Pages

Monday, November 12, 2012

ဘယ်တော့မှ မပြည့်တဲ့ အိုး


ဘယ်ကတည်းက ပေါက်နေတာ မသိတဲ့ အိုးတစ်လုံး ငါဖာထေးနိုင်ခဲ့တယ်။
အဲဒီ့အိုးကိုဖြည့်ဖို့ တဖြည်းဖြည်းနဲ့ ကြိုးစားခဲ့ရတယ်။
သုံးပုံ တစ်ပုံလောက်ရောက်တာနဲ့ လူတစ်ယောက်က လာပြီး ယူသုံးပလိုက်တယ်။

နောက်ထပ် တဖန်ကြိုးစားပြီး ဖြည့်ခဲ့ပြန်တယ် နောက်တစ်ယောက်လာပြီး ဘေးကနေ ဖောက်ပလိုက်ပြန်တယ်။
ပြန့်မဖြည့်ခင် ငါနောက်တစ်ခေါက် ဖာခဲ့ရပြန်တယ်။
ဒီလိုမျိုး အိုးပြည့်လုနီးပါး ဖြည့်နိုင်အောင် အပတ်တကုတ် ရုန်းကန်ခဲ့ရတယ်။
လာပြန်ပြီ နောက်ထပ်တစ်ယောက် ခပ်ယူသုံးပလိုက်ပြန်တယ်။

စိတ်တွေရှုပ်လာတယ် ငါကြိုးစားသလောက် ထပ်တူရခဲ့တယ်။
ဒါပေမဲ့ မသုံးဘဲနဲ့ ကုန်ဆုံးခဲ့ရတယ်။
အော်ပလိုက်ချင်တယ် ဒါပေမဲ့ ငါမလုပ်ဝံ့ဘူး
ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ငါခုလိုမျိုး ကြီးပြင်းလာအောင် ပြုစု စောက်ရှောက်ခဲ့ကြတဲ့ မိသားစုဝင်တွေ ဖြစ်နေလို့ပဲ...

ငါအောက်ခြေမှာ ရှိတုန်းကလဲ ငါ့အနောက်ကနေ ၀ိုင်းပြီး အားပေး ကူညီကြတယ်
ငါ အပေါ်ရောက်တော့ သူ့တို့တွေ ငါ့ကို မအားကိုးရင် မိသားစုဆိုတာ ဖြစ်လာစရာ အကြောင်းမရှိဘူးဆိုတာ သိလာတယ်။
အော် ဒီအိုးလဲ ဒီတစ်သက် ဘယ်လောက် ဖြည့်ဖြည့် မပြည့်မဲ့အိုးဆိုတာ တဖြည်းဖြည်းနားလည်လာတယ်...

No comments:

Post a Comment