Pages

Wednesday, April 27, 2011

မဆန်းကေလေ. မရိုးရေ နိန်ဝင်ချိန်

မေယူတောင်တန်းထဲ ၀င်လားခရေ နီလုံးကို  နီဝင်ချိန်တိုင်းမှာ မြင်ချင်ပါရေ။


        မြို.ကြီးတိပိုင် ဈီးကြီး၊   ဆေးရုံကြီးတိ၊ စာတိုက်ကြီးတိ၊ ကျောင်းတိ ကြီးကြီးမားမား မဟိကေလေ့ ငါ့မြို့ချေစွာ အဓိပ္ပါယ်တိ အများကြီးနဲ့ သာယာလှပနိန်ရေ။ အိနြေ္ဒ ဟိ, ဟိနဲ့  ထီးထီးမားမား ခံခံညားညားနဲ. တည်ဟိနိန်ရေ မေယူတောင်တန်းကြီးအောက်မှာ  စီးဆင်းနိန်ရေ မေယူမြစ်ဘေးနားက ဟိရေ မြို.ချေတစ်မြို.မှာ လူဖြစ်ခွင့်ရရေ ငါ့ဘ၀ကိုငါကျေနပ်တယ်။  

       ညစာဖက် ထမင်းစားပြီးတိုင်း အိမ်ကမလားရရေ ချောင်းဘေးနားက တန်းထားချေကို ခိုးလားပြီးကေ ခြီနှစ်ချောင်းစလုံး တန်းထားအောက်ကို တွဲလောင်းချထားပနာ တိမ်တောက်ချိန်ကို ထိုင်ကြည့်ရစွာ တနိန့်တာပင်ပန်းလာစွာတိ ဇာကိုရောက်လားလေမသိ။ လောင်းချေနဲ. ဈီးရောင်းလို့ပြန်ကတ်တေ မိသားစုတိ ဇာရွာကမှန်းမသိကေလေ့ လှမ်းအော်ပနာ "ပြန်ပါဗျာလ်လား" လို့ နှုတ်ဆက်ခရေ အချိန်တိကို ပြန်ပနာသတိရမိရေ။ ရှားရှားပါးပါးမြင်ရခဲရေ လင်းပိုင်ကောင်တိ တစ်ခါတစ်ခါရီထဲက ပေါ်လိုက်ပျောက်လိုက်နဲ့ ငုပ်နိန်ကတ်စွာတိကို မြင်ရရေ။ ဟိုဘက်ကမ်းမှာ လယ်ထွန်းပြီးကေ ပြန်လာနိန်ကတ်တေ လယ်သမားတိက တစ်နိန့်တာ ကုန်ဆုံးချိန် သင်္ကေတကို ဖော်ကျုးနိန်ရေပိုင်။ သဘောင်္ဆိပ်ကမ်းမှာ ရီကူးနိန်ကတ်တေ အချေတိ၊ လူကြီးတိကို မြင်ရစွာ စိတ်ချမ်းသာဖို့ ကောင်းရေ။ အာကာထက်မှာ တိမ်တိနဲ့ တည်ဆောက်ထားရေ ကျားတိ၊ ဆင်တိ၊ လိပ်တိ၊ ကြောင်ချေတိကို မြင်ရရေ ပန်းချီကားက ဗန်ဂိုဆွဲခရေ ပန်းချီကားထက် အဆတစ်ရာ ပိုလှနိန်ရေ။ လူလုပ်တေ ပန်းချီမဟုတ်ဘဲ သဘာဝအတိုင်းလှနိန်ရေ ပန်းချီကားချေဖြစ်တေ။ ပုဇွန်ဆီရောင် တိမ်တောက်ချိန်မှာ အကျဉ်းတန်းရေ မ,မတောင်လှရေဆိုရေ စကားချေကို အမှန်ရာမလားယေလို့ စိုင်းစားမိခရေ။  

       နိန်ဝင်ချိန်တိုင်း မြင်နိန်ရရေ မရိုးရေမြင်ကွင်းတိ ငါ့တွက် အမြဲတမ်းလှပနိန်ရေ။ ရီအိုးနှစ်လုံး နဲ့ရီခပ်နိန်ကတ်တေ မ,မချေတိဟိရေ။ စွန်တင်နိန်ကတ်တေ ကလိုင်ချေတိဟိရေ။ ဘောလုံးကျောက် ခြင်လုံးခတ်နိန်ကတ်တေ မင်းကျွန်ပျိုတိနဲ့ စည်ကားလှပနိန်ရေ။ ကန်ဘောင်ထက်မှာ ရေဒီယိုနားထောင်ပနာ စကားထိုင်ပြောနိန်ကတ်တေ အဘိုးရှင်ရို့ဟိရေ။ ယင်းဘေးနားချေမှာ အချေတိ ပြီးတမ်း၊လိုက်တမ်း ကစပ်နိန်ကတ်တေ။ အိမ်ရှိ့က မြက်ခင်းမှာ ထိုင်ပနာစကားပြောနိန်ကတ်တေ အဘောင်ရှင်ရို့ ဟိရေ။ ဒေမြင်ကွင်းတိ ငါ့မျက်လုံးထဲမှာ ညစာကပိုင် မြင်ယောင်နိန်သိရေ။ ကြီးကျယ်ခမ်းနားရေ နိုင်ငံတစ်နိုင်ငံမှာ ဇာမှာလေ မုသားမပါရေ နီဝင်ချိန်။ မီးခိုးငွေ့တိနဲ့ စက်ရုံကထွက်တေ အငွေ့အသက်တိနဲ့ ပြည့်နက်နိန်ရေ အာကာမှာ ဖြူစင်ရေ တိမ်တောက်တိကို ရှာလို့တွီ့နိုင်ဖို့လားယေ။

       မြို့ချေတစ်ခုဖြစ်ကေလေ့ စိတ်ထားဖြူရေလူတိဟိရေ။ ကိုယ်မှားကေ အမှန်ကို ထောက်ပြတတ်တေ မိဘ အသိုင်းအ၀ိုင်းဟိရေ။ ဟန်ဆောင်ခြင်းတိမဟိရေ ချစ်ဖို့ကောင်းရေ သူငယ်ချင်းတိဟိရေ။ ထမင်းစားဖို့ မကျန်လိုက်ကေ ရပ်ကွက်ကိုပတ်ပနာ ထမင်းဝင်စားလို့ရရေ။ ညဉ့်ခါတိုင်ကေ လမင်းမသာရေနိန့်တိတောင်မှ ဖယောင်းတိုင်ထွန်းပနာ "ဆီထိုးတမ်း၊ ပုန်းတမ်း၊ ၀ှက်တမ်း၊ အတွဲလိုက်တမ်း၊ ကြိုးခုန်တမ်း၊ ဒူထိုးတမ်း၊ အောင်လံဆီးတမ်း " ကစပ်လို့ရရေ။ အိပ်ဖို့မလာသိလို့ မေမေ တုတ်နဲ့ သတ်ဖို့လိုက်လာမှ ပြီးဝင်ခရေ အချေခါဘ၀။


အော် ငါလဲအသက်အရွယ် ရလာဗျာလ်မနားယေ။ ပြန်ပနာ တောင့်တမိပါရေ ဖြူစင်ရေ နိန်ဝင်ချိန်တိုင်းကို။

No comments:

Post a Comment