Pages

Saturday, December 10, 2011

အလွမ်းတိနဲ့ ဒီဇင်ဘာ

တစ်ရက်ပြီးတစ်ရက်ပြီးနဲ့ တစ်နှစ်ကုန်ဖို့နီးပါလတ်ယာ။ ကိုယ့်ရွာမှာခါ ပုဆိုးထဲမှာခေါင်းကိုဝှက် ခန်ထာကိုကုတ်နိုင်သမျှကုတ်ပနာ အအီးဒဏ်ကို အံတုန်နီခရရေ။ ရီခြားမြီခြားမှာ အေးကွန်နဲ့ ဖန်တီးပနာ ရိုက်ခတ်လာရေ အအီးဓါတ်ကို ငါ့ရို့တိ ခံစားနိန်ကတ်ရရေ။ အတုတကာ့ အတု ဒေအအီးတုလောက်တော့ ပျင်းတောင်ပျင်းသိ့ရေလို့ ပြောပလိုက်ချင်ရေ။ အိမ်ကထွက်တေ ဆိုလောက်ကပင် အတုတိဇာလောက် ကြုံပြီးယာလေမသိ။

တစ်ချို့တိကစကားကို ပျားရည်တောင် ရှုံးပါလားအောင် ချချိုသသာနဲ့ ၀ါပြောကတ်တေ။ တစ်ချို့တိက မဲ့ချင်နိန်ရေစိတ်ကိုထိမ်းပနာ အပြုံးတုနဲ့ပြုံးပြကတ်တေ။ တစ်ချို့တိက လူပါးအထင်ကြီးခံရဖို့ ရင်ထဲကမပါဘဲနဲ့ ကြီးကျယ်မြင့်မြတ်တေဆိုရေ အလုပ်တိကို သူ့ရို့အတ္တတွက်လုပ်ကတ်တေ။ တစ်ချို့တိက ကိုယ့်လောဘကို မကွယ်နိုင်ဘဲ ရိုးသားဟန်ဆောင်ကတ်တေ။ အကျွန်တော့ခါ ဒေချင့်ထက်ဆိုးရေအတုတိကို လုပ်တေအထဲမှာပါနိန်ရေ။ ဆောင်းအငွေ့အသက်တိနဲ့ အီးမြနိန်ရေနှင်းကို မခံစားရဘဲ ဒီဇင်ဘာအတုနဲ့ကြုံရစွာ ၆နှစ်မြောက်ဖြစ်လခဗျာလ်။ နောက်ထပ် ဇာလောက်ထိ မင်းကိုယ်ငွေ့အစစ်အမှန်ကို မြင်ရဖို့လဲ ဒီဇင်ဘာ......

အခွင့်ကြုံရေတစ်နိန် ဆောင်းရာသီရောက်တိုင်းပွင့်နိန်ကျ ငါ့အိမ်ရှီ့က တောဇလပ်ပန်းတိကိုဆွတ်ပနာ အချေခါပိုင် ဆရာမကိုလားပနာပီးချင်ရေ။ မိုးထဖက် လေးနာရီကပင် အိမ်နောက်ဖေးမှာ မီးလှုံနိန်ရေ အဘိုးရှင်နဲ့အဘောင်ရှင် ကြာနီကန်အရှင်ဘုရားဟောရေ ဓာရဏပရိတ်တော် အသံကိုဒေကုထက်ထိ ငါမြင်ယောင်နိန်တုန်း ငါကြားနိန်တုန်း။ ဒေပိုင်လှပရေ မြင်ကွင်း ပြည့်ပြည့်စုံစုံ ငါမမြင်ရဗျာလ်။ လောကကြီးက စစောစစီး ထွက်လားခရေအဘောင်ရှင်ကို အအီးချချမ်းရှိပါစီလို့ မီးဖိုဘေးမှာလဖက်ရည်သောက်ပနာ  တစ်ယောက်တည်း မေတ္တာပို့လို့ အဘိုးရှင် ရှိနလီဖို့လား။ မြို့ပြဒီဇင်ဘာကို မုန်းပါရေ အဘိုးရှင် .......

ချမ်းကေ ရီပူချိုးဖို့ Heater တိအဆင်သင့်ရှိနိန်ရေ နိန်ရာကနိန် နီပူခံပနာချိုးရရေရီကို ဒီဇင်ဘာရောက်တိုင်း အောက်မိန့်ပါရေ။  နှစ်သစ်တွက် နှစ်အဟောင်းကို လက်ပြရဖို့ယာ။ နှစ်တစ်နှစ်ကြီးလာရေပိုင် ငါ့ရို့တိလဲ အသက်တိကြီးပါလတ်ကတ်တေ။ လုပ်ခသမျှအမှားတိကို ပြန်ပနာသုံးသပ်ပြီးကေ အကောင်းဆုံးကိုလုပ်ဖို့  ဆုံးဖြတ်ချက်တိချ။ ချမ်းအီးလှရေ ဒီဇင်ဘာကို ငါ့ရို့ အလွမ်းတိနဲ့ ဖြတ်ကျော်ကတ်ရဖို့သိ........





1 comment:

  1. မြို့ပြ ထဲမှာ ပေါများရေ အတုတိထဲက ကောင်းမြတ်တယ် အတုတိနှင့် တွီကြုံနှိင်ပါစီ....
    ရီသူရဲ...

    ReplyDelete