Pages

Saturday, April 28, 2012

အကျွန့်တွက် (၂)

ကိုယ့်သိက္ခာဆယ်ဖို့တွက် လုပ်ထားရေ အပြစ်ကို တခြားလူပုံချလို့ လိပ်ပြာလုံဖို့လား။ 

မာနနဲ့ အတ္တ မခွဲခြားတတ်လို့ နောင်တ ဇာနှစ်ခါရပြီးကတ်ယာလေ။ 

မလားအပ်တေ နိန်ရာကိုလား အရယ်မရ အဖတ်မရနဲ့ မပြောအပ်တေ စကားတိကိုပြော ပြန်လာခါမှ ယူကျုးမရ ကိုယ်စွာကိုယ် အသုံးမကျဆိုပနာ အပြစ်တင်, အော် ငါ ငါ... 

 အေချင့်က အကျင့်ဆိုး ဒေချင့်က အကျင့်ကောင်း, ငါဒေနိန့်ကပင်စလို့ ပြုပြင်ဖို့ဆိုပနာ စာရွက်နဲ့ အိပ်ရာခေါင်းရင်းမှာလဲ ကပ်ထားယင့်, ကိုယ်တိုင်ချမှတ်ထားရေ စည်းကမ်း မလိုက်နာလို့ self-respect တိလဲ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်ပါလတ်တေ။ 

 အမှန်တော့ခါ စစ်မှန်ရေ အီးချမ်းမှုက ကိုယ့်စိတ်ထဲမှာရာ ရှိစွာကို ကြိုးစားရာယင်း သိပါလတ်တေ။ 

 လောဘ ဒေါသ မောဟတိနဲ့ ကိုယ့်စွာကိုယ် ဝေခွဲမရဘဲ လောကကြီးကိုလဲ တခါတလီ မျက်စောင်းထိုးမိ့သိယင့်။ 

 အခွင့်ရေးတိ ပွတ်သီးပွတ်ကာ ကိုယ့်နားက လားခစွာကို ဇာနှစ်ခုလောက် လျစ်လျုရူ ပလိုက်ယာလေ။ 

ကိုယ့်ကြောင့် သူများ အကျပ်အတည်း (ငွေကြေး, စိတ် ) မဖြစ်လားစီပါကေ့။ 

လူနိန်မှု အဆင့်တန်း နိမ့်ကျလားပါတ်စီ စိတ်ဓါတ် အဆင့်တန်း မြင့်လာဖို့က ပိုပနာ အရေးကြီးပါရေ။ 

တနားကေ တမျိုးဖြစ်နိန်ရေ ကိုယ့်စိတ်ကို ကိုယ်တောင်နားမလည်, တခြားလူတစ်ယောက်နဲ့ အမြင်မတူ သဘောထားချေတိနဲ့ ကြုံရရေအချိန်ခါ အတတ်နိုင်ဆုံး နားလည်ပီးဖို့ လိုအပ်ပါရေ။

ကိုယ့်စွာကိုယ် သတိပီးရေ အနိန်နဲ့ရီးထားခြင်းဖြစ်ပါရေ။

Thursday, April 19, 2012

အတွေးထဲက မင်း

မင်း

ချချိုသသာနဲ့ သူမပြောဖူးရေ
စကားသံတိ နားထဲမှာပဲ့တင်ထပ်နိန်စွာ
ငါ့စိတ်ကူးယဉ်ထဲက ညင်သာမှုတခုရာ

နနွီးထထွီးနဲ့ မဆက်ဆံဖူးရေ
သူ့အပြုအမှုတိ
အိပ်မက်ထဲမှာ အကြင်နာအပြည့်နဲ့

မလိုအပ်ဘဲ အပိုမလုပ်တတ်
လိုအပ်တေ အချိန်ခါလဲ
ငါ့ပါးစပ်တိက စူပါဂလုနဲ့ကပ်ထားရေပိုင်

လမ်းခွဲစကားမလိုအပ်ဘဲနဲ့
ဇာချင့်တိက ငါ့ရို့နှစ်ယောက်ကြား
ပြတ်သားနလီလေ

အတိတ်ကို စိုင်းစားလိုက်တိုင်း
ဆယ်ကျော်သက်အရွယ် မဟုတ်ဘဲနဲ့
ရင်ခုန်သံတိကို ထိမ်းချုပ်လို့မရသိ

လှမ်းပနာ ပီးခရေ
ငါ့လက်တစုံလဲ လေဟာနယ်ထဲမှာ
တန်းလီတန်းလမ်း

ယုံကြည်မှု အပြည့်နဲ့ လက်တစ်စုံကို
နနက် ရှရှိုင်းတောင့်တမိရေ...

Monday, April 9, 2012

Homeless to Harvard

အိမ်မဲ့ လမ်းဘေးဘဝမှ ဟားရ်ဗားဒ် (Harvard) တက္ကသိုလ်သို့ …



 

 
အလွန်အမင်း ပင်ပန်းဆင်းရဲကြရှာသော မိဘများမှ အထီးကျန် အညတရဆန်လွန်းလှသော ဘ၀တစ်ခုအား စတင်ရန် (Liz Murray) လိဇ်မာရီ ဟု ခေါ်သော ကလေးမငယ်အား အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘရော်းစ်(Bronx) မြို့တွင် ၁၉၈၀ ခု၌ မွေဖွားခဲ့သည်။

သူမ၏ မိဘများမှာ ဆေး၊ ဘိန်း၊ စွဲသူများဖြစ်ပြီး မိသားစုအတွက် ထောက်ပံ့မည့် အစား ရသမျှ မရှိစလောက်သော ဝင်ငွေများကို သူတို့တချက်ချေသာ စိတ်ဖြေရာအဖြစ်သာ အသုံးပြုလေ့ရှိကြသည်၊ သမီးတို့အတွက်ဖို့ကိုကား သူရို့အတွေးတွင် အရက်သောက်၊ ဘိန်းချူဖို့လောက် အရေးထားလေ့မရှိကြချေ။

လိဇ် (Liz) နဲ့ သူမ၏ အစ်မလီစာ (Lisa) တို့ နှစ်ဦးမှာ နီစရာ နေရာမဟိ၊ စားစရာ အစာမဟိ၊ ရုံစရာအ၀တ်ကောင်းမဟိ၊ မွတ်တစ်လှည့် ငတ်တစ်လှည့်ဖြင့် အသက်ကို ပင်ပန်းဆင်းရဲကြီးစွာ ဆက်နေရရှာသည်။
အဝတ်အစား ဝတ်ရန်မရှိသဖြင့်  တစ်ထည်တည်းရှိသော အဝတ်တစ်စုံကို နေ့တိုင်း ညစ်ပတ်၊နံစော်နေသည်အထိ ဝတ်ဆင်နေရသည်။
စတိုးလ်ဆိုင်များမှ လွင့်ပစ်သော အစားအစာများကို ကောက်စားရင်း တစ်နေ့ တာဘဝကိုပင် မျှော်လင့် ချက်ကင်းမဲ့စွာ ဆက်နေရသည်။

မည်သို့ပင် ခက်ခဲစေကာမူ လိဇ် (Liz) အမလီစာ (Lisa ) တစ်ယောက် ကျောင်းကိုအဆက်မပြတ် တက်နေခဲ့ သည်။ သို့ သော် စိတ်ပျက်စရာကောင်းသော သူတို့ မသားစု၏ အငှားခန်းခပေးရန်ငွေမလုံလောက်ခြင်း ၊ မိဘနှစ်ပါး၏ သားသမီးအပေါ် ပြုစုစောင့်ရှောက်မှု ဝတ္တရား ခေါင်းပါးခြင်း၊ သွန်သင်လမ်းပြမှု လုံးဝမရှိခြင်းတို့ ကြောင့်  လိဇ် ကျောင်းတက်ချင်စိတ်ကုန်ခန်းလာတော့သည်။

မိဘအုပ်ထိန်းမှုအောက်တွင် မှီခိုကျောင်းတက်ရမည့်  အရွယ် (၉) နှစ် သမီးလေး လိဇ် တစ်ယောက် ရပ်ကွပ် စတိုး ဆိုင်များတွင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ကာ ဆိုင်နောက်ဘေး အမိုက်သိမ်း သန့် ရှင်းရေး စသော ရရာအလုပ်ကို လုပ်နေခဲ့ရရှာသည်။

- Sandwich (ဆန်းဝိခ်ျ ) အသားညှပ်ပေါင်မုန့်တစ်ခုမျှသာ ဝယ်ရန်လုံလောက်သော တစ်နေ့ စာလုပ်ခကိုပင် မိခင်ဖြစ် သူက လုယက်ကာ ဆေးဝယ် သုံးစွဲပစ်သည်။ မိခင်ဖြစ်သူက သားသမီးများကို စောင့်ရှောက်ရမည့် အစား သူမ၏ သမီး လိဇ်ကသာ မိခင်အား ကလေး တစ်ယောက်ပမာ စောင့်ရှောက်ခဲ့ရှာသည်။

တစ်လ,သုံးရက်ခန့်သာ ကျောင်းတက်ဖြစ်သော လိဇ်မှာ အတန်းထဲတွင် အခြားကျောင်းသား၊ကျောင်းသူများ၏ လှောင် ပြောင်ကဲ့ရဲ့ခြင်းကိုလည်း နေ့တိုင်းလိုလိုခံခဲ့ရသည်။ သူမ၏ ညစ်ပတ်သော အဝတ်အစားနဲ့  ဖရိုဖရဲသော ဆံပင်များ ကြောင့်  သူငယ်ချင်းဟူ၍လည်းမရှိပါ။ သူငယ်ချင်း အသိုင်းအဝိုင်းမှ စွန့်ပစ်ခြင်းကို ခံရသူလည်းဖြစ်သည်။

လိဇ် အမေတွင် အေအိုင်ဒီအက်စ် (AIDS) နဲ့ တီဘီရောဂါရှိကြောင်း သူမအမေကိုယ်တိုင်ပြောပြ၍ လိဇ်အသက် ဆယ်နှစ် အရွယ်တွင်သိခဲ့ ရသည်။ သို့သော် မိခင်ဖြစ်သူသည် သူမကျောင်းမတက်ခဲ့သောကြောင့်  ဤကဲ့သို့  ဘဝရောက်ခဲ့ရကြောင်း လိဇ်အား နေ့တိုင်းပြောကာ ကျောင်းပြန်တက်ရန် တိုက်တွန်းခဲ့သည်။

AIDS ရောဂါဖြင့်  လိဇ်အသက် ဆယ်ငါးနှစ်အရွယ်တွင် လိဇ်၏မိခင် ဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူသည်လည်း အိမ်ခန်းငှားခ မပေးနိုင်သောကြောင့်  အိမ်မဲ့ အိုးမဲ့ ခိုကိုးရာမဲ့သူတို့ခိုလုံရာ ဒုက္ခသည်ဇရပ်သို့  ပြောင်းရွေးခြင်း ခံခဲ့ရသည်။

- ထိုအချိန်မှစ၍ လိဇ်သည် အတောင်မစုံသော ငှက်ငယ်လေးပမာ လေလွင့်ရာစုံဆန်မျှောပါရင်း နားခိုရာမဲ့  လမ်းဘေးဘဝသို့ ရောက်ခဲ့ရကာ ခွက်လက်စွဲကာ တောင်းစားရတော့သည်။

အပျိုပေါက်စ အရွယ်ဖြစ်သော်လည်း သူတစ်ပါးများနဲ့မတူ သူမဘဝသည် ခြားနားလွန်းလှသည်။ Subway ၊ ရထား ၊ အဆောက်အအုံဟောင်း စသောနေရာများတွင် ကြုံရာနေရ၊ အိပ်ရလေသည်။ သူမအတွက် မနက်ဖြန် ဘယ်နေရာ တွင် အိပ်ရမည်ဆိုသည်မှာ သေချာသောအဖြေ လုံးဝမရှိချေ။

သို့သော် သူမအတွက် လမ်းဘေးရောက် သူတောင်းစားဘဝမှ လွတ်မြောက်ရန် ထွက်ပေါက်လမ်းစတစ်လမ်း ဤ ကမ္ဘာတွင် ရှိရမည်ဟု သူမခိုင်မာစွာ ယုံကြည်ထားသည်။ ထိုယုံကြည်ချက်မှာ ကျောင်းပြန်တက်ရန်ဖြစ်သည် ။
မည်သို့ပင် လိဇ်၏ဘဝ ခက်ခဲကြမ်းတမ်းစေကာမူ ရောက်ရာ၊နေရာတိုင်းတွင် သူမနဲ့အတူ စွယ်စုံကျမ်းများကို သယ် ဆောင်သွားကာ အချိန်ရှိတိုင်းဖက်သည်။

လိဇ်၏မိခင်တွင် ဆိုးဝါးစက်စုပ် ရွံရှာဖွယ်ကောင်းသော ရောဂါများ ခံစားရသည်မှာ ကျောင်းမတက် အသိပညာကင်းမဲ့မှု များကြောင့် ထိုကဲ့သို့သော ရောဂါများဖြင့်  ခံစား၊သေဆုံး ရခြင်းဖြစ်သည်ဟူသော မေ့မရသည့်  ကြောက်လန့် ဖွယ် ဖြစ်ရပ်တစ်ခုသည် လိဇ်အတွက် အကောင်းဆုံး သင်ခန်းစာ သက်သေတစ်ခုပင်ဖြစ်သည်။

ထို့ နောက် ကျောင်းပြန်တက်ရန် ဆုံးဖြတ်ချက်ချကာ ကျောင်းတစ်ကျောင်းတွင် နာမည်စရင်းသွင်းခဲ့သည်။
သူမ၏ နေရပ်လိပ်စာနဲ့  ဖုန်းနံပါတ်ပေးစရာမရှိသောကြောင့်  သူငယ်ချင်း တစ်ယောက်ထံမှ လိပ်စာအတုကို တောင်း ကာ သူမ၏လိပ်စာဖြစ်ကြောင်း ကျောင်းတွင် လိမ်ပေးခဲ့သည်။

- လိဇ်သည် တစ်ခြားကျောင်းသား/ကျောင်းသူများထက် အသက်ကြီးမှ အထက်တန်းကျောင်းတက်ရသည်။
အစာကို ကျောင်းတွင်စား၍ ကျောင်းမတက်သော နေ့ များတွင် တစ်ရက် တစ်နပ်သာ အစာစားသည်။ ကျောင်းတက်ရင်း တစ်အိမ်ဝင် တစ်အိမ်ထွက် ပုဂံဆေး ၊ ကြမ်းသုတ် ၊ သတင်းစာ ၊ဂျာနယ်များကို ရောင်းရင်း နားနေရာ လမ်းဘေး သစ်ပင်များအောက်တွင် စာကျက်ရသည်။

လိဇ်သည် အိပ်ချိန်ပင် လုံးဝမရှိဟု ပြောရလောက်အောင် ရှိသမျှအချိန်များကို ကျောင်းစာကျက်မှတ်ခြင်းဖြင့်  အချိန်ကုန်စေသည်။ ထိုသို့  အိပ်ရေးပျက် အပင်ပန်းခံ ကြိုးစားခြင်းသည် လမ်းဘေးတွင် လက်ဖြန့်  တောင်းစားခြင်းနှင့်  နိုင်းယှဉ်လျှင် မိုးနဲ့ မြေကဲ့ သို့ ပင် ကွာဟသောကြောင့်  ဆင်းရဲ ဒုက္ခ ပင်ပန်း ခြင်းကို တစ်ခါမျှ မငြည်းညူ ခဲ့ သူလည်း ဖြစ်သည်။

လိဇ်သည် ၄ နှစ် သင်ရသော အထက်တန်းကျောင်းကို ၂ နှစ်အတွင်းပြီးစေသည်သာမက ဘာသာရပ် တိုင်းတွင် အမှတ် ၉၅ ရာ ခိုင်နှုန်း ဖြင့်  အောင်မြင်ခဲ့သည်။

အမှတ်အကောင်းဆုံး အတော်ဆုံး ကျောင်းသား၊ကျောင်းသူ ဆယ်ယောက် ( Liz) (လိဇ် အပါဝင်) တို့ အား ကျောင်းအုပ်ဆရာကြီးက ပညာတော်သင်ဆုအနေဖြင့်  Harvard University ဟားဗက်တက္ကသိုလ် ( America)အမေရိကန် (သို့) ကမ္ဘာတစ်ဝှန်းတွင် နာမည်အကြီးဆုံး တက္ကသိုလ်တွင် အခမဲ့ ခရီးလည်ပတ်စေသည်။

- ထိုတက္ကသိုလ်တွင် ပညာသင်ကြားနေသူအများစုမှာ ချမ်းသာသော မိဘအသိုင်းအဝိုင်းမှ သားသမီး များ ဖြစ်ကြသည်ကို လိဇ်မြင်သောအခါတွင် သူမ၏ ဘဝနှင့်  ဆီနဲ့ရေကဲ့သို့  ကွာခြားနေသည်ကို သိရသဖြင့်  မိမိကိုယ် ကိုယ် စိတ်အားသိမ်ငယ်နေခဲ့ ရှာသည်။

သို့ သော် လိဇ်အား ထိုတက္ကသိုလ်တွင် ရှောက်ကြည့် ရန် ကျောင်းအုပ်ဆရာကြီးက တိုက်တွန်းခဲ့သည်။ အထက်တန်းကျောင်းကို အမှတ်ကောင်းစွာဖြင့် အောင်ခဲ့ သော်ငြားလည်း ကောလိပ် ဆက်တက်ရန် ပိုက်ဆံမရှိသော သူမ၏ဘဝအတွက် အထောက်အပ့ံဆိုသည်မှာ အကယ်စင်စစ်ပင် လိုအပ်နေသော အချိန် ဖြစ်သည်အားလျှော်စွာ မမျှော်လင့် ပဲ့  သတင်းစာကြော်ငြာတစ်ခုကို သူမဖတ်မိသည်။

ထိုသတင်းစာမှာ နယူးယောက်မြို့အတွင်းမှ အခက်အခဲရှိသူများ မိဘဝင်ငွေနည်းသော သား၊သမီးများအတွက် ထောက်ပံ့ ကြေးငွေ (scholarship) ရှောက်နိုင်ကြောင်း New York Time မဂ္ဂဇင်းမှ သတင်းကြော်ငြာစာ ဖြစ် လေသည်။

လိဇ်သည် အထက်တန်းကျောင်း တက်ခဲ့ သောအချိန်တွင် သူမသည် အိမ်ယာမဲ့  လမ်းဘေးက တစ်ကောင် ကြွက်ဘဝ မှ တစ်ယောက်ဖြစ်ကြောင်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှ သိခွင့်မရှိအောင် ဖုံးကွယ်ခဲ့ သော်လည်း သူမ၏ နောင် ရှေးရေး ဘဝအတွက် သူမ ဖွင့်ပြောရန် အချိန်ရောက်နေလေပြီ။

- လိဇ် မည်ကဲ့သို့  လမ်းဘေး ပလက်ဖောင်းကို ခေါင်းအုံး အဖြစ်အသုံးပြုတစ်လှည့်  တွေ့သမျှ အရိပ်ကို မိမိ အိမ်အသွင်ပမာ သက်မှတ်ကာ တစ်နေ့စာအတွက် မည်ကဲ့သို့ ခက်ခဲ ကြမ်းတမ်းစွာ ရှာခဲ့ ရပုံများမှာ စိတ်ကူးယှဉ် ဆန် လှသည်ဟု ပြောရလောက်အောင် သနားဖွယ်ကောင်းသော သူမ၏ အကြောင်းကို မျက်ရည်စက်များနဲ့ အတူရေးကာ တင်ထားသော သူမ၏ လျှောက်က်လွှာအား New York Time မဂ္ဂဇင်းမှ လှိုက်လှိုက် လှဲလှဲပင် ကြိုဆို လက်ခံ အတည်ပြုခဲ့ လေသည်။

New York Time မဂ္ဂဇင်းမှ လိဇ်အား ကျောင်းလခ တစ်နှစ်လျှင် ဒေါ်လာငွေ တစ်သောင်းနှစ်ထောင်ဖြင့် ကူညီမည် ဟု ဂတိပေးသည် သာမက လိဇ်အား ဂုဏ်ပြုသည့် အနေဖြင့်  New York Time ၏ ညီလာခံပွဲတော်ကြီးတွင် လိဇ်အား ကျေးဇူးတင်စကားပြောရန်နဲ့  သူမ၏ ဘဝအကြောင်း တစ်စိတ်တစ်ဒေသပြောပြရန် တောင်းဆို ခဲ့ သည်။

- ညီလာခံပွဲတော်ကြီးအပြီးတွင် လူအုပ်ကြီး၏ လက်ခုပ်သံများနဲ့အတူ နတ်သမီး အလား ရုတ်တရက် ဆိုသကဲ့ သို့  လိဇ်အတွက် အဝတ်အစား ဝယ်ပေးမည့် သူ၊ အိမ်ခန်းငှားပေးမည့် သူ ၊ ကျန်းမာရေးအတွက် ကုန်ကျစရိတ်အာမခံပေးမည့် သူ၊ စားနတ်ရိတ်ခါဝယ်ပေးမည့် သူ၊ စာအုပ်စာတန်းဝယ်ပေးမည့်သူ၊ ကားဝယ်ပေးမည့်သူ အစရှိသည်ဖြင့်  လိုလေသေးမရှိအောင် အလှုရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။

ထိုအချိန်မှစ၍ လိဇ်၏ဘဝ ပျော်ရွင်ကြည်နှုး ခြင်းများနဲ့ အတူ လူ့ လောကအလယ်တွင် လူတစ်ယောက်နဲ့ တူသော အခွင့် အရေးများပိုင်ဆိုင်ထားပြီး တက္ကသိုလ်ကျောင်းသူမ ဘဝအဖြစ် ဟားရ်ဗက်ဒ်(Harvard University) တွင် စတင်တက်ခဲ့ လေသည်။

2009 ခုနှစ်တွင် psychology ဖြင့်  ဟားရ်ဗက်ဒ်တက္ကသိုလ်မှ ဘွဲ့ ရခဲ့ ပြီး မဟာဘွဲ့ယူရန် ဆက်တက်နေသည်။ psychology ဖြင့်  ဒေါက်တာဘွဲ့အထိ ရယူရန် ရည်ရွယ်ချက်ရှိသူလည်းဖြစ်သည်။

- ဂုဏ်ပြုဆု မြောက်များစွာကို လက်ခံရရှိ ၍ လူသိရှင်ကြား ကျော်ကြားသူသာမက ယခအချိန်တွင် လိဇ်သည် အမေရိ ကန်နိုင်ငံအပြင် အခြားသောနိုင်ငံများတွင် ကျင်းပသော ညီလာခံများ၌ သွားရောက်လည်ပတ် မိန်းခွန်းပြောရန် ငွေကြေးဖြင့် ငှားခေါ်ကြသည်။

လိဇ်သည် တစ်ချိန်ချိန်တွင် အမေရိကန်နိုင်ငံ သမ္မတအဖြစ် ပါဝင်ယှဉ်ပြိုင် မဲဆွယ်ရန် ရည်ရွယ်ချက် ရှိသူလည်းဖြစ်သည်။

Liz Murray (right) at the 2001 Irish America Awards with Bill Clinton and sister Lisa Murray


စာတွေ့လက်တွေ့ လေ့လာလိုသူများအနေဖြင့် အောက်ပါ သူမဘ၀အကြောင်းကိုရေးထားသော စာအုပ်နှင့် ရိုက်ကူးထားသော ဇာတ်ကားတို့ကို အင်တာနက်တွင်သွားရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

http://www.guardian.co.uk/books/2011/jan/30/breaking-night-liz-murray-review
http://www.youtube.com/watch?v=EtybvFW0ncY
http://www.youtube.com/watch?v=8wo3Qr86jzY&feature=related
“Breaking Night” by Liz-Murray စာအုပ်ကို အကျဉ်းချုပ်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ကိုယ်တော် ပညာ (ရှိဟောင်းမြီ)

အင်တာနက်ထက်က ကူးယူထားခြင်းဖြစ်ပါရေ။

Saturday, April 7, 2012

ရခိုင်အလံ

ရခိုင်အလံ အဓိပ္ပါယ်ဖွင့်ဆိုချက် 


 

အဖြူရောင် သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သောစိတ်ဓါတ်ရှိခြင်း၊ အမျိုးသီလနှင့် ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်သော စိတ်ရှိခြင်း နှင့် ဖြူစင်တည်ကြည် စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားရှိခြင်း တို့ကိုဖော်ဆောင်သည်။  

အနီရောင် ၏သဘောမှာ ရဲရင့်တည်ကြည်သောသတ္တိနှင့် ခိုင်ခံ့တည်ကြည်သောဇာတိသွေး၊ ဇာတိမာန်ရှိခြင်းတို့ကို အဓိပ္ပါယ်ရှိခြင်းတို့ကို အဓိပ္ပါယ်ဆောင်သည်။  

သီရိဝစ္ဆ သီရိဝစ္ဆ ဝေသာလီစန္ဒြားမင်းတို့၏ဒင်္ဂါးတွင် ခေတ်နှိပ်သုံးစွဲသောပုံဖြစ်သည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင် မုတ်တံကဲများ၊ ဘုရားတန်းဆောင်မုတ်တံကဲများ၊ တံခါးမုတ်စီများတို့တွင် အမြဲသုံးစွဲခဲ့ကြသည်။ သီရိဝစ္ဆမှာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည်ဟုအဓိပ္ပါယ်ရသည်။
ယင်းအထဲတွင်သင်္ကေတများစွာပါရှိသည်။ 

နေနှင့်လ နေနှင့်လတို့မှာ ပထမဆုံး ရခိုင် ဟူသောအမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သောမင်းတို့သည် နေလအမည်ရှိသော ဘွဲ့ထူးဂုဏ်ထူး အမည်များကို ခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏တန်ဆာများ ဖြစ်ကြသည့် အလျှောက် အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသောအကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ရှိကြသည်။ ယင်းနည်းအတူ မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရား တည်ကြည်ကြရမည်။ ယဉ်ကျေးမှုအနုပညာ၊ စီးပွားရေးအခြေအနေနှင့် အမျိုးသားလက္ခဏာများကိုဖော်ညွှန်းထားပါသည်။ 
နေသည် ကမ္ဘာမြေပြင်ပေါ်ရှိလူသတ္တ၀ါတို့ကို အလင်းရောင်ပေးသည်၊ လသည်အေးမြကြည်လင်သောသာယာမှုတို့ကို ဒေသဌာနမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး မျှတသောအရောင်ကို ပေးတတ်သည်။ လူသားသတ္တ၀ါတို့အပေါ်တွင် အေးမြကြည်လင်သော သစ္စာတရားရှိသည်ကို ဖော်ညွှန်းထားခြင်းဖြစ်သည်။ 

လက်ဝဲရစ်ခရုသင်းနှင့်လက်က်ျာရစ်ခရုသင်း တိုင်းပြည်ကိုအုပ်ချုပ်သောဘုရင်များ ဘိသိတ်ခံရာ၌ လက်ဝဲနှင့်လက်ကျာရစ် ခရုသင်းတို့ဖြင့် သစ္စာရေစင်ဖြန်းရသည်။ ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သားအပေါင်းတို့အား သစ္စာ၊ သီလ၊ သမာဓိတရားတို့ဖြင့် တရားသဖြင့် အုပ်ချုပ်အုပ်ထိန်းနိုင်ပါစေ၊ တိုင်းသူပြည်သားတို့ကလည်း သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေဟူသော သရုပ်ကို ဖော်ဆောင်ပါသည်။ 

စိန်တောင် စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဏိုင်မားမားမတ်မတ်ဖြောင့်တန်းစွာရပ်တည်ထားသည်။ ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မတရားတို့သည်မင်းနှင့်တကွ ပြည်သူတို့အား တည့်တည့်မတ်မတ် အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း လက္ခဏာကိုဖော်ပြထားသည်။  

စိန်တောင်အောက်ခံ စိန်တောင်အောက်ခံမှာ လခြမ်းသဒဏ္ဍာန်ဖြစ်ပြီး စိန်တောင်အား မတိမ်းမစောင်းဖြောင့် မတ်တည်ရှိနိုင်ရန် မယိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်းသဘောကို သရုပ်ဆောင်သည်။ 

ရွေးလုံး(ရ)လုံး (ဗိန္ဒု) ရခိုင်တို့သည် ကြက္ကိကာနက္ခတ်နှင့်ယှဉ်သည့် လူမျိုးများဖြစ်ကြသည်။ ကြက္ကိကာနက္ခတ်သည် စပါးပင်၊ မြေများ၏ လက္ခဏာကို ဆောင်သည် (တစ်ချို့ကျမ်း၌ ကြယ်ခုနစ်ကောင်ဟုဆိုသည်) ကြက္ကိကာနက္ခတ်ကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း တို့ပြုလုပ်ကြသည်။ ရခိုင်ပြည်သည် ကြက္ကိကာနက္ခတ်နှင့်လျှော်ညီစွာ စိုက်ပျိုးရေးကိုအဓိကပြု၍ အသက်မွေးဝမ်းကြောင်း ဆောင်ရွက်ရသော တိုင်းပြည်ဖြစ်သည်။ ယင်းကြောင့် ရခိုင်ပြည်၏ အသက်သွေးခဲဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေးလက္ခဏာ သဘောကို ဆောင်ထားခြင်းဖြစ်သည်။ 

ခြူးပန်း ခြူးပန်းသည် အမြင့်မြတ်ဆုံးသောပန်းတစ်မျိုးတွင် ပါဝင်သည်။ခြူးပန်းမှာ အပင်မှပွင့်သောပန်းမျိုးမဟုတ်ပေ၊ ခြူးဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဒာကိုယ်လက်မှ ပေါက်ရောက်နေသောအမွှေးအမျှင်တို့၏ ပုံသဒဏ်တွင် အခွေခွေအလိပ်လိပ်ဖြစ်ပေါ်နေခြင်းကို သရုပ်ဖော်၍ ပန်းချီ၊ ပန်းပုဆရာတို့သည် ဘုရား၊ စေတီ၊ အဆောက်အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ ထီးဆောင်နန်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက၊် ပန်းလိပ်၊ ပန်းနွယ်များထုလုပ်ရာတွင်သရုပ်ဖော်၍ ထုလုပ်ခဲ့ကြသည်။ ပန်းခက်တို့၏အလယ်တွင်ခြူးကောင်များထုလုပ်ထားခြင်းကြောင့် ခြူးပန်းဟူ၍ခေါ်သည်။ ခြူး ကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကိုလည်းကောင်း၊ အသီးအနှံတို့ကိုလည်းကောင်း လုံးဝဖျက်ဆီးခြင်းမရှိ၊ သူတို့၏သွားရာတွင် အမွှေးအမျှင်များ တစ်ခုနှင့်တစ်ခု ထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင်မြည်သည်။ မင်္ဂလာရှိသော၊ တေးသံသာသောအသံကို သရုပ်ဖော်ထားသည်။ ၎င်းတို့သည်ကာမဆန္ဒတရား၌ တစ်သက်လျင်တစ်ကြိမ်သာမှီဝဲခြင်းရှိသည်။ သူတစ်ပါးအမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ၊ အဗြဟ္စရိယာသိက္ခာပုဒ်ကို စောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မုဒိန်းတန္တမကျူးလွန်ကြစေရန် သရုပ်ဆောင်ထားသည်။

ဤသီရိဝိစ္ဆတစ်ခုလုံး၏သဘောတရားမှာသစ္စာဓမ္မရှိခြင်း၊ လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံပွားများစေခြင်း၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကိုဆင်ခြင်စေနိုင်ခြင်း၊ မိမိတို့၏ ရိုးရာဓလေ့ထုံးစံများကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျှော်ညီစွာ တစည်းတလုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပေါများတိုးတက်စေနိုင်သော သင်္ကေတသဘောများကို သရုပ်ဆောင်ထားပါသည်။

ရခိုင်အလံနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အင်တာနက်ထက်က ကော်ပီကူးထားခြင်းဖြစ်ပါရေ။ ရခိုင့်အလံရေ ဇာပိုင် အဓိပ္ပါယ်တိနဲ့ ဖွဲ့စည်းထားစွာကို  ရခိုင်သူ ရခိုင်သားတိုင်း သိထားသင့်ပါရေ။

ငယ်ချစ်ဦး

တနိန်ရာက တယောက်သောသူပါးကို 

ဟိုးအ၀ီးကပိုင် ခေါ်သံချေတစ်ခု မကြားတစ်ချက် ကြားတစ်ချက် မသဲမကွဲ...

အနီရောင် အလင်းစက်တစ်ခု အမှောင်ကြားထဲက ပေါ်လိုက်ပျောက်လိုက်...

ပရမ်းပတာနဲ့ ရင်ခုန်သံတိ ဇာဖြစ်လို့ ဒေလောက်လျင်နိန်ရလေ...

မိန့်ထားရင်းသားနဲ့ တနိန်ရာကနိန် ၀ါးခနဲ ပေါ်ပါလတ်တေ...

စည်းကို စောင့်ထိန်းရင်းနဲ့ပင် တခါတခါလဲ ဖောက်မိနိန်ရေ...

ဘ၀ကို အရောင်မဆိုးတတ်သိရေ အဘုသျှေမဟုတ်ကေ့လေ
အဖြူစင်ဆုံး စကားတစ်ခွန်း အဆင့်သင့်ရှိရေ...

အသည်းကွဲကေ ကုဖို့ သင်ခန်းစာ မသင်ခရစော်က ခက်တေ...

အကြောင်းအမျိုးမျိုးကြောင့် စွယ်တော်ရွက် မဖြစ်ခကေလေ့
ဒေကမ္ဘာမြေကြီးမှာ ခံစားချက်မရှိဘဲနဲ့ အသက်ရှင်သန်နိန်ရေ.....

Friday, April 6, 2012

အမြင်ချေ နှစ်ခု

ဒေကုရွီးထားရေ အကြောင်းအရာက တရားခွေတိက ကြိုက်လို့ ကိုယ်နားလည်ရေပိုင် ပြန်ပနာဖောက်သည်ချစွာ ဖြစ်ပါရေ။

၁။ ထမင်းစားဖို့ တစ်ခုကမရှိ။ ဟင်းရာရှိယင့်။
၂။ ထမင်းစားဖို့ ဟင်းရှိရေ။

ထမင်း ဇာနဲ့စားဖို့လဲလို့ မိန်းရေခါ ဖြေကတ်တေ အဖြေက တူတူရာ။ ယကလေ့သော အမြင်ချေတစ်ခုက လူနှစ်ယောက်ရဲ့ စိတ်နိန်စိတ်ထားကို မိန်းစရာမလိုဘဲ ဖော်ပြပီးလားပါရေ။ ပထမလူက အဆိုးဘက်ကို အမြဲစိုင်းစားတတ်တေ လူဖြစ်ပြီးကေ, ဒုတိယလူက ဇာပင်ဖြစ်ဖြစ် အကောင်းဘက်ကို တွေးတတ်တေ သဘောရှိပါရေ။

မိုးလင်းအိပ်ရာထရေလောက်ကပင် အပျင်းစိတ် သို့မဟုတ် စိတ်ရှပ်ပနာထပါလတ်ကေ ယင်းနိန့်တရက်လုံး အဆင်မပြေဆိုစော်ကို ဗေဒင်မိန်းစရာမလိုဘဲ သေချာပြောနိုင်ပါရေ။ မဟုတ်ဘဲနဲ့ မျက်လုံးနှစ်လုံးပွင့်စော်နဲ့ ဒေနိန့် အနည်းဆုံး လူတစ်ယောက်လောက်ကိုဖြစ်ဖြစ် ကူညီနိုင်အောင် ငါ့လုပ်ဖို့။ ငါ့ကြောင့် တစ်ယောက်လည်း စိတ်အနှောက်အယှက် မဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရေ လူက  နိန့်ရက်တိုင်းမှာ စိတ်ချမ်းသာပါရေ။ Aircon ဖွင့်ထားရေ အခန်းနားချေက ဖြတ်လားကေတာင် အအီးဓါတ်ချေကို ကိုယ်က ခံစားရရေပိုင် သူ့အနားကလူတိလေ့သော စိတ်ချမ်းသာကတ်ဖို့။ ချပုံနားကို ယင်ကောင်တိရာလာရေ, အမြဲတမ်းညည်းညူနိန်ရေလူနားမှာလဲ လူကောင်းတိက တာရှည်မနိန်နိုင်ပါ။

ဒေချင့်ကိုလုပ်လို့ အကောင်းဖြစ်လာဖို့စော်မဟုတ်ဆိုရေ စိတ်နဲ့လုပ်လိုက်တေ အလုပ်တစ်ခုစွာ သူထင်ထားရေ အတိုင်းတာတစ်ခုထက် ပိုပနာဆိုးရေ အဖြေတစ်ခုကို အဆုံးမှာရလာပါဖို့။ စရေလောက်ကပင် အဆိုးနဲ့စလို့မရပါ။ အကောင်းမြင်တတ်တေ လူတစ်ယောက်အဖို့ ဇာလောက်ပင် ဆိုးရွားရေ အခြေအနေတိကို ရင်ဆိုင်ရပါတ်စီ တတ်နိုင်သမျှ အကောင်းဆုံးဖြေရှင်းလို့ရဖို့ နည်းလမ်းချေတိကို စိုင်းစားပနာ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ကတ်ပါရေ။

ဘ၀မှာ အကောင်းကို ခံစားရရေပိုင် အဆိုးကိုလဲ မြည်းကေ့ရပါရေ။ ယင်းအချိန်မှာ ကိုယ်က အကောင်းဆုံးလုပ်ခယင့်သားနဲ့ အရှုံးကိုထိတွေ့ရကေ အတွေ့ကြုံကောင်းချေတစ်ခုကို မ၀ယ်ဘဲနဲ့ သင်ခန်းစာရလိုက်တေလို့ သဘောထားကတ်ပါမေ။ ဇာအရာကလဲ မမြဲဆိုစော်ကို အလှပဆုံးပြုံးတတ်အောင် သင်ပီးနိန်ရေ လာကကြီးက အကျွန်ရို့ကို ပြောပြနိန်စွာပါ။



ဆရာခံချင်ရေစိတ် တစိချေလဲ မပါဘဲနဲ့ ရွီးမိခြင်းရာဖြစ်ပါရေ.....

tHe WoRdS

I hope it may support your life.

1. The depressed who always compare with others.
2. Mostly, some people try to be loved but they never try to love.
3. Real love mean- Don't make your beloved depend on you.
4. If you cannot love yourself, no way to love anyone else.
5. It is impossible to be respected by others If you cannot respect yourself.
6. There is no limit on greedy.
7. You are so smart when your are concentrated whatever you are doing.
8. Trying to know your mind is the key to the peaceful life.
9. Do remember that you are not the perfect guy when you look down on somebody.