Pages

Saturday, September 29, 2012

ခံစားမိသမျှ

လောကကြီးမှာ လူတိုင်းရဲ့ အနာဂါတ်ဟာ သေမဲ့နေ့ကို ဦးတည်တာချည်းပဲ။ ဒါပေမဲ့ ဘယ်နေ့သေမယ်လို့ မသိတဲ့ သူရဲ့ဘေးနားမှာ နေရတာက ဘာမှမခံစားရပေမဲ့ သေမဲ့နေ့ကို ရက်ချိန်းသတ်မှတ်ခံထားရတဲ့ လူရဲ့အနား စောင့်ကြည့်နေရတာလောက် ရင်နာရတဲ့ အဖြစ်ဆိုးက မရှိဘူး။ 


ငါနာမည်ကြီးဖို့ တခြားလူတွေကို လိမ်တယ်။ ငါ့ကို သနားအောင် ငါကောင်းကြောင်း လူတိုင်းကို လိုက်ပြောတယ်။ ငါ့ကိုချစ်အောင် တခြားသူအကြောင်း မကောင်းတဲ့ အတင်းတွေ, တစ်ကျပ်ဖို့လုပ်ပေးခဲ့ရင် တစ်သိန်းဖို့လောက် လုပ်ပေးခဲ့ရသလို သူတို့တွေကို ပြောတယ်။ 


ဘာသာတရားဆိုတာ လူလူချင်း သက်ရှိအချင်းချင်း နူးညံ့ကြင်နာတတ်အောင်, သဘောထားမှန်ကန်အောင် လမ်းညွှမ်းပေးတာ, အဲလိုဖြစ်မလာရင် သူကိုးကွယ်နေတာ နည်းလမ်းမကျလို့လဲ ဖြစ်နိုင်သလို, ဘာသာတရားလို့ ခေါ်ဖို့ မထိုက်တန်ခြင်း လို့လဲဖြစ်နိုင်တယ်။ 


တပါးသူကို နှစ်သိမ့်ပေးတယ်ဆိုတာ အလွန်တရာမှ မွန်မြတ်တဲ့ အလုပ်ဖြစ်တယ်။ အဲလိုများ လုပ်ဖို့အခွင့်အရေးရရင် လုံးဝလက်လွှတ်မခံပါနဲ့။ ကိုယ့်ကြောင့် သူတို့တွေ ပျော်ရွှင်ကြသလို ကိုယ့်ရဲ. စိတ်နေစိတ်ထားနဲ့ တန်ဖိုးလဲ မြှင့်တတ်လာလို့ပါ။ 


အတိတ်ဘ၀က ငါဆိုတဲ့လူ လုပ်ခဲ့သမျှ စိတ်ချမ်းသာခြင်း စိတ်ညစ်ရခြင်းတွေကို ခံစားနေရတာဖြစ်တယ်။ အတိတ်ကို ကျောက်သင်ပုန်း ပေါ်မှာ ရေးခဲ့တာမဟုတ်လို့ ပြန်ဖျက်လို့မရနိုင်ခဲ့ပေမဲ့ ယခုငါက ကောင်းမှုကုသိုလ်တွေ လုပ်ပေးခြင်းနဲ့ ပြန်ချေဖျက်နိုင်ပါတယ်။ 


ဘနဲ့ဝ ရှိရုံလေးနဲ့ ဘ၀ဆိုတာမဖြစ်နိုင်တာ လူတိုင်းသိပါတယ်။ ရယ်ရသလို ငိုရခဲ့တာလဲ များခဲ့ပါပြီ။ အချိန်ကြာလာသည်နှင့်အမျှ အရာရာဟာလဲ ပြောင်းလဲနေမှာပဲ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သိပ်မခံစားဘဲ အလိုက်သင့်မျှောပါတတ်ဖို့ အရေးကြီးပါတယ်။

No comments:

Post a Comment