Pages

Friday, November 11, 2011

၁၁.၁၁.၂၀၁၁ (သောကြာနိန့်)


  The most beautiful day, the most beautiful time, the most beautiful world. :) 11-11-11(10:00AM)


-ရင်ထဲက ဗြုန်းခနဲထွက်ပေါ်လာရေ ခံစားချက်တစ်ခုကြောင့် ဘ၀နှစ်ခုပိုပနာ နီးစပ်လားရေ နိန့်တနိန့်စွာ   ၁၁.၁၁.၁၁ ဖြစ်နခီရေ...

-မထင်မှတ်ဘဲနဲ့ ငါ့ဘ၀ထဲကို ရောက်မှန်းမသိရာက်လာစွာ ရှီ့ဘ၀ရစက်ကြောင့်လား...

-ဇာပြသာနာပင်လာလာ လက်နှစ်ဘက်ကို နနောင်းတွဲပနာရင်ဆိုင်ဖို့ သတ္တိတိထွက်ပေါ်လာစွာ အချစ်ရဲ့စွမ်းအားကြောင့်ရာထင်ရေ...

-ငါ့ဘ၀တစ်ခုလုံးကို တာဝန်ယူဖို့ ယုံကြည်မှုအပြည့်ရှိရေလို့ နင်ပြောခရေနိန့်က နင်စွာ ငါ့ဘ၀ HERO မလားယေလို့ ရင်ထဲမှာ ပီတိတိနဲ့ ဆို့နစ်နိန်ခရေ...

-ငါ့ရို့တိရှီ့မှာ မမြင်ရရေကံကြမ္မာက စောင့်ကြိုနိန်ကေလေ့သော ငါရင်ထဲက စကားလုံးတိက နင့်တွက် အင်အားဖြစ်ပါစီလို့မျှော်လင့်မိယင့်  ...

ငါရို့အတူတူ ပြုံးကတ်ဖို့
ငါရို့အတူတူ ရယ်ကတ်ဖို့
ငါရို့အတူတူ ၀မ်းသာကတ်ဖို့
ငါရို့အတူတူ ၀မ်းနည်ကတ်ဖို့
ငါရို့အတူတူ ငိုကတ်ဖို့
ငါရို့အတူတူ နာကြင်ကတ်ဖို့
ငါ့ရို့အတူတူ ဘ၀ကို ချိုတစ်ခါ ခါးတစ်လှည့်နဲ့ မြည်းစမ်းကြည့်ကတ်မေ.... 

တစ်စုံတစ်ယောက်တွက်.....






Thursday, November 10, 2011

တန်းဆောင်မုန်းလပြည့်

အာကာထက်မှာ လမင်းကြီးထိန်ထိန်သာနိန်ဗျာလ်ထော...




အိန်ဒြေတိနဲ့လှနိန်ရေ မမချေတစ်ယောက်ပိုင် လမင်းကြီးကို ဇာလောက်ပင်တိမ်တိ ဖုံးထားဖုံးထား သူ့အလင်းရောင်က ကမ္ဘာမြီကို လွမ်းမိုးနိန်အောင် အရောင်တောက်ပနလီယင့်။ ခိုးစားလပြည့်လို့ခေါ်ရေ (တန်ဆောင်မုန်းလပြည့်) ဒေနိန့် ဒေအချိန်ခါ ဇာတိမြီမှာ ဇာလောက်ပျော်ဖို့ကောင်းမယ်မသိ့။ အချေခါ တစ်အိမ်ဝင် တစ်အိမ်ထွက် အုန်းသီးတောင်းခရေ မရကေ့ ခိုးကတ်စွာတိကို စိုင်းစားလိုက်ကေ ညစာကပိုင် ခံစားရတုန်းသိ့။

လပြည့်တကာ လပြည့်ထဲမှာ တန်ဆောင်းမုန်းလပြည့်က အလင်းရောင်အတောက်ပဆုံး အကြီးမားဆုံး။ ဗုဒ်ဓဘာသာ ထွန်းကားရေ အကျွန့်ရို့အဖရခိုင်ပြည်မှာ အင်ကျီအဖြူ ဒယော ထဘီ ယောဂီရောင်နဲ့ဇာလောက်ကြည်ညိုစရာ ကောင်းရေဆိုစွာကို စိုင်းစားလိုက်ကေတောင် ကြက်သီးထစီရေ။ အိမ်ပြန်ချင်ရေ အိမ်ပြန်ချင်ရေလို့ အော်စွာလဲ အကြိမ်ပေါင်းမနည်းဗျာလ်။ ဒေပိုင်အချိန်တိဆိုကေ အိမ်ပြန်ချင်ရေ ရောဂါပိုးက ပိုလို့ထလာရေ။

ဘုန်းကြီးကျောင်းကို အမြဲတမ်းခေါ်လားရေ ဘောင်ဘာင်နဲ့ကြီးကြီးကိုလဲ အောက်မိန့်ရေ။ မုန့်ဖိုးဖေ့ချာပီးရေ ဖိုးဖိုး မေမေ ထွီထွီ မာမာကိုလဲ အောက်မိန့်ရေ။ အင်ကျီအသစ်ဝယ်ပီးရေ မကြီးကိုလဲ အောက်မိန့်ရေ။ ထမင်းတူတူချက်စားခရေ သူငယ်ချင်းတိကိုလဲ အောက်မိန့်ရေ။ ဖယောင်းတိုင် ဖေချာ့နဲ့ရှီခိုးခရေ အိမ်ဘေးနားက အဘိုးရှင် အဘောင်ရှင်တိကိုလဲ အောက်မိန့်ရေ။ မုန့်ဖိုးဖေချာလိုက်တောင်းခရေ ဆရာ ဆရာမတိကိုလဲ အောက်မိန့်ရေ။ မေယူမြစ်နံဘေးက မီးပုံးတိနဲ့ကျက်သရေရှိနိန်ရေ စေတီတောင်ကိုလဲ အောက်မိန့်ရေ။ လူကြီးလူငယ်တိနဲ့ စည်ကားနိန်ရေ ဇာတိမြီကိုလဲ အောက်မိန့်ရေ။

တန်ဆောင်မုန်းလပြည့်ညမှာ ဇော်ဂျီဖော်စပ်တေ မိုင်းဇလီကိုစားကေ အသက်ရှည်ရေလတ်။ဇော်ဂျီဖော်စွာကိုမစားရလို့ မြန်မာဆိုင်က နန်းဆီနဲ့သုပ်ထားရေ မိုင်းဇလီကိုစားပစ်ခီယင့်။ Market ကအုန်းသီးဝယ်ပနာ သူများအိမ်ကခိုးထားရေ အုန်းသီးရည်မှတ်ပနာ သောက်ပစ်ခီယင့်။ လရောင်ကို အသေအချာမခံစားရဘဲ မြို့ပြမီးအလင်းရာင်နဲ့ ရှိနိန်ရေ တန်းဆောင်မုန်းလပြည့်ည နောက်ထပ်ဇာနည ကြုံရဖို့သိ့လဲ။
ပြီးလားပြန်ယာ တန်းဆောင်းမုန်း လပြည့်ညတစ်ည။ အခန်းထဲကနိန် အကျွန့်နှလုံးသား ရှိနိန်ရေနိန်ရာကို မျှော်ပနာလွမ်းမိပါယင့်...

မတောင့်တပါဗျာလ်...

မအောက်မိန့်ပါဗျာလ်...

(10/11/2011 Thursday )

Sunday, November 6, 2011

တစ်ရာသီ


 


မိုးရာသီကိုရူးရူးမှုးမှုး ဖြစ်နိန်ရေငါ
ကံ့ကော်ပန်းကြိုက်လို့ နင့်ပါးစပ်မှာ အရူးလတ်
ကဗျာမဆန် စာမဆန်
နင်ပီးခရေ မျောက်ရုပ်
ငါ့အိပ်ရာဘေးမှာ ရှိနလီယင့်

ဘ၀ပါ နှလုံးသားပါ
တတည့်ကျအောင်
နင်သုံးခရေ လက်နက်က
ကကောင်းပြင်းထန်ခရေ

တိုက်ဆိုင်လိှု့ရှိခကေ
ကံ့ကော်ပွင့်ရေ အချိန်မှာ မိုးရွားခကေ
ငါ့ကို နင်အတွက်ပေါ်လီဖို့လား
နင့်အတွီးတိရှိနိန်ရေ မွီင်္းရပ်မြီမှာ
ငါ့စိတ်တိလဲ ရှိလီရေ

ဒေမိုးတိလဲ ငါ့ကိုနှိပ်စက်လွန်းရေ
ဖြစ်နိုင်ကေ ငါ့အလွမ်းတိ အချစ်တိကို
Discount ချပြီးရောင်းပလိုက်ချင်ရေ
နင့်အတွက် အသုံးမ၀င်ပါ
အသုံးမ၀င်ရေ ဒေချင့်တိကို
ငါဇာလုပ်သင့်လေ

တစ်သက်လုံး မ၀ီးပါလို့
အတွီးတိနဲ့ ပျော်နိန်ခရေငါ
အိပ်မက်တိပိုင် လွင့်စိုင်လခဗျာလ်

နင့်နဲ့ငါ့ကြား တစ်ရာသီ
ဒေတစ်ရာသီ တစ်ရာသီတည်းရာ
နင့်မျက်ဝန်းကို ငါပိုင်ဆိုင်ခရေအချိန်....




Saturday, November 5, 2011

ပျော်ရွင်မှုတိနဲ့ အချစ်အဓိပ္ပါယ်

နောက်ဘ၀တိတွက်ပါ ဇရန်တင်ပြီး နင့်နဲ့ချစ်လားခွင့်ပြုနန်း

၁ - သူ့အလှကြောင့် မဟုတ်ဘဲ အချစ်တိကြောင့် သူလှနိန်စွာကို အချစ်လို့ခေါ်လား။

၂ - အန္ဒာရာယ်တွီ့ရေ အချိန်ခါ ကိုယ့်ရှီ့က ထထီးမမားရင်ဆိုင်ပီးနိုင်စွာကို အချစ်လို့ခေါ်လား။

၃ - အားငယ်နိန်ရေ အချိန်ခါ ကိုယ့်လက်ကို ကိုင်ပနာ နွီးထွီးမှုပီးနိုင်စွာကို အချစ်လို့ခေါ်လား။

၎ - ဇာပင်လုပ်လုပ် အပြစ်မမြင်ဘဲ ရှိနိန်စွာကို အချစ်လို့ခေါ်လား။ 

(ဒေချင့်ကို မျက်ကန်းအချစ်လို့ထင်ရေ)

၅ - သောကတိနဲ့ စိတ်ဖီးစီးမှုများနိန်ရေအချိန်ခါ အမိအဖတိပိုင် ရင်ခွင်ထဲမှာ အီးချမ်းရေ   ကြင်နာမှုတိနဲ့ နှစ်သိမ့်မှုပီးနိုင်စွာကို အချစ်လို့ခေါ်လား။

၆ - တွဲထားရေလက်ကို အလွယ်တကူ မဖြုတ်ချစွာကို အချစ်လို့ခေါ်လား။

၇ - ကိုယ့်မေတ္တာက သူ့တွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စော်ကို အချစ်လို့ခေါ်လား။

၈ - ဇာစာအုပ်တိလဲ ဖတ်စရာမလိုဘဲ အချစ်အကြောင်းတိ သူ့တွက်ဆိုကေ အများကြီးပြောတတ်လာစွာကို   အချစ်လို့ခေါ်လား။

၉ - အိပ်ရာနိုးရေအချိန်ခါ သူ့အကြောင်းကို စိုင်းစားမိလိုက်လို့ ကမ္ဘာကြီးလှပနိန်စွာကို အချစ်လို့ခေါ်လား။

၁၀- အထီးကျန်တိုင်း သူ့ကိုအတွက်ပေါ်စွာကို အချစ်လို့ခေါ်လား။

၁၁- သူပို့ထားရေ Message ကို အကြိမ်ပေါင်းမနည်း ဖတ်မိစွာကို အချစ်လို့ခေါ်လား။

၁၂ -အရူးတိပိုင် တစ်ယောက်တည်း ပြုံးမိစွာကို အချစ်လို့ခေါ်လား။

၁၃- အရင်ထက်ပို Smart ကျချင်လာစွာကို အချစ်လို့ခေါ်လား။

၁၄- Expiry Date မရှိစွာကို အချစ်လို့ခေါ်လား။

၁၅- ကိုယ့်ဘ၀တစ်ခုလုံးကို ပုံပီးဝံ့စွာကို အချစ်လို့ခေါ်လား။


ပန်းပွင့်တိုင်းမှာ လိပ်ပြာတစ်ကောင် ရှိတတ်တေ။ 

ကိုယ်ကဇာလောက်ပင် အရုပ်ဆိုးနလီပါတ်စီ အထီးကျန်နလီပါတ်စီ ယင်းလိပ်ပြာချေ ကိုယ့်အနားကို အရောက်ရှာပြီးကေ လိုက်လာလိမ့်မယ်.....





Friday, November 4, 2011

လူ

ဇာကို "လူ" လို့ခေါ်လေ။ ဒေအသက်အရွယ် ရောက်နိန်ဗျာလ် "လူ" ဆိုရေ အဓိပါယ်ကို မသိသိ့။ လှန်ကြည့်ဖို့ အဘိဒန်လဲ ၀ယ်လို့မရ။ ဒေပင်လယ်ကို လက်ပစ်ကူးလီမှ ကကောင်းသိလားဖို့ထင်ရေ။ ရီကူးသင်ဖို့ ဆရာကောင်းကောင်းတစ်ယောက် ရှိရဖို့သိ။ မဟုတ်ဘဲနဲ့ ရီကူးဝတ်စုံ ၀ယ်ပနာ တစ်ခုကိုလဲ မကြည့်ဘဲနဲ့ မျှောနီရဖို့လား။
ဘ၀အကြောင်း စိုင်းစားကြည့်လိုက်ကေ အပျိုဖြန်းချေတိပိုင် ရင်ခုန်နှုန်းတိ မြန်လာရေ။ ပျစ်စုပန်မှာ ထိုင်နိန်ပနာ မမြင်ရသိရေ အနာဂါတ်တွက်လဲ စိတ်ပူရေ။ ပြီးလခရေ အတိတ်တွက်လဲ နောင်တတိကို ပိုင်ဆိုင်ထားသိယင့်။ ကိုယ့်စွာကိုယ်လဲ "မသိယာ မသိယာ" လို့ရာ ဇာနှစ်ခေါက် သက်ပြင်းချမိလေမသိ။

"ဘ၀အကြောင်း ကောင်းမစိုင်းစားကေ့, ဒေဇာတ်ခုံမှာ ကျရေနိန်ရာက တာဝန်မထမ်းဆောင်ကေ လိုချင်စွာကို ရအောင်ယူဖို့ အားထုတ်ရကတ်ဖို့"လို့ အရီးမတစ်ယောက် ဆုံးမခရေ။ လူတစ်ယောက်ဘ၀နဲ့ တစ်ယောက်ဘ၀မတူစွာကို အပြစ်ပြောလို့မရ။ ကုသိုလ်ကံလဲ တစိတ်တပိုင်းပါရေပိုင် ၀ီရိယလဲရာခိုင်နှုန်း အပြည့်နီးပါးလိုအပ်တေ။ ကြားဖူးရေ ဆောင်ပုဒ်ချေတစ်ခုကို လားအတွက်ပေါ်ခီယင့် ဆင်ပတုံးကိုစမ်းမိရေလူက ဒေချင့်ကမြွီပိုင်လို့ပြောဖို့။နောက်ကုန်းကိုစမ်းမိရေလူက ချောနိန်ရေလို့ပြောဖို့။ ဆင်တစ်ကောင်ကို မျက်မမြင်ရေ လူတိစမ်းပနာ ဝေဖန်ရေပိုင် ဘ၀ဆိုစွာလဲ ယပိုင်ယာ။ ကိုယ်ကိုင်မိရေအတိုင်း ခံစားရကတ်ဖို့စွာရာမနား။

ဒေနိန့် နိန်မကောင်းလို့ ခွင့်ယူလိုက်တေ ဆီးခန်းကိုမလားချင်ဘဲနဲ့ လားခီရရေ။ ဆီးခန်းနားက Food Court ကိုရောက်တေခါ ဆိုင်မှာလုပ်နိန်ရေ တရုတ်မနဲ့တူရေ မမတစ်ယောက် အကျွန်နဲ့ ဘေးကပါလာရေအဖော်ကို စိုက်ပနာကြည့်နိန်ရေ။ စိတ်ကလဲ ဒေမမကို မြင်ဖူးရေပိုင်တွီ့ရေ။ ဇာနားမှာ တွီ့ခလဲ စိုင်းစားရေ စိုင်းစားလို့မရ။ ဒေကုတလော အသက်အရွယ် ကြီးလာလို့ထင်ရေ ဦးနှောက် ဗြုန်းခနဲဆိုကေ လုံးဝစိုင်းစားလို့မရယာ။ ဆီးခန်းက ပြန်လာရေခါ အိမ်မှာချက်ထားစွာ တစ်ခုလဲမရှိလို့ ယင်းဆိုင်တန်းထဲက တစ်ဆိုင်မှာ ၀င်စားဖြစ်တေ။ ထမင်းမှာပြီးရေခါ အအီးသောက်ဖို့ ယင်းမမက အနားကိုလာပနာ ဇာသောက်ဖို့လဲ ဆိုပနာလာမိန်းရေ။ အအီးပီးပြီးရေခါ အနားက မခွါလီယာ။ ထမင်းစားနိန်စွာကို ထိုင်ပနာကြည့်နိန်ရေ။ထူးဆန်းရေ တစ်မျိုးလို့ အနားက ထွက်မလားလီမြင်ယင့် Customers တိတွက် ဒေချင့်က မကောင်းလို့ ဘေးကအဖော်ကို ပြောမိရေ။

ယေခါ ယင်းမမက ဗမာစကားနဲ့ မဟုတ်တစ်မျိုးမထင်ကေ့ ကိုယ့်မြန်မာလူမျိုးဖြစ်လို့ ကြည့်နိန်စွာလတ်။ ယင်းခါမှ ကောင်းကောင်းအားနာလားရေ။ အော်ဒေမမစွာ ဘုန်းကြီးကျောင်းမှာ မှတ်မှတ်ရရသိလိုက်တေတစ်ယောက်ရာမနားယေလို့ သတိရလာရေ။ ဒေအတိုင်းနိန်ကေတောင် ခါးကပေါ်ရေ နောက်ကုန်းဗလာကျင်းအင်ကျီ ပေါင်တစ်ပိုင်းလောက်ရာရှိရေ စကပ်နဲ့ လုံးဝမအပ်စပ်တေ အ၀တ်အစားကို ၀တ်ထားလို့ ဘုန်းကြီးကျောင်းမှာရှိသမျှ လူတိုင်း သူ့ကို သတိထားမိလားကတ်တေ။ နိုင်ငံခြားမှာနိန်ပြီးကေ အမြင်ကျဉ်းနိန်စွာတောင် မဟုတ်။ နေရာ ဒေသအလိုက် ၀တ်တတ်ဖို့လဲ လိုအပ်တေ။ အော် ဒေချင့်လဲ ပေါ်ပြူလာဖြစ်အောင်လုပ်တေ တနည်းရာမနားယေလို့ ယင်းခါတောင် အတွေးတစ်ချက် ၀င်လိုက်သိ့ရေ။
အစ်မရို့ ဇာလုပ်စွာလဲ စာရင်းကိုင် အင်ဂျင်နီယာတိလားလတ်။ သူမိန်းရေ မိန်းခွန်း စိတ်မကောင်းဖြစ်မိရေ။ အကျွန်ရို့ထက် ကြီးဖို့ပုံပေါက်တေ ယကေ့လေ့ လေးစားမှုနဲ့ထင်ရေ မမလို့ခေါ်ရေ။ ညိုးငယ်နိန်ရေ သူ့မျက်လုံးက ဒေလူတိရင်ကိုထိလားရေ။ အင်း သေချာစွာတစ်ခုက အလုပ်ဟူသမျှ ဂုဏ်ရှိရေဆိုစွာကို သူမိန့်ထားရေထင်ရေ။

ဒေကို လာရေ လူတိအများကြီးနဲ့ သူဆက်ဆံရရေ။ အချေ အကြီး ၀ါကျီး ၀ါကျီးမ ကအစ နှာဘူးတိနဲ့လဲ ဆက်ဆံရရေလို့ ကံမကောင်းလတ်။ လူတိနဲ့ ဆက်ဆံနည်း သူအတွီ့အကြုံက ပီးနိန်စွာကို သူကအရိပ်မကျ။ သူပြောရေ အဆင်မြင့်မြင့်နဲ့ အေးကွန်ရှိရေ ရုံးခန်းမှာ လုပ်ရစော်မှန်ရေ။ Pressure ဆိုစွာကို သူမတွီ့ဖူးသိလို့ထင်ရေ။ ဇာပင်ပြောပြော အလုပ်တိုင်းမှာ Pressure ရှိစွာရာ။ ကိုယ်လစာ ဇာလောက်ယူထားလေ ယူထားရေ အလျှောက် ပီးဆပ်ရကတ်စော်မနား။ တစ်ချို့ အလုပ်တိဆိုကေ လစာနဲ့ မတန်မရာ ခိုင်းပနာ တစ်ချို့အလုပ်တိက သက်သာရေ။ အားလုံးသူက ၀မ်းရေးဖှုံလှုံဖို့တွက် ဆင်ကိုယ်ကို စမ်းမိစမ်းရာ စမ်းနိန်ကတ်တေ။ စိတ်မညစ်ကေ့ ကိုယ့်ထက်ဆိုးရေ လူတိ လောကမှာ အများကြီးလို့ ဖြစ်နိုင်ကေ အလုပ်ပြောင်းဖို့ ကြိုးစားလို့ နှုတ်ဆက်ခရေ။ ယင်းမမလဲ ကျားယို ကျားယို(အားတင်းထား အားတင်းထား)လို့ ပြောပနာ အနားကထွက်လခရေ။ အင်း သူပြောစွာလဲမှန်ရေ။ အနာဂါတ်အတွက် အကျွန်လဲ ကျားယိုရဖို့သိမနားယေ။

မီးပွိုင့်နီ နိန်စွာကို မစောင့်နိုင်လို့ SHIT လို့တစ်ယောက်တည်း ပြောနိန်ရေ လူတစ်ယောက်ကိုလဲ တွီ့ခရေ။ ဓါတ်လှေကားက အထွက်ကို မစောင့်နိုင်ဘဲ ၀င်လားခရေ ၀ါဂျီးတစ်ယောက်ကို စည်းကမ်းမရှိလို့ ပြောနိန်ရေ လူတစ်ယောက်ကိုလဲ တွီ့ခရေ။ Mall ထဲမှာ အရှီ့ကကိုယ် Queue နိန်ယင့်သားနဲ့ ကိုယ်ရှီ့က ဖြတ်လုခရေ လူတစ်ယောက်ကိုလဲ တွီ့ခရေ။ အော်လူတိလူတိ ဒေလောက်နိန်လာကတ်ယာ သီဖို့လဲ စက်ကန့်နဲ့ အမျှနီးကတ်လာရေ ယင်းချင့်တောင် မစောင့်နိုင်ကတ်။
မဟုတ်ဘဲနဲ့ မိန့်ကွန်ဆောင်နိန်ကတ်စွာရှိဖို့။ ယင်းအထဲမှာ အကျွန်လဲ ရှီ့ဆုံးက ပါလီဖို့။ လူအမျိုးမျိုး စိတ်အထွေထွေ။ ဇာချင့်ကို လူလို့ သတ်မှတ်ရဖို့လဲ မသိယာ။ အားလုံးသူက နှလုံးတုနဲ့ အသက်ရှင်နိန်ကတ်တေ စက်ရုပ်တိပိုင်ဗျာလ်.....




Thursday, November 3, 2011

နားလည်ပီးပါ

ဇာပင်ဖြစ်ဖြစ် ငါ့ကိုနားလည်ပီးနန်း

အင်းငါလား စိတ်ပုပ်တေ
မဟုတ် အရာလူတိကိုပီးလိုက်ကေ
ငါ့မှာနည်းလီဖို့နန်းရာ
ယကေ့လေ့ ငါ့ကိုနားလည်ပီးနန်း

အင်းငါလား သူများအကျိုးမငှဲ့ဘဲ အတ္တကြီးရေ
မဟုတ် ငါ့ကိုယ်ငါချစ်စွာရာ
ယကေ့လေ့ ငါ့ကိုနားလည်ပီးနန်း

အင်းငါလား မလှု
မဟုတ် သူရို့တိက အလုပ်မလုပ်လို့ ဆင်းရဲစွာ
ဇာဖြစ်လို့လှုဖို့လဲ ငါ့ချွေးတိနဲ့ရှာထားရရေ ဖေ့ချာတိ
နမြောဖို့ကောင်းရေ
ယကေ့လေ့ ငါ့ကိုနားလည်ပီးနန်း

အင်းငါလား ဆရာခံစော်
မဟုတ် သူရို့ပြောစွာတိကိုဂျေးယာ နားမထောင်ချင်လို့
ယကေ့လေ့ ငါ့ကိုနားလည်ပီးနန်း

အင်းငါလား ၀ါရေ
မဟုတ် ငါ့ကိုအထင်သေးလားလတ်မေ ကြောက်လို့ပြောမိစွာရာ
ယကေ့လေ့ ငါ့ကိုနားလည်ပီးနန်း

အင်းငါလား အရိပ်အကဲ နားမလည်
မဟုတ် သူရို့တိလုပ်စွာကို မစောင့်ချင်လို့ရာ
ယကေ့လေ့ ငါ့ကိုနားလည်ပီးနန်း

အင်းငါလား ကိုယ်ချင်းစာတရားမရှိ
မဟုတ် ယင်းလူတိကို ခခယယ မပြောချင်လို့ရာ
ယကေ့လေ့ ငါ့ကိုနားလည်ပီးနန်း

အင်းငါလား
မကောင်းစွာတစ်ခုလဲမရှိ
အားလုံး လူများထက်ကောင်းရေ
ယကေ့လေ့ ငါ့ကိုနားလည်ပီးနန်း...



Wednesday, November 2, 2011

တနိန့်အရောက် လာလတ်မေ


ဝိုးတ၀ါးကြယ်ချေတိ မမှိတ်မသုန်နဲ့
သူ့ရို့တာဝန်ကို ကျီအောင်ဆောင်ရွက်နိန်ကတ်စွာကို
အလုပ်ကပြန်လာတိုင်း မြင်ရရေ
လစန္ဒာရာ သူရို့အမင်ဆိုကေ ပျော်ဖို့ကောင်းရေပင်
အမင့်ရင်ခွင်မှာ ခိုလှုံခွင့်ရရေ ဘ၀ ဇာနဲ့လဲ လှဲလို့မရ...

မြို့ပြဂုဏ်ဒြပ်တိအောက်မှာ စည်းစိမ်တိနဲ့
သူရို့တိတွက် သာယာနိန်ရေထော
စိတ်ဖီးစီးမှုတိ ဒဇိုင်းမျိုးစုံနဲ့
နိန်ရာတိုင်းက ထိုးနက်နိန်ကတ်တေ...

Man-made တိနဲ့တန်ဆာဆောင်ထားရေ နိန်ရာမှာ
အကျွန့်ရင်က ကန္တာရသက်သက်ပါ
မျှော်လင့်ခြင်းတိ တပုံတခေါင်းနဲ့
ဆာလောင်နိန်ရေ ကြင်နာမှုတိကို ကျောခိုင်းပနာ
အိမ်လွမ်းရေ မျက်ဝန်းတိကို ၀ှက်ကွယ်ထားမိရေ...

ရိုသေကိုင်းရှိုင်းမှုနဲ့ ဂါရ၀တရားတိ
အရောင်ပင် ရှာမတွီ့ကာ
ဟန်ဆောင်မှုတိအောက်က မျက်နှာဖုံးတပ်ထားရေ
ပကတိမျက်နှာတိကိုလဲ တွီ့ခရယင့်...

စုတ်ချက်ဆွဲမကောင်းလို့ ဖြစ်ပျက်နိန်ရေ
ပန်းချီးကားတစ်ချက်ပိုင်
ကြည့်ပျော်ရူပျော်တောင် မဖြစ်တေ
ဒေဘ၀ကို ရုန်းကန်ရင်း
နက်ဖြန်ထဲက တစ်ရက်မှာ
ရောက်အောင်ပြန်လာလတ်ပါမယ်........