Pages

Tuesday, October 25, 2011

ပပွင့်လလင်း နိန်ကတ်မေ

လူပါးမှာ အထင်ကြီးခံရဖို့တွက် ဇာဖြစ်လို့ ကိုယ့်စွာကိုယ် ဟန်ဆောင်လို့နိန်ရဖို့လဲ။
အားလုံးသူမှာ ကိုယ့်တန်ဖိုးနဲ့ကိုယ် ရှိပြီးသားရာမနား။ ဇာတွက်နဲ့ ဟန်ဆောင်နိန်စရာလိုလေ။


ဟိုတလိုင်းက ကိုယ်ရှီ့မှာ သူငယ်ချင်းတစ်ယောက် Qualified မပါဘဲနဲ့ ပါရေလို့ဝါစွာကို ကြားလိုက်ရရေခါ ကကောင်းလန့်လခရေ။ မရင်းနှီးရေ လူဆိုကေ ဒေချင့်မကောင်းလို့ ထောက်ပြ၀ံလီဖို့ မဟုတ်။ ဒေကုက အချေကပင် အတူတူကြီးကတ်တေ သူငယ်ချင်းဖြစ်လို့ ပြောပြမိရေ။ ဆရာခံစွာတော့ မဟုတ် ကိုယ်ခံယူထားရေ လူ့တန်ဖိုးနဲ့ သူခံယူထားရေ လူ့တန်ဖိုးဆိုစွာ အလိမ်အညာအောက်မှာ ပြောင်းလဲလားလီရဖို့ဗျာလ်ဖြစ်လို့။

နင်ဇာတွက် ဒေပိုင်ဝါရေလေလို့ သူ့ကိုမိန်းမိရေ။ "ကြီးလာကေ ကျုတာလုပ်ဖို့လို့ ငါအရင်ခေါက်ပြောလို့ရှိရေ" လို့သူပြန်ဖြေပါရေ။ ယပိုင်ဆိုကေ ကိုယ့်လိပ်ပြာ ကိုယ်သန့်သိလားလို့ ( ဒေစကားချေမှာ လိပ်ပြာဆိုရေ ဝေါဟာရကို သုံးရလောက်အောင် မလိုအပ်ပါ။ ယကေ့လေ့သော လိမ်ရေဆိုစော် ကြီးကြီး ငယ်ငယ် အပြစ်တစ်ခုလို့ အကျွန်ထင်ပါရေ။ လူတစ်ဖက်သား စိတ်ချမ်းသာဖို့ တခြားလူတိကို မထိခိုက်စီရေ White lies ကို မဆိုလိုပါ) ။ ဇာဖြစ်လေ မဟုတ်ကေ သူငါ့ကို အထင်သေးလီဖို့ဗျာလ်လတ်။

ယပိုင်ဆိုကေ အလိမ်ခံရရေလူစော် အမှန်ကိုသိရေ တနိန့် တစ်သက်လုံးတွက် အထင်သေးလားနိုင်ပါရေ။ ကိုယ်ရာအမှန်ကို လုပ်နိန်ရေဆိုကေ ဇာချင့်ကို ဂရုစိုက်စရာလိုသိလေ။ စားပွဲထိုး အိမ်ဖော် သန့်ရှင်းရေးသမား ဒေလူတိကို အဆင့်အတန်းမရှိလို့ ထင်ရေလူစော် သူကိုယ်တိုင်က အဆင့်အတန်းမရှိလို့ ပြောစော်။ သူ့စိတ်မှာရာ ပညာဥာဏ်တိ ကိန်းအောင်းနိန်ကေ လူအချင်းချင်း ပညာတတ်လူတန်းစား အလယ်အလတ် လူတန်းစား အောက်ခြေလူတန်းစား ဆိုပနာ ပြောစရာအကြောင်းမရှိ။

လူတိုင်းတော့ အပြစ်မကင်းနိုင်စွာ အမှန်ပါဗျာလ်။ အတတ်နိုင်ဆုံး အသိစိတ်နဲ့ထိန်းရဖို့။ အကျွန်ရို့ အသိညဏ်ရှိလို့ တိရစ္ဆာန်မဖြစ်ဘဲ လူဖြစ်လာစော်မနား။ ဆိုကရေးတီး တောင်မှ ကမ္ဘာက ပညာရှိလို့ သတ်မှတ်ရလောက်အောင် လူများထက်ပိုပနာ သူ့မှာရှိရေ ကာမဂုဏ်စိတ် မကောင်းရေစိတ် ကလိမ်ကကျစ်ကျချင်ရေ စိတ်ဓါတ်တိကို အံတုနိုင်ခရေ။ လေးစားဖို့ကောင်းလိုက်တေပင်။ အကျွန့်အမြင်ကတော့ ကိုယ့်စိတ်ကို သိနိန်ဖို့လိုရေလို့ ထင်ပါရေ။
ယင်းခါမှ စိတ်ပုတ်နိန်ရေ လောဘတတ်နိန်ရေ ဒေါသကြီးနိန်ရေလို့
ကိုယ်ဖြစ်သမျှကိုယ်သိပနာ ပြုပြင်လားလို့ရပါရေ။ ဖွဲမီးလောင်နိန်စွာကို လီတိုက်ကေတော့ တတုတ်သီကတ်ပါဖို့။

"အနီး" "အ၀ီး" ဆိုစော် "အကြီးသန်" က "အငယ်ချေ" ကို ဖြစ်လားစီရေ။ ယကေလေ့သော့ "၀ီး" လားကေတောင် "ကြီး" ရာက "မငယ်"လားရေ ကိုယ့်သမိုင်းက အကျွန်ရို့တိနှလုံး အခုန်ရပ်လားကေတောင်မှ ရှိနလဖို့စော်မနား။ ဖြဖြူစစင်နဲ့ ရွီးကတ်ပါမေ။ လူ့ဘ၀တစ်ချက်ချေမှာ ကိုယ်မရယ်ချင်ကေ ဇာဖြစ်လို့ ရယ်ပြနိန်ဖို့လဲ။ ငိုချင်ကေ့လေ့ အောက်ခံနိန်စရာမလို ငိုချပလိုက်ဖို့နန်းရာ။ ပပွင့်လလင်းနဲ့ ဒေပင်လယ်ကို အားနဲ့ခွန်နဲ့ ဟာသနှောပနာ ဖြတ်ကျော်ကတ်ပါမေ။

စာထဲမှာ ဒေါသသံတိပါခကေ့လေ့ ခွင့်လွှတ်ပီးကတ်ပါ။ သူငယ်ချင်းကို ပြောချင်ရေ ဇောနဲ့ စေတနာဒေါသသံတိပါရာ.......

No comments:

Post a Comment