Pages

Saturday, November 19, 2011

ခံစားချက်အတိုင်း ပုံဖေါ်နိုင်ပါရေ

စကားလုံးတစ်လုံးတည်းမှာ မတူညီရေအဓိပါယ်တိ အများကြီးနက်....


(၁၇.၁၁.၂၀၁၁ ကြာသပတေးနိန့်) မိုးထကပင် ကြားရရေသတင်းတစ်ခု တစ်ရက်လုံး ရင်ထဲမှာ ဆို့နလီရေ။ စင်ကာပူရောက် မြန်မာအပျိုမချေတစ်ယောက် တိုက်ထက်ကခုန်ချလို့ သီကြောင်းကြံလားရေလတ်။ ကြက်သီးတိ ဖြဖြန်းထလားရေ။ သီရေအကြောင်းကလဲ သူ့ရည်းစားထားပခလို့လတ်။ ညဉ့်ခါလဲအိပ်မပျော်လီ။ သူ့ချစ်တေ လူတစ်ယောက်ကြောင့် ဘ၀ကိုစွန့်ပနာ သတ်သီလားရေ။ သူ့ကိုချစ်တေလူတိ သူ့ကြောင့် ဇာလောက်ပူဆွေးနလီဖို့ဆိုစော်ကို သူကတော့ သိဖို့မဟုတ်ဗျာလ်။

အမိကမွီးပြီးကေ ဇာမဟုတ်တေ တစိမ်းယောက်ကျားတစ်ယောက်တွက် သတ်သီလားလို့ အပြစ်တင်ခံရရေ ယင်းမမကိုလဲ သနားရေ ဒေါ်သဖြစ်တေ ယူကျုံးမရဖြစ်မိရေ။ ဒေလူတိတွက် ယင်းယောက်ကျားက ဇာတစ်ခု မဟုတ်ကေ့လေ့ သူ့ဘ၀တစ်ခုလုံးကို တန်ဖိုးမထားဘဲ စွန့်ရလောက်အောင်ထိ သူ့တွက်အရေးကြီးလို့မနားယေ။ မိဘတိဇာပိုင်ခံစားရဖို့လဲ လုံးဝမစိုင်းစားခဘဲ အတွေးမှားတစ်ခုက နောက်ဘ၀အဖန်ငါးရာကိုစိန်ခေါ်ပနာ သူ့ဘ၀တစ်ခုလုံးနဲ့ လောင်းပလိုက်တေ။ ( အဖန်ငါးရာမှာ နောက်ဆုံးဘ၀ဖြစ်ပါစီလို့ ဆုတောင်းပီးပါရေ... )။ သူနာပြုဘွဲ့ သူများကိုကယ်ဖို့သင်ထားရေ အတတ်ပညာက အဆုံးမှာ သူ့ကိုမကယ်နိုင်ခ။

သမီးရည်းစားနှစ်ယောက် လမ်းခွဲလိုက် ပြတ်လိုက် ဒေချင့်က ငရုတ်ဆုံနဲ့ ကျမွီ့ပိုင် ခွဲထားလို့မရရေ အရာတိရာမနား။ ယင်းနဲ့လို့ သူချစ်တေ ယင်းယောက်ကျားမှာလဲ အပြစ်မရှိလို့ အကျွန်ထင်ရေ။ လူတစ်ရာမှာ 99% ကအချစ်ဦးနဲ့ ရကတ်စွာကမဟုတ်။ ဒေကုခေတ်မှာဆိုကေ ပိုတောင်ဆိုးသိရေ နှလုံးသားထက် ဦးနှောက်ကို ပိုစိုင်းစားပါလတ်ကတ်တေ။ အချစ်မပါရေ အိမ်ထောင်ရေး မတည်မြဲဆိုစော် မှန်ချင်လဲမှန်နိုင်ရေ။ ယကေ့လေ အိမ်ထောင်တည်မြဲဖို့တွက် နားလည်မှုအဓိကလို့ထင်ရေ။ အိမ်ထောင်ရေးတစ်ခုတည်းမဟုတ် အရာအားလုံးစော် နားလည်မှုရှိကေ အဆင်ပြေနိုင်ရေ။

အချစ်ဆိုစော် စွန့်လွတ်ခြင်း ပိုင်ဆိုင်ခြင်း ၀မ်းနည်းခြင်း ပူဆွေးခြင်း လောင်ကျွမ်းခြင်း ပျော်ရွင်ခြင်း အနစ်နာခံခြင်း နားလည်မှု အင်း ရွီးဖို့ဆိုကေ အများကြီးရသိရေ။ စာလုံးရာတစ်လုံးတည်း သတ်သတ်မှတ်မှတ် အဓိပါယ်ဖွင့်ဆိုလို့မရရေ အထဲမှာ ဒေလူတိရူးသွပ်ကတ်တေ အချစ်ကလဲ အပါအ၀င်ရာမနားယေ။ အချစ်ဆိုစော် (-)ကွက်လပ်ပါ လို့ပြောရေ အစ်ကိုတစ်ယောက်စကားကို ကကောင်းသဘောကျမိရေ။ ဟုတ်တေ ကိုယ်ဇာပိုင်ခံစားနိန်ရလဲ ခံစားနိန်ရရေ အပေါ်မှာ ယင်းကွက်လပ်ချေကို ဖြည့်ပနာ လူတိ ပြောတတ်ကတ်တေ။ ကြေကွဲနိန်ရေ အချိန်မှာ အချစ်ကကြေကွဲခြင်း။ ပျော်ရွင်နိန်ရေ အချိန်မှာ အချစ်ကပျော်ရွင်ခြင်း။ ယင်းနဲ့လို့ မိုနာလီဇာအပြုံးကို အဓိပါယ်အတိအကျ သတ်မှတ်လို့မရရေပိုင် ဒေအချစ်ကို တစ်ယောက်လဲ တိကျရေစကားလုံးနဲ့ စာမဖွဲ့နိုင်ပါ။

ယင်းနဲ့လို့ ကြိုက်တေပိုင် ပုံဖေါ်ပါ ခံစားရရေပိုင် ကွက်လပ်ဖြည့်ကတ်ပါ.... :P

2 comments:

  1. Looking at a crowded street,
    Listening to my own heart beat,

    ReplyDelete
  2. အတတ်ပညာ တွေ ဘယ်လောက်ပင် များစေကာမူ၊ အသိပညာ ခေါင်းပါးသောအခါ ၄င်းကဲ့သို့ ဖြစ်တတ်လေ၏။ ( သားသ္မီး မကောင်း မိဘ ခေါင်း ) ဆိုတဲ့ စကားလည်း ရှိပေ၏။ မသိမူ အဝိဇ္ဖာ သိပ် ကြောက်ဖို့ကောင်းပါ၏။ စိတ်မကောင်းစရာ သတင်းကြား လိုက်ရ ပြီး သခန်းစာ လည်း ရပေ၏။ ပြုပြုသမျှ ကုသိုလ်တွေကြောင့် ကာယကံ ရှင် ကလေးမလေး နောင်ဘဝ ဆက်တိုင်း ယခုကဲ့သို့သော အဖြစ်ဆိုးနဲ့ မကြုံပါရစေနဲ့ ဟု ဆုတောင်းလိုက်ပါ၏။

    ReplyDelete