Pages

Sunday, December 25, 2011

အိမ်လွမ်းရေလတ်


တစ်ချက်ချေစိုင်းစားကြည့်မိရေ
ငါရို့တိ ကိုယ်ကျိုးတွက်
အိမ်ကိုအောက်မိန့်နိန်ကတ်စွာ
-ထမင်းစားလို့မကောင်းလို့
(မေမေချက်စွာစားချင်ရေထော)
နိန်မကောင်းလို့
(ငါ့မိသားစုရာ အနားမှာရှိကေ နဖူးချေကိုလာစမ်းဖို့ထော)
အလုပ်မှာ အဆင်မပြေလို့
(အိမ်မှာဆို လက်ဝါးဖြန့်ကေဖေ့ချာရရေ)
နွီးထွီးမှုပီးရေလူမရှိလို့

အိမ်ကိုလုပ်ပီးချင်ရေစိတ်
အမိစိတ်ချမ်းသာအောင် လုပ်ပီးဖို့ဆိုရေ
စိတ်ဓါတ် တစ်စိချေတောင်မရှိဘဲ
အိမ်ကိုလွမ်းနိန်ကတ်တေ
ကိုယ့်စိတ်ကို ကိုယ်မသိခွန်ဆောင်
လောကမှာ သနားစရာအကောင်းဆုံး
လူသားက ငါရာမနားဆိုပြီးကေ ၀မ်းနည်း
ကိုယ့်လောဘကို
ရှီတန်းတင်ထားကတ်စွာ...

ကိုယ့်ကိုလုပ်ပီးခံချင်ရေ
ရင်ထဲကဆန္ဒ တပုံတခေါင်းသိုဝှက်
ညောင်နာနာအသံနဲ့
အိမ်ကိုအောက်မိန့်ရေလတ်
ဇာချင့်တွက်အိမ်ကိုလွမ်းစွာလေ
မင်းသားခေါင်းစွပ်ထားရေ ဘီလူးပိုင်
အိမ်ကိုလွမ်းရေ ဆိုရေခေါင်းစိုင်းကို
သုံးနိန်ကတ်စွာမနား...

လူကြားကောင်းအောင်
အိမ်ကိုလွမ်းရေလတ်
အမှန်မှာတော့
ကိုယ့် အတ္တတွက် လွမ်းနိန်ကတ်စွာ...

အကျွန့်တွက် .....

အရိပ်


 မင်းပီးခရေ ရင်ငွေ့ နွီးထွီးတုန်းပါရာ..... အနားမှာ မရှိကေလေ့ မင်းအရိပ်က ငါ့အနားမှာရာ.....



အနားမှာ၇ှိယင့်သားနဲ့
တန်ဖိုးထားရကောင်းမှန်းမသိခ
ပြန်မရရေအတိတ်ကို
ဒေပိုင်နိန့်တိမှာ ပိုပနာသတိရမိရေ
ငြိမ်းချမ်းရေတနိန်ရာမှာ ရှိနိန်လီဖို့လား
ပျင်းရိဖို့ကောင်ရေ ဒေပိုင်ညဉ့်မျိုး
နောက်ထပ်တစ်ည ကြုံရပြန်ဗျာလ်
ဒေတစ်သက်မရနိုင်ရေ ပြန်ဆုံဖို့အခွင့်အရေး
အထီးကျန်ရေ အမှောင်ညတိမှာ
ရီငတ်တေပိုင် ဆာလောင်မှုတိ
ပြင်းထန်လာရေ

မီးမရှိရေအခန်း
မင်းတီးပြခရေ တေးခြင်းတိကို
မရည်ရွယ်ဘဲ တတိုးချေလိုက်ဆိုမိရေ
သီခြင်းတရားက
လူမျိုး ဘာသာ ကျားမ
မရွီးဆိုစွာကို မင်းကဥပမာပီးခယင့်
ဆောက်တည်ရာမရ ခံစားခရရေ
ဝေဒနာတိကို အိနြေ္ဒဆည်လာနိုင်အောင်
အချိန်တိက ငါ့ကိုကုစားပီးခရေ

သေသေချာချာ လွမ်းတတ်ပါလတ်ဗျာလ်
အလင်းမရှိရေနိန်ရာမှာလဲ ငါနိန်တတ်လာဗျာလ်
အမှန်တော့ အချစ်ကိုနားမလည်ဘဲနဲ့
ရယူခြင်း အတ္တတိထဲမှာနစ်မွန်းနိန်ခရေ
ရနံမရှိရေပန်း မတင့်တယ်လတ်
ဟုတ်လား ငါမထင်ကာ
အီးမြရေ မင်းမေတ္တာတိက
ငါ့ကို လုံခြုံမှုတိပီးတုန်း
ငါ့ကို လှပတုန်းပါရာ.







Friday, December 23, 2011

စာရွီးခြင်း

ဇာအတွက်စာရွီးလေ ဇာပိုင်စာရွီးလဲဆိုကေ



ဇာတွက်ရွီးလေ

ပြောချင်စွာတိကို ပြောချင်ရေခါ ရွီးရေ
ခံစားနိန်ရရေအတိုင်း တစ်ယောက်ပါးကလဲ
ခွင့်ပြုချက်တောင်းစရာမလိုဘဲနဲ့လဲ ရွီးနိုင်ရေ
တစ်ခြားလူကို လိမ်ချင်ရေခါလဲစာရွီးရေ
အဖြစ်မှန်ကို မပြောဝံ့ရေခါလဲရွီးရေ
နိန်မကောင်းဖြစ်ကေလေ့ရွီးရေ
အိမ်ကိုအောက်မိန့်ကေလေ့ ရွီးရေ
အသည်းကွဲနိန်ရေ အချိန်တိခါလဲ၇ွီးရေ
နားလည်ဖို့မကြိုးစားဘဲနဲ့ ပက်ပက်စက်စက် အပြောခံရရေခါလဲရွီးရေ
 ထမင်းစားလို့မကောင်းကေလေ့ရွီးရေ
အလုပ်မှာ အဆင်မပြေကေလေ့ရွီးရေ
ဖေချာ့မရှိရေအချိန်ဆိုလဲ လောကကြီးက
ကိုယ့်တွက်မျက်နှာသာမပီးဆိုပနာ ရွီးမိရေ
တစ်စုံတစ်ယောက် ကိုယ့်နားကထွက်လားရေခါလဲရွီးရေ
ကဗျာဆန်ချင်ရေခါလဲ ကဗျာမဆန်ရေစာတိကို ဖွဲ့မိသိယင့်....

ဇာပိုင်ရွီးလေ

မျက်ရည်တိနဲ့ရွီင်္းရေ ပျော်ရွင်မှုတိနဲ့ရွီးရေ
သူများရင်ဘတ်ကို အငှားခံစားပနာရွီးရေ
တစ်ခါတစ်လေ ၀မ်းနည်းမှုတိနဲ့ရွီးရေ
တခါတလေ နှလုံးခုန်နှုန်းရပ်လားမတတ်
နာကြင်မှုတိနဲ့ရွီးရေ
အတိတ်ကို ပြန်ပနာ သတိတရနဲ့ရွီးရေ
နောင်တတိနဲ့လဲ ရွီးမိသိရေ
ဒေါသတိကို မျိုမသိပ်နိုင်ရေအချိန်မှာလဲ
ဒေစာမျက်နှာထက်မှာ ဖွင့်ချမိရေ....

ဇာလောက်ပင် ဇာပိုင်ပုံစံနဲ့ပင်ရွီးရွီး အချေတစ်ယောက်ရွီးရေပိုင် တိုးတတ်မှုမရှိရေ စာရွီးခြင်းတိကို အကျွန်ပိုင်ဆိုင်ထားသိယင့်။ တစ်ချို့တိက ပြောကတ်တေ အချိန်လိုရေလတ်။ ဇာအတွက်လဲမိန်းလိုက်တေ တစ်ယောက်ကဖြေရေ အောင်မြင်ဖို့လတ်။ တစ်ယောက်ကဖြေရေ စာအရွီးအသားကောင်းဖို့လတ်။ နောက်တစ်ယောက်ကပြောသိရေ ခံစားချက်အတိုင်း စာရွီးလို့မရလတ်။ အကျွန်ကတော့ ခံစားချက်မပါကေ စာရွီးဖို့ထားအုန်းသိ ဖောင်တိန်တောင်မကိုင်ချင်။ အောင်မြင်ဖို့တွက် စာရွီးစွာဆိုကေ ယင်းလူကို အထင်ကြီးမိဖို့မဟုတ်။ စာအရွီးအသားကောင်းဖို့တွက် အချိန်အတိုင်းအတာ လိုရေပိုင် စာဖတ်ခြင်းကလဲ မရှိမဖြစ်အရာတစ်ခု။ အကျွန့်၏ စိတ်နှလုံးထွက်ပေါက်စွာ စာရွီးခြင်းဖြစ်တေပိုင် သေချာစွာတစ်ခုက ရွီးချင်လို့ရွီင်္းရေ........ :)


နောက်ဆုံးထွက်သက်

နောက်ဆုံးထွက်သက်ကို အကောင်းဆုံးရူထုတ်နိုင်ဖို့ ငါခံနိုင်ရည်ရှိသိ့လာ။ နောက်ဆုံးထွက်သက်က အရေးကြီးဆုံးလို့ တရားတိမှာ ငါနာဖူးရေ။ ဒေနာကြင်မှုတိက ငါ့စိတ်ကိုငါ ထိမ်းနိုင်ဖို့ နောက်ဘ၀ကူးကောင်းဖို့ ခံနိုင်ရည်ရှိဖို့သိလား။


မြို့နယ်ဆရာဝန်က မကျန်းမာရေ ငါ့ကို စစ်တွေဆေးရုံကြီးမှာ ပြခိုင်းလို့ ဒေကုတလော အိမ်ကလူတိ လှုပ်လှုပ်ရှားရှားဖြစ်နိန်ကတ်တေ။ တစ်ရက်နှစ်ရက်ကေ ပျောက်လားဖို့ဆိုလို့လဲမရ ဒေ၀မ်းစကေ့ချေအောင့်စွာ တစ်ခုလဲမဖြစ်ဆိုလို့မရ စစ်တွေကိုလားဖို့ဂျေယာ တိုက်တွန်းနိန်ကတ်တေ။ မအားရေ သူရို့တိကိုလဲ ဒုက္ခမပီးချင်။ သမီးချေက ကျောင်းကခွင့်ယူပနာ နက်ဖြန်ခါလားရဖို့ဖြစ်လို့ ပစ္စည်းတိကို အသေအချာထည့်ပီးနိန်ရေ။ သူပါလိုက်ချင်နိန်ေ၇ အဖသည်ကို ဆီးခန်းပြပြီးပြန်လာဖို့စွာဖြစ်လို့ မလိုက်ကေ့လို့ပြောပနာ အိမ်မှာလူကြီးမရှိလို့ နိန်ခိုင်းခရေ။ မြီးအကြီးနဲ့ဆိုင်ရောင်းနိန်ရေ သမီးအလတ်ကလဲ အိမ်မှာလူမရှိလို့ မလိုက်နိုင်။ စစ်တွေမှာ Day တတ်နိန်ရေသူ့သမီးချေပါးကို ဖုန်းဆက်ပနာ အဘောင်ရှင်နားမှာနိန်လီလို့ ဖုန်းဆက်နိန်ရေ အသံကိုလဲကြားလိုက်တေ။

စစ်တွေမှာ ဆီးခန်းပြပြီးစွာနဲ့ ဆေးရုံတတ်ခိုင်းလို့ ဆေးရုံတတ်ရရေ။ စစ်တွေမှာရှိနိန်ရေ သမီးကတော့နိန့်တိုင်းထမင်းလာပို့ရေ။ ရွာမှာရှိနိန်ရေ သမီးအကြီးဆုံးကလဲ လာပနာအမိပါးမှာ ပြုစုနိန်ရေ။ သမီးတိဂျေးယာ မွီးထားမိရေငါ အရေးအကြောင်းကျကေ အနားကိုရောက်ပါလတ်ကတ်တေ။ မြီးအငယ်စွာကလဲ ကျောင်းအားတိုင်းလာကြည့်ရေ။ မြီးထဲမှာ သူ့ကိုတော့အချစ်ဆုံး အချေကပင် စီးပွါးရေး အဆင်မပြေလို့ ဖေချာ့ရှာနိန်ရရေ မုဆိုးမအမိထက် အဘောင်ရှင်နဲ့ရာ ကြီးပြင်းပါလတ်လို့ အဘောင်ရှင်ကို အမိထက်ပိုချစ်တေ။ တစ်သက်နဲ့တစ်ကိုယ် ဆေးရုံမတတ်ဖူးရေ ငါတစ်ယောက် ဆေးရုံမှာ ၁၂ရက်တောင်ရှိလားယာ။ တစ်ခါရာတတ်ဖူးရေ ဆေး၇ုံ နောက်ဆုံးတတ်ခြင်းဖြစ်တေလို့ ငါ့ကိုယ်ငါလဲ ယင်းခါမသိခ။ ဇာနိန့်ဆင်းရဖို့လဲလို့ မိန်းခီတိုင်း "အမိမှာ ဆရာဝန်က လုံးဝကျန်းမာစီချင်လို့နိန်ခိုင်းစွာ အိမ်မှာဆိုကေ ထိုလုပ်ဒေလုပ်နားခိုင်းလို့မရလို့ ဒေမှာနားခိုင်းစွာဆိုပနာ"တိကျရေ အဖြေကိုလဲမပီး။

ထွက်သင့်ရေ နိန်ရာကမထွက်ဘဲ ပါးစပ်ကရာ အပေါ့ပါ အလီးပါလားရေ မွီးခါစအချေတစ်ယောက်ကိုလဲ ၀မ်းခွဲရသိရေ။ သားဦးဖြစ်လို့ တပျင်းစိုးရိမ်နိန်ကတ်တေ ပေါက်တောက လင်မယားနှစ်ယောက်နဲ့လဲ ရင်းနှီးနိန်ကတ်ယာ။ GTC ကားမှောက်လို့ ဆေးရုံတင်ထားရေ ဆရာမတစ်ယောက်ကို လာကြည့်ကတ်တေကျောင်းသားတိနဲ့ ပြည့်နက်နိန်ရေ။ အော်မစည်ကားသင့်ရေနိန်ရာမှာ စည်ကားရေအထဲမှာ ဆေးရုံလဲအပါအ၀င်မနားယေ။ နာလို့ငိုရေလူ သီလို့ငိုရေလူ ပျော်လို့ငိုရေလူ အမျိုးမျိုးဖြစ်နိန်စွာကို ရုပ်ရှင်ကား တစ်ကားပိုင် ဆေးရုံက အခကြေးငွေတစ်ပြားလဲမယူဘဲနဲ့ ပြသနိန်ရေ။ စက္ကန့်နဲ့အမျှ ဒေလာကကြီးထဲကို ၀င်လာရေလူရှိရေပိုင် ထွက်လားခရေ လူတိလဲရှိရေ။ သံဝေဂတရား ဒေနိန်ရာကိုရောက်မ အားရပရ ကြည့်ရ မြင်ရ ခံစားရရေ။

မိုးထက ၀မ်းခွဲရဖို့လို့ ဆရာဝန်ကြီးပြောခရေ စကားတစ်ခွန်း ကြောင့်တစ်ချက်ချက်မှိုင်လားရေ သမီးချေမျက်နှာ ငါမမြင်အောင်မျက်ရည်ဝိုင်းတတ်တေ သမီးကြီးမျက်နှာ ဒေနိန့်မှနားလည်ရေ။ ၀မ်းအောင့်စွာလို့ပဲ အထင်နဲ့ အအီးဆဆေးဖြစ်နိန်စွာ လန့်လားခရေ။ အူမှာအနာတွီ့လို့ ၀မ်းခွဲပနာ ထုတ်ပလိုက်ဖို့ ကြောက်စရာမလို ကောင်းလားဖို့စွာလတ်။ ကောင်းလားဖို့စွာနဲ့ သူ့၇ို့တိမျက်နှာ ဇာဖြစ်လို့မကောင်းကတ်စွာလဲမသိ။ စကားတစ်ခွန်းမိန်းလိုက်တိုင်း စိတ်မကောင်းကတ်တေ သမီးတိမျက်နှာကိုမြင်ရစွာ ငါလဲစိတ်မချမ်းသာ။ နောက်ထပ်မမိန်းဖို့ ဆုံးဖြတ်ပလိုက်တေ။ ၀မ်းခွဲပြီးလို့ ၁၅ရက်မြောက်နိန့် ဆရာဝန်က တစ်ဖြည်းဖြည်းနဲ့ အနာက ကောင်းလားလိမ့်မယ်ဆိုပနာ ဇာမှာနားချင်လေ ဆေးရုံမှာနားချင်လာ အိမ်မှာနားချင်လာလတ်။ နိန်မကောင်းပင်ဖြစ်ဖြစ် နိန်ကောင်းရေပင်ဖြစ်ဖြစ် လူတိုင်း ကိုယ့်အိမ်ကိုယ့်ယာမှာရာ နိန်ချင်ကတ်စွာရာမနား။ အမိနက်ဖြန်ခါပြန်ကတ်ဖို့လို့ပြောရေ သမီးအသံ မျှော်လင့်ချက်မဲ့နိန်ရေပိုင်ကာ။

ဆီမီးစတာတစ်ခုပြီးတိုင်း ပြန်မလာဘဲ စစ်တွေမှာအင်္ဂလိပ်စာတတ်တေမြီးချေ ဒေတစ်ခေါက် အိမ်မှာနားချင်ရေ ဆိုပနာအရင်ပြန်လာလတ်တေ။ ခွင့်စေ့လားကေတောင် ကျောင်းမတတ်ဘဲ အမိနားမှာရာ တစ်ချိန်လုံး ပြုစုနိန်ရေသမီးငယ် တရားခွေတိ တစ်ခွေပြီးတစ်ခွေ ဖွင့်ပနာ အမိနားလည်အောင်ရှင်းပြနိန်ရေ စီးပွါးရေးရာအရေးကြီးေ၇လို့ပြောရေသမီးလတ် ရွာကမိသားစုကို ပစ်ပနာလိုက်လာရေသမီးကြီးရို့တိက မခံမရပ်နိုင်အောင်ထိုးအောင့်လာရေ ဒေ၀ဒနာကိုပျောက်ကင်းစီရေ။ အမိမသိအောင် ဟန်ဆောင်နိန်ကတ်တေသူ့ရို့တိသောက ငါမသိဘဲနဲ့ နိန်ဖို့လား။ ငါနင်ရို့ကိုမွီးပီးလိုက်တေလူ။ နင့်ရို့ထက် ထမင်းအရင်စားရေလူ။ နင်ရို့ပိုင် စာတတ်ပီတတ် မဟုတ်ကေ့လေ့ ခံစားနိန်ရရေ ငါ့ရောဂါ ညဉ့်ခါတိုင်ကေ တရားမှတ်လို့မရလောက်အောင် ဆိုးရွားရေ ဒေနာကြင်မှု ဇာအတိုင်းအတာကို ရောက်နိန်လေဆိုစွာကို ငါမသိဘဲနဲ့ နိန်ဖို့လား။ ငရဲဘုံအလားခံစားနိန်ရရေ ရင်ဘတ်က ဝေဒနာကိုမျက်ကွယ်ပြုပနာ အီးချမ်းရေ သုခဘုံဖြစ်အောင် နင်ရို့တိဖန်ဆင်းနိန်ကတ်တေ။ ငါ့ရောဂါ ဇာအဆင့်လဲ ဇာရောဂါလဲဆိုစော်ကို နင်ရို့တိမပြောကေ့လေ့ ငါသိရေ။ " အူမကြီးကင်ဆာ နောက်သုံးလရာနိန်ရဖို့ "ငါအိပ်နိန်ရေ ထင်ပြီးကေ အိမ်အောက်မှာအဖကို တတိုးချေပြောနိန်စွာကို နားထောင်ဖို့မလို့ဘဲ အလိုလိုကြားခမိရေ၊ ငါမကြောက်ပါဘူး အသက် ၇၃နှစ်ထိနိန်ပြီးယာဝေါ။ သောကတိကိုဖုံးပြီးကေ နိန့်မအား ညမအား ပြုစုနိန်ကတ်တေ နင့်ရို့တိကိုအားနာမိရေ။ ငါ့သားသမီး ဆွေးမျိုးအသိုင်းအ၀ိုင်းတိ နာကြင်အောင်လုပ်မိနိန်ယာမလားကု။

အချိန်တိတစ်ရက်ထက် တစ်ရက်ကုန်ပါလတ်တေ။ ထမင်းစားလို့မ၀င်လို့ ပိုက်နဲ့သွင်းရရေ။ ဆေးမှုသမက်က မနာအောင်လို့ ထိုးပီးရေဆီး မတိုးနိုင်ယာ။ အသီးကြိုက်တေငါ့ကို မြီးချေက အသီးဖျော်၇ည်ဆိုပနာ အမြဲတမ်းလာခွံရေ သူ့မျက်လုံးချေမှာလဲ မျက်ရည်တိဝိုင်းနိန်ကတ်တေ။ အစာစားဖို့ကြောက်ရွံလာရေ အစာမျိုချတိုင်းနာကြင်ရေဒဏ်က ဒေအစာအာဟာရ ဇာကိုလားပနာ အားဖြစ်ဖို့သိလဲ။ မသီခင်ကပင် အပုပ်ကောင်ဖြစ်နိန်ရေ ငါ့ကိုယ်လဲ ဟိုဘ၀က ဇာမကောင်းမှုလုပ်ခလေမသိ။ အစာလဲမစား ရီလဲမသောက် မျက်လုံးတောင်မဖွင့်ချင် ဖြစ်ချင်စွာဖြစ် မျောပလိုက်ချင်ယာလို့ ခံစားနိန်ရရေ ဝေဒနာကို မထိမ်းနိုင်ဘဲ ဆောက်တည်ရာမရာပြောမိရေ။ ဗြုန်းခနဲ့ငိုချလိုက်တေ သမီးချေ ဇာခါကပင်ထိမ်းထားလဲမသိ အနားကထွက်ပြီးလခရေ။ အော်ဘ၀ ဘ၀ လူ့ဝစော် မျက်၇ည်နဲ့စပြီး မျက်၇ည်နဲ့ဆုံးရေဆိုစော် ငါကိုယ်တွီ့ရာမနား။

Wednesday- ဒေနိန့်မြီးချေက သူ့အဘောင်ရှင်အနားမှာ အိပ်ဖို့လို့ မထွီးမတိကို ပူဆာနိန်ရေ။လူကြီးတိရှိလို့ ဒေမြီးချေကို တစ်ခါလဲ စောင့်အိပ်ဖို့မခိုင်း။ စကားပြောဖို့ ပါးစပ်တောင်မဟနိုင်ကေ့လေ့ အသိစိတ်တော့ရှိသိရေ။ ရုပ်ရာရှိပနာ နာမ်မရှိေ၇ ငါ့အကောင်ဘေးမှာ နင် အဘောင်ရှင်သီဖို့စွာကို သိလို့ ဒေနိန်စောင့်အိပ်စွာလို့ မြီးချေကို ပြောလို့ရှိလီကတ်ဖို့လား။ အဘောင်ရှင်အနားမှာ ဒေနိန်တစ်ရက်စောင့်အိပ်ဖူးလိုက်တေ ငါကံကောင်းရေမနားယေလို့ မြီးချေထင်လို့ရှိဖို့လား။ ဘုရားတ၇ားအကြောင်းကိုရာပြောဆိုလို့ မြီးချေက သူ့မထွီးမနဲ့ တတ်သမျှမှတ်သမျှကို ပြောနိန်ရေ။ သူရို့ပြောရေ တရားအကြောင်း နားထဲ ၀င်လိုက် မ၀င်လိုက်နဲ့ လေဟာနယ်ထဲ မျောနိန်ရေ။ နောက်ဆုံးထွက်သက်ကို အကောင်းဆုံးရူထုတ်နိုင်ဖို့ ငါခံနိုင်ရည်ရှိသိ့လာ။ နောက်ဆုံးထွက်သက်က အရေးကြီးဆုံးလို့ တရားတိမှာ ငါနာဖူးရေ။ ဒေနာကြင်မှုတိက ငါ့စိတ်ကိုငါ ထိမ်းနိုင်ဖို့ နောက်ဘ၀ကူးကောင်းဖို့ ခံနိုင်ရည်ရှိဖို့သိလား။

Wednesday, December 21, 2011

အကျွန့်တွက်


- ကမ္ဘာကြီးကို မပြောင်းလဲခင် ကိုယ့်စွာကို အရင်ပြောင်းလဲကတ်မေ။
- မိဘမဲ့ကလေးဂေဟာ မတည်ထောင်နိုင်ခင် ကိုယ့်ရှီ့မှာ ငတ်ပြတ်နိန်ရေ အချေတစ်ယောက်ကို ထမင်းတစ်ထပ်ကျွေးပနာ နွီးထွီင်္းရေမျက်လုံးတိနဲ့ ကြည့်ကတ်မေ။
- တိုက်နဲ့ကားနဲ့ မိဘကိုမထားနိုင်ခင် ဖုန်းပုံမှန်ဆက်ပီးပါ။
- သားသမီးပါးမှာထားရေ မိဘတိရဲ့ ကောင်းစီချင်ရေ စိတ်က တစ်ခါတစ်လီ လောဘတိပါလားရေခါ အပြစ်တင်မိစွာကို မိဘနိန်ရာကနိန်ပနာ တစ်ခေါက် ၀င်ခံစားကြည့်ပါ။
- မခံမရပ်နိုင်နာကြင်နိန်ရေ အချိန်ခါ ငါပျော်ဖူးခရေ နောက်လဲပျော်ရဖို့သိဆိုစော်ကို တစ်ချက်ချေ မမိန့်ကတ်ပါကေ။
- ကိုယ်စားချင်စွာနဲ့ မစားရတိုင်း စိတ်မညီးညူဘဲ ထမင်းငတ်လို့ သီနိန်ကတ်တေ လူဦးရေ ဒေကမ္ဘာမှာ တစ်စထက်တစ်စ တိုးပါလတ်စွာကိ သံဝေဂရပါ။


- လောကမှာ ကိုယ့်ကိုယ် တစ်ယောက်ကလဲ မနိုပ်စက်နိုင် ကိုယ့်စိတ်က ကိုယ့်ကိုဖျက်စီးနိန်ရေ အဓိကတရာခံပါ။
- ကိုယ့်စွာကို မသာထာကေနိန်လီ တစ်ခြားလူကို ပီးကမ်းဖို့ လက်မတွန့်ပါကေ့။
- မျှော်လင့်ချက်တိ ပျောက်ဆုံးနိန်ရေခါ တစ်ခုကိုလဲ မစိုင်းစားဘဲ တရေးအိပ်ပလိုက်ပါ။
- အနားမှာတစ်ယောက်လဲမရှိလို့ ၀မ်းနည်းနိန်ရေခါ အော်ငါ တစ်ယောက်တည်း ရပ်တည်နိုင်ယာမလားယေလို့ ထအော်ပလိုက်ပါ။
- မျက်လုံးမမှိတ်ခင် မေတ္တာပို့ပနာ စိတ်ကောင်းစေတနာကောင်းရှိပါစီ မိုးလင်းခါ အကွန့်ရို့တိ မျက်လုံးဖွင့်နိုင်ဖို့လို့ တစ်ယောက်လဲ အာမခံမပီးနိုင်ပါ။
- ဒေနိန့် အနည်းဆုံး လူတစ်ယောက်ကို ငါအကူညီပီးနိုင်အောင်ကြိုးစားဖို့လို့ အိပ်ရာကမထခင် ကြုံးဝါးပါ။
- လူပါးက တစ်ခုခုရဖို့ မျှော်လင့်မိရေ စိတ်ဝင်လာတိုင်း ငါတောင်လိုချင်သိ့ကေ ယင်းလူတိက ပိုပနာလိုချင်စိတ်ရှိဖို့ဆိုစွာကို မှတ်ထားပါ။
- မလှမ်းနိုင်ရေ တနိန့် ငါဇာပိုင်ထခရေဆိုစွာကို ပြန်ပနာ အတွက့်ပေါ်လိုက်ပါ။


Tuesday, December 20, 2011

စကားစု

၁။ လူငယ်တိမှာ ဇာခေတ်မဆို ရူးကတ်စွာတိ အပြစ်တင်စရာတိရှိကတ်စွာဗျာလ်။ ယကေလေ့သော လိမ္မာရေဆိုရေ လူကြီးလူမိုက်တိနဲ့ အနီးကပ်ပေါင်းရလီ ရူးကတ်မိုက်ကတ်တေဆိုရေ လူကြီးလူကောင်းအချေတိက ပိုပနာကြည်ညိုဖို့ကောင်းလာလီ။

၂။ ပြသာနာကို ဖြေရှင်းဖို့တွက် နားလည်မှုနဲ့ အခြေခံစတင်ရေ ဆီးထက်သာရေဆီးမရှိ။

၃။ လူငယ်တိ အတွေးအကြံကို လူကြီးအမြင်နဲ့ ကြည့်လို့ဂျေးယာ အပြစ်တင်လို့မဖြစ်သိ့။ ကိုယ့်စွာကိုယ် လူငယ်တိ နေရာက ၀င်ပနာဆန်းစစ်ကြည့်ဖို့ လိုအပ်သိရေ။

၎။ ဟိုဘက်ကိုလဲ မကူးနိုင်။ ဒေဘက်ကိုလဲ မကူးနိုင်။ ခြားနားထားရေ ခြံစည်းရိုးမှထိုင်ပနာ စိတ်ပျက်နိန်ကေ ဇာကံကောင်းမှုတိလဲ အနားကို ကပ်မလာနိုင်ပါ။

၅။ တစ်ခြားလူကို အာဏာရူးလတ်။ ကိုယ်ကိုယ်တိုင်ကလဲ အာဏာကို ရီငတ်တေပိုင် ဆာလောင်မွတ်သိပ်နိန်ရေ။ ဇာသူ့ကိုလားပနာ ယုံကြည်ရဖို့သိလဲယေ။

၆။ ရောဂါတစ်ခုရဲ့ အခြေအမြစ် အသွယ်သွယ်ကို နှိုင်းချိန်စိစိစ် ပိုင်းခြားပြရေ ဆရာဝန်ရဲ့ အစီရင်ခံစာထက် မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်အတွင်း ရောဂါစွဲကို ဒက်ခနဲ အမည်ပီးတတ်တေ ပယောဂဆရာရဲ့ စကားကို ပိုမိုယုံကြည်ကတ်တေ။

၇။ ဒေကုခေတ်မှာ ဖြေရှင်းဖို့နည်းလမ်းကို အရင်ပိုင်လမ်းဟောင်းမလိုက်ဘဲ ဖြတ်လမ်း ဆီးမြီးတိုလမ်းစိုင်ကိုရာ ပိုပနာသဘောကျလာကတ်ဗျာလ်။

၈။ ဒေကြိုးကိုလွှတ်ပနာ မမြင်မစမ်းလှမ်းကေ ချောက်ကမ်းပါးကို ကျဖို့လားမသိ။ မလွှတ်ဘဲနဲ့ တွယ်ကတ်နိန်ကေလဲ ဒေအမှောင်ထဲက တစ်သက်လုံး ရုန်းမထွက်နိုင်ဗျာလ်။

၉။ လူ့လောကမှာ ကိုယ်ဘ၀မှာ ကိုယ်ပျော်နိုင်ဖို့က အရေးကြီးဆုံး။

၁၀။ မရနိုင်စွာကို တောင်းတမိရေပိုင် ရနိန်စွာနဲ့လဲ မတင်းတိမ်နိုင်ခြင်းရေ စိတ်ဆင်းရဲခြင်း စစွာ အကြောင်းအရာတစ်ခုဖြစ်တေ။


ညီမလေးရယ် စိုးရိမ်မိတယ် (တက္ကသိုလ်ဘုန်းနိုင်)- စာအုပ်က နှစ်သက်မိရေ စကားစုချေတိကို ကူးယူထားခြင်းဖြစ်ပါရေ....



Friday, December 16, 2011

အမောင်

ဘ၀ဆက်တိုင်း ဒေ၀ဒနာဆိုးနဲ့ ကင်းကင်းရှင်းရှင်း နိန်ရပါစီ...












အိပ်မပျော်ရေညဉ့်တိ
အမောင့်ဂီတာသံနဲ့ ပျော်ဝင်နိန်ခဖူးရေ
နှစ်တစ်နှစ်ကုန်ဆုံးတိုင်း Happy New Year လို့ အတူတူအော်ပနာ
လိုချင်ရေဆုတစ်ခုစီ တောင်းခကတ်တေ
လုံးဝဖြစ်မလာရေ ကိုယ့်အိပ်မက်ချေကိုလက်ခံဖို့ကြိုးစား
ပပျော်ရွှင်ရွှင်နဲ့အမောင်ရို့ နှစ်ယောက်ကို
မုဒိတာပွါးနိုင်အောင် အချိန်တိဇာလောက်ပီးဆပ်ရဖို့လဲ ...

အကျွန်နာကြင်အောင်လို့ အမောင့်အချစ်တိကို
ဥပေက္ခာတရားနဲ့ သတ်မှတ်ခစွာလား
ထင်းက မီးကိုချစ်တေပိုင်
အမောင့်ကိုချစ်မိရေ သံယောဇဉ်တိက
အကျွန့်ကို အကျွန်လောင်ကျွမ်းမိနိန်ဗျာလ်...

တစ်ယောက်က အားလျှော့နိန်တောင်
ဘ၀ဆုံးရေထိငါရို့တိ တစ်ယောက်လက်ကိုတစ်ယောက်
နနှောင်းဆွဲထားကတ်မယ်
တွဲလတ်မဖြုတ်တမ်းလို့ ကတိတူတူပီးခစွာ
ဓါးလှံတိထက် အစွမ်းထက်တေ
ခံစားချက်မဲ့နိန်ရေ မျက်ဝန်းတစ်စုံအောက်မှာ
အမောင့်လက်ကိုအားဓမ ကိုင်ထားရေအကျွန့်လက်တိ
အင်းအားတိကုန်ခမ်းလားဗျာလ်....

Saturday, December 10, 2011

အလွမ်းတိနဲ့ ဒီဇင်ဘာ

တစ်ရက်ပြီးတစ်ရက်ပြီးနဲ့ တစ်နှစ်ကုန်ဖို့နီးပါလတ်ယာ။ ကိုယ့်ရွာမှာခါ ပုဆိုးထဲမှာခေါင်းကိုဝှက် ခန်ထာကိုကုတ်နိုင်သမျှကုတ်ပနာ အအီးဒဏ်ကို အံတုန်နီခရရေ။ ရီခြားမြီခြားမှာ အေးကွန်နဲ့ ဖန်တီးပနာ ရိုက်ခတ်လာရေ အအီးဓါတ်ကို ငါ့ရို့တိ ခံစားနိန်ကတ်ရရေ။ အတုတကာ့ အတု ဒေအအီးတုလောက်တော့ ပျင်းတောင်ပျင်းသိ့ရေလို့ ပြောပလိုက်ချင်ရေ။ အိမ်ကထွက်တေ ဆိုလောက်ကပင် အတုတိဇာလောက် ကြုံပြီးယာလေမသိ။

တစ်ချို့တိကစကားကို ပျားရည်တောင် ရှုံးပါလားအောင် ချချိုသသာနဲ့ ၀ါပြောကတ်တေ။ တစ်ချို့တိက မဲ့ချင်နိန်ရေစိတ်ကိုထိမ်းပနာ အပြုံးတုနဲ့ပြုံးပြကတ်တေ။ တစ်ချို့တိက လူပါးအထင်ကြီးခံရဖို့ ရင်ထဲကမပါဘဲနဲ့ ကြီးကျယ်မြင့်မြတ်တေဆိုရေ အလုပ်တိကို သူ့ရို့အတ္တတွက်လုပ်ကတ်တေ။ တစ်ချို့တိက ကိုယ့်လောဘကို မကွယ်နိုင်ဘဲ ရိုးသားဟန်ဆောင်ကတ်တေ။ အကျွန်တော့ခါ ဒေချင့်ထက်ဆိုးရေအတုတိကို လုပ်တေအထဲမှာပါနိန်ရေ။ ဆောင်းအငွေ့အသက်တိနဲ့ အီးမြနိန်ရေနှင်းကို မခံစားရဘဲ ဒီဇင်ဘာအတုနဲ့ကြုံရစွာ ၆နှစ်မြောက်ဖြစ်လခဗျာလ်။ နောက်ထပ် ဇာလောက်ထိ မင်းကိုယ်ငွေ့အစစ်အမှန်ကို မြင်ရဖို့လဲ ဒီဇင်ဘာ......

အခွင့်ကြုံရေတစ်နိန် ဆောင်းရာသီရောက်တိုင်းပွင့်နိန်ကျ ငါ့အိမ်ရှီ့က တောဇလပ်ပန်းတိကိုဆွတ်ပနာ အချေခါပိုင် ဆရာမကိုလားပနာပီးချင်ရေ။ မိုးထဖက် လေးနာရီကပင် အိမ်နောက်ဖေးမှာ မီးလှုံနိန်ရေ အဘိုးရှင်နဲ့အဘောင်ရှင် ကြာနီကန်အရှင်ဘုရားဟောရေ ဓာရဏပရိတ်တော် အသံကိုဒေကုထက်ထိ ငါမြင်ယောင်နိန်တုန်း ငါကြားနိန်တုန်း။ ဒေပိုင်လှပရေ မြင်ကွင်း ပြည့်ပြည့်စုံစုံ ငါမမြင်ရဗျာလ်။ လောကကြီးက စစောစစီး ထွက်လားခရေအဘောင်ရှင်ကို အအီးချချမ်းရှိပါစီလို့ မီးဖိုဘေးမှာလဖက်ရည်သောက်ပနာ  တစ်ယောက်တည်း မေတ္တာပို့လို့ အဘိုးရှင် ရှိနလီဖို့လား။ မြို့ပြဒီဇင်ဘာကို မုန်းပါရေ အဘိုးရှင် .......

ချမ်းကေ ရီပူချိုးဖို့ Heater တိအဆင်သင့်ရှိနိန်ရေ နိန်ရာကနိန် နီပူခံပနာချိုးရရေရီကို ဒီဇင်ဘာရောက်တိုင်း အောက်မိန့်ပါရေ။  နှစ်သစ်တွက် နှစ်အဟောင်းကို လက်ပြရဖို့ယာ။ နှစ်တစ်နှစ်ကြီးလာရေပိုင် ငါ့ရို့တိလဲ အသက်တိကြီးပါလတ်ကတ်တေ။ လုပ်ခသမျှအမှားတိကို ပြန်ပနာသုံးသပ်ပြီးကေ အကောင်းဆုံးကိုလုပ်ဖို့  ဆုံးဖြတ်ချက်တိချ။ ချမ်းအီးလှရေ ဒီဇင်ဘာကို ငါ့ရို့ အလွမ်းတိနဲ့ ဖြတ်ကျော်ကတ်ရဖို့သိ........





Thursday, December 8, 2011

အားကျစရာလား



လစာလဲများ နေရာတကာဝင်ဆံပနာ
လူတိပါး အထင်ကြီးခံရလို့ 
ရာထူးငယ်ရေလူက ရာထူးကြီးရေလူကို 
အားကျရေလတ်
တစ်ချက်မှားဖို့မရ ထိုကဒေက
ဝေဖန်ဖို့စောင့်ကြည့်နိန်ကတ်တေ
မျက်လုံးအောက်မှာ နိန်ရရေ 
သူရို့တိ စိတ်ဖိစီးမှုတစ်ပိသာကိုမမြင်
ဒေချင့်က အားကျစရာလား....... 

အသားညိုလူက ဖြူရေလူကိုလှေ၇ထင်
ဖြူရေလူက ညိုရေလူမှ အလှစစ်ထင်
အရပ်ပုရေလူက ရှည်ရေလူကိုအားကျပြန်
ရှည်ရေလူက ရှည်အားကြီးလို့ မကြိုက်ကာ

အရုပ်ဆိုးရေလူတိက အရုပ်လှရေလူပိုင်ဖြစ်ချင်ပြန်
လှရေလူက လူတကာဝိုင်းကြည့်ကတ်လို့ 
အရုပ်ဆိုးရေလူကို သဘောကျပြန်ယာ
ဒေချင့်တိက အားကျစရာလား..........

မတရားလုပ်နိန်စွာကိုမမြင် ချမ်းသာစွာကိုရာကြည့်
ဆင်းရဲသားတိရင်မှာ ချမ်းသာချင်ရေစိတ်က မဖုံးနိုင်မဖိနိုင်
လောဘသားကောင်တိကလဲ မတရားရရေ ဖေချာ့တိနဲ့
ချမ်းသာနိန်ရရေ သူရို့ဘ၀ ကိုယ့်အရိပ်ကိုယ်မလုံ
ထမင်းနပ်မှန်အောင်စားဖို့ ပင်ပင်ပန်းပန်း လုပ်စားနိန်ရရေ
ဆင်းရဲသားလူတန်းစားတိကို အားကျပြန်
(နောက်မှတရေ နောင်တ ကျွဲပါးစောင်းတိရေပိုင် အလကားရာ)
အော်ဒေချင့်တိက အားကျစရာလား........

အဖရခိုင်ပြည်မှာရှိရေလူက နိုင်ငံခြားမှာနိန်ရေလူကို 
အားကျပြန် မင်းဘ၀ကရီကြိုင်ရာမြက်နုရာမှာ
ကကောင်းတိုးတတ်နလီယင့်လတ်
မွီးရပ်ဌာနိန်ကို စွန့်ခွါ
ရင်ထဲကနာကြင်မှုတိကို ကြိတ်မှိတ်ခံပနာ
ဇာမှာလေ အိမ်ကပီးရေနွီးထွီးမှု 
အရောင်တောင်ဖမ်းမတွီ့
ဒေချင့်ကအားကျစရာလား..........

အော်လူတိ ကိုယ့်တန်ဖိုးကိုယ်မထား
ပိုင်ဆိုင်ရေ အရာဝတ္ထုကို မြတ်နိုးရကောင်းမှန်းမသိ
လူတကာမှာရှိရေ ပစ္စည်းကိုမှ 
လိုချင်ကတ်တေ အားကျကတ်တေ
ဒေချင့်က အားကျစရာလား.....

ခတ္တလူ့ပြည် (၁)


 

10/4/2010 ပထမဆုံး ဆယ်ရက်တရားစခန်းက ရခရေ အတွီ့အကြုံတိပါရာ။ စိုင်းစိုင်းရှိုးပွဲနဲ့ တရားစခန်း နှစ်ခုကြား လွန်ဆွဲမိရေစိတ်ကို အကျွန်နိုင်အောင် ထိမ်းနိုင်ခလို့ ဒေကုပြန်စိုင်းစားလိုက်တေခါ ကကောင်းဂုဏ်ယူမိရေ။ အိပ်ရာဝင်ဖို့အချိန်တိုင်း ဒံပေါက်စားချင်ရေလို့အော်နိန်ခရေ အကျွန့်မရင့်ကျက်ခပါ။ ဘုန်းကြီးကျောင်းက စားသောက်ဆိုင်နဲ့ကပ်ပနာရှိနိန်ရေခါ တေးခြင်းရူးအကျွန် ယောဂီဆိုရေ ကုနြေ္ဒကိုမထိမ်းနိုင်ဘဲနဲ့ တေးခြင်းတတိုးချေ လိုက်ဆိုမိခရေ။ အခန်းက အပျိုကြီးမမရို့ကလဲသော့ အငယ်ဆုံးဖြစ်လို့ အလိုလိုက်ခကတ်။ စင်္ကြန်လျှောက်ချိန်မှာ မုန့်ထိုင်စားနိန်စွာကို ဆရာတော်တွီ့လခလို့ မိုက်နဲ့အော်ပနာ "အပျိုကြီး အခန်းကမမများ စင်္ကြန်ချိန်မှာ မုန့်မစားရ" လို့ဘုန်းကြီးကျောင်းတစ်ခုလုံးကြားအောင် အအော်ခံခဖူးရေ။ တရားထိုင်တိုင်း ဒုက္ခ ငရဲပိုင် နာကြင်မှုတိကို သည်းမခံနိုင်လို့ အော်ပလိုက်ချင်ရေ စိတ်တိကို မနည်းထိမ်းခရရေ။ မိုးထဖက် ၄နာရီကပင်ထပနာ တရားနာရေအချိန်တိုင်း အိပ်ငိုက်နိန်စွာကတောင် ဆရာတော်လာလား မလာလားဆိုစော်ကို ခိုးကြည့်ရစွာလဲ အလုပ်တစ်လုပ်ဖြစ်နိန်ခရေ။ ပြန်ပနာစိုင်းစားလိုက်ကေ အော်ဇာပင်ပြောပြော ငါလိမ္မာခဖူးရေမနားယေလို့ ဒေကုထက်ထိ ကိုယ့်စွာကို ပီတိဖြစ်မိရေ။

လူတိပြောကတ်တေ ခတ္တအမေရိက ခတ္တ စင်ကာပူမှာ အကျွန်ရှိမနိန်ပါ။ ခတ္တလူ့ပြည်ဆိုရေ နိန်ရာမှာ အကျွန်ရောက်နိန်လို့ ဒေခေါင်းစိုင်းချေကို ယူသုံးမိပါရေ။ ဘုရားရှင်ပြောခရေ ခတ္တလူ့ပြည်က အဓိပါယ်မတူပါ။
ခတ္တကို တန်ဖိုးရှိရှိ အသုံးချတတ်ဖို့ အရေးကြီးပါရေမနားယေ။
အကျွန် မသိပါ မတတ်ပါ။ ကြားဖူးသမျှ နာဖူးသမျှ ၀ီမျှမိစွာပါ။ ဆယ်ရက်တရားစခန်းမှာ ၀ိပသာနာ စက်ဝိုင်းအကြောင်းကို အဓိကထားပြီး နာခရပါရေ။

ကိုယ်နာချင်ကေနာ စိတ်မနာအောင် ကျင့်ရပါဖို့လတ်။ ဟုတ်တေ တရားထိုင်လို့ ကိုယ်နာလေကေ နာရေနိန်ရာကို ရူရေရူရေ မရဆိုကေ ဒေါသတိထွက်ပါလတ်တေ။ ယင်းချင့်က ကိုယ့်စိတ်ကိုနာအောင် လုပ်နိန်စွာပါလတ်။ ရူလို့နာကေ ဒေါသမထွက်ပါကေ့။ လာရေစိတ်ကိုရူ လောဘလာကေ လောဘ(တဏှာ)။ အားလုံး မမြဲရေသဘော (အနိစ္စ)။ သတိလျော့နိန်ဖို့ မကြိုးစားဘဲနဲ့ နိန်ဖို့ဆိုကေ ရထားတိပိုင် အချိန်မှန် ဒေဒုက္ခသံသရာစက်ဝိုင်းက လွတ်လီဖို့မဟုတ်ပါဗျာလ်။
ဒုက္ခသစ္စာဆိုရေ ဒေခန်ဒါကို နောက်ထပ်မရအောင် စက်ဝိုင်းပြတ်အောင်ဖြတ်ရဖို့။

နတ် လူဗြဟ္မာ ဘ၀ကို တောင့်တစွာက ဒုက္ခရပါလို၏ အိုရပါ၏ နာရပါ၏ ဆိုရေ ဆုကိုတောင်းစွာနဲ့တူတူပါဗျာလ်။ ကိုယ်ရုပ်ဆိုးကေ ကိုယ်မြင်အောင်ရူရဖို့။ လောဘ ဒေါသ မာနတိကို လက်ကိုင်ထားလို့ ဇာဖြစ်ဖို့လေယေ။ ရုပ်ဆိုးကေလဲ အသီကောင် အပုပ်ကောင် ရုပ်လှကေလေ့ အသီကောင် အပုပ်ကောင်။ အပုပ်ကောင်အချင်းချင်း လက်ထပ်ကတ်တေ သီကေငိုကတ်တေ။ သံသရာ ဒုက္ခစက်ဝိုင်းကြီးထဲမှာ တဏှာကြောင့် ရရေလောဘတိကို လိုချင်တပ်တပ်မက်မက်နဲ့ လုယူနိန်ကတ်စွာကို အရာစွာနဲ့ မရူ့ကေ ဖြစ်ပျက်နဲ့ရာရူ့ရပါဖို့။

သမုဒယသစ္စာကြောင့်ရလာရေ ခန်ဒါကို အကျွန့်ရို့တိ တွယ်ကပ်နိန်ရေအတွက် ဒုက္ခသစ္စကို အကျွန့်ရို့တိ သိနိန်ကတ်စွာ။ ယင်းနဲ့လို့ မအိုချင်ကေ့လေ့ အိုကတ် မနာချင်ကေ့လေ နာကတ်။ အေးခန်ထာတိက ဇာသူ့ပိုင်ရေ ခန်ထာလေ။ အကျွန်ရို့တိပိုင်ရေ ခန်ထာဖြစ်လို့ မစွန့်ပယ်နိုင်သမျှ ညဏ်ဆောင်ထားရေ ဒေအသုဘလောင်ကြီးနဲ့ နပန်းလုံးကတ်ရဖို့စော်ရာ။ စိတ်ဆောင်ထားရေ ဒေအကောင်ကြီးမှာ ဇာတိက တပ်မက်စရာရှိလို့ သာယာနိန်ကတ်လေမသိ။ ဒေကုခံစားနိန်ကတ်တေ နာကြင်ရေ ဒုက္ခသစ္စတိကို အတိတ်ဘ၀က ဇာသူတိ ဆုတောင်းခကတ်လို့လဲ။ အကျွန်ရို့တိ မနားယေ။ အ၀ိဇ်ဇာတိဂျေးယာ ဖုံးလွှမ်းနိန်ရေ အကျွန့်ညဏ်ကြောင့် သင်္ခါရတိပြုလုပ်ကတ် မြင်ကေလိုချင်ရေ ဝေဒနာတိ ဖြစ်ကတ်ပြန်ယာ။ ယပိုင်ဆိုကေ ပြောစရာမလို တဏှာဆိုရေ သမုဒ္ဒယသစ္စာ လာဖို့သိ။ ဒေဘ၀သာယာချင်လို့ တစ်သံသရာလုံး ခံနိန်ကတ်ဖို့လား။

မမြဲလှရေ အနိစ္စတရားကို အကျွန်ရို့တိသိနိန်ကတ်စွာပဲ။ ဇရာမရဏ ဆိုစော်ဇာလေ အကျွန်ရို့တိ သိနိန်ကတ်စွာရာမနား။ ဇာအတွက်နဲ့ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာကို လိုချင်တောင့်တမှုတိနဲ ဆုတောင်းနိန်ကတ်ရလေ။ ခန်ထာရကေ ဒုက္ခသစ္စာ ရဖို့စွာကို သိနိန်ကတ်စွာရာမနား။ သူရို့တိမှာလဲ နတ်အို နတ်နာ နတ်သီ။ လူမှာလဲ လူအို လူနာ လူသီ။ ဗြဟ္မာမှာလဲ ဗြဟ္မာနာ ဗြဟ္မာအို ဗြဟ္မာသီ ဆိုစွာရှိစွာပဲ။ ယင်းနဲ့လို့ ဆုတောင်းမမှားဖို့ အရေးကြီးပါရေ။

ဆက်ရွီးပါဖို့သိ....



Saturday, December 3, 2011

အီးချမ်းခြင်းတရား

ငြိမ်းချမ်းစွာ နိန်ထိုင်နည်း-

၁။ သူတစ်ပါးတိ ကောင်းကျိုးချမ်းသာကိုလိုလားရေ မေတ္တာစိတ်ဓါတ်ရှိစွာ။
၂။ ကိုယ့်ထက်ဆင်းရဲရေ လူတိပါးမှာ သနားကြင်နာတတ်ရေ ကရုနာစိတ်ဓါတ်ရှိစွာ။
၃။ ကိုယ့်ထက်ချမ်းသာရေ လူတိပါးမှာ ကြည်ဖြူဖြူနဲ့သဒ္ဒါတရားပွါးနိုင်ရေ မုဒိတာစိတ်ဓါတ်ရှိစွာ။
၎။ ဇာပင်ဖြစ်လာဖြစ်လာ ကံတရားကြောင့်ရာဆိုပနာ အလယ်အလတ်လမ်းစိုင်ဖြစ်တေ ဥပက္ခာစိတ်ဓါတ်ရှိစွာ။

ဒေပိုင်စိတ်ဓါတ် မွီးလာခကပင် ပါမလာကေတောင် တဖြည်းဖြည်းနဲ့ပြုပြင်ယူလားပနာ ဘ၀ကိုအီးအီးချမ်းချမ်းဖြတ်သန်းလားနိုင်ပါရေ။
ဆရာတော်ဘုရားဟောကြားခရေ တရားတော်ထဲက ရလာရေ အသိတရားချေပါ။ ဘလော့ထဲမှာ မျှဝီပါရေ။

(ချမ်းမြေ့ဆရာတော်ဘုရားကြီး) Dhama Talk on 3/12/2011 Satarday At Toa PaYoh Monestery