Pages

Sunday, December 25, 2011

အရိပ်


 မင်းပီးခရေ ရင်ငွေ့ နွီးထွီးတုန်းပါရာ..... အနားမှာ မရှိကေလေ့ မင်းအရိပ်က ငါ့အနားမှာရာ.....



အနားမှာ၇ှိယင့်သားနဲ့
တန်ဖိုးထားရကောင်းမှန်းမသိခ
ပြန်မရရေအတိတ်ကို
ဒေပိုင်နိန့်တိမှာ ပိုပနာသတိရမိရေ
ငြိမ်းချမ်းရေတနိန်ရာမှာ ရှိနိန်လီဖို့လား
ပျင်းရိဖို့ကောင်ရေ ဒေပိုင်ညဉ့်မျိုး
နောက်ထပ်တစ်ည ကြုံရပြန်ဗျာလ်
ဒေတစ်သက်မရနိုင်ရေ ပြန်ဆုံဖို့အခွင့်အရေး
အထီးကျန်ရေ အမှောင်ညတိမှာ
ရီငတ်တေပိုင် ဆာလောင်မှုတိ
ပြင်းထန်လာရေ

မီးမရှိရေအခန်း
မင်းတီးပြခရေ တေးခြင်းတိကို
မရည်ရွယ်ဘဲ တတိုးချေလိုက်ဆိုမိရေ
သီခြင်းတရားက
လူမျိုး ဘာသာ ကျားမ
မရွီးဆိုစွာကို မင်းကဥပမာပီးခယင့်
ဆောက်တည်ရာမရ ခံစားခရရေ
ဝေဒနာတိကို အိနြေ္ဒဆည်လာနိုင်အောင်
အချိန်တိက ငါ့ကိုကုစားပီးခရေ

သေသေချာချာ လွမ်းတတ်ပါလတ်ဗျာလ်
အလင်းမရှိရေနိန်ရာမှာလဲ ငါနိန်တတ်လာဗျာလ်
အမှန်တော့ အချစ်ကိုနားမလည်ဘဲနဲ့
ရယူခြင်း အတ္တတိထဲမှာနစ်မွန်းနိန်ခရေ
ရနံမရှိရေပန်း မတင့်တယ်လတ်
ဟုတ်လား ငါမထင်ကာ
အီးမြရေ မင်းမေတ္တာတိက
ငါ့ကို လုံခြုံမှုတိပီးတုန်း
ငါ့ကို လှပတုန်းပါရာ.







No comments:

Post a Comment