Pages

Sunday, July 1, 2012

ရသေ့တောင်စာတီတော် သမိုင်းအကျဉ်းချုပ်



ရသေ့တောင်စာတီတော် သမိုင်းအကျဉ်းချုပ်  
၁ ။ တတိယ ဓညဝတီခေတ်မှာ သူရိယစက္ကမင်းရေ အသျှင်မဟာတိသ နန့်  အသျှင်ဗါကုလ ရို့ ပါးက ရဟိရေ ဓါတ်တော် မွီတော် တိဂို မြတ်စွာဘုရား၏ ဗျာဒိတ်တော်အတိုင်း ဓညဝတီပြည်အတွင်း နှစ်ဆယ့်လေးရပ် တောင်တော်မြတ် တို့ ၌ နွားလားဥဿဘ တမော့ ( ၆ တောင်ခန့်  ) ဟိရေ စာတီတော် တိမှာ ထည့်သွင်းဌာပနာ၍ ကိုးကွယ်ခကတ်ပါရယ် ။ ယင်းစာတီတော် တိထဲက ရသေ့တောင်မြို့ နယ် အတွင်းမှာ ဟိရေ စာတီတော် သုံးဆူမှာ မူစဲတောင်တန်း စာရုပဗ္ဗတတောင်၌ ဦးကင်းတော်ဓါတ် စာတီ ၊ မေယုတောင်တန်း ကာသိရပဗ္ဗတတောင်၌ လည်ရိုးတော်ဓါတ် စာတီ ၊ ရသေ့တောင် ရာဇပဗ္ဗတတောင်၌ ဦးထိပ်တော်ဓါတ် စာတီ ရို့ ဖြိုက်ကြပါရယ်။

၂ ။ ဒုတိယ မြောက်ဦးခေတ်မှာ မင်းဗါဘုရင်ကြီးရေ ဦးရီးတော် ရသေ့ကြီး ဦးသုခ ပါးက ရဟိရေ လက်ယာ လက်ရိုးတော်တော်ဓါတ်ဂို တဖန်ပြန်ဗြီးကေ ဤစာတီ၌ ဌာပနာ ခပါရယ် ။ မင်းဗါဘုရင်ကြီး၏ သားတော်ထွီး မင်းဖလောင်းရေ ပုဏ္ဏားကျွန်းမြို့ အနီးဟိ သီလပဗ္ဗတတောင်ထက်၌ ဦးရာဇ်တော် စာတီဂို တည်ဆောက်စိုင် ဤရသေ့တောင် စာတီဂို ပုံစံတူ ( အရွယ်အစားငယ် ) အဖြိုက် ပြုပြင်မွမ်းမံ ခပါရယ် ။ တတိယမြောက်ဦးခေတ်မှာ နရအဘယရာဇာ မင်းရေ ဤစာတီ တောင်ခုလပ်တွင် ဂူလေးပေါက် ထွင်းဖေါက်ဗြီးကေ ဗုဒ္ဓရုပ်ပွါးတော်တိဂို တည်ထား ပူဇော်ခပါရယ် ။ 

၃ ။ မင်းဗါဘုရင် အယင် မင်းခေါင်ရာဇာ လက်ထက်မှာ ရသေ့ကြီး ဦးသုခရေ နှမတော် နှစ်ပါးဖြိုက်တေ ( မိညို ၊ မိဖြူ ) ရို့ နန့် အတူ ဤဒေသ ဒိုးဖြူရွာသို့  လာရောက် နီထိုင်ခဗြီးကေ နောက်ခါ ရသေ့ ဝတ်လားခပါရယ် ။ ရသေ့ကြီး နီခရေ ဂူဂို ကန်တော်ကြီးအနီး မူလ ရသေ့တောင်တွင် ဒေနိတိုင် တွိ့ မြင်နိုင်ပါရယ် ။မင်းဗါဘုရင်ကြီး ဘင်္ဂလားဂို စစ်အောင်ဗြီးပြန်လာစိုင် ရသေ့ကြီး၏ ဆန္ဒအတိုင်း လက်ယာ လက်ရိုးတော်ဓါတ်ဂို ရသေ့တောင်စာတီတွင် လည်းကောင်း ၊ လက်ဝဲ လက်ရိုးတော်ဓါတ်ဂို ကြွီတဲကျွန်းစာတီတွင် လည်းကောင်း ထည့်သွင်းဌာပနာ ခပါရယ်။ ဘုရားကြီး တစ်ဆူဂိုလည်း တည်ထားကိုးကွယ်ခပါရယ် ။ရသေ့ကြီး၏ နှမကြီး မိညိုမှာ ကြွီတဲရွာ၌ အသက်ထက်ဆုံး နီထိုင်လားခပါရယ် ။ နှမငယ် မိဖြူမှာ မင်းဗါဘုရင်ကြီးနန့် အတူ မြောက်ဦးနန်းတော်သို့  လိုက်ပါလားခပါရယ် ။ 

၎ ။ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဗြီးဆုံးရေခါ ရခိုင်ပြည်ရေ ဗြိတိသျှ အင်ပါယာ လက်အောက်သို့ ကျရောက် လားခပါရယ် ။ ( အေဒီ ၁၈၆၃ ) တွင် ရသေ့တောင်စာတီ၏ မြောက်ဖက်ဟိ ဒိုးဖြူရွာ နန့်  အရှိမြောက်ဖက်ဟိ ( ကိန်းသာမြို့ ဟုတွင်ခရေ ) ရသေ့တောင်ရွာ ရို့ ဂို ဒေဂု ရသေ့တောင်မြို့ နီရာသို့ ပြောင်ရွေ့ ၍ မြို့ သတ်မှတ်ကာ မြို့ နယ်ဖွဲ့ စည်းခပါရယ် ။ ရသေ့တောင်မြို့ ၏ ကနဦး မြို့ သူကြီးတိမှာ နောက်ဆုံး စိုင်းဒင်မြို့ စားကြီး၏ သားတော် ဦးအောင်မြတ် နှောင့် မြီတော် ဦးအောင်ဇုံ ရို့ ဖြိုက်ကြပါရယ် ။ 
 ( အေဒီ ၁၉၉၆-၉၇ ) မှာ အလိုတော်ပြည့် ဆရာတော်က ဦးစီးဗြီးကေ ရသေ့တောင်စာတီဂို ရွှေထီးတော်တင်လှူ ပူဇော်ခဗြီးကေ စာတီဂို ရွှေရောင်အတိ နန့် ဖုံးလွှမ်းစီခပါရယ်။ ဒေဂုအခါ ရသေ့တောင်စာတီဂို စာတီတော် ဝေယျာဝစ္စ ဂေါပက အဖွဲ့ က ထိန်းသိမ်းစောင့်ရှောက်လျက် ဟိပါရယ်။

အကာအရံ 
ရသေ့တောင်စာတီတောင်ဂို နဂါးပုံစံနန့် တည်ထားခကတ်ပါရယ် ။ ရသေ့တောင်စာတီ၏ တောင်ဘက်ဂိုပဒုံး ၊ မြောက်ဘက်ဂို ဦးဂေါင်း အဖြစ် အကာအရံနန့် ထားခကတ်ပါရယ်လို့ ရှိလူကြီးများက အဆိုအမိန့် ဟိပါရယ် ။ ရသေ့တောင်စာတီ၏တောင်ဘက် ပဒုံးဘက်မှာ ဘီလူးမကြီးက အသျှေဂို နို့ တိုက်နီရေပုံရုပ်ထုဂို ထားခကတ်ပါရယ် ။ ယင်းဂို အသျှင်ဦးမြဝါနန့် မဟာပညာကျော်ရို့ က အကာကြီး/အကာငယ် အဖြစ်ဆိုဗြီးကေ ဘီလူးမကြီးဂို ယင်းမှာအစောင့်အဖြစ်ထားခကတ်ပါရယ် ။ ယင်းဂိုအစွဲပြုဗြီးကေ ဘီလူးမတောင်လို့ ခေါ်ကတ်ပါရယ် ။ ယင်းရုပ်ထုကိုကား အဂုမတွိ့ နိုင်ပါယာ ။ မတွိစော်နှစ်ပေါင်း ၁၀၀ -ကျော်ယာလို့ ပြောကတ်ပါရယ် ။ ဒေဂုဘီလူးမတောင်ထက်မှာ ကျိုက်ထီးရိုးပုံစံငယ်ဂို ဖူးမြော်နိုင်ပါရယ်။ 

ဘီလူးမနန့် ရသေ့ တန်ခိုးပြိုင်ခြင်း 
ဒေချင့်ဂို ပုံပြင်ဆန်ဆန်ကြားဖူးကတ်ပါရယ် ။ ရသေ့နန့် ဘီလူးမရို့ တန်ခိုးပြိုင်ကတ်တေခါမှာ ဘီလူးမရေ ရှုံးနိမ့်လားခလို့ ရသေ့တောင် တောင်၏အလယ်ကနီ တောင်ဖေါက်ဗနာ ထွက်ဗြီးလားခရပါရယ် ။ ဘီးလူးမထွက်ဗြီးလားခရေ လမ်းတလျှောက်မှာ ဘီလူးမ၏ ပစ္စည်းတိကျကျန်ခပါရယ် ။ ယင်း၏နာမည်အလိုက်ကျွေးရွာသျှေတိ ပေါ်ပေါက်လားခပါရယ် ။ 

ပွဲတော်ကျင်းပပုံ 
ရသေ့တောင်စာတီတောင်၏ ဘုရားပွဲဂို မတ်လအကုန် ဧပြီလဆန်း ၊ ဆယ်တန်းစာမေးပွဲအပြီး သင်္ကြန်မကျမီစီ ကျင်းပပါရယ် ။ ၈ - ရက်နန့်  ၉ - ရက်မှာ တရားပွဲဂို ကျင်းပဗြီးကေ ၁၀ ၊ ၁၁ ၊ ၁၂ ရက်နိတိမှာ နိလယ်မှာ ပျော်ပွဲရွင်ပွဲအဖြစ် အဓိက ရက္ခိုင့်ရိုးရာလောင်းပြိုင်ပွဲနန့်  ကျင်ပွဲ ၊ ညဘက်မှာ ဇာတ်ပွဲတိဂို ကျင်းပလားပါရယ် ။ ၂၀၁၀ ခုနှစ်က စဗြီးကေ ပွဲတော်ဂို နတ်တော်လပြည့်နိမှာ ကျင်းပလားဖို့  လို့ သိရပါရယ် ။ 

မှတ်ချက် ။ ။ ဤစာကား ရှိလူကြီးရို့ အဆိုအမိန့်  နန့် ရသေ့တောင်စာတီတော် ဂေါပက အဖွဲ့ ၏ မှတ်တမ်းမှတ်ရာ တိက ဖြိုက်ပါရယ် ။ 
ဒိုးဖြူရွာဂို ဒေဂု ဒုံးဒုံးကျ လို့ ခေါ်ဗြီးကေ စစ်တပ်တိချထားရေ နီရာဖြိုက်ပါရယ် ။

ခေတ်စနစ်တိ ပြောင်းလားခကေလေ့ ကိုယ့်ရိုးရာ ၊ ယဉ်ကျေးမှု နန့်  သမိုင်းတိ ဂိုဖော်ထုတ်ဖို့ စွာ ကျွန်တော်ရို့ ရခိုင်သားတိ တာဝန် မဟုတ်ပါလား ။ ကိုယ်ပြည်နယ်က သမိုင်းတိ အကြောင်းကိုပြည့်ပြည့်စုံစုံ မသိကေလေ့ ကိုယ်သိရေ ကိုယ့်မြို့ သျှေသမိုင်းဂို ဖော်ပြပီး လိုက်ပါရယ် ။ သူငယ်သျှင်း ရို့ မြို့ ၊ ရွာ နန့် တခြားသမိုင်းကြောင်းတိ ဂိုလေ့ သိချင်ပါရယ် ။ 

ကျွန်တော်ဖော်ပြထားရေ စာမှာ အမှားပါကေလေ့ ခွင့်လွှတ်ကတ်ပါ လို့  ရက္ခိုင့်ညီကိုမောင်နှမရို့  ......... 

facebook က ကိုယ့်note မှာ ပထမဆုံးအဖြစ် ကိုယ့်မြို့ သမိုင်းအကြောင်းကို ရွီးပြီးကေ ဖော်ပြခွင့်ရလို့ လဲ ပိုပြီးကေ ဝမ်းသာမိပါရေ =)အကြံပီးရေ ရက္ခိုင့်ညီကိုမောင်နှမ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါရေ =) .........။ 

အောက်က လင့်(ခ်) ကကော်ပီးကူးထားခြင်းဖြစ်ပါရေ။ စေတီသမိုင်းအကြောင်း အပြည့်အစုံရှင်းပြလားရေ အကိုဇော်ဇော်ဝင်းကိုလဲ ကျေးဇူးတင်ပါရေ။ :)

https://www.facebook.com/notes/zaw-zaw-won/%E1%80%9B%E1%80%B1%E1%80%9E%E1%80%B7%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%85%E1%80%AC%E1%80%90%E1%80%AE%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%9E%E1%80%99%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9/2518980140831