Pages

Sunday, February 12, 2012

မွီးရကျိုးနပ်ယင့်

အလုပ်ကပြန်လာရေ သားက ၀မ်းဆဆာနဲ့ ထမင်းစားခန်းထဲကိုဝင်ပါလတ်တေ။
သားက ဟင်းရည်တစ်ခေါက် မြည်းကြည့်လိုက်စွာနဲ့

သား - အမိမှာ ဟင်းရည်ကလဲ ဆားငန်လိုက်တေပင်။
အမိ - ဒေနိန့် ငါနိန်မကောင်းလို့ ထမင်းမချက်လိုက် နင့်မယားချက်စွာ
သား - အင်း ထမင်းနဲ့စားလိုက်ကေ ကွက်တိယာမနားယေ အမိ။ (အမိမျက်စောင်း, မယားအပြုံး)

ဘ၀အညောင်းတိကို ရယ်စရာတိနဲ့ ဖြေဖျောက်ကတ်ပါမေ။

Saturday, February 11, 2012

အမိကိုချစ်တေ သား

လက်ဘက်ရည်ဆိုင်တစ်ဆိုင်မှာ ထွန်းဦးနဲ့ သာထွန်းဆိုရေ သူငယ်ချင်းနှစ်ယောက် အမိကိုဇာလောက်ချစ်ကြောင်း တစ်ယောက်ကို တစ်ယောက်အားကျမခံ ပြောနိန်ကတ်တေ။

ထွန်းဦး -ငါလေ လောကမှာ မမ နှစ်ယောက်ကိုရာချစ်ဖူးရေ။
သာထွန်း -ဇာသူလေ။
ထွန်းဦး -အမိနဲ့ မယားမလားယေ။
သာထွန်း -မင်း အမိကိုချစ်တေ သားဆိုမနားတနားက။ ဒေကု ဇာက မယားနာမည်ဘာ ပါလာလေ။
ထွန်းဦး -အူးမင်းကလဲ ငါ အမိ့ကိုဇာလောက်ချစ်လေဆိုစွာ မင်းသိလို့လား။
သာထွန်း - ပြောပြပလင့်ယေ။
ထွန်းဦး -အသီးအနှံဝယ်ကေတောင်မှ အမိကိုအကြီးပီးရေ မယားကိုအငယ့်ချေရာပီးရေ။
သာထွန်း -အူးမင်းကဝေ အမိကို အကြီးပီးရေဆိုကေ အလှပ သားလိမ္မာမနားကု ။ ဇာအသီးလဲဝယ်ပီးစွာ။
ထွန်းဦး -ရှာက်သီးနဲ့ စပျစ်သီး။

ရယ်မောရင်း ဘ၀အညောင်းချေတိ ပြေနိုင်ကတ်ပါစီ။

Thursday, February 9, 2012

"မေယူတောင်နဲ့ မေယူမြစ်"



"မေယူတောင်နဲ့ မယူမြစ်" လတ်
ခွဲပြောလို့ မရရေ ဒေစကားနှစ်လုံး
ပေါက်စချေခါကပင် နားထဲမှာ
ပဲ့တင်ထပ်နိန်ရေ...

"နီ" တနိန့်ကုန်ဆုံးပြီးတိုင်း
ပင်လယ်ကိုလဲ ငါမဆင်း
ဒေမေယူတောင်အောက်မှာ ငါနစ်မြုပ်နိန်စွာလဲ
သက္ကရာဇ်မနည်းယာ...
 

ဖြာထွက်နိန်ရေ ပုစွန်ဆီရောင်
နီရောင်ခြည်က မေယူမြစ်တစ်ခုလုံး
အသက်သွင်းနလီယင့်...
 

အံမခန်းလှရေ ဒေဆည်းဆာချိန်ကို
နောက်တစ်ခါထိုင်ကြည့်ဖို့ အခွင့်အရေးက
ဇာအချိန်ခါလေ နက်ဖြန်ခါလား
အနာဂါတ်ထဲက တစ်နိန့်နိန့်မှာလား
မရေရာ မသေချာမှုတိနဲ့
ငါလှမ်းနိန်ရေ ခြီလှန်းတိက
တစ်ရာသီပြီးဆုံးတိုင်း ဒယိုင်းဒယိုင်ဖြစ်ပါလတ်ဗျာလ်....


Monday, February 6, 2012

ကြွက်တက်လာကေ

လူပျို အပျိုချေတိကြားမှာ နိန့်စိုင်ကြုံတွီ့နိန်ရရေ ကျန်းမာရေးနဲ့ပက်သက်တေ ပြသနာတစ်ခုဖြစ်တေ "ကြွက်တက်လာကေ" ဆိုရေကြောင်းချေကို ဒေါက်တာမြင့်ဦး (ဂျီပီ) ကနိန် ဆယ်ကျော်သက် မဂ္ဂဇင်းမှာရီးပြထားခြင်းဖြစ်ပါရေ။


ကြွက်တတ်စွာကိုခံစားဖူးရေလူတိက ခြီသလုံးကြွက်သားကနိန် ဗြုန်းခနဲတောင့်တင်းဖောင်းကြွ လုံးကျစ်လာပနာ တပျင်းနာပြီးကေ ရုန်းမရရွ့မရ အခြေအနေလို့ ပြောဆိုကတ်ပါရေ။ (ကြွက်တစ်ကောင် ခန္ဓာထက်ကို ပြီးတက်လာစွာမဟုတ်ပါ။) လူ့ခန္ဓာကိုလှုပ်ရှားနိုင်ဖို့ မာဆယ်လို့ခေါ်ရေ ကြွက်သားတိက ကျုံ့လိုက်ဆန့်လိုက် ပြုလုပ်ပီးကတ်ရပါရေ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြွက်သားပေါင်း ၆၄၀ ကျော်ရှိပါရေ။ ကာယဗလမောင်တိ ကိုယ်ဟန်ပြရေခါ အမြှောင်းအမြှောင်းထနိန်ရေ ကြွက်သားဆိုင်တိကို တွီ့ရနိုင်ပါရေ။ အပြင်ပိုင်းကနိန် မြင်ရရေ ကြွက်သားတိစွာ ကိုယ်တွင်းကအရိုးမှာ ကပ်နိန်ကတ်တေ။ တချို့ကြွက်သားတိက အရိုးမှာတွယ်ကပ်လို့မရှိကတ်။ ဥပမာ-နှလုံး၊ အစာအိမ်၊ အူ၊ ဆီးအိမ်နဲ့ သားအိမ် ရို့ဖြစ်တေအင်္ဂါတိမှာလည်း ကြွက်သားတိရှိနိန်ပါသိ့ရေ။ နှလုံးခုန်နိုင်ဖို့၊ ဆီးလားနိုင်ဖို့၊ အစာချေဖျက်နိုင်ဖို့စရေ လုပ်ငန်းတိတွက် ဒေကြွက်သားတိက လှုပ်ရှားပီးရပါရေ။

ဆီးပညာအရ ခန္ဓာကိုယ်ကြွက်သားတစ်ခုစွာ သူ့အလိုလိုနိန်ရင်းက တောင့်တင်း(ကျုံ့တို)လားပြီးကေ ပြန်ပနာ ဖြီလျော့လို့မရရေ အခြေအနေကို ကြွက်တက်တေလို့ခေါ်ခြင်းဖြစ်ပါရေ။ အရိုးမှာကပ်နိန်ရေ ဇာကြွက်သားမဆို ကြွက်တက်လာနိုင်ပြီးကေ အဆစ်တစ်ခုကိုဖြတ်သန်း တည်ရှိနိန်ရေ ကြွက်သားတိမှာ ပိုပနာဖြစ်တတ်ပါရေ။ ဂယ်စထရိုနီးမီးယပ်စပ်လို့ခေါ်ရေ ခြေသလုံးကြွက်သား၊ ပေါင်နောက် (ဟမ်းစထရင်း) ကြွက်သားနဲ့ပေါင်ရှီ့ (ကွာဒရီဆက်) ကြွက်သားတိအပြင်၊ ခြေဖ၀ါး၊ လက်ဖ၀ါး၊ ၀မ်းနဲ့ နံရိုးကြားက ကြွက်သားတိလဲ ကြွက်တက်နိုင်ပါရေ။ အရိုးမှာကပ်မနိန်ရေ ကိုယ်တွင်းက အစာအိမ်ကြွက်သား၊ အူကြွက်သား၊ သားအိမ်ကြွက်သားတိလဲ ကြွက်တက်တတ်ပါရေလတ်။

ဇာပိုင်အခြေအနေမျိုးမှာ ကြွက်တက်လေ့ရှိလေ


ဇာကြောင့်ကြွက်တက်ရလေ ဆိုစော်ကို တိတိကျကျမသိရှိကတ်သိပါ။ လေ့ကျင့်ခန်းတိ လိုအပ်စွာထက် ပိုပနာလုပ်ပလိုက်လို့ ကြွက်သားတိ အလွန်အမင်း ညောင်းလားရေခါတိနဲ့ တပျင်းပူရေအချိန်တိ၊ ချွေးတပျင်းထွက်တေခါ ခန္ဓာကိုယ်ထဲက ဓာတ်ဆားတိ ကုန်ပနာ ပိုတက်ဆီယမ်ဓာတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်ဓာတ်တိ လျှော့နည်းလားရေ အချိန်တိမှာ ကြွက်တက်လာနိုင်ပါရေ။ ဆီဆေးတိ အသောက်များပနာ ကြွက်တက်လာရေလူတိရှိရေပိုင် အထက်လန်အောက်လျှော တရပ်စပ်ဝမ်းလားနိန်ရေ လူမမာတိမှာလဲ ကြွက်တက်လာ တတ်ပါရေ။ ဘီတာမင် B1 B5 နဲ့ B6 လျှော့ကေလဲ ကြွက်တက်တတ်တေလို့ ဆိုကတ်ပါရေ။ ကိုယ်ဝန်ဆောင်မိခင်၊ ကျောက်ကပ်ရောဂါ အခံရှိရေလူ၊ လည်ပင်းသိုင်းရွက်ရောဂါရှိရေလူတိနဲ့၊ ခြီလှုပ် လက်လှုပ်၊ ဒူးနှန့်ပေါင်နှန့် စိတ်ဂနာမငြိမ်တတ်တေ လူတိမှာ ပိုပနာ ကြွက်တက် တတ်တေလို့သိရှိထားကတ်ပါရေ။ စာအချိန်အကြာကြီး ဖတ်နိန်စွာကနိန် လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်တိ တောင့်တင်းလာပနာ ကြွက်တက်လာရစွာကို လက်ကပ်တေလို့ ခေါ်ဆိုကတ်ပါရေ။ တစ်ခုခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရလို့ ယပိုင်မဟုတ်ကေ တူထုနိန်ရင်းကနိန် လက်ဖ၀ါးကို ဖြန့်လို့မရဘဲ တောင့်တင်းလာပနာ ကြွက်တက်လာစွာမျိုးကို လက်အံသီရေလို့ ပြောကတ်ပါရေ။ အကြာကြီးဆောင့်ကြောင့်ထိုင် ယပိုင်မဟုတ်ဘဲနဲ့ ကျုံ့ကျုံ့ထိုင်နိန်ရရေအခါမှာ ခြီဖ၀ါးတောင့်တင်း ကြွက်တက်လာစွာကို ခြီဖ၀ါးကပ်တယ်လို့ ဆိုကတ်ပါသိရေ။ ပြီးပနာကစပ်နိန်စွာ၊ ရီကူးနိန်စွာ၊ ဂေါက်ရိုက်နိန်စွာကနိန် ကြွက်တက်ရေလူတိရှိရေပိုင် ထိုင်နိန်ရင်း၊ လမ်းလျှောက်နိန်ရင်း၊ တစ်ချို့လူတိဆိုကေ အိပ်နိန်ရင်းကနိန်တောင် ကြွက်တက်နိုင်ပါသိရေ။

ကြွက်တက်လာကေ ပြုစုဖို့နည်းလမ်း


ကြွက်တက်လာကေ စက္ကန့်အနည်းချေကနိန် ဆယ့်ငါးမိနစ်အထိကြာနိုင်ပနာ သူ့အလိုလိုပျောက်လားတတ်ပါရေ။ မခံနိုင်အောင် နာရေအတွက်နဲ့ ရှေ့ဦးပြုစုပီးဖို့လိုအပ်ပါရေ။ အိပ်နိန်ရင်းကနိန် ခြီသလုံးကြွက်တက်လာခကေ လူနာကိုပက်လက်ထားပနာ ခြီထောက်တစ်ချောင်းလုံးကို ဆွဲဆန့်ပီးရပါရေ။ ခြီချောင်းတိကို ဒူးမကားစီဘဲ နဖူးဖက်ကို ပါးလာအောင် ဆွဲတင်ပီးရပါဖို့။ တောင့်နိန်ရေ ကြွက်သားထက်ကို နူးနူးညံ့ညံ့ ညညင်သသာချေ ဖျစ်ပီးလို့ရပါရေ။ ကြွက်သားတိကို အမြှောင်းလိုက် ဆွဲဆွန့်ပီးရပါဖို့။ ကြွက်တက်နိန်ရေ ကြွက်သားထက်ကို ရီနွီးအိပ်ကပ်ပီးလို့လဲရပါရေ။ နာကြင်ပနာယောင်ယမ်းနိန်ရေ ကြွက်သားတိကို ရခဲအိပ် ကပ်ပီးရပါရေ။ ကြွက်သားကို ထုစွာတိ မလုပ်ရပါ။ ခန္ဓာကိုယ်ထဲကို အောင်စီဂျင်ပိုရအောင် အသက်ပြပြင်းရှူခိုင်းဖို့လိုအပ်ပါရေ။ ယေပြီးနာ ရီတိ၊ ဓာတ်ဆားရည်တိ သောက်ခိုင်းလို့လဲရပါရေ။ ပိုတက်ဆီယမ် ဓာတ်တိပါဝင်ရေ ငပျောသီး၊ အာလူးနဲ့ ဆီးသီးခြောက်၊ စပျစ်သီးခြောက် တိကိုလဲစားခိုင်း မှုံထားခိုင်းလို့ရပါရေ။ မီးယပ်သွီးပေါ်ချိန်မှာ ဖြစ်တတ်တေ သားအိမ်ကြွက်သား ကြွက်တက်စွာကိုကျကေ ဆီးခုံထက်မှာ ရနွီးအိတ်နဲ့ ကပ်ပီးနိုင်ပါရေ။ ရနွီးစပ်ပနာ ရီချိုးခိုင်းစွာနဲ့ အကိုက်အခဲပျောက်ဆီးတိကိုပါ တွဲပနာ သောက်ကတ်ရပါရေ။ သာမန်ပြုစုမှုတိနဲ့ မပျောက်နိုင်ရေ လူတိနဲ့ အမြဲတမ်း ကြွက်တက်နိန်ရေ လူတိကိုကျကေ ကျောရိုး နဗ်ကြောအကြီးထက်မှာ ဖိအားဒဏ် ခံစားနိန်ရစွာ ရှိမရှိ ကျောရိုးကျဉ်းရောဂါ၊ အသည်းခြောက်ရောဂါ ရှိမရှိကို စမ်းသပ်ဖို့၊ လိုအပ်တေတွက်နဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုအပ်ပါရေ။

ကြွက်မတက်အောင် ကာကွယ်နည်း


ကြွက်တက်လေ့ရှိရေ ကြွက်သားတိကို နူးညံ့ရေ(သွီးပူ) ဆွဲ့ဆန့်လေ့ကျင့်ခန်းတိ ပြုလုပ်ပီးနိုင်ပါရေ။ အိပ်နိန်စွာကနိန် ခြီသလုံး ကြွက်တက်တတ်တေ လူတိတွက် ခြီဆန့်ထုတ်ရရေ လေ့ကျင့်ခန်းတိကို ပြုလုပ်ပီးဖို့ လိုပါရေ။ ထိုင်လို့ပင်ဖြစ်စီ၊ ပက်လက်လှန်လို့ပင်ဖြစ်စီ၊ ခြီထောက် စက်သီးစီးလေ့ကျင့်ခန်းကို ၅မီနစ်လောက် လုပ်နိုင်ပါရေ။ ခြီဖ၀ါးကို ပဆိုးမရှုံရလို့ဆိုပါရေ။ တရက်ကို ရီ ၆ ခွက်ကနိန် ၈ ခွက်ထိ သောက်ပီးရပါဖို့။ ကယ်လစီယမ်ဆီပြား၊ မဂ္ဂနီစီယမ်ဆီးပြားတိ သောက်လို့ရပါရေ။ ဗီတာမင်အီနဲ့ ဘီကွန်ပလက် ဆီးပြားတိကိုလဲ သောက်နိုင်ပါသိ့ရေ။ ထိရောက်ရေ ကြွက်တက်ကာကွယ်ဆီးကတော့ခါ ကွီနင်းဆာလ်ဖိတ် ဆီးပြားဖြစ်ပါရေ။ ဒိုင်ဖင်ဟိုက်ဒြာမင်း ဆီးပြား၊ ဗီတာမင်အီး ဆီးပြား၊ ကြွက်သားလျော့ အီကွာနေး ဆီးပြား တိကိုလဲ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နိုင်စွာကို ကြွက်တက်တတ်ရေ လူပျို အပျိုချေတိတွက် ဆွေးနွေးတင်ဆက်ပီးလိုက်ပါရေ။

ဒေါက်တာမြင့်ဦး (ဂျီပီ)

-အကျွန်ကတော့ ကြွက်တက်တတ်လို့ ဒေနည်းချေတိကို လုပ်ဖြစ်ပါရေ၊

Thursday, January 19, 2012

အွင်လိုင်းထက်က ပုံရိပ်


I hate to be where she is not, when she is not. And yet, I am always going , and she cannot follow.

(Audrey Niffenegger- The Time Traveler's wife)

Thursday, January 12, 2012

ဗလာ ဘဝ


ခံစားချက်သက်သာရာ





တထွာရာရှိရေ ၀မ်းရေးတွက်
အကောင်းစား မစားကေတောင် ငါဝမ်းတင်းတုန်း...

စာနှစ်လုံးရာရှိရေ ဘဝ
မချမ်းသာကေတောင် မပူလောင်ပါ...

သဘာဝကပီးရေ အီးချမ်းမှုကို
ဖေချာ့မပီးဘဲနဲ့ ငါခံစားနိုင်သိ့ရေ...

ငါ့အရိပ်ကို ငါလုံလို့
အိုစာမင်းစာ ငါမပူပါ...

ယူလို့လဲမလာ ယူလားလို့လဲမရ
အမှန်တော့ဘ၀က ဗလာရာ...

Friday, January 6, 2012

မင်းဖတ်ဖို့


မင်း

တကယ်လို့ င့ါမျက်ဝန်းထဲမှာ
သတိရခြင်းတိ ပါနိန်ခကေ
မင်းတွက်မဟုတ်ဆိုစွာ ကြိုပြောထားမယ်
တချိန်ကငါချစ်ခရေလူစွာ မင်းမဟုတ်လို့...

အဖုံးက ရစရာမရှိအောင် စုတ်ပြတ်သတ်နိန်အုန်း
မင်းမြင်တတ်ကေ
အဓိပါယ်ရှိရေ စကားလုံးတိကို
ပြောဖို့မလိုဘဲ စာမျက်နှာထက်မှာ ဖတ်နိုင်ပါသိ့ရေ...

မင်းဘက်က အကြင်နာတရား ပျက်သုန်းလို့
ငါ့ကိုချန်ပခရေနိန့်ကပိုင်
နာမည်ကောင်းရအောင်
ရင်နာနာနဲ့ စွန့်လွှတ်ခရစွာလို့
အော်နိန်တုန်းလား...

မင်းကိုစိတ်မနာပါဘူး
ဒေကုထက်ထိ လွမ်းမိနိန်ရေ
ငါ့ကိုငါ အမြင်ကပ်မိစွာတစ်ခုရာ...

ငါ့ကိုထားခလို့ စိတ်ကျေနပ်ခကေ
မင်းပီးခရေ ရက်စက်မှုတိကို
အမှတ်တရအဖြစ် ပျော်ပျော်ကြီးသိမ်းထားလိုက်မေ...