Pages

Thursday, October 11, 2012

ရေးမိသမျှ

ဟိုနားတစ်ပွင့် ဒီနားတစ်ပွင့်နဲ့
အဲဒီ့ပန်းကုံးလေး သီထားတဲ့
ကြိုးလေးတစ်ချောင်းပဲ ကျန်တော့တယ်
ငယ်ငယ်တုန်းက ဖတ်စာအုပ်ထဲမှာ
သင်ရတဲ့ ၀တ္ထုလိုမျိုး
ထင်းစည်းကြီးတစ်ခုလုံး
ရိုက်ချိုးဖို့ မလွယ်ကူပေမဲ့
တစ်ချောင်းလေးပဲ ဖြစ်ပါစေ
မရှိတော့ရင် ပြိုကွဲဖို့ လွယ်ကူသွားပြီ
သူငယ်ချင်းတွေ, မိသားစုတွေ
ဒီလိုမျိုးပြိုကွဲသွားတာ များလာခဲ့တယ်


လူဦးရေ တိုးသထက်တိုး
ခောတ်မှီပစ္စည်းတွေ တစ်နေ့တမျိုး
မရိုးရအောင်ပေါ်လာလို့များ
လူတစ်ယောက်ရဲ့ အရေးပါမှုကို
ဂရုမစိုက်ကြတော့တာလား
သေချာတာတစ်ခုကတော့
နှလုံးသားထဲကလာတဲ့
မေတ္တာ, ဂရုဏာတွေ
အဲဒီ့စက်ကိရိယတွေက မပေးနိုင်ဘူးဆိုတာပဲ

အနားမှာ မရှိတော့မှ တန်ဖိုးထားရကောင်းမှန်းသိပြီး
သူ့ရဲ့ အရေးပါမှုကို ပြန်တောင့်တ
ကိုယ်လုပ်နေခဲ့တာတွေကို နောင်တမရကြပါနဲ့ ......

No comments:

Post a Comment