ကိုယ့်သိက္ခာဆယ်ဖို့တွက် လုပ်ထားရေ အပြစ်ကို တခြားလူပုံချလို့ လိပ်ပြာလုံဖို့လား။
မာနနဲ့ အတ္တ မခွဲခြားတတ်လို့ နောင်တ ဇာနှစ်ခါရပြီးကတ်ယာလေ။
မလားအပ်တေ နိန်ရာကိုလား အရယ်မရ အဖတ်မရနဲ့ မပြောအပ်တေ စကားတိကိုပြော ပြန်လာခါမှ ယူကျုးမရ
ကိုယ်စွာကိုယ် အသုံးမကျဆိုပနာ အပြစ်တင်, အော် ငါ ငါ...
အေချင့်က အကျင့်ဆိုး ဒေချင့်က အကျင့်ကောင်း, ငါဒေနိန့်ကပင်စလို့ ပြုပြင်ဖို့ဆိုပနာ စာရွက်နဲ့ အိပ်ရာခေါင်းရင်းမှာလဲ ကပ်ထားယင့်, ကိုယ်တိုင်ချမှတ်ထားရေ စည်းကမ်း မလိုက်နာလို့ self-respect တိလဲ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်ပါလတ်တေ။
အမှန်တော့ခါ စစ်မှန်ရေ အီးချမ်းမှုက ကိုယ့်စိတ်ထဲမှာရာ ရှိစွာကို ကြိုးစားရာယင်း သိပါလတ်တေ။
လောဘ ဒေါသ မောဟတိနဲ့ ကိုယ့်စွာကိုယ် ဝေခွဲမရဘဲ လောကကြီးကိုလဲ တခါတလီ မျက်စောင်းထိုးမိ့သိယင့်။
အခွင့်ရေးတိ ပွတ်သီးပွတ်ကာ ကိုယ့်နားက လားခစွာကို ဇာနှစ်ခုလောက် လျစ်လျုရူ ပလိုက်ယာလေ။
ကိုယ့်ကြောင့် သူများ အကျပ်အတည်း (ငွေကြေး, စိတ် ) မဖြစ်လားစီပါကေ့။
လူနိန်မှု အဆင့်တန်း နိမ့်ကျလားပါတ်စီ စိတ်ဓါတ် အဆင့်တန်း မြင့်လာဖို့က ပိုပနာ အရေးကြီးပါရေ။
တနားကေ တမျိုးဖြစ်နိန်ရေ ကိုယ့်စိတ်ကို ကိုယ်တောင်နားမလည်, တခြားလူတစ်ယောက်နဲ့ အမြင်မတူ သဘောထားချေတိနဲ့ ကြုံရရေအချိန်ခါ အတတ်နိုင်ဆုံး နားလည်ပီးဖို့ လိုအပ်ပါရေ။
ကိုယ့်စွာကိုယ် သတိပီးရေ အနိန်နဲ့ရီးထားခြင်းဖြစ်ပါရေ။
No comments:
Post a Comment