Pages

Showing posts with label ဘ၀အတွေအကြုံ. Show all posts
Showing posts with label ဘ၀အတွေအကြုံ. Show all posts

Saturday, April 26, 2014

ပျက်ပြယ်ခဲ့သော ကျွန်မရဲ့ အိပ်မက်များ

စစ်တွေမြို့က အင်္ဂလိပ်စာ သင်တန်းမှာ သူနဲ့ ကျွန်မ စတွေ့ခဲ့တယ်။ 2006 July လထဲက မိုးဖွဲဖွဲလေးရွာတဲ့ နေ့လေးတစ်ရက်မှာ ဆွယ်တာ အကျီအနီလေး ဂျင်းဘောင်းဘီ အပြာဖျော့လေးဝတ်ထားတဲ့ သူဟာ တော်တော်ကြီးကို ကြည့်လို့ကာင်းနေခဲ့တယ်။ အရပ်သိပ်မရှည်တဲ့ အသားညိုညိုလေးနဲ့သူက ကျောင်းရှေ့မှာ ဆိုင်ကယ်အရပ် ကျွန်မက ကျောင်းကိုအ၀င် မျက်ဝန်းချင်းဆုံခဲ့ကြတာပေါ့။ စကားသိပ်မပြောဘဲ ခေါင်းပဲညိတ်တတ်လို့ အသားညိုတဲ့ကျွန်မကို Senior ဖြစ်တဲ့ သူက ပုပ်သင်ညိုလို့ Romantic ဆန်ဆန်နာမည်ပေးခဲ့လေရဲ့။ အိမ်နဲ့ကျောင်း သိပ်မဝေးပေမဲ့ လမ်းမီးတိုင်မရှိတဲ့ ကျွန်မတည်းနေတဲ့ အိမ်ရဲ့ လမ်းကြားလေးထဲ စိတ်မချလို့တဲ့ ၈နာရီခွဲ သင်တန်းပြီးတိုင်း ဆိုင်ကယ်ကို ကျောင်းမှာထားခဲ့ပြီး အချိန်မှန်မှန် လိုက်ပို့ပေးဖို့ ခွင့်ပန်ခဲ့တယ်။ သူ့ကိုမြင်ကတည်းက လျှပ်စီးလျက်သလို စီးဝင်ခဲ့တဲ့ အကြည့်တွေကို မက်မောခဲ့တဲ့ ကျွန်မဟာ သူ့အဆိုကို လွယ်လွယ်ကူကူ လက်ခံခဲ့တယ်။

ဒီလိုနဲ့ ကျွန်မတို့ ဇတ်လမ်းကို အစပြုခဲ့ပါတယ်။ တက္ကသိုလ်ပိတ်တိုင်း မြို့မှာနေပြီး ပြန်လာတတ်တဲ့ ကျွန်မကို သင်္ဘောဆိပ်ကနေပြီး သူအမြဲတမ်းစောင့်ကြိုနေခဲ့တယ်။ သင်တန်းမရှိတဲ့ နေ့တွေဆိုရင် သူ့ဆိုင်ကယ်နောက်မှာ ခါးလေးဖက်ပြီး စစ်တွေမြို့ကိုပါတ်ကြတဲ့ အချိန်တွေဆိုတာ ကျွန်မရဲ့ အကြိုက်ဆုံးညနေခင်းတွေပေါ့။ ဒါပေမဲ့ ကိစ္စတစ်ခုလုပ်ပြီဆိုရင် လွယ်လွယ်ကူကူနဲ့ မပြီးစီးတတ်တဲ့ ကျွန်မအဖို့ ချစ်ဇတ်လမ်းတွင်လဲ သိပ်အဆင်မပြေခဲ့ပါ။ စိတ်ကြိုက်ပန်းချီးဆွဲခဲ့သော သူ့သားဘ၀တွင်ကား ဘာဂုဏ်ဒြပ်မှမရှိတဲ့ ကျွန်မလိုမိန်းမမျိုးကို ထည့်ရေးခြယ်ရင်တောင် ဘာအရောင်မှာ ထွက်လာမှာ မဟုတ်ဆိုပြီး ဆင်းရဲတာတစ်ခုတည်းကို အကြောင်းပြ သူ့အမေက ခါးခါးသီးသီးဆန့်ကျင်ခဲ့တယ်။

စစ်တွေတက္ကသိုလ်က သင်္ချာမေဂျာမှာ Qualified ဆက်တတ်ဖို့ မိန်းကလေး သုံးယောက်သာ အရွေးခံရတယ်။ အဲဒီ့ထဲမှာ ကျွန်မပါတယ်ဆိုတော့ ပျော်လွန်းလို့ အဲဒီ့နေ့က ထမင်းတောင် စားမ၀င်ဘူး။ တစ်သက်လုံး မျက်နှာငယ်ခဲ့ရတဲ့ ကျွန်မ အမေတွက်လဲ ပျော်တယ်။ ပြီးတော့ ကျူ တာဖြစ်ရင် အမေ သဘောတူလောက်ပါတယ်လို့ ပြောခဲ့တဲ့ ဂုဏ်မက်တဲ့ သူ့အမေတွက်ပါ ကျွန်မပျော်ခဲ့တယ်။ ဒါပေမဲ့ ဘ၀မှာ ဘာဆိုဘာမှ မြဲတယ်ဆိုတာမရှိပါဘူး။ ကျူ တာဖြစ်ဖို့တွက် ပိုက်ဆံပေးပြီးကပ်နေရတဲ့ ခေတ်ကာလမှာ ကျွန်မဆက်တတ်ရင် ပေးရမဲ့ ကျောင်းစရိတ်ကိုတောင် ခါးကျိုးနေပြီဖြစ်တဲ့ အမေ မထောက်ပံနိုင်တော့ပါ။ အိမ်က ပြသာနာကို ဖြေရှင်းဖို့၊ အမေ အပေါင်ဆိုင်ကို လတိုင်းလတိုင်း အတိုးပေးဖို့ မျက်နှာမသာမယာနဲ့ မသွားရဖို့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်မှ ရတော့မယ်လို့ သုံးရက်လောက် မအိပ်နိုင်ဘဲ စဉ်းစားပြီး ကျူ တာဖြစ်ချင်တဲ့ ကျွန်မရဲ့ရည်မှန်းချက်ကို ရိုက်ချိုးပြီး ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်။ တစ်သက်လုံးတွက် ရည်းစူးခဲ့တဲ့ သူ့ကိုလဲ ကြာကြာ ဆွဲမထားချင်ဘူး ပြီးတော့ သူ့အမေတွက် သားမိုက်လဲ မဖြစ်စေချင်တော့ ကျောခိုင်းဖို့တွက် ကျွန်မပျိုးထားတဲ့ သံယောဇဉ်တွေကို ဥပက္ခာပြုခဲ့တယ်။

အဆောင်မှာနေဖို့ နေနေသာသာ စားစရိတ်တောင် လစဉ်မပေးနိုင်တော့ ဆွေးမျိုးအိမ်မှာနေပြီး နိုင်ငံခြားသွားဖို့တွက် တခုတည်းသာကျန်တဲ့ အစ်မ နားကပ်ကိုရောင်းပြီး ရန်ကုန်ရွှေမြို့တော်ကြီးကို 2008 October ထဲက ရက်တစ်ရက်မှာ ခြေလှမ်းစခဲ့တယ်။ တစ်ရက်ကို ကားနှစ်ဆင့် သုံးဆင့်စီးမှရောက်တဲ့ မဟာမြိုင်(စမ်းချောင်း)မှာ ၇နာရီ သင်တန်း အမှီရောက်ဖို့ မြောက်ဥက္ကလာကနေ ၅နာရီခွဲလောက်ထခဲ့ရတယ်။ ကားခ တရက်ကို အနည်းဆုံး ၅၀၀ ကုန်တော့ တရက်လုံး တက်ရတဲ့ သင်တန်းမှာ ကျွန်မရဲ့နေ့လည်စာက ဗိုက်တင်းဖို့ အဓိက ဆိုပြီး ဧရာ(၇) လမ်းထိပ်က ဘိန်းမုန့်၁၀၀ဖို့ နဲ့ပဲ နှစ်ပါးသွားခဲ့ရတယ်။ ကျောင်းပြီးတော့ သင်္ချာ, ဘွဲ့ရပြီးဆက်တတ်တာက စာရင်းကိုင်ဆိုတော့ LCCI Level 1,2 ကို Credit အဆင့်နဲပဲ အောင်ခဲ့တယ်။ Level 3 တတ်တော့ Guide မယူဘဲ ၅ဘာသာစလုံး ယူခဲ့တဲ့ ကျွန်မကို Guide ယူထားတဲ့ အတန်းဖော်တချို့က “နိုင်မှလဲ လုပ်ပါဟ” ဆိုပြီး လှောင်ရယ်ခဲ့ကြတယ်။ နေ့လည်စာကို ဆိုင်မှာ သွားစားဖို့ သူငယ်ချင်းတချိ့က ကျွန်မကိုခေါ်တိုင်း အမြဲတမ်းငြင်းခဲ့တော့ တချို့က ကပ်စေးနဲတဲ့ တစ်ချို့က ဒါပဲ စားနေတယ်တဲ့။ ဟုတ် ကျွန်မဘိန်းမုန့်လဲမကြိုက်ပါ ကပ်စေးလဲ မကုပ်ချင်ပါ သို့ရာတွင်ကား ကျွန်မတွင် ရွေးချယ်ခွင့်မရှိဘူးဆိုတာ သူတို့တွေကို သိစေချင်ပါတယ်။

တရက်လုံး သင်တန်းတတ် ကားတိုးပြီး အိမ်ပြန်ရောက်တော့ ည ၈နာရီကျော်နေပြီ။ ရေမိုးချိုး ထမင်းစားပြီးတော့ ၉နာရီကျော်ကတည်းက အိပ်တာ မနက်စောစော ၂ချက်ထိုးထပြီး စာကြည့်ခဲ့တယ်။ အဲဒီအချိန်ဆို ဘာအသံမှမရှိတော့ စိတ်လွင့်စရာအကြောင်းလဲမရှိဘူး ကိုယ့်ကိုနှောက်ယှက်မဲ့သူလဲ မရှိတော့ စာကျက်ရတာကောင်းတယ်။ ကြိုးစားခဲ့တဲ့ ရလဒ်က ကျွန်မကို အသိအမှတ်ပြုခဲ့ပါတယ်။ သူများတွေတွက်တော့ LCCI Level 3 ဟာ ဘာမှမဟုတ်ပေမဲ့ အဒေါ့်ဆွဲကြိုးပေါင်ပြီး စာမေးပွဲကြေး Dollar သွင်းခဲ့ရတဲ့ ကျွန်မအဖို့ကား မိသားစုစားဝတ်နေရေးထက်တောင် အရေးကြီးနေခဲ့တယ်။ စာမေးပွဲကို ဂုဏ်ထူး သုံးဘာသာ, Credit တစ်ဘာသာ, ရိုးရိုးတစ်ဘာသာနဲ့ အောင်တော့ ပျော်လွန်းလို့ ထပြီးတော့တောင် ခုန်ခဲ့တယ်။ ကျွန်မ စာမေးပွဲအောင်ဖို့တွက် တစ်မိသားစုလုံး ဒုက္ခခံခဲ့ရတယ်။ ကျောင်းပြီးလို့ အိမ်ပြန်တော့ အဲဒီတုန်းက ရခိုင်ကို မှန်လုံးကားတွေမရှိသေးဘူး ဖုန်တွေနဲ့ မဲမဲတူးတူး ကားပေါ်က ဆင်းလာတဲ့ ကျွန်မကိုမြင်တော့ ပိန်သွားလို့ဆိုပြီး ကားဂိတ်မှာအစ်မ ငိုခဲ့တာ ခုထက်ထိမမေ့ဘူး။ အစ်မက အမေထက် ကျွန်မကိုနားလည်မှုပေးခဲ့တယ် ပြီးတော့ ယောက်ကျားမရှိတဲ့ အိမ်မှာ အဖေလိုမျိုး မိသားစုတွက် အမြဲတမ်း သူရှေ့ကနေ အနစ်နာခံခဲ့တယ်။

သမီး နိုင်ငံခြားကိုသွားမှ ရတော့မယ်ဆိုပြီး အမေပြောတဲ့ အချိန်မှာတော့ အိမ်မှာလုံးဝ အဆင်မပြေတော့ပါ။ အိမ်ပြန်တုန်းက ညအိပ်ရင်ကြားခဲ့ရတဲ့ အမေ့ဆီက သက်ပြင်းသံတွေ နားထဲကမထွက်တော့ ငါလုပ်မှရမယ်ဆိုပြီး အားပြန်တင်း ယောင်ဝါးဝါးနဲ့ လျှောက်ရပြန်တယ်။ အဆင်မပြေလို့ မြန်မာနိုင်ငံကို ပြန်လာရင် အကြွေးတွေနဲ့ တစ်မိသားစုလုံး ဒုက္ခရောက်ပြီ၊ အလုပ်ရသွားရင် အိမ်မှာ အဆင်ပြေမယ်ဆိုပြီ ကျွန်မ ကံကို စမ်းခဲ့ပါတယ်။ အဲဒီတုန်းက အမေအဆင်ပြေဖို့ပဲစိတ်မှာရှိတော့ ကျွန်မကို ကူညီပေးမဲ့သူတွေရှိခဲ့တယ်။ နိုင်ငံခြားသွားဖို့ ပိုက်ဆံထုတ်ပေးဖို့နေနေသာသာ ရန်ကုန်မှာ ကျောင်းတတ်တုန်းက စားစရိတ်အကြွေးတောင် အမေ မပေးနိုင်သေး။ ဆွေးမျိုးတစ်ယောက်က ပိုက်ဆံ၂၅သိန်း အတိုးနဲ့ထုတ်ချေးတယ်။ ပြီးတော့ တခါမှ မမြင်ဖူးတဲ့ Cousin-uncle က စင်္ကာပူလာဖို့ အစစ အ၇ာရာ အကူညီပေးခဲ့တယ်။ Check-In မ၀င်သေးခင် ရခိုင်ကနေ အဒေါ်ဖုန်းဆက်တယ် “ဘာမှမကြောက်နဲ့ သမီးသွားတာက အမေ အဆင်မပြေလို့ ကူညီဖို့သွားတာ အစစအရာရာ အဆင်ပြေလိမ့်မေတဲ “ သူပြောတဲ့ စကားကိုတစ်သက်လုံးမှတ်ထားတယ် မိဘသိတဲ့ သားသမီး တစ်သက်လုံးမဆင်းရဲဘူးတဲ့ ဟုတ်ပါတယ် မှန်ခဲ့တယ်။ ဒီကိုရောက်တော့ မအိပ်နိုင်ဘူး အင်တာဗျူးတွေလဲ အဆင်မပြေတာများတယ် ငါအိမ်ပြန်ရရင် အတိုးနဲ့ အကြွေးတွေတွက် ဘယ်လို့လုပ်ရမလဲဆိုပြီး စိတ်ဓါတ်ကျလွန်းလို့ ပေါင် 110 ကနေ 91ပေါင်ထိကို ကျသွားတယ်။ 6 Jan’11 ဒီကိုရောက်တာ တစ်လကျော်ပြီး အလုပ်က အဆင်မပြေသေးတော့ Visa ထပ်တိုးရတယ်။ 6 March’11 ပြန်ရခါနီး 23Feb မှာ Passက Approved ဖြစ်သွားတယ်။ အဲဒါတောင် သက်ပြင်းက မချနိုင်သေး အင်္ဂလိပ်စကားလဲမပြောတတ်ဘဲ ဘယ်လိုလုပ် ပြောမလဲဆိုပြီး ၁နှစ်ကျော်လောက် နောက်မှာ ရှိနေတဲ့ ကျွန်မမိသားစုတွက် မျက်ရည်ကျ အောက်ကျခံပြီး အသက်ရှင်ဖို့ကြိုးစားခဲ့ရပါတယ်။

ရည်းစားဦးမို့ သူလဲ မပြတ်နိုင်ဘူးထင်ပါရဲ့ 2009 တုန်းက ဖြတ်ပစ်ခဲ့တာ သူ့အမေကို မလွန်ဆန်နိုင်လို့ ကျွန်မထံမှ ဖြေရှင်းချက် တခုမှ မမေးခဲ့တဲ့ သူကား ကျွန်မဘ၀သို့ 2013 မှာတစ်ကျော့ပြန် ၀င်လာခဲ့တယ်။ ရပ်ထားတဲ့ သင်္ဘောပေါ်ကနေ ကျွန်မဆီက Final Decision ကိုတောင်းဖို့ စင်္ကာပူကို ဆင်းလာခဲ့တယ်။ အမေနဲ့ တဦးတည်းသောသားရဲ့ Relationship ကို ဖြတ်ဖို့နေနေသာသာ အဖုထစ်လေးတောင် မလုပ်ချင်တဲ့ကျွန်မလဲ အခွင့်အရေးရှိပါက နောင်တချိန်မှာ အမေ ဖြစ်ပါဦးမည်။ ယောက္ခမဆိုတာ တခါတုန်းက ချွေးမဆိုတာ သူ့အမေကိုယ်စား ကျွန်မပဲ ကိုယ်ချင်းစာလိုက်ပါမေ။ ရည်စားတွေထည်လဲ တွဲခဲ့တဲ့သူကိုလဲ သစ္စာမရှိဘူးလို့ အပြစ်တင်ခွင့်မရှိသလို အမြဲတမ်း Negative ပဲပြလာခဲ့တဲ့ သူ့အမေကို တစ်ဘ၀လုံး ဟန်ဆောင်ပြီးဆက်ဆံဖို့၊ သူမအလိုကိုလိုက်ဖို့ ကျွန်မမှာ အင်အားများမရှိတော့ပါ။ ပုပ်သင်ညိုလဲ ခေါင်းခါတတ်တယ်ဆိုတာ သူသိအောင် ကျွန်မသက်သေပြခဲ့ပါတယ်။ သူ့အမေပြောခဲ့သလို ကျွန်မဘာအရောင်မှ မရှိပေမဲ့ ကျွန်မကား အဖြူရောင်ကလေးပါ အဲဒီအဖြူရောင်ကိုကား သူမ ဘယ်လို သုံးရမလဲဆိုတာ မသိခဲ့တာနဲ့တင် ကျွန်မနှင့် သူ့သားကို စည်းခြားထားခဲ့လေတယ်။

ဘ၀ဆိုသောတိုတိုလေးမှာ ပျော်စရာထက် ၀မ်းနည်းစရာကား များပြားလွန်းတယ်။ မပျော်ရွင်ရရင်နေပါစေ အမေချစ်သော သားတစ်ယောက်တွက်တော့ စိတ်သောကထဲမှာ ကျွန်မ မနေနိုင်ပါ။ အိပ်မက်ထဲတွင်ကား ပျော်စရာအလွန်ကောင်း၏ သို့ရာတွင် အိပ်မက်ဆိုသည်မှာ အိပ်နေတုန်းမှာသာ မက်ခွင့်ရတာ နိုးထလာပါက ပျက်ပြယ်ကုန်တယ်ဆိုတာ ကျွန်မ သတိရပါသေးသည်.....

Tuesday, September 11, 2012

အတူရှိနေတုန်း တန်ဖိုးထားပါ

               အလုပ်လုပ်ရင်း နားထဲမှာ တခုခု နားမထောင်ရရင် မနေနိုင်တဲ့ အကျင့်က ဒီအလုပ်ကို ရောက်ပြီးမှ အကျင့်တခုလို ဖြစ်လာခဲ့တယ်။ ဒီနေ့လဲ မိုးအေးအေးလေးနဲ့ YouTube ထဲကို ဟိုကလိ ဒီကလိနဲ့ ရိမ်မိုး သီချင်းလေးတွေ အမှတ်မထင် နားထောင်ဖြစ်ရင်း လူတယောက်ကို အရမ်းသတိရသွားတယ်။ ရန်ကုန်က ဘဏ်တခုမှာ အလုပ်လုပ်နေရင်း ဆင်းရဲပေမဲ့ ဘ၀ကိုကြိုးကြိုးစားစား ရုန်းကန်နေတဲ့  ရခိုင်ပြည် မာန်အောင်မြို့နယ် ရွာကလေးတစ်ရွာက လူငယ်လေး တစ်ယောက်ဆိုရင် ပိုမှန်မယ်။

             ရိမ်မိုးသီချင်းတွေ Mail ထဲကို ခဏခဏ ပို့တတ်လွန်းလို့ ရိမ်မိုး သီချင်နားထောင်ဖြစ်ရင် သူ့အကြောင်းပါ တွဲပါလာတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာပဲ လာမဲ့ 15/09/2012 ဆိုရင် သူကွယ်လွန်သွားတာ 8 လတင်းတင်း ပြည့်ပြီပဲ။ လောဘသားကောင်းတွေရဲ့ အသိဥာဏ်မရှိတဲ့ လုပ်ရပ်တွေကြာင့် အပြစ်မဲ့တဲ့ သူတွေ ဘယ်နှစ်ယောက် အသက်စတေးခဲ့ရပြီးပြီလဲ။ မသေသင့်ဘဲ သေခဲ့ရတဲ့ သူ့အကြောင်း စဉ်းစားလိုက်တိုင်း ရင်နာလို့မဆုံးဘူး။ သူတို့ရုံးကနေ စုပြီးတော့ ကျိုက်ထီးရိုးကို ဘုရားဖူးခရီးကအပြန် ရှေ့က ကားကိုကျော်တက်ရင်း ကားမှောက်ပြီးတော့ လူနှစ်ယောက် သေသွားခဲ့တယ်။ (15/01/2012)နေ့ မှာဖြစ်တဲ့ Car Accident မှာ  ဆေးရုံးကိုပို့ရင်း လမ်းပေါ်မှာပဲ သူသေဆုံးခဲ့တယ်။ ဘယ်လောက်ကံဆိုးလိုက်လဲ ဘုရားဖူးပြီး ပျော်ပျော်ပါးပါး ပြန်လာတာ ဘယ်သူတွေကများ ဒီလိုမျိုး အဖြစ်ဆိုးတွေကို မျှော်လင့်ထားမလဲ။ ကံတရားက သူ့ကိုရက်စက်လွန်းပါတယ်။

             2010 April လထဲက တရက်မှာ သူနဲ့ GTalk မှာ စတွေ့ခဲ့တယ်။ Forward Mail ထဲကနေ ရလို့ ဒီအကောက်ကို Invite လုပ်လိုက်တာပါလို့ပြောတဲ့ သူ့ကို ရခိုင်အချင်းချင်းမို့ စကားပြောဖြစ်တယ်။ အင်တာနက်ဖိုးတွေ ဈေးကြီးတဲ့ မြန်မာနိုင်ငံမှာ အွင်လှိုင်းနေ့စဉ်သုံးနိုင်မယ်ထားအုန်း တစ်လ အသုံးစရိတ်တွေပိုမှ သုံးနိုင်တဲ့ ကိုယ့်အခြေအနေမို့ သူနဲ့လဲ ပုံမှန် မတွေ့ဖြစ်ဘူး။ ဗဟုသုတဖြစ်တဲ့ စာတိုလေးတွေ, ဟာသ၀တ္ထုတိုလေးတွေ, ထူးဆန်းတဲ့ ဓါတ်ပုံတွေဖြစ်ဖြစ် သူပို့တတ်ပါတယ်။ မပါမဖြစ်ကတော့ ရိမ်မိုး သီချင်းတွေပါပဲ။ သူ Mail ပို့ရင် သူငယ်ချင်းတွေ အများကြီးပို့တတ်တဲ့ အထဲမှာ ကိုယ်လဲ တစ်ယောက်ပါဝင်ခဲ့တယ်။ သူ့ကြောင့်လဲ ရိမ်မိုးဆိုတာ အလွမ်းသီချင်းလေးတွေ အသံအေးအေးလေးနဲ့ ဆိုတတ်တဲ့ အသံကောင်းတဲ့ ယောက်ကျားလေးမှန်းသိခဲ့တာပါ။ သူမရှိတုန်း ရွာမှာကျန်ခဲ့တဲ့ ရည်းစားကို အိမ်က ယောက်ကျာ်းပေးစားလိုက်လို့ သူအသဲကွဲနေတာပါလို့လဲ ဖွင့်ပြောတတ်ပါတယ်။ မိန်းမယူဖို့နေနေသာသာ သူ့လစာနဲ့သူ ပတ်ချာလည်နေတဲ့သူ့ဘ၀ကို ချက်တင်ထဲမှာတွေ့ရင်တော့ သူညည်းတတ်ပါတယ်။ အိမ်ကိုပိုက်ဆံ ပြန်မပို့နိုင်လို့ ကိုယ့်အလုပ်ကို စိတ်ဓါတ်ကျပေမဲ့ ကိုယ်ရထားတဲ့ ၀မ်းတစ်ထွာကို ဒီဘဏ်အလုပ်ကနေ ဖြည့်ပေးတာပါတဲ့။

            အွင်လိုင်းထက်မှာ ရင်းနှီးလာပေမဲ့ အပြင်မှာ တခါမှ မတွေ့ဖူးခဲ့။ တကယ်လို့ သူနဲ့ကိုယ်သာ ဘ၀တူချင်း (မိန်းကလေး အချင်းချင်း သို့ ယောက်ကျားလေး အချင်းချင်း)သာဖြစ်ခဲ့မယ်ဆိုရင် ရခိုင်အချင်းချင်း အပြင်မှာ မတွေ့ဖြစ်တဲ့ အကြောင်းမရှိပါဘူး။ သူကလဲ မိန်းကလေးဖြစ်နေတဲ့ကိုယ့်ကို အားနာပြီးတော့ အပြင်မှာ တွေ့ခွင့်မတောင်းသလို ကိုယ်ကလဲ အွင်လိုင်းထက်မှာတွေ့တဲ့လူနဲ့ အပြင်မှာတွေ့တယ်ဆိုတာ နာမည်မကောင်း သိက္ခာကျတယ်ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲထားတဲ့သူမို့ မောင်နှမလိုမျိုး ဆက်ဆံနေတာတောင် သူသေသွားတဲ့အထိ အပြင်မှာ တစ်ခါမှ မဆုံဖူးလိုက်ဘူး။ ကိုယ့် Ferry Car လေးက အလုပ်သွားတိုင်း သူ့ရုံးနားက ဖြတ်သွားရတာနဲ့ သူ့ကို မြင်ဖူးဖို့ ရုံးတတ်တဲ့ အချိန်တူနေတာက အကြောင်းပါလာခဲ့တယ်။ အဖြူ အပြာ ရုံးဝတ်စုံလေးနဲ့ သူတို့ရုံးက ၀န်ထမ်းတွေကို အုပ်စုလိုက် လက္ဘရည်သောက်နေတာတို့, ရုံးလာနေတာတို့ကို မြင်ရရင် သူများပါလေမလားလို့ တခါတခါလဲ ရှာကြည့်မိတယ်။ သူနဲ့ကိုယ်ကြား ဓါတ်ပုံဆိုလဲ Mail ထဲကနေ သီးသန့်မပို့ဖြစ်ကြဘူး။ ဒါပေမဲ့ အရပ်သိပ်မရှည်ဘူးဆိုတဲ့ သူ့ကို GTalk Photo သေးသေးလေးတွေကို မြင်ဖူးနေကျမို့ အပြင်မှာ မြင်ဖူးရင် မှတ်မိလွယ်ပါတယ်။ ၁နှစ်အတွင်း ဆယ်ကြိမ်ထက် မပိုဘဲ အဝေးကနေ သူ့ကို ရုံးဝတ်စုံလေးနဲ့ပဲ တွေ့ဖူးခဲ့တယ်။

            ဒီလိုနဲ့ အွင်လိုင်းပေါ် တက်လိုက်ပျောက်လိုက်နဲ့ သူပို့ထားတဲ့ Mail တွေကိုတော့ အချိန်မှန်တုန်းပဲ။ နိုင်ငံခြားမထွက်ခင်လဲ ဒီမှာရှိတဲ့ သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေး ဖုန်းနံပါတ်တွေ GTalk အကောက်တွေ ရှာပေးရနဲ့ ကိုယ့်တွက် သူ့ခမျာ စိုးရိမ်ရှာပါတယ်။ ဒီကိုရောက်တော့လဲ ကိုယ့်အလုပ်နဲ့ကိုယ် မအားတာနဲ့ " နေကောင်းလား, အလုပ်အဆင်ပြေလား " ဒီလောက်နဲ့ပဲ ကိုယ်တို့ချက်တင်က ပြီးဆုံးသွားခဲ့တယ်။ "Christmas Card , Happy New Year" ကဒ်ကလေးတွေပါတဲ့ 31 Dec 2011 ကပို့ထားတဲ့ Mail ကတော့ သူ့ရဲ့ နောက်ဆုံး Mail လေးပါပဲ။ Forward Mail တွေရောက်တိုင်း အရင်ပို့နေကျ လူတယောက်ကို သတိရရင်း ကောင်းရာသုဂတိသို့ ရောက်ပါစေလို့ မကြာမကြာဆုတောင်းပေးမိတယ်။ တခါတလေ သူ့ပို့ထားတဲ့ Mail တွေ သူနဲစကားပြောဖူးတဲ့ Chatting တွေဝင်ကြည့်ရင်း ညာဖက်ထိပ်နားက ပေါ်နေတဲ့ သူနောက်ဆုံးတင်ထားခဲ့တဲ့ ပါးစပ်အပေါ်ပိုင်းထိ ရိုက်ထားတဲ့ သူ့ဓါတ်ပုံသေးသေးလေးက သက်ရှိထင်ရှား ကိုယ့်ကို ကြည့်နေသလိုပဲ။ 

        " ကွေးသောလက် မဆန့်ခင်, ဆန့်သောလက် မကွေးခင် " ဆိုတဲ့ စကားက အမှန်ပါပဲ။ မျက်တောင် တခတ်အတွင်း လုံးဝမထင်ထားတဲ့ အရာတွေ ဖြစ်တဲ့အထဲမှာ သေခြင်းတရားက အဆိုးဆုံးပေါ့။ ဒါကြောင့် သက်ရှိထင်ရှားရှိတုန်း အနားမှာရှိတဲ့ လူအားလုံးကို လေးလေးစားစား ချစ်ချစ်ခင်ခင် ဆက်ဆံပါ။ ကိုယ့်စိတ်ထဲမှာလဲ သူဖြစ်ဖြစ် ကိုယ်ဖြစ်ဖြစ် ခဏနေရင် သေတော့မယ်ဆိုတဲ့ အသိစိတ်ကလေး ထည့်ထားရင် ကြင်ကြင်နာနာနဲ့ ဆက်ဆံနိုင်သလို မကောင်းတဲ့ ကိစ္စတွေလဲ ဖြစ်မလာနိုင်ပါဘူး။ အော် အပြောင်းအလဲ မြန်လွန်းလှတဲ့ လောကကြီးရေ..........