Pages

Friday, December 23, 2011

နောက်ဆုံးထွက်သက်

နောက်ဆုံးထွက်သက်ကို အကောင်းဆုံးရူထုတ်နိုင်ဖို့ ငါခံနိုင်ရည်ရှိသိ့လာ။ နောက်ဆုံးထွက်သက်က အရေးကြီးဆုံးလို့ တရားတိမှာ ငါနာဖူးရေ။ ဒေနာကြင်မှုတိက ငါ့စိတ်ကိုငါ ထိမ်းနိုင်ဖို့ နောက်ဘ၀ကူးကောင်းဖို့ ခံနိုင်ရည်ရှိဖို့သိလား။


မြို့နယ်ဆရာဝန်က မကျန်းမာရေ ငါ့ကို စစ်တွေဆေးရုံကြီးမှာ ပြခိုင်းလို့ ဒေကုတလော အိမ်ကလူတိ လှုပ်လှုပ်ရှားရှားဖြစ်နိန်ကတ်တေ။ တစ်ရက်နှစ်ရက်ကေ ပျောက်လားဖို့ဆိုလို့လဲမရ ဒေ၀မ်းစကေ့ချေအောင့်စွာ တစ်ခုလဲမဖြစ်ဆိုလို့မရ စစ်တွေကိုလားဖို့ဂျေယာ တိုက်တွန်းနိန်ကတ်တေ။ မအားရေ သူရို့တိကိုလဲ ဒုက္ခမပီးချင်။ သမီးချေက ကျောင်းကခွင့်ယူပနာ နက်ဖြန်ခါလားရဖို့ဖြစ်လို့ ပစ္စည်းတိကို အသေအချာထည့်ပီးနိန်ရေ။ သူပါလိုက်ချင်နိန်ေ၇ အဖသည်ကို ဆီးခန်းပြပြီးပြန်လာဖို့စွာဖြစ်လို့ မလိုက်ကေ့လို့ပြောပနာ အိမ်မှာလူကြီးမရှိလို့ နိန်ခိုင်းခရေ။ မြီးအကြီးနဲ့ဆိုင်ရောင်းနိန်ရေ သမီးအလတ်ကလဲ အိမ်မှာလူမရှိလို့ မလိုက်နိုင်။ စစ်တွေမှာ Day တတ်နိန်ရေသူ့သမီးချေပါးကို ဖုန်းဆက်ပနာ အဘောင်ရှင်နားမှာနိန်လီလို့ ဖုန်းဆက်နိန်ရေ အသံကိုလဲကြားလိုက်တေ။

စစ်တွေမှာ ဆီးခန်းပြပြီးစွာနဲ့ ဆေးရုံတတ်ခိုင်းလို့ ဆေးရုံတတ်ရရေ။ စစ်တွေမှာရှိနိန်ရေ သမီးကတော့နိန့်တိုင်းထမင်းလာပို့ရေ။ ရွာမှာရှိနိန်ရေ သမီးအကြီးဆုံးကလဲ လာပနာအမိပါးမှာ ပြုစုနိန်ရေ။ သမီးတိဂျေးယာ မွီးထားမိရေငါ အရေးအကြောင်းကျကေ အနားကိုရောက်ပါလတ်ကတ်တေ။ မြီးအငယ်စွာကလဲ ကျောင်းအားတိုင်းလာကြည့်ရေ။ မြီးထဲမှာ သူ့ကိုတော့အချစ်ဆုံး အချေကပင် စီးပွါးရေး အဆင်မပြေလို့ ဖေချာ့ရှာနိန်ရရေ မုဆိုးမအမိထက် အဘောင်ရှင်နဲ့ရာ ကြီးပြင်းပါလတ်လို့ အဘောင်ရှင်ကို အမိထက်ပိုချစ်တေ။ တစ်သက်နဲ့တစ်ကိုယ် ဆေးရုံမတတ်ဖူးရေ ငါတစ်ယောက် ဆေးရုံမှာ ၁၂ရက်တောင်ရှိလားယာ။ တစ်ခါရာတတ်ဖူးရေ ဆေး၇ုံ နောက်ဆုံးတတ်ခြင်းဖြစ်တေလို့ ငါ့ကိုယ်ငါလဲ ယင်းခါမသိခ။ ဇာနိန့်ဆင်းရဖို့လဲလို့ မိန်းခီတိုင်း "အမိမှာ ဆရာဝန်က လုံးဝကျန်းမာစီချင်လို့နိန်ခိုင်းစွာ အိမ်မှာဆိုကေ ထိုလုပ်ဒေလုပ်နားခိုင်းလို့မရလို့ ဒေမှာနားခိုင်းစွာဆိုပနာ"တိကျရေ အဖြေကိုလဲမပီး။

ထွက်သင့်ရေ နိန်ရာကမထွက်ဘဲ ပါးစပ်ကရာ အပေါ့ပါ အလီးပါလားရေ မွီးခါစအချေတစ်ယောက်ကိုလဲ ၀မ်းခွဲရသိရေ။ သားဦးဖြစ်လို့ တပျင်းစိုးရိမ်နိန်ကတ်တေ ပေါက်တောက လင်မယားနှစ်ယောက်နဲ့လဲ ရင်းနှီးနိန်ကတ်ယာ။ GTC ကားမှောက်လို့ ဆေးရုံတင်ထားရေ ဆရာမတစ်ယောက်ကို လာကြည့်ကတ်တေကျောင်းသားတိနဲ့ ပြည့်နက်နိန်ရေ။ အော်မစည်ကားသင့်ရေနိန်ရာမှာ စည်ကားရေအထဲမှာ ဆေးရုံလဲအပါအ၀င်မနားယေ။ နာလို့ငိုရေလူ သီလို့ငိုရေလူ ပျော်လို့ငိုရေလူ အမျိုးမျိုးဖြစ်နိန်စွာကို ရုပ်ရှင်ကား တစ်ကားပိုင် ဆေးရုံက အခကြေးငွေတစ်ပြားလဲမယူဘဲနဲ့ ပြသနိန်ရေ။ စက္ကန့်နဲ့အမျှ ဒေလာကကြီးထဲကို ၀င်လာရေလူရှိရေပိုင် ထွက်လားခရေ လူတိလဲရှိရေ။ သံဝေဂတရား ဒေနိန်ရာကိုရောက်မ အားရပရ ကြည့်ရ မြင်ရ ခံစားရရေ။

မိုးထက ၀မ်းခွဲရဖို့လို့ ဆရာဝန်ကြီးပြောခရေ စကားတစ်ခွန်း ကြောင့်တစ်ချက်ချက်မှိုင်လားရေ သမီးချေမျက်နှာ ငါမမြင်အောင်မျက်ရည်ဝိုင်းတတ်တေ သမီးကြီးမျက်နှာ ဒေနိန့်မှနားလည်ရေ။ ၀မ်းအောင့်စွာလို့ပဲ အထင်နဲ့ အအီးဆဆေးဖြစ်နိန်စွာ လန့်လားခရေ။ အူမှာအနာတွီ့လို့ ၀မ်းခွဲပနာ ထုတ်ပလိုက်ဖို့ ကြောက်စရာမလို ကောင်းလားဖို့စွာလတ်။ ကောင်းလားဖို့စွာနဲ့ သူ့၇ို့တိမျက်နှာ ဇာဖြစ်လို့မကောင်းကတ်စွာလဲမသိ။ စကားတစ်ခွန်းမိန်းလိုက်တိုင်း စိတ်မကောင်းကတ်တေ သမီးတိမျက်နှာကိုမြင်ရစွာ ငါလဲစိတ်မချမ်းသာ။ နောက်ထပ်မမိန်းဖို့ ဆုံးဖြတ်ပလိုက်တေ။ ၀မ်းခွဲပြီးလို့ ၁၅ရက်မြောက်နိန့် ဆရာဝန်က တစ်ဖြည်းဖြည်းနဲ့ အနာက ကောင်းလားလိမ့်မယ်ဆိုပနာ ဇာမှာနားချင်လေ ဆေးရုံမှာနားချင်လာ အိမ်မှာနားချင်လာလတ်။ နိန်မကောင်းပင်ဖြစ်ဖြစ် နိန်ကောင်းရေပင်ဖြစ်ဖြစ် လူတိုင်း ကိုယ့်အိမ်ကိုယ့်ယာမှာရာ နိန်ချင်ကတ်စွာရာမနား။ အမိနက်ဖြန်ခါပြန်ကတ်ဖို့လို့ပြောရေ သမီးအသံ မျှော်လင့်ချက်မဲ့နိန်ရေပိုင်ကာ။

ဆီမီးစတာတစ်ခုပြီးတိုင်း ပြန်မလာဘဲ စစ်တွေမှာအင်္ဂလိပ်စာတတ်တေမြီးချေ ဒေတစ်ခေါက် အိမ်မှာနားချင်ရေ ဆိုပနာအရင်ပြန်လာလတ်တေ။ ခွင့်စေ့လားကေတောင် ကျောင်းမတတ်ဘဲ အမိနားမှာရာ တစ်ချိန်လုံး ပြုစုနိန်ရေသမီးငယ် တရားခွေတိ တစ်ခွေပြီးတစ်ခွေ ဖွင့်ပနာ အမိနားလည်အောင်ရှင်းပြနိန်ရေ စီးပွါးရေးရာအရေးကြီးေ၇လို့ပြောရေသမီးလတ် ရွာကမိသားစုကို ပစ်ပနာလိုက်လာရေသမီးကြီးရို့တိက မခံမရပ်နိုင်အောင်ထိုးအောင့်လာရေ ဒေ၀ဒနာကိုပျောက်ကင်းစီရေ။ အမိမသိအောင် ဟန်ဆောင်နိန်ကတ်တေသူ့ရို့တိသောက ငါမသိဘဲနဲ့ နိန်ဖို့လား။ ငါနင်ရို့ကိုမွီးပီးလိုက်တေလူ။ နင့်ရို့ထက် ထမင်းအရင်စားရေလူ။ နင်ရို့ပိုင် စာတတ်ပီတတ် မဟုတ်ကေ့လေ့ ခံစားနိန်ရရေ ငါ့ရောဂါ ညဉ့်ခါတိုင်ကေ တရားမှတ်လို့မရလောက်အောင် ဆိုးရွားရေ ဒေနာကြင်မှု ဇာအတိုင်းအတာကို ရောက်နိန်လေဆိုစွာကို ငါမသိဘဲနဲ့ နိန်ဖို့လား။ ငရဲဘုံအလားခံစားနိန်ရရေ ရင်ဘတ်က ဝေဒနာကိုမျက်ကွယ်ပြုပနာ အီးချမ်းရေ သုခဘုံဖြစ်အောင် နင်ရို့တိဖန်ဆင်းနိန်ကတ်တေ။ ငါ့ရောဂါ ဇာအဆင့်လဲ ဇာရောဂါလဲဆိုစော်ကို နင်ရို့တိမပြောကေ့လေ့ ငါသိရေ။ " အူမကြီးကင်ဆာ နောက်သုံးလရာနိန်ရဖို့ "ငါအိပ်နိန်ရေ ထင်ပြီးကေ အိမ်အောက်မှာအဖကို တတိုးချေပြောနိန်စွာကို နားထောင်ဖို့မလို့ဘဲ အလိုလိုကြားခမိရေ၊ ငါမကြောက်ပါဘူး အသက် ၇၃နှစ်ထိနိန်ပြီးယာဝေါ။ သောကတိကိုဖုံးပြီးကေ နိန့်မအား ညမအား ပြုစုနိန်ကတ်တေ နင့်ရို့တိကိုအားနာမိရေ။ ငါ့သားသမီး ဆွေးမျိုးအသိုင်းအ၀ိုင်းတိ နာကြင်အောင်လုပ်မိနိန်ယာမလားကု။

အချိန်တိတစ်ရက်ထက် တစ်ရက်ကုန်ပါလတ်တေ။ ထမင်းစားလို့မ၀င်လို့ ပိုက်နဲ့သွင်းရရေ။ ဆေးမှုသမက်က မနာအောင်လို့ ထိုးပီးရေဆီး မတိုးနိုင်ယာ။ အသီးကြိုက်တေငါ့ကို မြီးချေက အသီးဖျော်၇ည်ဆိုပနာ အမြဲတမ်းလာခွံရေ သူ့မျက်လုံးချေမှာလဲ မျက်ရည်တိဝိုင်းနိန်ကတ်တေ။ အစာစားဖို့ကြောက်ရွံလာရေ အစာမျိုချတိုင်းနာကြင်ရေဒဏ်က ဒေအစာအာဟာရ ဇာကိုလားပနာ အားဖြစ်ဖို့သိလဲ။ မသီခင်ကပင် အပုပ်ကောင်ဖြစ်နိန်ရေ ငါ့ကိုယ်လဲ ဟိုဘ၀က ဇာမကောင်းမှုလုပ်ခလေမသိ။ အစာလဲမစား ရီလဲမသောက် မျက်လုံးတောင်မဖွင့်ချင် ဖြစ်ချင်စွာဖြစ် မျောပလိုက်ချင်ယာလို့ ခံစားနိန်ရရေ ဝေဒနာကို မထိမ်းနိုင်ဘဲ ဆောက်တည်ရာမရာပြောမိရေ။ ဗြုန်းခနဲ့ငိုချလိုက်တေ သမီးချေ ဇာခါကပင်ထိမ်းထားလဲမသိ အနားကထွက်ပြီးလခရေ။ အော်ဘ၀ ဘ၀ လူ့ဝစော် မျက်၇ည်နဲ့စပြီး မျက်၇ည်နဲ့ဆုံးရေဆိုစော် ငါကိုယ်တွီ့ရာမနား။

Wednesday- ဒေနိန့်မြီးချေက သူ့အဘောင်ရှင်အနားမှာ အိပ်ဖို့လို့ မထွီးမတိကို ပူဆာနိန်ရေ။လူကြီးတိရှိလို့ ဒေမြီးချေကို တစ်ခါလဲ စောင့်အိပ်ဖို့မခိုင်း။ စကားပြောဖို့ ပါးစပ်တောင်မဟနိုင်ကေ့လေ့ အသိစိတ်တော့ရှိသိရေ။ ရုပ်ရာရှိပနာ နာမ်မရှိေ၇ ငါ့အကောင်ဘေးမှာ နင် အဘောင်ရှင်သီဖို့စွာကို သိလို့ ဒေနိန်စောင့်အိပ်စွာလို့ မြီးချေကို ပြောလို့ရှိလီကတ်ဖို့လား။ အဘောင်ရှင်အနားမှာ ဒေနိန်တစ်ရက်စောင့်အိပ်ဖူးလိုက်တေ ငါကံကောင်းရေမနားယေလို့ မြီးချေထင်လို့ရှိဖို့လား။ ဘုရားတ၇ားအကြောင်းကိုရာပြောဆိုလို့ မြီးချေက သူ့မထွီးမနဲ့ တတ်သမျှမှတ်သမျှကို ပြောနိန်ရေ။ သူရို့ပြောရေ တရားအကြောင်း နားထဲ ၀င်လိုက် မ၀င်လိုက်နဲ့ လေဟာနယ်ထဲ မျောနိန်ရေ။ နောက်ဆုံးထွက်သက်ကို အကောင်းဆုံးရူထုတ်နိုင်ဖို့ ငါခံနိုင်ရည်ရှိသိ့လာ။ နောက်ဆုံးထွက်သက်က အရေးကြီးဆုံးလို့ တရားတိမှာ ငါနာဖူးရေ။ ဒေနာကြင်မှုတိက ငါ့စိတ်ကိုငါ ထိမ်းနိုင်ဖို့ နောက်ဘ၀ကူးကောင်းဖို့ ခံနိုင်ရည်ရှိဖို့သိလား။

No comments:

Post a Comment