတောင်းမိတ္တာ ပို့သလိုက်ပါရေ။ 


- အ၀ီးတစ်နိန်ရာက အမင့်ကို ဒေဆောင်ပါးချေနန့် သမီးရှီခိုးလိုက်ပါရေ.....

Friday, March 2, 2012

အမင့် " အိမ် "




အရောင်စုံရေ မိတ္တာတိနဲ့ အမင့်အိမ်ကို အလှဆင်ထားရေ...

ပျက်တခါ ပြိုတလှည့်နဲ့ အမင့်အိမ်စွာ ဒေကုထက်ထိ ကြံကြံခံနိန်တုန်း...

မုန်းတိုင်းဒဏ်ကို နောက်ကုန်းနဲ့တင်းခံ အိမ်က သားသမီးတိကို အီးမြရေရင်ငွေ့ရိပ်နဲ့ လလုံခြခြုံချေထား...

မပြည့်ရေအိုး ဘောင်ဘင်မခတ်ရအောင် ဘ၀နာအောင်လဲ ဆုံးမတတ်တေ...

ခန္ဓာနဲ့မမျှရေ အလီးကိုထမ်းပနာ အမင့်အိမ်ကထမင်းအိုးကို မပြတ်တမ်း ဖြည့်ဆီးပီးရေ...

ပိတ်နိန်ရေ မျက်လုံးချေတိ ပွင့်ပါတ်စီဆိုပနာ ရီကြိုင်ရာမြက်နုရာကို အပြုံးချေနဲ့လွတ် အမင့်အိမ်မှာ ပူပင်စိတ်နဲ့ အောက်မိန့်ရေစိတ်တိက နိန့်တိုင်းပြည့်နိန်ရေကာ...

အသက်ကိုရင်းပနာလဲ အမင့်အိမ်တွက် ဘ၀ကိုလဲ လောင်းကြေးထပ်ပလိုက်သိယင့်...

ချွေးနဲ့မျက်ရည် ရင်းပြီးမှရလာရေ အောင်မြင်မှုလို့သိယင့်သားနဲ့ တခါတခါ ယုံကြည်မှုတိလဲ ပျောက်ဆုံးလားတိုင်း အမင့်အိမ်ကပီးရေ အားဆီးတခွက်ကို အငမ်းမရ မျိုချမိရေ...

ပုတ်စော်နံရေ အိမ်ရှိရေပိုင် အနံမွှီးရေ အိမ်လဲရှိရေ
ပုခတ်လွဲရေ လက်ပိုင်ရှင်တိုင်း ကြမ်းတမ်းနိုင်ရေပိုင် နနှညညံလဲရှိရေ
သေချာစော်တစ်ခုက ပုတ်စော်နံရေ အိမ်ကိုတယောက်လဲ မလိုချင်ရေပိုင်
ကြမ်းတမ်းရေ လက်ပိုင်ရှင်လဲ တစ်ယောက်လဲမဖြစ်ချင်
ယင်းလက်ပိုင်ရှင်တိစွာ ကမ္ဘာကြီးကို မအုပ်စိုးရချင်နိန်
သူ့ရို့တိစိတ်ထဲမှာ ဒေ "အိမ်ချေ" ကို သာယာစီချင်ရေ စိတ်တခုတည်းနဲ့ အသက်ဝင် လုပ်ရှားနိန်ကတ်တေ.....


3 March 2012 (Sat-3.33AM)

Thursday, January 12, 2012

ဗလာ ဘဝ


ခံစားချက်သက်သာရာ





တထွာရာရှိရေ ၀မ်းရေးတွက်
အကောင်းစား မစားကေတောင် ငါဝမ်းတင်းတုန်း...

စာနှစ်လုံးရာရှိရေ ဘဝ
မချမ်းသာကေတောင် မပူလောင်ပါ...

သဘာဝကပီးရေ အီးချမ်းမှုကို
ဖေချာ့မပီးဘဲနဲ့ ငါခံစားနိုင်သိ့ရေ...

ငါ့အရိပ်ကို ငါလုံလို့
အိုစာမင်းစာ ငါမပူပါ...

ယူလို့လဲမလာ ယူလားလို့လဲမရ
အမှန်တော့ဘ၀က ဗလာရာ...

Tuesday, October 25, 2011

မုဆိုးမ ဘဝ



ကြယ်မမြင် လမမြင်ရေ အချိန်တိုင်း ဒေသမီး ဒေသားတိ မျက်နှာနဲ့ အသက်ရှင်သန်ခရေ။ လမ်းပျောက်လခရေ အချိန်တိုင်း ဒေရင်သွီးတိ အနာဂါတ်လမ်းကို မြင်ပနာ ၀ိုးတ၀ါးနဲ့ လျှေက်ခရေ။

မေမေ "သားဆယ်တန်းကို ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်ရေ" ညစာက ပြောလာရေ သားချေစကား နားထဲက မထွက်လီဗျာလ်။ သားဆရာမလဲပြောခရေ ဒေကောင်ချေကို ပျိုးပီးကေ ဖြစ်ဖို့လတ်။ ပျိုးချင်စွာတော့ ပြောဖို့မလိုပါ ဆရာမ။ ကိုယ့်သားသမီးတိ အရာလူတိနဲ့တန်းတူ ထားချင်တောင်မက သူရို့ထက်သာရေ နိန်ရာမှာထားပနာ အကောင်းဆုံးအရာတိကိုရာ ပီးချင်စော်က မိဘတိုင်းမှာရှိရေ စေတနာတိရာ။ ဇာပင်ဖြစ်ဖြစ် သမီးကြီးပါးမှာ တာဝန်မကျီခစွာတိတွက်ပါ ငါတော့ သားချေတွက် တစ်ခုခုတော့ လုပ်ပီးရဖို့။

သမီးအကြီးဖြစ်လို့လားမသိ ယောက်ကျားတစ်ယောက်ပိုင် အားကိုးရရေ။ အိမ်ပြင်မှာ ဇာပြသာနာပင်ဖြစ်ဖြစ် ရဲရဲဝံ၀ံ ရင်ဆိုင်ပနာ အိမ်ကိုရောက်မှ ငိုတတ်တေ ဒေသမီးကိုလဲ တစ်ခါတစ်ခါ သနားမိရေ။ သူတတ်ချင်ရေ တက္ကသိုလ်ကို ပစပ်ကတောင်ထုတ်မပြော အ၀ီးသင်တတ်ပနာ ငါ့နားမှာ အမြဲတမ်းရှိနိန်ရေ။ အင်း ကမ်းမမြင်ရေ ပင်လယ်ထဲမှာ လက်ပစ်ကူးနိန်ရေ ငါ့ပါးမှာ သမီးနဲ့သားစွာ ငါ့တွက် မယ်ခလာရာမနားယေ။ မင်းရို့တိကြောင့်လဲ ဆက်ပနာ အသက်ရှင်သန်နိန်ရစွာ အဓိပါယ်ရှိလို့နိန်ရေ။

သူငယ်ချင်းတိနဲ့တန်းတူ မုန့်ဖို့ဖေချာမပီးနိုင်, အ၀တ်အစား ပြောင်ပြောင်ထင်ထင် မဆင်ပီးနိုင်, ကျုရှင်အကောင်းမှာ မထားနိုင်ခလို့ ဒေအမိရင်မှာ သက်ပြင်းတတိုးချေစီ ချမိရေ။ တက္ကသိုလ်တတ်နိန်ရေ သားအတွက် သမီးကြီးက ပြောနိန်ဗျာလ်။ အရင်ခါ မေမေစွာသူ့ဘ၀လတ်,ဒေကုတော့ခါ မောင်ချေကို သူ့ဘ၀တစ်ခုလုံးကို ပီးရလီပါတ်စီ သူဖြစ်ချင်စွာ အားလုံးကို လုပ်ပီးဖို့လို့ ဘ၀ကိုရင်းပနာ စိန်ခေါ်နိန်ဗျာလ်။ ဒေချင့်တိကို သားချေ မပြောဘဲနဲ့ နားလည်ဖို့လို့ထင်ရေ။

အိမ်မှာယောက်ကျားသား မရှိလို့လား မဟုတ်ဘဲနဲ့ မချမ်းသာလို့လား တစ်ခါတစ်ခါ ပတ်ဝန်းကျင်ပါးမှာ အထင်သေးခံရတိုင်း သားချေအံကြိတ်သံကို မြင်ခရရေတနိန့် အမင်ငိုမိရေ။ တစ်ယောက်တည်း ရင်ဆိုင်လာရေဒေဘ၀မှာ ငါ့ရှိက မမားရပ်ပီးနိုင်ရေ သားတစ်ယောက်ရဲ့ ခွန်အား အမင့်ကိုကြက်သီးထစီရေ။ ဖေချာအဆင်မပြေလို့ အမင့်ပါးမှာ မပူဆာခဘဲနဲ့ လုပ်ချင်စော်ကို မပြော လုပ်သင့်စွာကိုရာ လုပ်ကတ်တေ ဒေသားနဲ့သမီးစော် အမင့်တွက် အင်အားတိရာမနားယေ။

စိတ်မကောင်းရေမျက်နှာနဲ့ သမီးကြီးပီးလာရေ စာကိုဖတ်ပြီးရေခါ အမင့်ရင်ထဲမကောင်းကာ။ သားရည်မှန်းချက်ကို ဒိုင်ယာရီမှာ အမင်မဖတ်လိုက်ရကေလေ့ ဒေ၀ဒနာကို ခံစားလီရဖို့မဟုတ်။ နိုင်ငံခြားကိုထွက်ပနာ အလုပ်လုပ်ဖို့လို့ပြောရလောက်အောင် အသက်က နှစ်ဆယ်ရာရှိသိရေ။ ဘ၀ပန်းတိုင်ကို စွန့်ပနာ လိမ်မာရေ ဒေသားကို ဒေချင့်မှာတော့ ခေါင်းမာနလီဗျာလ်။ လူတိက ပြောကတ်တေ ကံကောင်းရေမနားယေ အငယ့်ချေကပင် အမိမုဆိုးမကို လုပ်ကျွေးနိန်ရေလို့။ အော်ငါ့သားသမီးတိလဲ ပညာသင်ဖို့ အရွယ်မှာ အလုပ်လုပ်နိန်ရကတ်ဗျလ်လို့ အားနာစိတ်တိက အမင့်ပီတိထက် အားကြီးနိန်ရေ။

" မိုးသက်လီပြင်ပြီးကေ လီပြေလာစမြဲပါအမင်
  အမင်ဒုက္ခကို ခါးစည်းခံခသမျှ ဒေတစ်ခါနားပလိုက်ပါဖိ

  သားသမီး မျက်နှာမငယ်ရအောင်
  တစ်ယောက်တည်းကေ့လေ့ ခြင်္သေ့ဆိုရေစိတ်နဲ့ နိန်ပီးခရေ
  စုံလင်ရေမိဘပါးမှာထက် အမင်တစ်ယောက်တည်းပါးမှာ
  လူဖြစ်ရစော်ကို ပိုတန်ဖိုးထားပါရေ

  အမင့်ကိုမွီးပီးခေ၇ အဘောင်ရှင်ကိုလဲ ကျေးဇူးတင်ရေ
  အမင်အပြုံးတစ်ချက် သားသမီးတိ ဘ၀လမ်းကို လင်းလက်စီရေ

  ဒေမွီးနိန်ကပင်စလို့ အမင်စိတ်ချမ်းသာ ကိုယ်ချမ်းသာမှုတိနဲ့
  ကျန်ရှိနိန်ရေ ဘ၀ကို ဖြတ်သန်းရပါစီ
  ရင်သွီးတိတွက် ဆက်ပနာ အသက်ရှင်သန်ပီးပါအမင်........"

49 နှစ်လုံးလုံး အမင်အသက်ရှင်သန်ရကျိုးနပ်ပါဗျာလ်။



Tuesday, April 26, 2011

အီးမြရေ အမင့်အရိပ်

အပူပင်ကင်းရေ အချိန်တိကို တောင့်တနိန်လို့ အပိုဗျာလ်။ ရူးဖို.ပိုင်တွီ.ရေကာ မယ့်မယ်ကိုသတိရစွာ။ မယ်မယ် နန်းစံမှားလား။ စိတ်ဖိစီးမှုရှိမှ မယ်မယ်ကိုသတိရစွာ။ နိန်မကောင်းမှာ မယ်မယ်ကိုသတိရစွာ။ ဒုက္ခတွီ့မှ မယ်မယ်ကို သတိရစွာ။ ပြသာနာတိကြုံမှ မယ်မယ်ကိုသတိရစွာ။
မယ်မယ်က နန်းစံကို အောက်မိန်.စွာ ရူးဖို့ပိုင်တွီ.ကေ နန်းစံသတိရစွာကို မယ်မယ် ဇာနဲ.နှိင်းဖို.လဲ။ နှိုင်းဖို.စကားရှာလို့ ရဖို.လားမယ်မယ်။ နန်းစံဇာခါရင့်ကျက်ဖို့လဲ မယ်မယ်။



မယ်မယ် 
ဒေစိတ်တိကိုမုန်းရေ မယ်မယ်။ နန်းစံဇာခါ ရင်.ကျက်ဖို.လဲ။ ဒေကုတလော စိတ်ဆင်းရဲရေ မယ်မယ်။ နန်းစံရင်မှာ ဆို.နိန်ရေ။ ဒေဇာမဟုတ်တေ စိတ်ဆင်းရဲမှုချေတိကို နန်းစံ ဆက်ပြီးခံနိုင်ရည်ရှိဖို. မဟုတ်ဗျာလ်ထင်ရေ မယ်မယ်။ မယ်မယ်ကို ကတိပီးခစွာတိ မတည်နိုင်စွာကို တောင်းပန်ရေ။ ပျော်ပျော်နိန်ပါမယ်။ဇာဖြစ်ဖြစ် ဇာပင်လာလာ နန်းစံ ပြုံးပြုံးချေ ရင်ဆိုင်ပါမယ်လို. မယ်မယ်.ရင်ကနိန် ခွဲထွက်လာရေခကပင် ကတိပီးခကေ့လေ မတည်နိုင်ကာ မယ်မယ်။



မယ်မယ်
နန်းစံလေ ကိုယ်.စွာကို ကတိပီးထားစွာရှိရေ။ ဇာပြသာနာပင်ဖြစ်ဖြစ် တစ်လမှာ တစ်ခါရာငိုဖို.လို.။ ဒေကတိကိုလဲ မတည်နိုင်ကာ မယ်မယ်။ နန်းစံစိတ်ကို ဇာလုပ်သင်.လေ။
 စိတ်ပျက်တေ။ အရာလူတိက ဒေပိုင်မဟုတ်ကာ။ နန်းစံတစ်ယောက်တည်းရာ ဒေပိုင်စိတ်ကို ပိုင်ဆိုင်လာ။ စိတ်ဓါတ်မကျအောင် စာအုပ်တိဖတ်ပီးရေ။ ယင်းကြားထဲကနိန် တစ်ခါတစ်ခါ စိတ်လွတ်လားရေ။
ကိုယ်.စွာကို တစ်ခါတစ်ခါ ဆန်းစစ်ကြည်.မိရေ။ နန်းစံစွာ အထွီးဆုံးဖြစ်လို. ဒေပိုင်ဖြစ်နိန်လားလို.။ မဟုတ်မယ်မယ် အရာ သားသမီးတိ အထွီးဆုံးဖြစ်လို. တစ်ယောက်တည်း တစ်ဦးတည်းသောသားသမီး ဖြစ်လို.ဆိုပြီးကေ စိတ်ဓါတ်ကျစွာတိ ကိုယ်.စွာကိုယုံကြည်မှုမရှိစွာတိ နန်းစံပိုင်မရှိကတ်ကာ။



မယ်မယ်
နန်းစံ ဘ၀ကိုရှေ.ဆက်လျှောက်ဖို. အင်အားမရှိရေပိုင် ခံစားနိန်ရရေ။ မယ်မယ်.သမီးမဟုတ်ရေအတိုင်းကာ မယ်မယ်။ မယ်မယ်ခွင်.လွှတ်ဖိ။ ဒေနိန်.တစ်ရက် နန်းစံပြောချင်စွာတိကို ပြောချင်ရေ။ နန်းစံမျိုသိပ်လာစွာကြာဗျာလ်။ ဒေမျက်ရည်စွာ ဒေစာဆုံးစွာနဲ. တိတ်ပါလီဖိ။ 
ဒေကုတလော ပင်ပန်းရေမယ်မယ်။ လူပင်ပန်းစွာထက် စိတ်ပင်ပန်းစွာကို နန်းစံမခံနိုင်။ 
 နန်းစံကို အချေလဲမဟုတ်ဘဲနဲ. ငိုနိန်ရေလတ်။ မယ်မယ် အချေရာ ငိုတတ်စွာမဟုတ်။ အကြီးတိလဲငိုရေနန်းရာ။ အချေခါ ကျရေ မျက်ရည်က ကောင်းသိရေ ပူဆွေးမှုတိမပါ။ 
ဒေကုကျရေ မျက်ရည်က လုံးဝမခံနိုင်လို့ ကျစွာမျက်ရည်။ 
ဟုတ်တေ ဇာဖြစ်ဖြစ် အငိုနဲ. အဆုံးသတ်တေ လူဆိုစွာ လူညံတိ အလုပ်ဆိုစွာကို။ 
ယကလေ့ ငိုပလိုက်မှ ရင်ထဲက ခံစားချက်တိ သက်သာလားရေ မယ်မယ်။ 
ဟန်ဆောင်ပြီးကေ ပြုံးပြနိန်ရစွာကိုလဲ မုန်းပါလတ်ဗျာလ်။ ဒေခံစားမှုထဲက ထွက်ပြီးချင်ရေ မယ်မယ်။


 မယ်မယ်
နန်းစံလေ အလုပ်ချင်ဆုံးတစ်ခုရှိရေ။ တစ်လလောက် မနှိုးဘဲနဲ. အိပ်ချင်ရေ။ 
ဒေခံစားမှုရှိရေ ဘ၀က လတ်တလော ရှောင်ခွါချင်ရေ မယ်မယ်။ 
မယ်မယ် ရင်ဆိုင်ခစွာနဲ.နှိုင်းလိုက်ကေ ဒေကုနန်းစံခံစားနိန်ရစွာက တောင်နဲ. သဲမှုန်.ချေပိုင်ရာ။ 
မယ်မယ်က ငါ.မှာသမီးနှစ်ယောက်ရှိရေ ဆိုရေ စိတ်ဓါတ်နဲ.အရာရာကိုရင်ဆိုင်ခကေလေ. နန်းစံက မယ်.မယ်အတွက်ဆိုပြီးကေ ရင်ဆိုင်ရဖို.ဆိုရေ အသိစိတ်နဲ. ရင်ဆိုင်ဖို့ ဇာလို့ အင်အားတိ ဆုတ်ယုတ်နိန်ရလေ။


မယ်မယ်
တခါတလီလေ နန်းစံ ဒေအောင်မြင်မှု ပန်းတိုင်းတိကို စွန်.ပလိုက်ချင်ရေ။ အသက်ရှင်သန်ရစွာကိုလဲ ငြီးငြွေ.ပါလတ်ဗျာလ်။ မယ်မယ် သိဖို.မဟုတ် နန်းစံမှာ ဒေပိုင်စိတ်ဓါတ်ရှိစွာကို။ ကိုယ်.စွာကိုလဲ ကြောက်ပါလတ်တေ။ ဇာလို. နန်းစံစွာ အသက်ရှင်သန်ရစွာကို တန်ဖိုးမထားရစွာလေ။ 
ဇာလို.မုန်းနိန်ရလေ ဒေလူ.ဘ၀ တစ်ချက်ချေကို ပျော်ပျော်နိန်သင့်ရေ။ ဇာနိန်.ဇာရက်မှာမှပြီးဆုံးလားဖို.လဲ။ 
ဒေပိုင်ဗျာလ် ဘ၀တိက ဇာနှစ်ခါ အီးအီးဆီးဆီး နိန်ရလို့ရှိလေ တစ်ခုမဟုတ် တစ်ခုပူနိန်ရစွာမလား။



မယ်မယ်
နန်းစံသူများနိုင်ငံမှာနိန်ရစွာ တစ်ယောက်အမှားလဲမပါ။ သမီးကို နိုင်ငံခြားလွတ်ရလို့  ရင်နင့်နိန်ရေ အမိ့တစ်ယောက်ခံစားချက်ကို နားလည်ယင့်အမင်။ နန်းစံ ကိုယ့်ဘ၀ကိုယ် စိုင်းစားလိုက်ကေ တစ်ခါတစ်လီ ရင်ထဲမကောင်း။ မယ်မယ်ကိုလဲ ကကောင်းသနားရေ။ မယ်မယ် နန်းစံရို.ရှိရဲ့သားနဲ့ ဒုခရောက်ရရေ စိတ်ဖိစီးမှု ခံစားရတုန်းသိ ဒေကုထက်ထိ။ နန်းစံရောက်ချင်ရေ တစ်နိန်.ကိုရောက်ဖို့ အ၀ီးကြီးလိုသိရေကာမယ်မယ်။ တနားချေလောက် စောင့်ပီးမယ်မယ်။
နီဝင် မိုးလင်းနဲ့ ဒေပိုင်အချိန်တိကုန်လားကေ နန်းစံရောက်ချင်ရေနိန့်ကို ရောက်ဖို့ဗျာလ်ဖြစ်လို့ နီဝင်ချိန်တိုင်းကို စောင့်မျှော်နိန်တတ်ပါလာဗျာလ် အမင်။


မယ်မယ် 
နိန်ကောင်းရေမနား။ နိန်ကောင်းပါစီ မယ်မယ်။ မယ်မယ် လှဲလို့မရသိ။ တောင့်ခံထားနန်း။ 
အမင် ခါးမသန်ဗျာလ် ဆိုစွာကိုသိခကေ့လေ့ နန်းစံရို. တစ်ခုလဲ မကူနိုင်ခ။ အားတင်းထားအုန်းမယ်မယ်။ မယ်မယ်ပါးကို နိန်တိုင်းဖုန်းဆက်ချင်ပါရေ။ ရန်ကုန်မှာ နိန်လို့ ဖုန်းဆက်ကေတောင် သတိရလို့ ဆိုပြီးကေ မယ်မယ်ငိုရေ။  မယ်မယ်တော့ ဒေကုထက်ထိ ထင်နိန်တုန်းမလား။ 
နန်းစံစွာ မယ်မယ်သတိရစွာလောက် သတိမရဆိုပြီးကေ။ မယ်မယ်မသိ ရန်ကုန်ရုံးခန်းက မမတိသိရေ မယ်မယ်နဲ.ဖုန်းပြောပြီးတိုင်း ရေချိုးခန်းဝင်ပြီးကေ ငိုစွာတိကို။ မယ်မယ်ကိုသတိရရေ ယကေ့လေ နန်းစံတစ်လမှာ နှစ်ခါလောက်ရာဆက်ဖို့လို့ဆုံးဖြတ်ထားရေ။ မလွမ်းချင်မယ်မယ်။



မယ်မယ်
ထမင်းစားရေ အချိန်တိုင်း အိမ်ကထမင်းဝိုင်းကိုလွမ်းရေ မယ်မယ်။ နန်းစံလေ ရုံးပြန်လာရေ အချိန်တိုင်း ထမင်းစားဖို့စွာကို ကြောက်တေမယ်မယ်။ ကိုယ်ချက်ထားရေ အချိုမုန့် ငပိမပါရေ အသားကြော်နဲ့ နန်းစံ ထမင်းဝိုင်းမှာ ထိုင်ပနာ အီးစက်နိန်ရေထမင်းကို စားရဖို့စွာကို ကြောက်စွာထက် ငေါင်ငေါင်ကြီးကိုယ့်အနားမှာ တစ်ယောက်လဲမရှိဘဲနဲ့ ဒေပိုင် အထီးကျန်ရေ ထမင်းဝိုင်းကို မုန်းရေ မယ်မယ်။ အချေခါပိုင် တစ်ယောက်ဇာလောက်စားရဖို.ဆိုပြီးကေ အ၀ီကျစားရရေ ထမင်းဝိုင်းကို ကကောင်းအောက်မိန်.ရေမယ်မယ်။ ထမင်းစားဖို.စွာတောင် နန်းစံကြောက်တေ။ စားချင်စိတ်လဲမရှိ။


မယ်မယ်
အိမ်ဆိုစွာ ဇာကိုခေါ်လေ မယ်မယ်။ နန်းစံအိမ်ပြန်လာရေ အချိန်တိုင်း ကိုယ့်သော့နဲ့ တံခါးကိုဖွင့်ပနာ ၀င်ပြီးနာ ပြုံးပြီးကေ နွီးနွီးထွီးထွီးကြိုဆိုဖို.လူမရှိရေအိမ်ကို အိမ်လို.ခေါ်လား။ တွီ.ကေတောင် ဟန်ဆောင်ပနာ အာလာပသလာပ မမိန်းရေ နေရာစွာ နန်းစံအိမ်လား မယ်မယ်။ 
ဇာစားချင်လေလို့ မိန်းဖို့လူတစ်ယောက်လဲမရှိ။ အရင်ခါပိုင်အစား ဂျီကျလို့မရလို့ မစားဘဲနဲ့ ရာနိန်ဖြစ်တေ။ ထမင်းလုံးဝမချက်တေ မယ်မယ် ဒေသမီးပူဆာမှ ထမင်းချက်ပီးရေ မယ်မယ်။ 
မယ်မယ့်ထမင်းကို တစ်ရက်လောက်စားချင်ရေမယ်မယ်။ မစားရစွာ ဇာလောက်ကြာဗျာလ်လေ။



မယ်မယ်
ထိမ်းထားစွာကြာဗျာလ် မယ်မယ်။ ဒေနိန့် နန်းစံ ရင်ဖွင်.မိရေ။
နန်းစံလေ တစ်ခါတစ်လေ လမ်းလျှောက်ဖြစ်တေ ရည်ရွယ်ချက်မရှိဘဲ။ ပျင်းရေမယ်မယ်။ အရူးတစ်ယောက်ပိုင်ရာ အသိစိတ်ကင်းမဲ.ပလိုက်ချင်ရေ။ ရူးဖို.ဗျာလ်ထင်ရေ။ နန်းစံရင်ထဲမှာ အပူပင်တိကကောင်းများနိန်ရေဂါ။ မယ်မယ် ဒေအချိန်ဆိုကေ အိပ်နိန်ဗျာလ်လား။ ပင်ပန်းလို.ရှိဖို.။ 
မယ်မယ် အလိုမလိုက်ခသင်. နန်းစံကို။ ဒေကု နန်းစံကို အလိုလိုက်ဖို.လူ တစ်ယောက်လဲမရှိ။ 
ငိုချင်ရေ မယ်မယ်။ မယ်မယ်ရို. မကျီးရို. မထွီးမတိပါးကို ဆိုးခသမျှ ဒေကု ဆိုးလို့မရဗျာလ်မယ်မယ်။



မယ်မယ်
နန်းစံလေ ဒေကုဖျားကေ အရင်ပိုင်မလုပ်ဗျာလ်။ လိမ္မာလာဗျာလ်။
အဘောင်ရှင်အသက်ရှင်နိန်ခရေ အချိန်တိကို ကကောင်းသတိရရေ မယ်မယ်။
နိန်မကောင်းလို. ဆေးခန်းပြဖို.လားကေ ဆရာဝန်က အဖျားကြီးလို. ဆေးထိုးဖို.ဆိုကေ အဘောင်ရှင်က သူ.မြီးချေ ဆေးထို.ဖို.စွာ ကြောက်စွာသိလို. သောက်ဆီးပီးခိုင်းရေ။ အိမ်ကိုရောက်လို. ဆေးသောက်ဖို. ခိုင်းကေ အဘောင်ရှင်မမြင်ခင် ဆေးတိကို အားလုံးဝဲပလိုက်တေ။ ပြီးကေ ကိုယ်စားချင်ရေ အချဉ်စားပလိုက်မှ ရောဂါကောင်းလားရေ။ ဆေးကိုဝဲပလိုက်စွာကို အဘိုးရှင် သိလခလို. ယင်းခါကပင် ဆေးသောက်ခိုင်းတိုင်း လူသုံးယောက်လောက်နဲ. အားဓမ ကိုယ်ကိုကိုင်ပနာ သောက်ခရစွာတိကို ပြန်ပနာမြင်ယောင်သိရေမယ်မယ်။



မယ်မယ်
အမိလဲ ဒေမယ်မယ် အဖလဲ ဒေမယ်မယ် အနှိုင်းမဲ. ငါရို.မယ်မယ်။ မယ်မယ်တောင် မိဖတာဝန်ကို တစ်ယောက်တည်းယူခရေ။ ဒေလောကတစ်ခုလုံးကို သမီးနှစ်ယောက်ပါးပုံအပ်ခရေ။ 
ဇာပင်လာလာ သမီးနှစ်ယောက်ကို နောက်မှာထားပနာ တစ်ယောက်တည်းရင်ဆိုင်ခရေမယ်မယ်။ သိရေမယ်မယ်။အိပ်ရာဝင်းတိုင်း မယ်မယ် သက်ပြင်းချရေ အသံကို နန်းစံမကြားဘဲနဲ. နိန်ဖို.လားယေ။ မယ်မယ် အနာဂါတွက် ရင်မောနိန်စွာတိကို နားလည်ရေမယ်မယ်။ 
နန်းစံကူနိုင်ဖို့တွက် ကြီုးစားနိန်ရေမယ်မယ်။


မယ်မယ်
ဖြစ်နိုင်ကေ မယ်မယ်နဲ. အရင်ပိုင်တူတူ အိပ်ချင်သိရေ။ သူငယ်ချင်းတိကလေ ပြောကတ်တေမယ်မယ်။ နင်လေ အသက်နှစ်ဆယ်.ရောက်ဗျာလ် အမိနဲ.အိပ်တုန်းဆိုဝေါ။ ဇာဖြစ်လေ အမိနဲ.အိပ်စွာမှာ အသက်ကန်.သန်.ထားလာ။နန်းစံ အသက်တစ်ရာပင်ဖြစ်လီပတ်စီ။ နန်းစံစွာ မယ်မယ်.အတွက် အမြဲတမ်းအချေရာ။


မယ်မယ်
နန်းစံ ဇာခါရင်.ကျက်ဖို.လဲ။ အသက်အရွယ်နဲ. အတွီ.အကြုံလဲ ရသင်.သလောက်ရပြီးဗျာလ်မနားယေ။ ဇာအချိန်ကျမှ ဘ၀ အနည်ထိုင်ဖို.လဲ မယ်မယ်။ ဒေစိတ်တိကို ဖြစ်နိုင်ကေ နန်းစံ ၀ဲပလိုက်ချင်ရေမယ်မယ်။ မယ်မယ်.အရိပ်အောက်မှာ ပြန်ပနာခိုလုံချင်ရေ မယ်မယ်။ အီးမြရေအရိပ် အီးချမ်းရေအရိပ် လုံခြုံမှုရှိရေအရိပ် နွီးထွီးမှုရှိရေအရိပ်စွာ အမင့်အရိပ်ကလွဲလို့တစ်ခြားဇာအရိပ်ရှိသိလေမယ်မယ်။



မယ်မယ်
တစ်နိန်.နိန်. မယ်မယ်.အနားကို နန်းစံအရောက်ပြန်လာလတ်မေ မယ်မယ်။ တနားချေ သည်းခံနန်းမယ်မယ်။