Pages

Monday, April 7, 2014

2014 စင်္ကာပူ သင်္ကြန်

မသိမသာနဲ့ သိသိသာသာ သူ့ကို ဝေးကွာနေတဲ့ ၃နှစ်စာတွက် အားရပါးရ ငေးကြည့်ခဲ့ပါတယ်။ အသားနည်းနည်ဖြူလာပြီး ကိုယ်ပြည့်လာတာကလွဲလို့ သူ အရင်အတိုင်းပါပဲ။ ဆေးလိပ်ကို လက်ကမချတတ်တော့ သူ့နှုတ်ခမ်းပါးပါးလေးတွေဟာလဲ အရင်ကထက်ပိုပြီး ညိုမဲနေတယ်။ ရခိုင်အသင်းစင်္ကာပူက ထုတ်တဲ့အကျီ  အဖြူ မှာအနီလေးနဲ့ ဂျင်းပန်မဲနက်ရောင် ၀တ်ထားတဲ့ သူ့ကိုယ်ပေါ်မှာ တခုခုလိုအပ်နေခဲ့တယ်။ ဟုတ်တယ် သူအမြဲပတ်ထားတတ်တဲ့ လက်ပတ်နာရီအနက်လေး မရှိတော့ပါ။ မှတ်မှတ်ရရ အသက် ၂၀ပြည့်တဲ့ သူ့အတွက် ပထမဆုံးလစာရတဲ့နေ့တုန်းက ကျွန်မကိုယ်တိုင် ၀ယ်ပြီး ပတ်ပေးခဲ့တဲ့ နာရီလေးမရှိတော့ပါ။ သူ့ရည်စားသိလို့များ လွင့်ပစ်ခိုင်းလိုက်တာလား သူအဲဒီ့နာရီကို တော်တော်သဘောကျခဲ့တာ ကျွန်မကိုယ်တွေ့ပဲမို့ ဒီအကြောင်းပြချက်ကလွဲလို့ တခြားမှတ်ချက် ပေးစရာ မရှိပေ။

သူ အစစအရာရာ ပြောင်းလဲသွားပါပြီ။ ဆံပင်တိုညှပ်တာ လုံးဝမကြိုက်တဲ့ သူဟာ ဆံပင်တိုတိုလေးနဲ့ ပြီးတော့ Shoes လုံးဝမစီးတတ်တဲ့ သူဟာ Converse အနီရောင်လေးစီးထားပါတယ်။ လူတစ်ယောက်ကို မျက်ဝန်းချင်းဆုံတဲ့ စက္ကန့်လေးအတွင်း ချစ်နိုင်ပေမဲ မေ့ပျောက်ဖို့တွက်ကား မရေတွက်နိုင်တဲ့ အချိန်ကာလနှင့်အတူ ရှင်သန်ဆဲဖြစ်သော နှလုံးသားပါ သေဆုံးပေးရတတ်တယ်။ ကျွန်မ သူ့ကို ပေးခဲ့သော အချစ်ကား မိဘအသိုင်းအ၀ိုင်းနဲ့ ယှဉ်လျှင် ဘာမှမဟုတ်ဟု သူကောက်ချက်ချခဲ့၏။ အမှန်လဲ ကျွန်မ ဆုံးဖြတ်ခဲ့သော အရာတိုင်းကို နှလုံးသား၏ တောင်းဆိုမှုကို ၁၀% လောက်သာ ထည့်သွင်း စဉ်းစားပေးတတ်တယ်။ ထို့ကြောင်လဲ ကျွန်မဘ၀ လှပနေပေမဲ့ ကျွန်မရင်ဘက်တခုလုံးကား ယနေ့တိုင် စုတ်ပြတ်နေဆဲ။ ပညာတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ဖို့ မိသားစုက သေမလောက် ရုန်းကန်ပေးပြီး သူတို့တွေ ဒုက္ခရောက်နေချိန်မှ ရှောင်ထွက်ခဲ့လျှင် ကျွန်မသည် အလွန်တရာမှ မိုက်မဲပေလိမ့်မည်။ ဘ၀တခုလုံး ပုံပြီး ကျွန်မ ချစ်ခဲ့တယ်ဆိုတာတော့ သူသတိရဖို့ မေ့နေခဲ့တယ်ထင်ပါရဲ့။

သင်္ကြန်ဆိုလျှင် ဝေးဝေးက ရှောင်တတ်တဲ့ ကျွန်မဟာ သူစင်္ကာပူရောက်တဲ့ဆိုတဲ့ သတင်းကြားကတည်းက April လကို မြန်မြန်ရောက်ပါစေလို့ ဆုတောင်းရတာ အမော။ ဒါပေမဲ့ တွေ့ပြန်တော့လဲ ရင်နာပြီး မျက်ရည်ကျတာကလွဲလို့ ကျွန်မကို လောကကြီးက ဘာမှ ပိုမပေးခဲ့ပေ။ ဟုတ်ပ ဘယ်သူ့ကိုများ ကျွန်မ အပြစ်တင်ရမတုန်း။ အဆုံးသတ်ကို ရေးပေးခဲ့တဲ့ စာရေးဆရာမက မိမိကိုယ်တိုင်ဆိုတော့ ပိုင်ဆိုင်ထားတဲ့ မာနတွေရေ တာဝန်တွေရယ်နဲ့ ဆက်ရုန်းပေအုန်းပေါ့။ 

ရေလေးတခွက်များ လာပက်မလားလို့ အဲဒီအချိန်တုန်းက တောင့်တခဲ့ပါ၏ သို့ရာတွင် သူ့များလုံးများကား ကျွန်မဆီသို့ တခေါက်မှ မကျရောက်လာ။ ရေစိုနေတဲ့ ကိုယ်နဲ့ တစ်နာရီလောက် ချောင်ထဲမှာ ငုတ်တုတ်ထိုင်နေတဲ့ ကျွန်မကို ၀မ်းနည်းမူများသာ လွှမ်းခြုံပေးခဲ့တယ်။ 

သင်္ကြန်ပွဲ ရောက်ခဲ့တယ်ဆိုတာလဲ သူ့ဆီက မျှော်လင့်ချက် တစုံတရာ လုံးဝမပါ မြင်ရရုံလေးဆိုတဲ့ အသိနဲ့ သွားခဲ့တာဆိုတော့ ကျွန်မ မရှုံးပါဘူး....

No comments:

Post a Comment