Pages

Saturday, June 30, 2012

မဗေဒါ

ရီကန်ထဲမှာပွင့်ရေ ကြာ 
မိုးမရွာဘဲ အက်ကွဲနိန်ရေ
မြေသားထက်မှာ အမြစ်ချေ 
တစ်ခုလောက်များ ရှိနလီလာ 

ချောင်းထဲက ဗေဒါတစ်ပင် 
အားမလျှော့ဘဲ 
ထိုတစ ဒေတစ အမှိုက်တိကြားထဲမှာ
မြုပ်လိုက် ပေါ်လိုက်နဲ့ 
လိုရာခရီးကို လားနလီလာ 

ရင်ခွင်မဲ့ အချေတစ်ယောက် 
မျက်ရည်မသုတ်ဘဲ 
ဆာလောင်နိန်ရေ ဒေလောကမှာ 
မျက်စိသူငယ် နားသူငယ်နဲ့ 
ဂျောင်ချောင်မှာ ငိုနလီလာ 

သက်မဲ့ဗေဒါပင်တောင် အရှုံးမပီး 
သက်ရှိဖြစ်တေ အဘုချေက 
ယင်းထောင့်ချေမှာ ဇာတွက်ငိုနိန်လေ 
လူလုပ်ကေ အားလုံးဖြစ်တေ ဒေကမ္ဘာမှာ 
တစ်ခုလဲ မစိုင်းစားဘဲ 
အခန်းပြင်ကို 
တစ်ခေါက်ချေ ထွက်ကြည့်လိုက် 

အဘုချေ မြင်လာ 
အားရပရ ရယ်နိန်ရေ 
ဟိုအိမ်အောက်က သူတောင်းစား 
တရွီ့ရွီ့နဲ့ လမ်းလျှောက်နိန်ရေ
ခြေထောက်နှစ်ချောင်းလုံး မရှိရေလူတစ်ယောက် 

အဘုချေ ကြားလာ 
မျက်ကန်းတစ်ယောက် တီးနိန်စွာ 
သာယာအီးချမ်းရေ တယောသံချေ 

လူဆိုစွာ 
ကိုယ်လုပ်ခရေ ကုသိုလ်ကံကြောင့် 
ဇာပိုင်ပုံစံ ဘ၀ကိုပင်ရရ 
အရှုံးမပီး မပျင်းဘဲ 
မဗေဒါပိုင် 
တာဝန်ကို ကျီပွန်ဖို့လိုရေ.....

Saturday, June 16, 2012

လူစိတ်မရှိသော လူများ

ကိုယ်စားမဲ့ အစာ 
ခိုးကိုးရာမဲ့ သူတို့ကို 
သနားလို့ ကျွေးမိတယ် 

သူတို့တွေကြောင့် 
ကိုယ့်အိမ်မှာ ကိုယ်နေပြီး
ခွေးပြေး ၀က်ပြေး ပြေးနေရတယ် 
ကိုယ့်ပြည်မှာ ကိုယ်နေပြီး 
ကိုယ့်အိမ်ကို မီးတိုက်ခံရတယ် 

သူတို့တွေကြောင့် 
လူနေ အိမ်ကနေ
ပြာအတိနဲ့ သုသာန်တွေလို့ 
ဆိတ်သုန်းသွားခဲ့တယ် 
ခိုးကိုးရာမဲ့ အဘိုးအဘွားတွေ 
မိဘမဲ့ ကလေးတွေ တိုးလာခဲ့တယ် 
 
နှစ်တွေကြာလာတော့ 
အကြောင်းတွေ သိလာတယ် 
သူတို့ စရိုက်ကဘာလဲ 
သူ့တို့ အကျင့် ဘယ်လိုလဲဆိုတာ 
ညီအကို မောင်နှမတွေလို 
ပြန်ပြီးချစ်ချစ်ခင်ခင် နေမယ်ထားအုန်း 
ခြင်္သေ့ခံတွင်းထဲ ခုန်ဆင်းပလိုက်မေ
ကြောက်လို့မဟုတ်ဘူး ရွံလို့ 

သူတို့တွေကြောင့် 
ငါတို့ ရာဇ၀င် သမိုင်းကြီး 
အရောင်စွန်းသွားခဲ့လေပြီ 

စကားတခွန်းပဲ ပြောချင်တယ် 
အဖေ အမေလိုချစ်မလား
မောင်နှမတွေလို ချစ်မလား 
သမီးရည်းစားလို ချစ်မလား
 ခေါ်သွားကြပါ ချစ်ကြပါ 
ငါ့တို့မြေမှာ 
သူတို့တွေကို မြင်ရမဲ့ အစား 
ငါ့မျက်လုံးတွေသာ ကန်းလိုက်ပါတော့။

Sunday, May 27, 2012

ဟိုတစ, ဒေတစ

# ဘ၀မှာ နိန်ပျော်ဖို့တွက် လူ, ပတ်ဝန်းကျင်ရို့နဲ့ 
   သဟဇာတ အလိုက်တသင့် နိန်တတ်ရရေပိုင် 
   ကိုယ့်စိတ်နဲ့လဲ စည်းချက်ကျကျ မျောပနာလိုက်နိုင်ရဖို့ ... 

 # လူတိုင်းမှာ ကိုယ့်အခွင့်အရေးနဲ့ ကိုယ်ရှိရေ 
    တခြားလူ တစ်ယောက်ကိုလဲ 
    အကျိုးမထိခိုက်ဆိုကေ 
    မလုပ်ချင်, မလားချင်, မပြောချင်ကေ 
    အားလုံး ငြင်းလို့ရရေ ... 

 # မခံချင်စိတ်ရှိမှ ကြိုးစားချင်စိတ်,
    ပြိုင်ဆိုင်ချင်ရေစိတ် ၀င်ရေ 
    ယကေလေသော့ ယင်းစိတ်ချေကို 
    နိန်ရာမှားပနာ အသုံးမချပါကေ့ ... 

 # ခန္ဓာကိုယ် အကြီးမသန်လူက 
    ငပိန်ရိုးကို ရှုံးစွာကြည့်လို့
    လောကမှာ အရာတိုင်းကို
    စိတ်ကဦးဆောင်ရေ ဆိုပနာ
    ထထင်ရှရှား ဥပမာပြနိန်ယင့် ... 

# ပျော်ရွှင်မှုပိုင် လောကစည်းစိမ်တိကို 
   သူယောင်မယ်က ဖန်ဆင်းပနာ
   နောက်ကွယ်မှာ ကြိုးကိုင်နိန်စွာက
   နောင်တ, ရာမနားယေ....

Saturday, May 19, 2012

တုနှိုင်းမဟိ အမင်

       " အမင် " လို့ခေါ်ကြည့်ရေလောက်ကပင် ပူလောင်နိန်ရေ စိတ်တိငြိမ်းချမ်းလားခရေ။ အသက်ထွက်လောက်အောင် နာကြင်မှုဒဏ်ကို ခံပြီးမှ မွီးဖွါးပီးလိုက်တေ အကျွန့်ရို့တိအမင်။ ထမင်းမစားချင်ကေ စားအောင်လို့ ထမင်းဆီဆမ်း၊ ရွှေလင်းပန်းနဲ့ တေးခြင်းကိုဆိုပနာ ကျွေးခရေ စိတ်ရှည်သီးခံမှုတိနဲ့ အမင်။ ဖေ့ချာဇာလောက်ပင် အဆင်မပြေပါတ်စီ သားသမီးတိကို ထမင်းနှစ်ထပ် နပ်မှန်အောင်ကျွေးခရေ ကြီးမားရေ မိတ္တာတိနဲ့ အမင်။ ရင်သွီးချေတိ ဇာလိုချင်လဲ အရိပ်ပြစရာမလိုဘဲ တပ်အပ်သိနိန်စွာက ဇာသူဟိဖို့လဲ။ သားသမီးတိ လိုအပ်နိန်ကေ မရ,ရရေပိုင် ကြံပနာ ရှာပီးတတ်တေ အကျွန့်ရို့တိ အမင်။ ခါးနာနိန်ကေတောင် မနာဟန်ဆောင်ပြီးကေ ၀မ်းရေးအတွက် ဆက်ရုန်းနိန်သိ့ရေ အမင်။ အမင့်ခံစားချက်တိကို ကိုယ်က အမင်ဖြစ်မှနားလည်စရာမလို။ နားလည်လာဗျာလ် အမင်။ 

       ကိုယ့်ရင်သွီးတိ အနားမှာမဟိကေ အသည်းနှလုံးကို ထုတ်ပလိုက်စွာထက် ပိုနာကြင်ရေဆိုရေအမင်။ အမင်မငိုပါကဲ့။ နောက်တချိန်မှာ အမင့်နားမှာ အပြီးနိန်ဖို့ ဒေဂုတချက်ချေ သည်းခံလိုက်ပါ။ တခါတလီ လောကကြီးမှာ ရပ်တည်ရစွာ ညောင်းပါလတ်တေ အမင်။ အမင့်ရင်ခွင်မှာ ဟန်မဆောင်ဘဲနဲ့ အီးအီးချမ်းချမ်းနိန်ခရေ အချိန်တိကို ကမ္ဘာလောက်အောက်မိန့်ရေ။ အိုလီ၊ လှလီ၊ ဟောင်းလီ၊ တန်ဖိုးဟိလီ ဆိုစွာ အမင့်မိတ္တာကို ပြောစွာရာမနား။ အမင်မဟိကေ မဖြစ်ဆိုစွာ ၀ီးမှသိပါလတ်တေ။ အမင့်တန်ဖိုး ၀ီးမှပိုနားလည်လာရေ။ ဇာလောက်ပင် အသက်ကြီးလာပါတ်စီ အမင့်အရိပ်ရောက်ကေ အချေတိပိုင် ခံစားရရေ။ ဆိုးဝါးကြမ်းတမ်းရေ လောကဓံတိ ထိုးနှက်ချက်ကြောင့် စိတ်ဓါတ်တိကျဆင်းခကေတောင် အားမလျှော့ဘဲနဲ့ အမင်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရေ။ 

       အမင့်ဆံပင်တိ ဖြူပါလတ်ဗျာလ်။ ဒေအသက်အရွယ် ရောက်နိန်ဗျာလ် အမင့်ကို စိတ်ချမ်းသာအောင်မထားနိုင်သိကာလို့ စိုင်းစားလိုက်တိုင်း ကိုယ့်စွာကိုယ် မုန်းမိရေ။ ၀မ်းရေးအတွက် အမင်ပူပန်နိန်ရတုန်းသိမ့်။ ညည့်အိပ်တေ အချိန်တိုင်း အမင့်သက်ပြင်းသံ တတိုးချေတိကို နိန့်တိုင်းကြားနိန်ခရေ။ " ဇာပြသာနာပင်လာလာ ကောင်းမစိုင်းစား, မပူပန်ကဲ့ အချိန်တန်ကေ သူ့အလိုလို ပြီးလားလိမ့်မယ် " လို့ အမင့်ကို နှစ်သိမ့်ခရေ စကားတခွန်း ဒေဂု ကိုယ့်စွာကိုယ် ပြန်ပနာပြောနိန်ရဗျာလ် အမင်။ ငါ့သား၊ သမီးတိကို ငါ့ထက်တောင်အောင်လုပ်ဖို့ဆိုရေ အမင့်သန္ဓိဌာန်နဲ့ စွမ်းအားကို လေးစားမိရေ။ မြင့်မိုရ်ဆိုရေ ဒေတောင်၊ ဒေတာဝန်ကို အမင့်ပခုံးတစ်ဖက်တည်းနဲ့ ကြည်ကြည်ဖြူဖြူ လိုလိုလားလား ထမ်းခရေ အမင့်ကို ဇာနဲ့ဆပ်ကေ နို့ဖို့ကျီဖို့လဲ။ အချေခါငိုတိုင်း လမင်းကြီးကို လက်ညိုးထိုးပြပြီးကေ တေးခြင်းနဲ့ ချော့ပနာ အငိုတိတ်အောင် အမင်လုပ်ခရေ။ ယင်းခါမြင်ရရေ လမင်းက အဂုမြင်နိန်ရစွာထက် ပိုကြီးပြီးကေ ပိုအီးချမ်းနိန်ခရေကာ အမင်။ မဟုတ်ဘဲနဲ့ ဒေသမီးမျက်လုံးမှာ သောကတိမ်တိရာ ဖုံးနိန်လို့လား အမင်။ 

       Immigration Counter ကို ၀င်ရေအချိန်ထိ စိတ်မချဘဲ အမင် တစ်ခုပြီး တစ်ခု မှာနိန်ခရေ။ ဆက်သွယ်ရခက်တေ မြို့ချေတစ်မြို့က ဖုန်းဆိုင်ထဲမှာထိုင်ပနာ အမင် ဇာလောက်စိတ်ပူပန်နိန်ဖို့ ဆိုစွာကို မှန်းဆမိပါယင့်။ " ဖြစ်နိုင်ကေ ငါရာနိုင်ငံခြားကို လားပနာ လုပ်ချင်စွာလုပ်ရ လုပ်ပလိုက်ချင်ရေ၊ ငါ့သမီးချေကို လွှတ်ရစွာ ရင်တိပူပနာ ရူးဖို့ပိုင်တွီ့ရေ " လို့ မျက်ရည်တိနဲ့ ပြောခရေ အမင့်စကားတခွန်း နားထဲမှာ အဂုထက်တိ ကြားယောင်မိတုန်းအမင်။ ဘ၀ဆိုစွာ ဒေပိုင်ဗျာလ် အမင်။ အားလုံးသူက ကိုယ့်ဒုက္ခနဲ့ကိုယ် ဇာသူတစ်ယောက် အီးအီးချမ်းချမ်း နိန်နိုင်ကတ်လေ။ တစ်ခုခုတော့ ပူပန်နိန်ရစွာဗျာလ်။ တခါတလီ အမင့်ပိုင် ရင့်ကျက်တေ မ,မတစ်ယောက်ဖြစ်ချင်ရေ။ အသက်ရာ၂၀ ကျော်ပါလတ်တေ မရင့်ကျက်နိုင်သိ့ပါကာ။ ကိုယ့်စွာကို ကံကောင်းသိမ့်ရေလို့ ထင်မိယင့်။ အချိန်မရွီး တန်းခါးဖွင့်ထားရေ အိမ်ချေမှာ သမီးပြန်အလာကို စောင့်မျှော်နိန်ရေ အမင်ဟိရေ။ မလိုဗျာလ်..... အရာတစ်ခုလဲ မလိုအပ်ဗျာလ်..... 

       သမီးကိုကြည့်ရေ အမင့်အပြုံးမျက်နှာ မျက်လုံးမှာ မျက်ရည်တိနဲ့ကာ။ မွီးရပ်မြီက ထွက်လာရေအချိန်မှာ မြင်ခရရေ အမင့်ပုံရိပ် နှလုံးသားမှာ စွဲထင်နလီယင့်။ အမြင်က ပျောက်လားအောင်ထိ ဆိပ်ကမ်းမှာ ရပ်ပနာကျန်ဟိခရေ ဒေမြင်ကွင်းကို မိန့်နိုင်ဖို့ ထင်လားအမင်။ ဖုန်းဆက်ရေအချိန်တိုင်း နိန်လို့ကောင်းရေ၊ အဆင်ပြေရေလို့၊ အမင်စိတ်ချမ်းသာအောင် စကားကိုအလှပချေ ဟန်ဆောင်ပနာ သမီးပြောတတ်နိန်ဗျာလ်။ အိမ်နဲ့ဝီးရေ လူတိုင်း အိမ်ကိုလွမ်းပါရေ အမင်။ ခေါင်းထက်က ပျံနိန်ရေ လေယာဉ်တစ်စင်းထက်မှာ ဇာနိန့် ကိုယ်လိုက်ရဖို့လဲဆိုစွာကို နိန့်တိုင်းစောင့်မျှော်နိန်မိရေ။ လောကကြီးကို ရင်ဆိုင်ခရေ အားကောင်းမောင်းသန် အမင့်ခွန်အားတိကို အားကျမိပါယင့်။ အမင့်တွက်ဆိုကေ ခလုတ်တိုက်စွာလောက်ရာဟိ့ရေ ပြသာနာချေတိကို ရင်ဆိုင်ရကေတောင် မျက်ရည်အရင်ဝဲလာရေ ကိုယ့်စွာကိုယ်လဲအားမရ။ 

        ဒေအကွေ့အကောက်များရေ လူ့လောကကို အကြောက်အရွံ မဟိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခရေ အမင့်သတ္တိနဲ့ခွန်အားကို လေးစားမိရေ။ " ကမ္ဘာကြီးကို အာဒံနန့် ဧ၀ ကပင်စခရေလို့ပြောပြော၊ ဗြာဟ္မာကြီးလေးရပ်ကပင် စခရေလို့ပြောပြော အကျွန်ရို့တိ ဒေပိုင်အသက်ရှင်နိန်စွာ အမင့် ကျေးဇူးကြောင့်ပါဗျာလ်၊ နားနန့်မနာ ဖ၀ါးနန့်နာ၊ ကိုယ့်မျက်စိအောက်မှာ အမင်ဆိုစွာ မ,မပျက် မကောင်းရေ မ,မဖြစ်နိန်လီပါတ်စီ အမင်က အမင်ဗျာလ် " လို့ ဆရာကြီးတစ်ယောက်ကတောင် ဖော်ပြခလီယင့် အမင်။ အမင်မှန်ကေ ဘာသာခြား လူမျိုးခြားမဟုတ် သားသည်အမိတစ်ယောက်စွာ အမင်ဗျာလ်။ အမင်မှန်ကေ တိရစ္ဆာန်ဖြစ်တေ ခွီးတောင် နွီးထွီးရေ အမင့်စိတ်ဓါတ်ဟိရေ။ ခွီးသားပေါက်ချေတိကို နို့တိုက်ချင်လို့ လမ်းဘေးမှာ ဟိုလူခလုံးကျောက်၊ ဒေလူခလုံးကျောက်နဲ့ သူ့ခမျာ အစာရာရရေ။ အသိဥာဏ်မဟိရေ ခွီးတောင် သား၊ သမီးနဲ့ ပက်သက်လာကေ ဇာဒုက္ခ ဇာနာကြင်မှု ကြုံရပါတ်စီ ရင်ဆိုင်ရေ။ ကြီးမားရေ မိတ္တာနဲ့ မိခင်စိတ်ဓါတ် ဇာလောက်လေးစားဖို့ကောင်းလေ။ ဘ၀ကို တက်တစ်ခါ ကျတစ်လှည့် စိတ်ဓါတ်နဲ့ ဖြတ်သန်းယင်း အင့်အိမ်ချေကိုလည်း လွမ်းမိယင့် အမင်။ 

       အိမ်နဲ့ဝီးရေလူတိုင်း တစ်နှစ်တစ်ခါ အိမ်ကိုပြန်စီချင်ပါရေ။ ဖေ့ချာ အဆင်မပြေလို့ ဇာလောက်ပင်ပြောပြော၊ ကိုယ့်မိသားစုနဲ့ ဒေမှာ အခြေကျနိန်ဗျာလ်လို့ပြောပြော၊ သားသမီးတိမျက်နှာကို မြင်ချင်ရေ တတူနိန်ချင်ရေ အမင် အကျွန့်ရို့ထားပခရေ အိမ်ဟောင်းချေမှာ စောင့်မျှော်နိန်ပါရေ။ သောကကိုဖုံးပနာ ပူဆွေးမှုတိကို ကြိတ်မျိုချလို့ ကိုယ့်ဆန္ဒကို ဖော်မပြတတ်ဘဲ သားသမီးစိတ်ချမ်းသာဖို့ရာ ဦးစားပီးတတ်ခရေ အကျွန့်ရို့တိ အမင်။ ဘုရားရှီးခိုးတိုင်း အမင့်ကြေးစည်သံနန့် တတူ သား၊သမီးတိတွက် ဆုတောင်း မိတ္တာပို့သံကို ကြားယောင်နိန်မိယင့် အမင်။ တစ်နှစ် တစ်ခေါက် ပြန်ကေတောင် အမင်နဲ့တွီ့ဖို့ရက်ကို လက်ချိုးရွီလို့ ရပါရေ။ အကျွန်ရို့တောင် ဒေအသက်အရွယ်ကို ရောက်နိန်ဗျာလ်ဆိုကေ ဘ၀မှာ အမင်ဇာလောက် တာရှည်နိန်နိုင်ဖို့သိမ့်လဲ။ ဒေလောကမှာ နှစ်ယောက်မရှိ၊ အစားထိုး မရနိုင်ရေ အမင် အကျွန့်ရို့တိ အိမ်ပြန်လမ်းကို မျှော်နိန်စွာကို သတိရစီချင်ပါရေ။ 

       အမင့်ကျေးဇူးကို သိရေလူ အစစ အရာရာ အဆင်ပြေပြီးကေ အိုတောင်မဆင်းရဲစွာ အမှန်ပါ။ ဇာပင်လုပ်လုပ် အမင့်အတွက်ဆိုရေ ဒေကုသိုလ်စိတ်ချေကပင် ကူညီဖို့လူတိ ပေါ်ပါလတ်စွာကို လက်တွီ့ကျင့်သုံးကေ သိလာပါလိမ့်မေ။ ရီစုန်ရာ ဟိပြီးကေ ရီဆန်မဟိရေ မိတ္တာကို အမင်ကလွဲပြီးကေ ဇာသူပီးနိုင်ပါလေ။ အလား အလာဆိုရေစကား အမင်တိအတွက်မမှန်။ အလားရာဟိပနာ အလာမဟိရေ ဂရုဏာ အကျွန့်ရို့တိကို ဇာသူပီးနိုင်ပါလေ။ မျှော်လင့်ခြင်းမဟိရေ ပီးဆပ်မှုတိနဲ့ ဒေလောက, က အမင်အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ပြီးကေ ရင်ထဲကအပူတိ ငြိမ်းအီးနိုင်ပါစီလို့ သားသမီးတိ အားလုံးကိုယ်စား ဆုတောင်းမိတ္တာ ပို့သလိုက်ပါရေ။ 


- အ၀ီးတစ်နိန်ရာက အမင့်ကို ဒေဆောင်ပါးချေနန့် သမီးရှီခိုးလိုက်ပါရေ.....

မှတ်စု

ဆရာတော် ဦးဇောတိက ရီးထားရေ "ကိုယ်နွမ်းကေလေ့ စိတ်မပင်ပန်းပါ၊ သူ့ကိုပြင်ချင်ကေ ကိုယ့်ကိုကိုယ်အရင်ပြင်" စာအုပ်က ကြိုက်လို့ကူးထားရေ မှတ်စုချေတိပါ။  


#  သတိရှိရေလူ၊ ဥာဏ်ရှိရေလူစွာ 
    စူးတစ်ချောင်းရာ အစူးခံရေ၊ 
    နှစ်ချောင်း အစူးမခံ။ 
    ခန္ဓာကိုယ်နာကေလေ့သော့ စိတ်ကိုအနာမခံကေ့။ 

#  လူတိုင်းမှာ အမှန်မလုပ်မဖြစ်ရေ အလုပ် 
    တစ်ခုရာရှိရေ၊ ကိုယ့်အကြောင်းကိုသိဖို့စွာ၊ 
    စိတ်ကိုသိပြီး နိန်လားကေ အဆင်ပြေရေ 
    မသိကေ့ရာခက်စွာ။ 

#  စိတ်ဆိုစွာ ၀မ်းသာစရာထက် 
    ပူစရာကို ပိုပနာ စိုင်းစားတတ်တေ။ 
    အဆင်ပြေရေကိစ္စထက် 
    အဆင်မပြေရေကိစ္စကို ပိုပနာ စိုင်းစားတတ်တေ။ 
    ယင်းနဲ့လို့ အတွေးထဲမှာ နိန်ရေလူစွာ 
    စိတ်ဆင်းရဲနိန်ရေ လူဖြစ်တေ။ 

#  လောကကြီးကို ကောင်းအောင်လုပ်ဖို့ဆိုကေ 
    လူတိကို ကောင်းအောင်လုပ်ရဖို့၊
    လူတိကိုကောင်းအောင်လုပ်ဖို့ဆိုကေ တစ်ခုရာ လုပ်လို့ရရေ၊
    ကိုယ့်ကိုယ်ကို ပိုကောင်းအောင် အရင်လုပ်ရဖို့။ 
    ကိုယ်ကိုယ်တိုင်က ပိုကောင်းအောင် အမြဲတမ်းကြိုးစားနိန်မှ 
    သူများကိုပိုကောင်းအောင်လုပ်ဖို့ စိတ်ကူးသင့်ရေ။

Thursday, May 17, 2012

ထွက်ပေါက်

ဒေပိုင် အခြေနိန်မျိုးကို အဆုံးသတ်ပလိုက်ချင်ယာ။ ထွက်ပြီးကေတောင်နောက်ထပ် တွီ့နိန်ရလတ်မေ ကြောက်လို့ ထွက်ပြီးချင်စော်မဟုတ်။ ရင်ဖတ်တိကို ဆုတ်ဆွဲပလိုက်ချင်ရေ, ဒေါသတိ, ၀မ်းနည်းနာကြင်ရေ ခံစားချက်ပေါင်းစုံနဲ့ စိတ်ကိုထိန်းချုပ်လို့မရရေ အချိန်မျိုးမှာ ကြောက်ကောင်းထမန်း ဘီးလူးနဲ့တူရေပိုင် ကိုယ့်စော်ကိုယ် မှတ်ပါလတ်တေ။

ဒေလူလာရေ အပြစ်တင်ပခရေ, ဟိုလူလာရေ ရစရာမရှိအောင် ပြောပခရေ။ မကောင်းစွာမှန်သမျှ လက်ခံချင်ချင် မခံချင်ချင်  လာလာပနာ ပစ်ထည့်နိန်ကတ်တေ အမှိုက်တောင်းပိုင်ရာ ဖြစ်နိန်ယာ။ ကိုယ်တိုင်က မှားစွာရာ တခြားလူတိပါးမှာ ဒေပိုင်ပုံစံမျိုး ဆက်ဆံခံရအောင် ပပက်စစက် သူရို့တိကို ပြုမှုဖူးခလား။ သူရို့တိကို ဒုက္ခရောက်အောင် လုပ်ဖူးခလား။ ကိုယ်ပြောရဖို့စကားတိကို ( မပြောဝံ့လို့ ရင်ထဲမှာ သိမ်းထားရေ) သူ့ရို့တိက ပြောင်းပြန်ယာတခု ပြောလခကတ်တေ။ တရားခံ တစ်ယောက်ပိုင် ခံစားရအောင် လူတစ်ယောက်ကိုလဲ မလုပ်ဖူးခ။ နားမလည် လုံးဝနားမလည်။ ကိုယ့်အကြောင်း ဇာပြောနိန်ကတ်လေဆိုစွာ ဘေးပတ်ဝန်းကျင်ကို တခေါက်ချေ နားစွင့်ကြည့်လိုက်။ ကိုယ်ကောင်းကြောင်း လူတိုင်းကို လိုက်ပြောနိန်စရာမလို နောက်ကွယ်မှာ ကိုယ့်ကို တပျင်းရယ်နိန်ကတ်စွာ တချက်ချေ သတိထားပါ။

ဇာသူမှားလေ ဇာသူမှန်လေ မပြောယာ, သူ့ဘက်က ကြည့်ကေ သူမှန်စွာလဲ ဖြစ်နိုင်ရေပိုင်, ကိုယ့်ဘက်က ကြည့်ကေ ကိုယ်မှန်ရေပ။ အချိန်ကြာလာရေနှင့်အမျှ ဇာသူမှားလေ ဇာသူမှန်လေ သိလာလိမ့်မေ ဆိုပနာ ဇာသူ့ပါးက Reply ကိုလဲ လုံးဝမမျှော်လင့်။ ကိုယ့်ဘ၀မှာ ရင်သန်လာရေ အချိန်ကပင် ဒေပိုင်ပုံစံဖြစ်လို့ " ပြောင်းလဲလားရေ " ဒေစကားက ကိုယ့်တွက်မဟုတ်။ လောကမှာ အသစ်ရှိရေပိုင် အဟောင်းလဲရှိရေ မှန်ရေ။ မမှန်စွာက လူတစ်ယောက်ဘ၀ကို ဦးတည်ချက်တခုနဲ့ မ၀င်ဖူးရေပိုင် ကိုယ်ဒေလူကို မလိုအပ် သုံးပြီးယာဆိုရေ စိတ်နဲ့ တခါလဲ မထားဖူးခ။ 

သာမာန်ဘ၀ချေတစ်ခုကို ခခက်ခခဲရုန်းကန်နိန်ယင်း တတ်နိုင်သမျှ တခြားလူကို ကူညီဖို့ ကြိုးစားနိန်စွာ။ တခြားလူတစ်ယောက်တွက် ကိုယ်ကူညီဖို့မလိုဆိုကေ ဇာနိန်ရာကိုပင်မဆိုငြင်းရေ။ လူတစ်ယောက်တွက် ကိုယ့်အကူညီရာလိုနိန်ရေဆိုကေ အတတ်နိုင်ဆုံး လုပ်ပီးရေ အဘက်ဘက်က စိုင်းစားပီးရေ။ တစ်ယောက်ဘ၀ကိုလဲ နာကျင်၊ ၀မ်းနည်း၊ မျက်ရည်ကျအောင် ဦးတည်လို့ မလုပ်ဖူး။ မရွယ်ရည်ဘဲနဲ့ ဖြစ်လားရေ ကိုယ့်အပြုမှုတချို့ကြောင့် တပါးလူ နာကြင်လားကေ တောင်းပန်ပါရေ။ 

တခါတလေ အဓိပ္ပါယ်မရှိရေ အလုပ်တိ ( ကိုယ့်နှင့်သူ့တွက်ပါ အကျိုးမရှိ) ကိုလုပ်ပခလို့ အိမ်ပြန်ရောက်ကေ နောင်တရပနာ ကိုယ့်စွာကိုယ် အပြစ်တင်စွာက ကင်းဝီးအောင်ကြိုးစားနိန်စွာကို ပါရမီဖြည့်ပီးကတ်ဖို့ မျှော်လင့်မိပါရေ။ ဒေစရိုက်က မွီးလာရေကတည်းကပင် အကျွန်ပိုင်ဆိုင်ရေ Personality ဖြစ်နိန်လို့ပါ။ နားလည်ပီးစီးချင်ပါရေ။ အရင်အတိုင်းအကျွန်ပါ ပူလောင်နိန်ရေ ဒေစိတ်၊ ဒေခန္ဓာကို ဒေဘ၀ကို အီးချမ်းအောင်ထိန်းဖို့ ကြိုးစားနိန်ရရေ အသက်ရူရေ ဒေါသ မောဟ တိနဲ သက်ရှိလူသားတစ်ယောက်ပါ...



- ဇာမဟုတ် ရင်ထဲမှာ ခံစားနိန်ရရေ ၀မ်းနည်းမှုတိကို ချရီးပလိုက်စွာ, တပျင်းပေါ့လခပါရေ.....


Wednesday, May 16, 2012

လူ့ စိတ်


လူတိက မလိုတမျိုး လိုတမျိုး 
လိုချင်ရေ အချိန်မှာ ရွှေ 
မလိုအပ်တေ အခါမှာ ချီးဖြစ်လားတတ်တေ သူရို့ထားပခကေပင်ဖြစ်ဖြစ် 
မလိုအပ်လို့ ၀ဲပခရေပင်ဖြစ်ဖြစ်
ဒေနိယာမချေကို သဘောပေါက်ထားကေ လဲကျရေနိန်ရာက ပြန်ထနိုင်ရဖို့...
တခြားလူတိကြောင့် ကိုယ့်စိတ်ကို ဇာအရောင်လဲ အဆိုးမခံကေ့ 
ဇာသူက ကိုယ့်စိတ်ရဲ့ အရှင်သခင်လေ 
တပါးလူတိကို ကိုယ့်စိတ်ထဲ ၀င်ရောက်မခံဘဲ 
လုပ်စရာရှိစွာကို တစိုက်စိုက်မတ်မတ်
ဘေးစကား နားပိတ်ပနာ လုပ်ရဖို့.... 




 
လူစွာ မျောက်ကနိန်ဆင်းသက်လာစွာဖြစ်လို့ 
တနားတမျိုးဖြစ်နိန်စွာ ငါ့ရို့စိတ်တိကို 
အပြစ်မတင်ကတ်ပါကေ့ 
စုံနဲ့မ, ဖိုနဲ့မ,ပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်း 
ရှင်သန်ခြင်းနဲ့ သီဆုံးခြင်း, တွီ့ဆုံခြင်းနဲ့ ခွဲခြားခြင်းရှိရေပိုင်
ဒေစိတ်ဓါတ်တိကလဲ ကျတခါ တက် တလှည့်ပ
လောကမှာ ဇာအရာကလဲမတည်မြဲလို့ 
တခုကိုလဲ တာရှည်ခံစားမနိန်ကေ့ 
စိတ်ဓါတ်ကျနိန်ရေ အချိန်မှာ 
ဒေပိုင် ထိုင်နိန်ဖို့တူတူ 
တေးခြင်းဆိုပနာ မရပ်တန်းပြီးပလိုက်ပါ...( ကျန်းမာပြီးကေ လှတောင်လှလာဖို့သိ့... :P )




စိတ်တိမွန်းကျပ်ပနာ အသက်ရူရခက်နိန်ကေ 
ကိုယ့်အိမ်အထက်ဆုံး အထပ်ပင်ဖြစ်ဖြစ် 
အနီးနားမှာ တောင်ရှိကေပင်ဖြစ်ဖြစ် ထိုင်ပနာ 
အားရပရ လီကို တ၀ရူပလိုက်
ယေပြီးကေ " အော် အရာအားလုံးက ငါ့အောက်မှာ ခယနိန်ကတ်ယင့်ထော " လို့တခေါက်ချေ ပြောကေ့လိုက်
ဖြစ်နိန်ရေ ကိစ္စမှန်သမျှ အငယ့်ချေ ဖြစ်လားလိမ့်မေ...


မြို့ပြအဆောင်အယောင် 
လူသူ ကားသံ 
ဆလိပ် မီးခိုး ဓါတ်ဆီနံ 
လုံးဝမရှိရေ ကျေးလက် လယ်တော ဥယျာဉ်ချေတိကို 
တစ်ပါတ် တစ်ခါမဖြစ်နိုင်ကေတောင် 
တစ်လ တစ်ခါလောက် လားပီးခြင်းဖြင့် 
အသက်ရင်ဖို့စိတ်ကုန်နိန်ရေ ဘ၀မျိုးက ကင်းလွတ်ကတ်ပါမေ.....