Pages

Friday, August 31, 2012

အသိစိတ်

          လူ တော်တော်များများရေ အားလပ်ချိန်မရှိရေပိုင် စိတ်ကိုလဲ အားလပ်ချိန်မပီးကတ်ပါ။ လက်ရှိလုပ်နိန်ရေ အလုပ်ကို မစိုင်းစားဘဲ မျောက်စိတ်ပိုင် တနားတမျိုး ဖြစ်နိန်ရေ။ ယင်းနဲ့လို့ စိတ်ရှုပ်ဖို့လွယ်ရေပိုင် စိတ်ဓါတ်ကျဖို့လဲလွယ်ရေ။ စိတ်ရှင်းရှင်းဖြစ်ဖို့ လုပ်သမျှကို အသိ့စိတ်ချေနဲ့ လုပ်ဖို့လိုအပ်တေ။ Present Of Mind ဒေနိန်ရာ ဒီအချိန်မှာ ဒေစိတ်ကိုထားနိုင်ဖို့ သတိကပ်ပီးထားရပါဖို့။ စိတ်ရှင်းနိန်ကေ ဘုရားခန်းနဲ့တူရေ. ရှုပ်နိန်ရေ စိတ်က အမှိုက်တောင်းပိုင် ယင်းလူအနား တယောက်လဲ မကပ်ချင်ပါ။

         ကိုယ့်စွာကိုတောင် စိတ်ချမ်းသာအောင် မထားနိုင်ကေ တခြားလူကို ပျော်ရွှင်အောင် လုပ်ဖို့ လုံးဝမဖြစ်နိုင်ပါ။ လောကမှာ ကိုယ့်စိတ်ကို သိခြင်းစွာ အကျိုးအများဆုံး အလုပ်ဖြစ်တေ. စိတ်ကိုမထိန်းနိုင်ဘဲ အမှားလုပ်ဖို့ကြံရွယ်တိုင်း ဒေါသထွက်နိန်ရေ စိတ်ကိုသိလိုက်ခြင်းအားဖြင့် တခြားလူရော ကိုယ်တိုင်ပါ ဒုက္ခက ကင်းလွတ်နိုင်ပါရေ။ လူဆိုစော် စိတ်ဆင်းရဲစရာကို ပိုပနာစိုင်းစားရေ. ကိုယ့်ဘ၀ကို စိတ်ပျက်တေ တခြားလူဘ၀နဲ့ နှိုင်းပနာ အားငယ်ရေ။ ယပိုင်ဖြစ်နိန်ရေ အချိန်ခါ ဖြစ်နိန်ရေ စိတ်ကို တစ်ချက်ချေ အသိနဲ့ ကြည့်လိုက်ပါ အရာရာအီးချမ်းလားပါရေ။ 

        အကျွန်ဆို ဇာလောက်ဆိုးပါလဲ ပြောပြပါမေ။ စင်ကာပူက Bird Park ကိုတခါလားခီပါရေ။ ယင်းသစ်တောစွာ အင်ဒန်ချေ ကြီးပါရေ။ သစ်တောတခုလုံးနီးပါးကို ငှက်ချေတိ ထွက်မပြီးရအောင်လို့ အထက်က ဇကာတစ်ခုနဲ့ ဖုံးထားပါရေ။ ယင်း အဖုံးကို ဇာပိုင်လုပ်ထားစွာလဲ ဒေလောက်ကျယ်ကကျယ်နဲ့ လေယှဉ်ပျံနဲ့များ အထက်ကချပနာ ဖုံးလာ။ ယပိုင်အကြံက ဇာကရလေ တခြားနိုင်ငံကများရထားစွာလား။ တရား ၁၅မီနစ်ချေ ထိုင်စွာမှာ မဆီမဆိုင် ယင်းချင့်တိက အစစိုင်းစားရေ။ ယင်းခါမှာ အားးးးးးးး ငါစိုင်းစားနိန်မလားယေ ဆိုပနာ အသိချေနဲ့ ပြန်ပနာ မှတ်ရပါရေ။ ယင်းခါမှ ပြင်းပြနိန်ရေ သိချင်စိတ်တိက အီးချမ်းလားပါရေ။ 

       အကျွန်လဲ ကင်းစွန်းခူးရင်း သီပေါက်တေပိုင် အလုပ်နှစ်ခု တစ်ခါတည်းလုပ်ပလိုက်တေ။ :) အလုပ်နှစ်ခု တပြိုင်တည်းလုပ်ကေ လိုရာခရီးကို ရောက်ပါယင့် ယကလေ့သော ရောက်သင့်ရေ အချိန်မှာ မရောက်ပါလေ။ 

    တခုခုကို ကြောက်နိန်ကေ ရှောင်မပြီးပါကေ့ တတည့်ရင်ဆိုင်ပလိုက်ပါ။ လက်တွီ့လုပ်မှ ထင်သလောက် မခက် လွယ်ကူမှန်းသိလာပါရေ။ တခုကို စိတ်က ကောင်းရေလို့လဲ လက်ခံထားရေ ခန္ဓာကိုယ်က ဇာတွက် မကျင့်သုံး မလုပ်နိုင်ရစော်ပါလေမသိ။ လူစိတ် ဆိုစော်ဆန်းကြယ်ပါရေ ပစ္စည်းတခု မရနိုင်သိ့ခါ တပျင်းလိုချင်ရေ ရပြန်ကေလေ့ နောက်တခုကို ထပ်တောင်းတပနာ ရှိစွာကို တန်ဖိုးမထားတတ်ကတ်ပါ။
ယင်းနဲ့လို့ ဇာပင်လိုချင်လိုချင် ဇာလောက်ပင် သူများကို မပီးချင်ရေ စိတ်ပုတ်ဝင်ဝင် ကိုယ်ဖြစ်နိန်စွာကို အသိစိတ်ချေနဲ့ ထိန်းကတ်ပါမေ။

နာဖူးရေ တရားတော်တိက မှတ်စုချေတိကို ပြန်ပနာရီးပြထားစွာပါ။ :)

Friday, August 24, 2012

သူ

သူ့အကြောင်း စိုင်းစားမိတိုင်း 
တုန်ခါလွန်းရေ ရင်ခုန်သံက 
မနှစ်မြိုရေ သူ့အကြည့် တစ်ချက်မှာ 
ရပ်တန်းလားစီရေ... 

ဆေးလိပ်အနံကို 
ခခါးသသီးမုန်းမိရေငါ 
သူသောက်တေ စတိုင်မျိုးကိုတော့ 
သဘောကျမိယင့် ... 

လူကို မတူမတန်ရေပိုင်
စောင်းကီစောင်းကန်း သူ့အကြည့်တချို့ 
ကဗျာတစ်ခွက်ထက် 
ကဗျာဆန်နလီရေ... 

တစ်ခါတစ်ခါ ရုင်ရှင်ကြည့်ယင်း
မင်းသားနဲ့ မင်းသမီးနိန်ရာ 
သူနဲ့ ကိုယ်ဖြစ်  အရှက်မရှိ 
စိတ်ကူးယှဉ် ပလိုက်သိယင့် ... 

သူ့အထင်နဲ့ ၀က်ဝံရုပ်ကို 
တတင်းကျကျပ်ဖက် 
အိပ်မက်ထဲလဲ 
အားဓမ္မထည့် မက်ပလိုက်ယင့် .... 

သူ 
နိန်ရာတကာ သူ့ အရိပ်တိနဲ့ 
ငါ့ကမ္ဘာကို လွှမ်းမိုးထားနိန်ရေ...

Thursday, August 23, 2012

"ကာလာစုံ အချစ်"

နီပူ မိုးရွာ မရှောင် 
လာကဓံကို ရင်ဆိုင်ပနာ 
တစ်ယောက်ကို တစ်ယောက် ကူညီဖေးမ၇င်း
လလေးစစား နဲ့ မြတ်နိုးကတ်တုန်း ... 
 
သူ့အမှား ကိုယ့်အမှား 
ကိုယ်ချင်းစာပနာ သည်းခံရင်း 
အသက်အရွယ် ကြီးလာစွာနန့် အမျှ 
အချစ်တိလဲ ပိုကြီးပါလတ်တေ... 

ဆံပင် အသားအေ၇တိ 
အရောင်နွမ်းလာကေတောင် 
နားလည်မှုနဲ့တည်ဆောက်ထားရေ 
ငါရို့ နှစ်ယောက် အချစ်က 
ကာလာတိ ပိုစုံပါလတ်တေ...

Wednesday, August 1, 2012

ဟောင်ကောင်သူဌေးကြီး လီကာရှင်း၏ မှတ်သားဖွယ် စကားကြီးများ

Quotes from Li Ka Shing (1) ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊ facebook ပေါ်မှာshare နေကြတာ တွေ့ဖန်များတော့ မြန်မာလိုပြန်ရေးချင်စိတ်ပေါက်ပြီး ပြန်ရေးထားတာတွေပါ။ ပြောသာပြောရတယ်၊ တကယ့် လီကာရှင်းစစ်စစ်ကြီးက facebook ပေါ်မှာ ဇိမ်ပြေနပြေ ထိုင်ရေးတာလား ဆိုတာ သံသယဖြစ်မိပါတယ်၊ သူ့ကိုချစ်တဲ့သူ တစ်ယောက်ယောက်က ရေးတင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ၊ ဘာပဲဖြစ်ဖြစ်၊ သဘောကျမိတဲ့ စကားစုလေးတွေကို ရွေးတင်လိုက်ပါတယ်။

၂၀-၈၀ နိယာမ 
လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ 
ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း 
လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု 
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

 နောင်တ
နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ
အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ 
စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

 ရွေးချယ်မှု
နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း
သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး
ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက
လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု
မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား
အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

Ps: လက်တွေ့ကျင့်ကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်...

Forward Email ကနိန်ပနာ သဘောကျလို့ ကူးယူထားစွာပါ။



Sunday, July 1, 2012

ရသေ့တောင်စာတီတော် သမိုင်းအကျဉ်းချုပ်



ရသေ့တောင်စာတီတော် သမိုင်းအကျဉ်းချုပ်  
၁ ။ တတိယ ဓညဝတီခေတ်မှာ သူရိယစက္ကမင်းရေ အသျှင်မဟာတိသ နန့်  အသျှင်ဗါကုလ ရို့ ပါးက ရဟိရေ ဓါတ်တော် မွီတော် တိဂို မြတ်စွာဘုရား၏ ဗျာဒိတ်တော်အတိုင်း ဓညဝတီပြည်အတွင်း နှစ်ဆယ့်လေးရပ် တောင်တော်မြတ် တို့ ၌ နွားလားဥဿဘ တမော့ ( ၆ တောင်ခန့်  ) ဟိရေ စာတီတော် တိမှာ ထည့်သွင်းဌာပနာ၍ ကိုးကွယ်ခကတ်ပါရယ် ။ ယင်းစာတီတော် တိထဲက ရသေ့တောင်မြို့ နယ် အတွင်းမှာ ဟိရေ စာတီတော် သုံးဆူမှာ မူစဲတောင်တန်း စာရုပဗ္ဗတတောင်၌ ဦးကင်းတော်ဓါတ် စာတီ ၊ မေယုတောင်တန်း ကာသိရပဗ္ဗတတောင်၌ လည်ရိုးတော်ဓါတ် စာတီ ၊ ရသေ့တောင် ရာဇပဗ္ဗတတောင်၌ ဦးထိပ်တော်ဓါတ် စာတီ ရို့ ဖြိုက်ကြပါရယ်။

၂ ။ ဒုတိယ မြောက်ဦးခေတ်မှာ မင်းဗါဘုရင်ကြီးရေ ဦးရီးတော် ရသေ့ကြီး ဦးသုခ ပါးက ရဟိရေ လက်ယာ လက်ရိုးတော်တော်ဓါတ်ဂို တဖန်ပြန်ဗြီးကေ ဤစာတီ၌ ဌာပနာ ခပါရယ် ။ မင်းဗါဘုရင်ကြီး၏ သားတော်ထွီး မင်းဖလောင်းရေ ပုဏ္ဏားကျွန်းမြို့ အနီးဟိ သီလပဗ္ဗတတောင်ထက်၌ ဦးရာဇ်တော် စာတီဂို တည်ဆောက်စိုင် ဤရသေ့တောင် စာတီဂို ပုံစံတူ ( အရွယ်အစားငယ် ) အဖြိုက် ပြုပြင်မွမ်းမံ ခပါရယ် ။ တတိယမြောက်ဦးခေတ်မှာ နရအဘယရာဇာ မင်းရေ ဤစာတီ တောင်ခုလပ်တွင် ဂူလေးပေါက် ထွင်းဖေါက်ဗြီးကေ ဗုဒ္ဓရုပ်ပွါးတော်တိဂို တည်ထား ပူဇော်ခပါရယ် ။ 

၃ ။ မင်းဗါဘုရင် အယင် မင်းခေါင်ရာဇာ လက်ထက်မှာ ရသေ့ကြီး ဦးသုခရေ နှမတော် နှစ်ပါးဖြိုက်တေ ( မိညို ၊ မိဖြူ ) ရို့ နန့် အတူ ဤဒေသ ဒိုးဖြူရွာသို့  လာရောက် နီထိုင်ခဗြီးကေ နောက်ခါ ရသေ့ ဝတ်လားခပါရယ် ။ ရသေ့ကြီး နီခရေ ဂူဂို ကန်တော်ကြီးအနီး မူလ ရသေ့တောင်တွင် ဒေနိတိုင် တွိ့ မြင်နိုင်ပါရယ် ။မင်းဗါဘုရင်ကြီး ဘင်္ဂလားဂို စစ်အောင်ဗြီးပြန်လာစိုင် ရသေ့ကြီး၏ ဆန္ဒအတိုင်း လက်ယာ လက်ရိုးတော်ဓါတ်ဂို ရသေ့တောင်စာတီတွင် လည်းကောင်း ၊ လက်ဝဲ လက်ရိုးတော်ဓါတ်ဂို ကြွီတဲကျွန်းစာတီတွင် လည်းကောင်း ထည့်သွင်းဌာပနာ ခပါရယ်။ ဘုရားကြီး တစ်ဆူဂိုလည်း တည်ထားကိုးကွယ်ခပါရယ် ။ရသေ့ကြီး၏ နှမကြီး မိညိုမှာ ကြွီတဲရွာ၌ အသက်ထက်ဆုံး နီထိုင်လားခပါရယ် ။ နှမငယ် မိဖြူမှာ မင်းဗါဘုရင်ကြီးနန့် အတူ မြောက်ဦးနန်းတော်သို့  လိုက်ပါလားခပါရယ် ။ 

၎ ။ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဗြီးဆုံးရေခါ ရခိုင်ပြည်ရေ ဗြိတိသျှ အင်ပါယာ လက်အောက်သို့ ကျရောက် လားခပါရယ် ။ ( အေဒီ ၁၈၆၃ ) တွင် ရသေ့တောင်စာတီ၏ မြောက်ဖက်ဟိ ဒိုးဖြူရွာ နန့်  အရှိမြောက်ဖက်ဟိ ( ကိန်းသာမြို့ ဟုတွင်ခရေ ) ရသေ့တောင်ရွာ ရို့ ဂို ဒေဂု ရသေ့တောင်မြို့ နီရာသို့ ပြောင်ရွေ့ ၍ မြို့ သတ်မှတ်ကာ မြို့ နယ်ဖွဲ့ စည်းခပါရယ် ။ ရသေ့တောင်မြို့ ၏ ကနဦး မြို့ သူကြီးတိမှာ နောက်ဆုံး စိုင်းဒင်မြို့ စားကြီး၏ သားတော် ဦးအောင်မြတ် နှောင့် မြီတော် ဦးအောင်ဇုံ ရို့ ဖြိုက်ကြပါရယ် ။ 
 ( အေဒီ ၁၉၉၆-၉၇ ) မှာ အလိုတော်ပြည့် ဆရာတော်က ဦးစီးဗြီးကေ ရသေ့တောင်စာတီဂို ရွှေထီးတော်တင်လှူ ပူဇော်ခဗြီးကေ စာတီဂို ရွှေရောင်အတိ နန့် ဖုံးလွှမ်းစီခပါရယ်။ ဒေဂုအခါ ရသေ့တောင်စာတီဂို စာတီတော် ဝေယျာဝစ္စ ဂေါပက အဖွဲ့ က ထိန်းသိမ်းစောင့်ရှောက်လျက် ဟိပါရယ်။

အကာအရံ 
ရသေ့တောင်စာတီတောင်ဂို နဂါးပုံစံနန့် တည်ထားခကတ်ပါရယ် ။ ရသေ့တောင်စာတီ၏ တောင်ဘက်ဂိုပဒုံး ၊ မြောက်ဘက်ဂို ဦးဂေါင်း အဖြစ် အကာအရံနန့် ထားခကတ်ပါရယ်လို့ ရှိလူကြီးများက အဆိုအမိန့် ဟိပါရယ် ။ ရသေ့တောင်စာတီ၏တောင်ဘက် ပဒုံးဘက်မှာ ဘီလူးမကြီးက အသျှေဂို နို့ တိုက်နီရေပုံရုပ်ထုဂို ထားခကတ်ပါရယ် ။ ယင်းဂို အသျှင်ဦးမြဝါနန့် မဟာပညာကျော်ရို့ က အကာကြီး/အကာငယ် အဖြစ်ဆိုဗြီးကေ ဘီလူးမကြီးဂို ယင်းမှာအစောင့်အဖြစ်ထားခကတ်ပါရယ် ။ ယင်းဂိုအစွဲပြုဗြီးကေ ဘီလူးမတောင်လို့ ခေါ်ကတ်ပါရယ် ။ ယင်းရုပ်ထုကိုကား အဂုမတွိ့ နိုင်ပါယာ ။ မတွိစော်နှစ်ပေါင်း ၁၀၀ -ကျော်ယာလို့ ပြောကတ်ပါရယ် ။ ဒေဂုဘီလူးမတောင်ထက်မှာ ကျိုက်ထီးရိုးပုံစံငယ်ဂို ဖူးမြော်နိုင်ပါရယ်။ 

ဘီလူးမနန့် ရသေ့ တန်ခိုးပြိုင်ခြင်း 
ဒေချင့်ဂို ပုံပြင်ဆန်ဆန်ကြားဖူးကတ်ပါရယ် ။ ရသေ့နန့် ဘီလူးမရို့ တန်ခိုးပြိုင်ကတ်တေခါမှာ ဘီလူးမရေ ရှုံးနိမ့်လားခလို့ ရသေ့တောင် တောင်၏အလယ်ကနီ တောင်ဖေါက်ဗနာ ထွက်ဗြီးလားခရပါရယ် ။ ဘီးလူးမထွက်ဗြီးလားခရေ လမ်းတလျှောက်မှာ ဘီလူးမ၏ ပစ္စည်းတိကျကျန်ခပါရယ် ။ ယင်း၏နာမည်အလိုက်ကျွေးရွာသျှေတိ ပေါ်ပေါက်လားခပါရယ် ။ 

ပွဲတော်ကျင်းပပုံ 
ရသေ့တောင်စာတီတောင်၏ ဘုရားပွဲဂို မတ်လအကုန် ဧပြီလဆန်း ၊ ဆယ်တန်းစာမေးပွဲအပြီး သင်္ကြန်မကျမီစီ ကျင်းပပါရယ် ။ ၈ - ရက်နန့်  ၉ - ရက်မှာ တရားပွဲဂို ကျင်းပဗြီးကေ ၁၀ ၊ ၁၁ ၊ ၁၂ ရက်နိတိမှာ နိလယ်မှာ ပျော်ပွဲရွင်ပွဲအဖြစ် အဓိက ရက္ခိုင့်ရိုးရာလောင်းပြိုင်ပွဲနန့်  ကျင်ပွဲ ၊ ညဘက်မှာ ဇာတ်ပွဲတိဂို ကျင်းပလားပါရယ် ။ ၂၀၁၀ ခုနှစ်က စဗြီးကေ ပွဲတော်ဂို နတ်တော်လပြည့်နိမှာ ကျင်းပလားဖို့  လို့ သိရပါရယ် ။ 

မှတ်ချက် ။ ။ ဤစာကား ရှိလူကြီးရို့ အဆိုအမိန့်  နန့် ရသေ့တောင်စာတီတော် ဂေါပက အဖွဲ့ ၏ မှတ်တမ်းမှတ်ရာ တိက ဖြိုက်ပါရယ် ။ 
ဒိုးဖြူရွာဂို ဒေဂု ဒုံးဒုံးကျ လို့ ခေါ်ဗြီးကေ စစ်တပ်တိချထားရေ နီရာဖြိုက်ပါရယ် ။

ခေတ်စနစ်တိ ပြောင်းလားခကေလေ့ ကိုယ့်ရိုးရာ ၊ ယဉ်ကျေးမှု နန့်  သမိုင်းတိ ဂိုဖော်ထုတ်ဖို့ စွာ ကျွန်တော်ရို့ ရခိုင်သားတိ တာဝန် မဟုတ်ပါလား ။ ကိုယ်ပြည်နယ်က သမိုင်းတိ အကြောင်းကိုပြည့်ပြည့်စုံစုံ မသိကေလေ့ ကိုယ်သိရေ ကိုယ့်မြို့ သျှေသမိုင်းဂို ဖော်ပြပီး လိုက်ပါရယ် ။ သူငယ်သျှင်း ရို့ မြို့ ၊ ရွာ နန့် တခြားသမိုင်းကြောင်းတိ ဂိုလေ့ သိချင်ပါရယ် ။ 

ကျွန်တော်ဖော်ပြထားရေ စာမှာ အမှားပါကေလေ့ ခွင့်လွှတ်ကတ်ပါ လို့  ရက္ခိုင့်ညီကိုမောင်နှမရို့  ......... 

facebook က ကိုယ့်note မှာ ပထမဆုံးအဖြစ် ကိုယ့်မြို့ သမိုင်းအကြောင်းကို ရွီးပြီးကေ ဖော်ပြခွင့်ရလို့ လဲ ပိုပြီးကေ ဝမ်းသာမိပါရေ =)အကြံပီးရေ ရက္ခိုင့်ညီကိုမောင်နှမ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါရေ =) .........။ 

အောက်က လင့်(ခ်) ကကော်ပီးကူးထားခြင်းဖြစ်ပါရေ။ စေတီသမိုင်းအကြောင်း အပြည့်အစုံရှင်းပြလားရေ အကိုဇော်ဇော်ဝင်းကိုလဲ ကျေးဇူးတင်ပါရေ။ :)

https://www.facebook.com/notes/zaw-zaw-won/%E1%80%9B%E1%80%B1%E1%80%9E%E1%80%B7%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%85%E1%80%AC%E1%80%90%E1%80%AE%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%9E%E1%80%99%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9/2518980140831 

Saturday, June 30, 2012

မဗေဒါ

ရီကန်ထဲမှာပွင့်ရေ ကြာ 
မိုးမရွာဘဲ အက်ကွဲနိန်ရေ
မြေသားထက်မှာ အမြစ်ချေ 
တစ်ခုလောက်များ ရှိနလီလာ 

ချောင်းထဲက ဗေဒါတစ်ပင် 
အားမလျှော့ဘဲ 
ထိုတစ ဒေတစ အမှိုက်တိကြားထဲမှာ
မြုပ်လိုက် ပေါ်လိုက်နဲ့ 
လိုရာခရီးကို လားနလီလာ 

ရင်ခွင်မဲ့ အချေတစ်ယောက် 
မျက်ရည်မသုတ်ဘဲ 
ဆာလောင်နိန်ရေ ဒေလောကမှာ 
မျက်စိသူငယ် နားသူငယ်နဲ့ 
ဂျောင်ချောင်မှာ ငိုနလီလာ 

သက်မဲ့ဗေဒါပင်တောင် အရှုံးမပီး 
သက်ရှိဖြစ်တေ အဘုချေက 
ယင်းထောင့်ချေမှာ ဇာတွက်ငိုနိန်လေ 
လူလုပ်ကေ အားလုံးဖြစ်တေ ဒေကမ္ဘာမှာ 
တစ်ခုလဲ မစိုင်းစားဘဲ 
အခန်းပြင်ကို 
တစ်ခေါက်ချေ ထွက်ကြည့်လိုက် 

အဘုချေ မြင်လာ 
အားရပရ ရယ်နိန်ရေ 
ဟိုအိမ်အောက်က သူတောင်းစား 
တရွီ့ရွီ့နဲ့ လမ်းလျှောက်နိန်ရေ
ခြေထောက်နှစ်ချောင်းလုံး မရှိရေလူတစ်ယောက် 

အဘုချေ ကြားလာ 
မျက်ကန်းတစ်ယောက် တီးနိန်စွာ 
သာယာအီးချမ်းရေ တယောသံချေ 

လူဆိုစွာ 
ကိုယ်လုပ်ခရေ ကုသိုလ်ကံကြောင့် 
ဇာပိုင်ပုံစံ ဘ၀ကိုပင်ရရ 
အရှုံးမပီး မပျင်းဘဲ 
မဗေဒါပိုင် 
တာဝန်ကို ကျီပွန်ဖို့လိုရေ.....

Saturday, June 16, 2012

လူစိတ်မရှိသော လူများ

ကိုယ်စားမဲ့ အစာ 
ခိုးကိုးရာမဲ့ သူတို့ကို 
သနားလို့ ကျွေးမိတယ် 

သူတို့တွေကြောင့် 
ကိုယ့်အိမ်မှာ ကိုယ်နေပြီး
ခွေးပြေး ၀က်ပြေး ပြေးနေရတယ် 
ကိုယ့်ပြည်မှာ ကိုယ်နေပြီး 
ကိုယ့်အိမ်ကို မီးတိုက်ခံရတယ် 

သူတို့တွေကြောင့် 
လူနေ အိမ်ကနေ
ပြာအတိနဲ့ သုသာန်တွေလို့ 
ဆိတ်သုန်းသွားခဲ့တယ် 
ခိုးကိုးရာမဲ့ အဘိုးအဘွားတွေ 
မိဘမဲ့ ကလေးတွေ တိုးလာခဲ့တယ် 
 
နှစ်တွေကြာလာတော့ 
အကြောင်းတွေ သိလာတယ် 
သူတို့ စရိုက်ကဘာလဲ 
သူ့တို့ အကျင့် ဘယ်လိုလဲဆိုတာ 
ညီအကို မောင်နှမတွေလို 
ပြန်ပြီးချစ်ချစ်ခင်ခင် နေမယ်ထားအုန်း 
ခြင်္သေ့ခံတွင်းထဲ ခုန်ဆင်းပလိုက်မေ
ကြောက်လို့မဟုတ်ဘူး ရွံလို့ 

သူတို့တွေကြောင့် 
ငါတို့ ရာဇ၀င် သမိုင်းကြီး 
အရောင်စွန်းသွားခဲ့လေပြီ 

စကားတခွန်းပဲ ပြောချင်တယ် 
အဖေ အမေလိုချစ်မလား
မောင်နှမတွေလို ချစ်မလား 
သမီးရည်းစားလို ချစ်မလား
 ခေါ်သွားကြပါ ချစ်ကြပါ 
ငါ့တို့မြေမှာ 
သူတို့တွေကို မြင်ရမဲ့ အစား 
ငါ့မျက်လုံးတွေသာ ကန်းလိုက်ပါတော့။